၁။ ကမ္ဘောဇဘဏ်​၏ “နေ့စဉ်တိုင်းမှာငွေကျပ်တစ်သန်းကံထူးနိုင်မယ့်အခွင့်အရေး” အစီအစဉ် ကာလသည် ၂၀၂၂ ခုနှစ်၊ စက်တင်ဘာလ ၅ ရက်နေ့မှ ၂၀၂၂ ခုနှစ်၊ စက်တင်ဘာလ ၃၀ ရက်နေ့ထိ (ရုံးဖွင့်ရက်ပေါင်း (၂၀) ရက်) ဖြစ်ပါသည်။

၂။ ကမ္ဘောဇဘဏ်​၏“နေ့စဉ်တိုင်းမှာငွေကျပ်တစ်သန်းကံထူးနိုင်မယ့်အခွင့်အရေး” အစီအစဉ် ​၏ ရည်ရွယ်ချက်မှာ ဤ Campaign ကာလအတွင်း မည်သည့်စာရင်းသေအပ်ငွေအမျိုးအစားမဆို စာရင်းသစ်တစ်ခုဖွင့်လှစ်သော သို့မဟုတ် မည်သည့် Ordinary or Cash Account စာရင်းအမျိုးအစားကိုမဆို စာရင်းသစ်တစ်ခု ဖွင့်လှစ်သော ကမ္ဘောဇဘဏ်၏ Customer အသစ်နှင့်အဟောင်းများ အနေဖြင့် ဤ Campaign ကာလအတွင်း စာရင်းသစ်များဖွင့်လှစ်ကြရင်း ကံစမ်းနိုင်ရန် ရည်ရွယ်ပါသည်။ သတ်မှတ်ထားသည့် ငွေစာရင်းအသစ်ဖွင့်လှစ်သည့် Customer များအနေဖြင့် အဆိုပါစာရင်းများအတွင်းသို့ စာရင်းဖွင့်လှစ်သည့် နေ့ရက်တွင်သာ ထည့်သွင်းသော အပ်နှံငွေ ကျပ် ၁၀၀,၀၀၀/ တိုင်း အတွက် Customer များက ‘lucky Draw’ အခွင့်အရေး ၁ ခု ရရှိကြမည်ဖြစ်သည်။ Customer အဟောင်းများအနေဖြင့် ၎င်းတို့၏ မည်သည့်ငွေစာရင်းသို့ဖြစ်စေ တစ်ကြိမ်လျှင်အနည်းဆုံး ကျပ် ၁၀၀,၀၀၀/ အား ၎င်းတို့၏ ငွေစာရင်းထဲသို့ထည့်သွင်းခြင်း သို့မဟုတ် ၎င်းတို့၏ ရှိပြီးသား ငွေစာရင်းထဲသို့ စာရင်းလွဲပြောင်းခြင်းနည်းဖြင့် ကျပ် ၁၀၀,၀၀၀/ အား ငွေထည့်ခြင်း/ငွေလွဲလက်ခံခြင်းတိုင်းအတွက်  Customer များက ‘lucky Draw’ အခွင့်အရေး ၁ ခု ရရှိကြမည်ဖြစ်သည်။

ဥပမာ။ Customer တစ်ဦးသည် Campaign ကာလအတွင်း စာရင်းသေအပ်ငွေစာရင်းသစ်တစ်ခု သို့မဟုတ် Ordinary or Cash Account အမျိုးအစားတစ်ခုခုအား စာရင်းသစ်တစ်ခုဖွင့်လှစ်၍ အပ်နှံငွေ ကျပ် ၁၀၀,၀၀၀/ ထည့်သွင်းခြင်း သို့မဟုတ် Customer အဟာင်းများမှ ၎င်းတို့၏ ရှိပြီးသားငွေစာရင်းများထဲသို့ အပ်နှံငွေ ကျပ် ၁၀၀,၀၀၀/ ထည့်သွင်းပါက ‘Lucky Draw’ အခွင့်အရေး ၁ ကြိမ် ရရှိမည်ဖြစ်သည်။ Customer ထည့်သွင်းသော ငွေပမာဏ၏ ကျပ် ၁၀၀,၀၀၀/ တိုင်းစီအတွက် ‘Lucky Draw’ အခွင့်အရေး ၁ ကြိမ် ရရှိမည်ဖြစ်သည်။ ငွေကျပ် ၁၀ သိန်းထည့်သွင်းပါက ‘lucky Draw’ အခွင့်အရေး ၁၀ ကြိမ် ရရှိမည် ဖြစ်သည်။

၃။ ဤ Campaign တွင် အောက်ဖော်ပြပါနည်းလမ်းများဖြင့် ငွေထည့်သွင်းခြင်းနှင့် ငွေလွှဲလက်ခံခြင်းအတွက် ပြုလုပ်သည့် Transaction များအတွက်သာလျှင် “Lucky Draw”ရရှိနိုင်သည့် အခွင့်အရေးအတွက် အကျုံးဝင်နိုင်မည်ဖြစ်သည်။

၃၊၁။ စာရင်းသေငွေစာရင်းများ (Ordinary FD, Special Cash FD, Instant Cash FD, Cash Converter)အတွက်   – စာရင်းသေအပ်ငွေစာရင်းအသစ်အား ငွေသားဖြင့်သော်လည်းကောင်း၊ စာရင်းပြောင်းနည်းဖြင့်သော်လည်းကောင်း စာရင်းသစ်ဖွင့်လှစ်ခြင်း၊

၃၊၂။  Cash Accounts (Savings, Current နှင့် Call) များအတွက် – Cash Account အသစ်တစ်ခုဖွင့်ပြီးသည်နှင့် Account ဖွင့်သည့်နေ့ရက်တွင်ပင် သတ်မှတ်ထားသောငွေပမာဏအား ထို Account အသစ်ထဲသို့ ငွေသားထည့်သွင်းခြင်း သို့မဟုတ် ရှိပြီးသား Cash Account များထဲသို့ သတ်မှတ်ထားသော ငွေပမာဏအား ငွေသားထည့်သွင်းခြင်း၊

၃၊၃။ ပုံမှန်အပ်ငွေစာရင်းများ (Savings, Current နှင့် Call) များအတွက် – ပုံမှန်အပ်ငွေစာရင်းအသစ်တစ်ခုဖွင့်ပြီးသည်နှင့် ထိုငွေစာရင်းသစ်ဖွင့်သည့်နေ့ရက်တွင်ပင် သတ်မှတ်ထားသော ငွေပမာဏအား ထိုငွေစာရင်းအသစ်ထဲသို့ ငွေသားထည့်သွင်းခြင်း သို့မဟုတ် CBMNet နှင့် Inward Cheque Clearing ငွေလွှဲပြောင်းထည့်သွင်းခြင်း သို့မဟုတ် ရှိပြီးသား ပုံမှန်အပ်ငွေစာရင်းများထဲသို့ သတ်မှတ်ထားသော ငွေပမာဏအား ငွေသားထည့်သွင်းခြင်း သို့မဟုတ် CBMNet နှင့် Inward Cheque Clearing ဖြင့် ငွေလွှဲပြောင်းထည့်သွင်းခြင်း။

၄။ Customer များမှ ငွေစာရင်းအသစ်ဖွင့်သည့်နေ့ရက်၏ နောက်ထပ်အလုပ်ဖွင့်ရက် သို့မဟုတ် ရှိပြီးသား ငွေစာရင်းထဲသို့ ငွေသားထည့်သွင်းသည့်နေ့ရက်၏နောက်ထပ် အလုပ်ဖွင့်ရက်တွင် ဖွင့်လှစ်မည့် ကံထူးရှင်စာရင်းအတွက် ကံစမ်းခွင့်ရရှိမည်ဖြစ်ပြီး နေ့စဉ်ကံထူးရှင်များကို ရွေးချယ်၍ ဆုရရှိသည့် ကံထူးရှင်အား (                ) တွင် ကြေညာပေးသွားမည်ဖြစ်သည်။ ဆုရရှိသည့် ကံထူးရှင်ကို ကြေညာရန်အလို့ငှာ  Customer ၏ အမည်နှင့် ဖုန်းနံပါတ် (ဖုန်းနံပါတ်အပြည့်အစုံမဟုတ်ပါ)တို့အား ကမ္ဘောဇဘဏ်မှ အသုံးပြုနိုင်သည့်ကို Customer မှ သိရှိပြီး သဘောတူပါသည်။ ကံထူးရှင်ရရှိမည့်ဆုကြေးငွေများကို အလုပ်လုပ်ရက် ၁၀ ရက်အတွင်း ကံထူးရှင်များ၏ ကံထူးသည့် သက်ဆိုင်ရာ လူပုဂ္ဂိုလ်၏ ပုံမှန်ငွေစာရင်း သို့မဟုတ် Cash Account သို့မဟုတ် Company Accunt ဖြစ်ပါက သက်ဆိုင်ရာ Company Account ထဲသို့ ထည့်သွင်းပေးသွားမည်ဖြစ်ပါသည်။ ဆုကြေးငွေထည့်သွင်းပေးမည့် အလုပ်လုပ်ရက်သည် အများပြည်သူအလုပ်ပိတ်ရက်အတွင်း ကျရောက်ပါက သို့မဟုတ် ဘဏ်၏ ထိန်းချုပ်မှုအောက်တွင် မရှိသော အခြားသောကိစ္စရပ်များရှိပါက ပြောင်းလဲမှုရှိနိုင်ပါသည်။  

၆။ “နေ့စဉ်တိုင်းမှာငွေကျပ်တစ်သန်းကံထူးနိုင်မယ့်အခွင့်အရေး” အစီအစဉ်၏ ဆုလက်ဆောင်မှာ Campaign ကာလအတွင်း ကံထူးရှင်တစ်ဦးအတွက် ငွေကျပ် ၁,၀၀၀,၀၀၀ (ငွေကျပ် ၁၀ သိန်း) ဖြစ်သည်။ 

၇။ Customer တစ်ဦးအနေဖြင့် ဤ Campaign ကာလအတွင်း တစ်ကြိမ်သာလျှင် ကံထူးရှင်ဖြစ်နိုင်ပြီး ဆုရရှိပြီးသည့် ကံထူးရှင်များအနေဖြင့် ဒုတိယအကြိမ် ကံထူးရှင်ဖြစ်ခွင့်ရှိမည်မဟုတ်ပါ။

၈။ ကမ္ဘောဇဘဏ် ​နှင့် ဘဏ်၏ ဝန်ထမ်းများသည် ဤ Campaign တွင် ပါဝင်သူ Customer များကို OTP သို့မဟုတ် PIN အချက်အလက်များကို ဆက်သွယ်တောင်းခံမည်မဟုတ်ပါ။

၉။ ယခု “နေ့စဉ်တိုင်းမှာငွေကျပ်တစ်သန်းကံထူးနိုင်မယ့်အခွင့်အရေး” အစီအစဉ် ကာလအတွင်း ကမ္ဘောဇဘဏ် Customers များ​၏ အချက်အလက်များကို လိမ်ညာခြင်းမပြုလုပ်ရန် တင်းကျပ်စွာ တားမြစ်ထားပါသည်။ Customer များ​၏ အချက်အလက်များကို လိမ်ညာသည်ဟု သံသယရှိသည့် မည်သူ့ကိုမဆို ကမ္ဘောဇဘဏ်မှ လိုအပ်သလို အရေးယူ‌ဆောင်ရွက်ပိုင်ခွင့်တို့ရှိသည်။

၁၀။ ဤ Campaign နှင့်ပတ်သက်၍ ကမ္ဘောဇဘဏ် Customer များနှင့် ကမ္ဘောဇဘဏ်တို့အကြား အငြင်းပွားမှု တစ်စုံတစ်ရာပေါ်ပေါက်လာပါက ထိုအငြင်းပွားမှုအား ကမ္ဘောဇဘဏ်၏ တာဝန်ရှိသူများမှ ပြဌာန်းဥပဒေအရ Customer ၏ ရထိုက်ခွင့်ရှိသည့် အခွင့်အရေးအား ထိခိုက်နစ်နာမှုမရှိစေရန် သေချာစွာ စိစစ်၍ ဖြေရှင်းဆောင်ရွက် ပေးသွားမည်ဖြစ်သည်။

၁၁။ ကမ္ဘောဇဘဏ်အနေဖြင့် တစ်စုံတစ်ရာသောအကြောင်းကြောင့် အသိပေးအကြောင်းကြားနိုင်ခြင်း မရှိဘဲ  ဤအစီအစဉ်အား ပယ်ဖျက်ခြင်း၊ ရပ်စဲခြင်း (သို့မဟုတ်) စည်းကမ်းချက်တစ်စုံတစ်ရာ ပြောင်းလဲခြင်းကြောင့် Customer အနေဖြင့် လျော်ကြေးတစ်စုံတစ်ရာ ရပိုင်ခွင့်မရှိသည်ကို သိရှိသဘောတူပါသည်။

၁၂။    ကမ္ဘောဇဘဏ်သည် မည်သည့်အချိန်တွင်မဆို တစ်စုံတစ်ရာသော အကြောင်းကြောင့် အသိပေးအကြောင်းကြား နိုင်ခြင်း မရှိဘဲ သတ်မှတ်ထားသော စည်းမျဉ်းနှင့် စည်းကမ်းများကို ပြင်ဆင်ပြောင်းလဲခြင်း၊ ရပ်စဲခြင်း နှင့်၊ သို့မဟုတ် အစီအစဉ်အား ပယ်ဖျက်ခွင့် နှင့် အစီအစဉ်နှင့် ပတ်သက်သော အကျိုးခံစားခွင့် သို့မဟုတ် သွင်ပြင်လက္ခဏာများအား ပြောင်းလဲခွင့် နှင့်၊ သို့မဟုတ် ပြင်ဆင်၊ ဖြည့်စွက်၊ ပယ်ဖျက်ပိုင်ခွင့် တို့အား အခြေအနေအရ ပြုလုပ်ဆောင်ရွက်နိုင်သည်။

၁၃။ ပုံမှန် ကမ္ဘောဇဘဏ်၏ စည်းကမ်းသတ်မှတ်ချက်များအားလုံး အကျုံးဝင်ပါသည်။ ဤစည်းမျဉ်းနှင့်စည်းကမ်း သတ်မှတ်ချက်များအား ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ ဥပဒေများက လွှမ်းမိုးမည်ဖြစ်ပြီး ယင်းဥပဒေများနှင့်အညီ အဓိပ္ပါယ်ဖွင့်ဆိုရမည်။

၁၄။  ကမ္ဘောဇဘဏ် သည် COVID-19 ဖြစ်ပေါ်မှုကြောင့်ဖြစ်စေ သို့မဟုတ် ကမ္ဘောဇဘဏ်အနေဖြင့် ထိန်းချုပ်၍မရသော အခြေအနေနှင့် မမျှော်မှန်းနိုင်သော သဘာဝဘေးအန္တရာယ် ဖြစ်ရပ်များဖြစ်ပေါ်မှုကြောင့်ဖြစ်စေ ဆောင်ရွက် ထားသည့် မည်သည့် လုပ်ဆောင်မှုမျိုးကိုမဆို အခြေအနေအရပ်ရပ်ပေါ်မူတည်၍ ပြောင်းလဲခွင့်ရှိပါသည်။ ထိုမမျှော်မှန်းနိုင်သော ဖြစ်ရပ်များ ဆက်လက်ဖြစ်ပျက်နေစဉ် ကာလအတွင်း ဤစည်းမျဉ်းစည်းကမ်း သတ်မှတ်ချက်များတွင် ဖော်ပြထားသော တာဝန်ဝတ္တရားများကို ဖြည့်ဆည်းရန်၊ ထမ်းဆောင်ရန် ကမ္ဘောဇဘဏ်မှ ပျက်ကွက်ခြင်း သို့မဟုတ် နှောင့်နှေးခြင်းများအတွက် ကမ္ဘောဇဘဏ်အနေဖြင့် အသုံးပြုသူအပေါ်တွင်ဖြစ်စေ သို့မဟုတ် အခြားမည်သည့် လူပုဂ္ဂိုလ်တစ်ဉီးဉီးအပေါ်တွင် ဖြစ်စေ တာဝန်ရှိစေခြင်း သို့မဟုတ် ဤစည်းမျဉ်းစည်းကမ်း သတ်မှတ်ချက်များ အား ချိုးဖောက်ခြင်းဖြစ်သည်ဟု မှတ်ယူခြင်းမရှိစေရပါ။

၁၅။     ဤစည်းမျဉ်းနှင့်စည်းကမ်းသတ်မှတ်ချက်များအား အင်္ဂလိပ်ဘာသာနှင့် မြန်မာဘာသာနှစ်မျိုးဖြင့် ရေးသားထားပြီး နှစ်မျိုးစလုံးသည် တူညီသော အဓိပ္ပာယ် သက်ရောက်မှုရှိမည်ဖြစ်သည်။ အင်္ဂလိပ်ဘာသာနှင့် မြန်မာဘာသာ နှစ်မျိုးဖြင့် ရေးသားထားခြင်းဖြစ်သောကြောင့် ကွဲလွဲမှုတစ်စုံတစ်ရာရှိလျှင် မြန်မာဘာသာဖြင့် ရေးသားထားသည့် စည်းကမ်းသတ်မှတ်ချက်များသာလျှင် အတည်ဖြစ်သည်။