JADEPAY– THINGYAN REMITTANCE CAMPAIGN

၁။ ယခုကျင်းပမည့် သင်္ကြန် Campaign Promotion ကို အောက်ပါအတိုင်း ကျင်းပမည်ဖြစ်ပါသည် –

  • ၂၀၂၆ ခုနှစ်၊ မတ်လ (၁၉) ရက် မှ ၂၀၂၆ ခုနှစ်၊ မတ်လ (၂၈) ရက်နေ့အထိ

၂။ ဤ Promotion သည် Jadepay Thailand မှတစ်ဆင့် ကမ္ဘောဇဘဏ်ရှိ KBZ Bank Account များသို့ ငွေလွှဲခြင်းများအတွက်သာ အကျုံးဝင်ပါသည်။ အခြား payout channel များ သို့မဟုတ် အခြား financial institutions များသို့ ပြုလုပ်သော ငွေလွှဲများသည် ဤ campaign တွင် အကျုံးဝင်မည်မဟုတ်ပါ။

၃။ Promotion ကာလအတွင်း သတ်မှတ်ထားသော ငွေလွှဲခြင်းကို အောင်မြင်စွာ ပြုလုပ်နိုင်သော နေ့စဉ် ပထမဆုံး အသုံးပြုသူ (၂၀) ဦး သည် အများဆုံး ထိုင်းဘတ်ငွေ (၁၂၉) ဘတ် တန်ဖိုးရှိသော promotion coupon ကို ရရှိမည်ဖြစ်ပါသည်။ ကံထူးရှင်များကို ငွေလွှဲပြုလုပ်မှု အောင်မြင်စွာ ပြီးစီးသည့် အချိန် အလိုက် သတ်မှတ်မည်ဖြစ်ပါသည်။

၄။ Coupon များကို နေ့စဉ် ကံထူးရှင်များထံ ပေးအပ်မည်ဖြစ်ပြီး နောက်နေ့တွင် promotion code အဖြစ် အသုံးပြုနိုင်ပါသည်။

၅။ Promotion code တစ်ခုချင်းစီကို တစ်ကြိမ်သာ အသုံးပြုနိုင်ပြီး promotion အကျိုးခံစားခွင့် ရရှိရန် ငွေလွှဲ ပြုလုပ်ရာတွင် code ကို ထည့်သွင်းအသုံးပြုရမည်ဖြစ်ပါသည်။

၆။ Promotion code အသုံးပြု၍ ငွေလွှဲ စတင်ပြုလုပ်ပြီးပါက ထို code ကို အသုံးပြုပြီး ဖြစ်သည်ဟု သတ်မှတ်မည်ဖြစ်ပြီး ငွေလွှဲဆောင်ရွက်မှု ပယ်ဖျက်ခြင်း သို့မဟုတ် မအောင်မြင်ခြင်း ဖြစ်သော်လည်း ပြန်လည်အသုံးပြုနိုင်မည် မဟုတ်ပါ။

၇။ Promotion code များအားလုံးကို ၂၀၂၆ ခုနှစ်၊ မေလ (၃၁) ရက် နေ့ မတိုင်မီ အသုံးပြုရမည် ဖြစ်ပြီး အဆိုပါ ရက်စွဲကျော်လွန်ပါက အသုံးမပြုထားသေးသော promotion code များသည် အလိုအလျောက် expire ဖြစ်သွားမည်ဖြစ်ပြီး ထပ်မံအသုံးပြုနိုင်မည် မဟုတ်ပါ။

၈။ Promotion code များကို ငွေသား သို့မဟုတ် အခြားအကျိုးခံစားခွင့်များနှင့် လဲလှယ်ခြင်းအား ခွင့်မပြုပါ။ ထို့အပြင် promotion code များအား အခြားအသုံးပြုသူများထံသို့ လွှဲပြောင်းခြင်း၊ ပြန်လည် ရောင်းချခြင်း သို့မဟုတ် ပေးအပ်ခြင်းများ ပြုလုပ်သည်ကိုလည်း ခွင့်မပြုပါ။  

၉။ Promotion code များကို အခြားသော promotion များ၊ campaign များ သို့မဟုတ် လျော့ဈေးများနှင့် ပေါင်းစပ်၍ အသုံးပြုခြင်းအား ခွင့်မပြုပါ။

၁၀။ Refund တောင်းဆိုမှု သို့မဟုတ် ငွေလွှဲလုပ်ဆောင်ချက်များ ပြန်လည်ပြင်ဆင်မှုများ ဖြစ်ပေါ် လာပါက promotion code မှတစ်ဆင့် ရရှိထားသော လျော့ဈေး သို့မဟုတ် အကျိုးခံစားခွင့်များကို မည်သည့်အခြေအနေတွင်မဆို ပြန်လည်ပေးအပ်ခြင်း ပြုလုပ်မည်မဟုတ်ပါ။

၁၁။ ဤ promotion သည် နေ့စဉ် ကန့်သတ်ထားသော ကံထူးရှင် ၂၀ ဦးအတွက်သာ အကန့်အသတ်ဖြင့် ပြုလုပ်ထားခြင်းဖြစ်သည်။ နေ့စဉ် ကန့်သတ်ထားသော ကံထူးရှင်အရေအတွက် ပြည့်သွားပါက ထိုနေ့အတွက် အခြားငွေလွှဲအသုံးပြုသူများသည် promotion တွင် ပါဝင်ခွင့် ရရှိတော့မည်မဟုတ်ပါ။

၁၂။ Coupon ကို လက်ခံရရှိသော ကံထူးရှင်များသည် Jadepay မှ စီစဉ်နိုင်သော activities များဖြစ်သည့် ဓာတ်ပုံရိုက်ကူးခြင်း၊ video ရိုက်ကူးခြင်း၊ interview များနှင့် promotional appearances များတွင် ပါဝင်ရန် Jadepay မှ တောင်းဆိုနိုင်ကြောင်း သဘောတူလက်ခံထားသည်ဟု သတ်မှတ်ပါသည်။

၁၃။ ကံထူးရှင်များသည် Jadepay အား ၄င်းတို့၏ အမည်၊ ဓာတ်ပုံ များအား Campaign promotion ရည်ရွယ်ချက်များအတွက် မည်သည့် မီဒီယာမျိုးတွင်မဆို အသုံးပြုခွင့်ပေးကြောင်း သဘောတူသည်ဟု သတ်မှတ်ပါသည်။ ထို့အပြင် ထိုအသုံးပြုမှုများအတွက် ကံထူးရှင်များထံသို့ မည်သည့် အခကြေး ငွေပေးချေမှု တစ်စုံတစ်ရာကိုမှ Jadepay ဘက်မှထပ်မံ၍ ပေးချေပေးရန်မလိုကြောင်းကိုလည်း ကံထူးရှင် များမှ သဘောတူသည်ဟု သတ်မှတ်ပါသည်။

၁၄။ Promotion နှင့်ပတ်သက်၍ အငြင်းပွားမှုများ ဖြစ်ပေါ်လာပါက Jadepay ၏ ဆုံးဖြတ်ချက်သည် အတည် ဖြစ်ပြီး Jadepay သည် မည်သည့်အချိန်တွင်မဆို တစ်စုံတစ်ရာသော အကြောင်းကြောင့် အသိပေး အကြောင်းကြားနိုင်ခြင်းမရှိဘဲ သတ်မှတ်ထားသော အကျိုးခံစားခွင့် သို့မဟုတ် သွင်ပြင် လက္ခဏာများအား ပြောင်းလဲခွင့် နှင့်/သို့မဟုတ် ပြင်ဆင်၊ ဖြည့်စွက်၊ ပယ်ဖျက်ပိုင်ခွင့်တို့အား အခြေအနေများပေါ် မူတည်၍ ပြောင်းလဲဆောင်ရွက်နိုင်သည်။

၁၅။ JadePay သည် မည်သည့်အချိန်တွင်မဆို တစ်စုံတစ်ရာသော အကြောင်းကြောင့် အသိပေး အကြောင်းကြားနိုင်ခြင်းမရှိဘဲ သတ်မှတ်ထားသော စည်းမျဉ်း နှင့် စည်းကမ်းများကို ပြင်ဆင်ပြောင်း လဲခြင်း၊ ရပ်စဲခြင်း နှင့်/သို့မဟုတ် Campaignအား ပယ်ဖျက်ခွင့်တို့အား  အခြေအနေများပေါ် မူတည်၍ ပြောင်းလဲဆောင်ရွက်နိုင်သည်။

၁၆။ Jadepay အနေဖြင့် ထိန်းချုပ်၍ မရသော အခြေအနေနှင့်မမျှော်မှန်းနိုင်သော သဘာဝဘေး အန္တရာယ် ဖြစ်ရပ်များ ဖြစ်ပေါ်မှုကြောင့်ဖြစ်စေ ဆောင်ရွက်ထားသည့် မည်သည့်လုပ်ဆောင်မှုမျိုးကိုမဆို အခြေအနေအရပ်ရပ် ပေါ်မူတည်၍ ပြောင်းလဲခွင့်ရှိပါသည်။ မမျှော်မှန်းနိုင်သော ဖြစ်ရပ်များ ဖြစ်ပျက်နေစဉ်ကာလအတွင်း ကမ္ဘောဇဘဏ်မှ ဤစည်းမျဉ်းစည်းကမ်း သတ်မှတ်ချက်များတွင် ဖော်ပြထားသော တာဝန်ဝတ္တရားများကို ဖြည့်ဆည်းရန်၊ ထမ်းဆောင်ရန် ပျက်ကွက်ခြင်း သို့မဟုတ် နှောင့်နှေးခြင်းများအတွက်  Jadepay အပေါ်တွင်ဖြစ်စေ သို့မဟုတ် အခြားမည်သည့် လူပုဂ္ဂိုလ်တစ်ဦးဦး အပေါ်တွင်ဖြစ်စေ တာဝန်ရှိစေခြင်း သို့မဟုတ် ဤစည်းမျဉ်းစည်းကမ်း သတ်မှတ်ချက်များအား ချိုးဖောက်ခြင်းဖြစ်သည်ဟု မှတ်ယူခြင်း မရှိစေရပါ။

၁၇။ ဤစည်းမျဉ်းနှင့်စည်းကမ်းသတ်မှတ်ချက်များအား ထိုင်းနိုင်ငံ၏  ဥပဒေများက လွှမ်းမိုးမည်ဖြစ်ပြီး ယင်းဥပဒေများနှင့် အညီ အဓိပ္ပါယ်ဖွင့်ဆိုရမည်။

၁၈။ ဤစည်းမျဉ်းနှင့်စည်းကမ်းသတ်မှတ်ချက်များအား အင်္ဂလိပ်ဘာသာနှင့် မြန်မာဘာသာနှစ်မျိုးဖြင့် ရေးသားထားပြီး နှစ်မျိုးစလုံးသည် တူညီသောအဓိပ္ပာယ် သက်ရောက်မှုရှိမည်ဖြစ်သည်။ အင်္ဂလိပ် ဘာသာနှင့် မြန်မာဘာသာနှစ်မျိုးဖြင့်ရေးသားထားခြင်းဖြစ်သောကြောင့် ကွဲလွဲမှု တစ်စုံတစ်ရာ ရှိလျှင် အင်္ဂလိပ်ဘာသာဖြင့် ရေးသားထားသည့် စည်းကမ်းသတ်မှတ်ချက်များကိုသာလျှင် အမှန်ယူမည် ဖြစ်သည်။