နေ့စဉ်တိုင်းမှာ ငွေကျပ်တစ်သန်း ကံထူးနိုင်မယ့် အခွင့်အရေး အစီအစဉ် မေးလေ့မေးထရှိသော မေးခွန်းများ 

ကံစမ်းမဲကာလ ဖြစ်သည့် စက်တင်ဘာ ၅ ရက်နေ့မှ စက်တင်ဘာ ၃၀ ရက်နေ့ ၊ ၂၀၂၂ ခုနှစ်အတွင်း ကမ္ဘောဇဘဏ်၏ customer အဟောင်းများ သာမက customer အသစ်များပါ ကမ္ဘောဇဘဏ် ၏ စာရင်းသေ အပ်ငွေစာရင်း(မည်သည့် စာရင်းသေအပ်ငွေစာရင်းမဆို) သို့မဟုတ် ငွေစာရင်းအကောင့်သစ် (မည်သည့် ငွေစာရင်းအကောင့်မဆို) သို့မဟုတ် ပုံမှန်အပ်ငွေစာရင်းဟောင်း  (မည်သည့် အပ်ငွေစာရင်းမဆို) အသစ်ဖွင့်လှစ်ကာ အပ်နှံငွေ ၁၀၀,၀၀၀/ ကျပ် ထည့်သွင်း၍ပါဝင်နိုင်ပါသည်။

Customer အဟောင်းများအနေဖြင့်လည်း ရှိပြီးသားစာရင်းသို့ ၁၀၀,၀၀၀/ ကျပ် အပ်နှံ၍ဖြစ်စေ၊ အခြားမိတ်ဖက်ဘဏ်များမှ ကမ္ဘောဇဘဏ်၏ ဘဏ်စာရင်းတစ်ခုသို့ CBMNet Transfer ၊ Inward Cheque Clearing နည်းလမ်းများဖြင့် ၁၀၀,၀၀၀/ ကျပ် လွှဲပြောင်းရရှိ၍ဖြစ်စေ ပါဝင်နိုင်ပါသည်။

ဟုတ်ပါတယ်။ နေ့စဉ်တိုင်းမှာငွေကျပ်တစ်သန်းကံထူးနိုင်မယ့်အခွင့်အရေးအစီအစဉ်သည် နိုင်ငံတစ်ဝှမ်းမှ ကမ္ဘောဇဘဏ်၏ customer များ (customer အဟောင်းများသာမက အသစ်များပါ) ပါဝင်နိုင်ပြီး စာရင်းသေအပ်ငွေစာရင်း (သို့) ငွေစာရင်းအကောင့်သစ် (သို့) ပုံမှန်အပ်ငွေစာရင်းအဟောင်းကို အနည်းဆုံး ငွေကျပ် ၁၀၀,၀၀၀/ အပ်နှံပြီး ဖွင့်လှစ်ခြင်းဖြင့် ပါဝင်နိုင်သော အစီအစဉ်တစ်ခုဖြစ်သည်။

အစီအစဉ်ကို ၂၀၂၂ ခုနှစ်၊ စက်တင်ဘာလ ၅ ရက်နေ့ မှ စက်တင်ဘာလ ၃၀ ရက်နေ့အထိ ပြုလုပ်သွားမှာဖြစ်ပါတယ်။ (စနေ၊ တနင်္ဂနွေနှင့် အစိုးရရုံးပိတ်ရက်များ မပါဝင်ပါ။)

တစ်ရက်လျှင် ကံထူးရှင် တစ်ယောက်စီ နှင့် အစီအစဉ်အပြီးတွင် ကံထူးရှင် စုစုပေါင်း အယောက် ၂၀ ရှိပါသည်။ ကံထူးရှင်တစ်ဦးစီသည် ဆုငွေကျပ် ၁,၀၀၀,၀၀၀/ ရရှိမည်ဖြစ်သည်။

ဤအစီအစဉ်ကို ပါဝင်နိုင်ရန် customer များအနေဖြင့် အောက်ပါစာရင်းများအား

(တစ်ဦးချင်း သို့မဟုတ် Corporate) ဖွင့်လှစ်ခြင်းဖြင့် ပါဝင်နိုင်ပါသည်။

  • စာရင်းသေအပ်ငွေစာရင်း (ပုံမှန်စာရင်းသေအပ်ငွေစာရင်း, Special Cash Fixed Deposit, Instant Cash Fixed Deposit, Cash Converter Fixed Deposit) 
  • ငွေစာရင်းအကောင့် (ငွေစုဘဏ်အပ်ငွေစာရင်း၊ စာရင်းရှင်အပ်ငွေစာရင်း၊ ခေါ်ယူအပ်ငွေစာရင်း)
  • ပုံမှန်အပ်ငွေစာရင်း (ငွေစုဘဏ်အပ်ငွေစာရင်း၊ စာရင်းရှင်အပ်ငွေစာရင်း၊ ခေါ်ယူအပ်ငွေစာရင်း)
  • စာရင်းသေအပ်ငွေစာရင်း (ပုံမှန်စာရင်းသေအပ်ငွေစာရင်း, Special Cash Fixed Deposit, Instant Cash Fixed Deposit, Cash Converter Fixed Deposit) _ စာရင်းသေအပ်ငွေစာရင်း အသစ်တစ်ခုဖွင့်ပြီး ငွေသားဖြင့်အပ်နှံခြင်း သို့မဟုတ် စာရင်းလွှဲပြောင်းနည်းဖြင့်အပ်နှံခြင်း။
  • ငွေစာရင်းအကောင့် (ငွေစုဘဏ်အပ်ငွေစာရင်း၊ စာရင်းရှင်အပ်ငွေစာရင်း၊ ခေါ်ယူအပ်ငွေစာရင်း) _ ငွေစာရင်းအကောင့်သစ်ဖွင့်ပြီး  အကောင့်သစ်သို့ ငွေသားအပ်နှံခြင်း (သို့) ရှိပြီးသားအကောင့်သို့ ငွေသားအပ်နှံခြင်း – ငွေသားဖြင့်သာ
  • ပုံမှန်အပ်ငွေစာရင်း  (ငွေစုဘဏ်အပ်ငွေစာရင်း၊ စာရင်းရှင်အပ်ငွေစာရင်း၊ ခေါ်ယူအပ်ငွေစာရင်း) _ စာရင်းအသစ်တစ်ခုဖွင့်ပြီး (သို့) ရှိပြီးသားစာရင်းအဟောင်းများသို့ ငွေသားအပ်နှံခြင်း။

ရှိပြီးသားစာရင်းအဟောင်းများသို့ CBMNet နှင့် Inward Cheque Clearing လွှဲပြောင်းများပြုလုပ်ခြင်း။

ကမ္ဘောဇဘဏ်၏ ဘဏ်ခွဲတစ်ခုခုတွင် စာရင်းသေအပ်ငွေစာရင်း (သို့) ငွေစာရင်းအကောင့်သစ် (သို့) ပုံမှန်အပ်ငွေစာရင်း အသစ်တစ်ခုကို အောင်မြင်စွာဖွင့်လှစ်ပြီး အနည်းဆုံး ၁၀၀,၀၀၀ ကျပ် အပ်နှံပြီးပါက စက်တင်ဘာလကုန်အထိ ပြုလုပ်မည့် ကံစမ်းမဲအစီအစဉ်သို့ အလိုအလျောက်ဝင်ရောက် သွားမည်ဖြစ်ပါသည်။  ၂၀၂၂ ခုနှစ် စက်တင်ဘာလ ၆ ရက်နေ့မှ အောက်တိုဘာလ ၁ ရက်နေ့အထိ ဆုရရှိသူ အယောက်၂၀ အား နေ့စဉ် ကြေညာပေးမည်ဖြစ်ပါသည်။

ကံထူးရှင်တစ်ဦးလျှင် ငွေကျပ် ၁,၀၀၀,၀၀၀ (၁၀ သိန်း) ကို ကံထူးရှင်၏ ငွေစာရင်းအကောင့်သစ် (သို့) ပုံမှန်အပ်ငွေစာရင်း (ငွေစုဘဏ်အပ်ငွေစာရင်း၊ ခေါ်ယူအပ်ငွေစာရင်းနှင့် စာရင်းရှင်အပ်ငွေစာရင်း) သို့ တိုက်ရိုက်ထည့်သွင်းပေးသွားမည်ဖြစ်ပါသည်။ ကမ္ဘောဇဘဏ်မှ လိုအပ်သော စိစစ်မှုများပြုလုပ်အပြီး ၁၀ ရက်အတွင်း အဆိုပါအကောင့် အတွင်းသို့ အလိုအလျောက်ထည့်သွင်းပေး သွားမည်ဖြစ်ပါသည်။

ရွေးချယ်ထားသောအကောင့်သည် ကံထူးရှင်၏ ကိုယ်ပိုင်တစ်ဦးချင်းအကောင့် (သို့) ကုမ္ပဏီတစ်ခုအတွက် ကုမ္ပဏီအကောင့်သာဖြစ်ရမည်။

ကံထူးရှင်တစ်ဦးလျှင် ငွေကျပ် ၁,၀၀၀,၀၀၀ (၁၀ သိန်း) ကို ကံထူးရှင်၏  ငွေစာရင်းအကောင့်သစ် (သို့) ပုံမှန်အပ်ငွေစာရင်း (ငွေစုဘဏ်အပ်ငွေစာရင်း၊ ခေါ်ယူအပ်ငွေစာရင်းနှင့် စာရင်းရှင်အပ်ငွေစာရင်း) သို့ တိုက်ရိုက်ထည့်သွင်းပေးသွားမည်ဖြစ်ပါသောကြောင့် ကံထူးရှင်အနေဖြင့် ထိုအကောင့်များမရှိပါက နီးစပ်ရာဘဏ်ခွဲတွင် စာရင်းသွားရောက်ဖွင့်လှစ်ရန်လိုအပ်ပါသည်။ 

Customer များသည် စာရင်းသေအပ်ငွေစာရင်း (သို့) ငွေစာရင်းအကောင့်သစ် (သို့) ပုံမှန်အပ်ငွေစာရင်းအဟောင်း ဖွင့်ပြီး အကောင့်ဖွင့်သည့်နေ့တွင် ငွေကျပ် ၁၀၀,၀၀၀ ကို အပ်နှံပါက ကံစမ်းခွင့်တစ်ကြိမ်စာ ရရှိမည်ဖြစ်သည်။  သို့သော် customer တစ်ဦးသည် အကောင့်ဖွင့်ပြီး ငွေကျပ် ၄၀၀,၀၀၀ အပ်နှံပါက Lucky ကံစမ်းခွင့် ၄ ကြိမ်စာ ရရှိမည်ဖြစ်သည်။ အပ်နှံငွေများများထည့်သွင်းပါက ကံစမ်းခွင့်ပိုမိုရရှိမှာဖြစ်ပါတယ်။

သတိပြုရန်။ ကမ္ဘောဇဘဏ်သည် ယခု အစီအစဉ်​၏ တစိတ်တဒေသဖြစ်သည့် Customer တို့​၏ အကောင့်အချက်အလက်များ ၊ OTP သို့မဟုတ်  စကားဝှက်များ ကို Customers များထံမှ မည်သည့်အခါမျှ ဖုန်းဆက်ခေါ်ယူ မေးမြန်းတောင်းယူမည်မဟုတ်ပါ။ ထိုကဲ့သို့သော သတင်းအချက်အလက်များကို တစ်စုံတစ်ယောက်မှ ဖုန်းဆက်မေးမြန်းလာပြီဆိုပါက ထိုသူတို့​၏ မေးခွန်းများကို ပြန်လည်ဖြေကြားခြင်းမပြုခြင်းဖြင့် လိမ်လည်မှုများကို ရှောင်ရှားပါ။