ငွေစာရင်းအကောင့် အသစ် Lucky Draw အစီအစဉ်၏ စည်းမျဉ်းစည်းကမ်းနှင့် သတ်မှတ်ချက်များ
၁။ ကမ္ဘောဇဘဏ်၏ ငွေစာရင်းအကောင့် အသစ် Lucky Draw Campaign ကာလ သည် ၂၀၂၁ ခုနှစ် စက်တင်ဘာလ ၁၀ ရက်နေ့မှ ၂၀၂၁ ခုနှစ် အောက်တိုဘာလ ၁၅ရက်နေ့ထိဖြစ်ပါသည်။ ၂။ ကမ္ဘောဇဘဏ်၏ ငွေစာရင်းအကောင့် အသစ် Lucky Draw Campaign ၏ ရည်ရွယ်ချက်မှာ ကံစမ်းမဲ ကာလအတွင်း ငွေစာရင်းအကောင့် အသစ်ဖွင့်သည့် Customer များအတွက် ကံစမ်းနိုင်ရန် ရည်ရွယ်ပါသည်။ ၃။ ငွေစာရင်းအကောင့်အသစ် (ခေါ်ယူအပ်ငွေစာရင်း (သို့) စာရင်းရှင်အပ်ငွေစာရင်း) တစ်ဦးချင်းအကောင့် ဖွင့်ပါက Lucky Draw စာရင်းဝင်ရန် အကောင့်တစ်ကောင့်လျှင် ကံစမ်းခွင့်လက်မှတ် ၁စောင်ရရှိမည်ဖြစ်ပါသည်။ ငွေစာရင်းအကောင့်အသစ်( ခေါ်ယူအပ်ငွေစာရင်း...