အိမ်တိုင်ရာရောက် ငွေသားသယ်ယူပို့ဆောင်ပေးမည့် Doorstep Banking ဝန်ဆောင်မှု 

ကမ္ဘောဇဘဏ်၏ဝန်ဆောင်မှုများကို အစဉ်တစိုက်အသုံးပြုအားပေးလျက်ရှိကြသော လေးစားတန်ဖိုးထားရသည့်​ Customer များအတွက် ပိုမိုလွယ်ကူအဆင်ပြေသည့် အထူးဝန်ဆောင်မှု _ Doorstep Banking (အိမ်တိုင်ရာရောက် ငွေသားသယ်ယူပို့ဆောင်ခြင်း) ရယူနိုင်ပြီဖြစ်ပါသည်။

Doorstep Banking ဝန်ဆောင်မှုဆိုသည်မှာ လူကြီးမင်းထံ အိမ်တိုင်ရာရောက် ငွေသားသယ်ယူပို့ဆောင်သည့် ဝန်ဆောင်မှုတစ်ခုဖြစ်ပါသည်။ ထို့ကြောင့် လူကြီးမင်းအနေဖြင့် ဘဏ်အထိသွားရောက်စရာမလိုဘဲ မိမိတို့နေအိမ်နှင့် ရုံးခန်းမှာပင် ငွေသားထုတ်ယူခြင်း (သို့) ငွေသားထည့်သွင်းခြင်းကို အချိန်ကုန်၊ လူပင်ပန်းသက်သာစွာဖြင့် လုပ်ဆောင်နိုင်မည် ဖြစ်ပါသည်။

 Doorstep Banking တွင် ရရှိနိုင်သော ဝန်ဆောင်မှုများမှာ –

  • အိမ်တိုင်ရာရောက် ငွေသားထုတ်ယူခြင်းနှင့် ပို့ဆောင်ခြင်းများအတွက်  ဝန်ဆောင်မှုစတင်ရယူသော​ ပထမဆုံးလအတွက်   (၃) ကြိမ်အထိ အခမဲ့ဝန်ဆောင်မှုရယူနိုင်ခြင်း  (မတူညီသောနေရာများအတွက်လည်း ၁ ကြိမ်ထက်ပို၍ ဝန်ဆောင်မှုရယူနိုင်ပါသည်) 
  • အနည်းဆုံး ငွေကျပ် သိန်း (၂၀) မှစတင်ပြီး အများဆုံး ပမာဏ သတ်မှတ်ချက်မရှိဘဲ အိမ်တိုင်ရာရောက် ငွေသားထုတ်ယူခြင်း နှင့် ပို့ဆောင်ခြင်းဝန်ဆောင်မှု ရယူနိုင်ခြင်း 
  • ဝန်ဆောင်မှုရယူရန် သီးသန့် application အသုံးပြုစရာမလိုဘဲ လူကြီးမင်း၏ RM (Relationship Manager)/ VRA (Virtual Relationship Ambassador) တို့ထံ အလွယ်တကူ ဖုန်းဖြင့်ဆက်သွယ်နိုင်ခြင်း  
  • ငွေသားထုတ်ယူခြင်း နှင့် ပို့ဆောင်ခြင်းအတွက် ဝန်ဆောင်မှုပေးမည့် ဝန်ထမ်းအချက်အလက် အပါအဝင် နေ့ရက်၊ အချိန်များပါရှိသည့် အတည်ပြု SMS ရရှိခြင်းအတွက် တိကျသေချာခြင်း စသဖြင့် ဝန်ဆောင်မှုများ ရယူနိုင်ပြီဖြစ်ပါသည်။

မှတ်ချက်။ ဝန်ဆောင်မှု (၃) ကြိမ်ရယူပြီးနောက်ပိုင်းတွင် တောင်းဆိုသော ဝန်ဆောင်မှုများအတွက် ဝန်ဆောင်ခ နှင့် အာမခံကြေး  ပေးဆောင်ရန် လိုအပ်ပါသည်။ 

ဝန်ဆောင်မှုနှင့်ပတ်သက်၍ ထပ်မံသိရှိလိုပါက မိမိတို့၏ “RM/VRA” ထံသို့ ဆက်သွယ်မေးမြန်းနိုင်ပြီး KBZ Call Center: 09-951018555 သို့လည်း ဆက်သွယ်မေးမြန်းနိုင်ပါသည်။