လေးစားအပ်ပါသော ကမ္ဘောဇဘဏ်သုံးစွဲသူ ပြည်သူများ ၂၀၂၁ခုနှစ်၊ ဧပြီလ ၂၇ရက် နေ့ပါ ဗဟိုဘဏ်၏ ညွှန်ကြားချက်အရ အများပြည်သူရုံးပိတ်ရက်များဖြစ်သည့် ဧပြီလ ၃၀ရက်နေ့ မှ မေလ ၂ရက်နေ့အထိအား အစားထိုးပေးသည့်အနေဖြင့် ကမ္ဘောဇဘဏ် ငွေစုဘဏ်အပ်ငွေစာရင်း၏ အပ်ငွေများကို မေလ ၇ ရက်အထိ အပ်နှံနိုင်ပြီဖြစ်ပါသည်။ မေလ ၇ ရက်နေ့အထိ ငွေစုဘဏ်အပ်ငွေစာရင်းသို့အပ်ငွေများသည် မေလအတွက် အတိုးနှုန်းတွက်ချက်ရာတွင် အကျုံးဝင်မည်ဖြစ်ပါသည်။ ဘဏ်လုပ်ငန်းဆိုင်ရာကိစ္စရပ်များကို KBZ iBanking/mBanking၊ KBZPay၊ မြန်မာနိုင်ငံ၏ ကွန်ရက်အကျယ်ပြန့်ဆုံးဖြစ်သည့် ဘဏ်ခွဲများနှင့် ATM များမှတဆင့် ဘဏ္ဍာရေး စီမံခန့်ခွဲမှုများ ပြုလုပ်နိုင်ကြောင်းလည်း အကြောင်းကြားအပ်ပါသည်။ လူကြီးမင်း၏ နားလည်ပေးမှုအတွက် ကျေးဇူးတင်ရှိပါသည်။
Author: khinthirhan
KBZ i/mBanking နှင့် KBZPay များကို MPT၊ Telenor ၊ Ooredoo နှင့် Mytel မိုဘိုင်း အင်တာနက်ဖြင့် အသုံးပြုနိုင်ပါပြီ
လေးစားအပ်ပါသော ကမ္ဘောဇဘဏ်သုံးစွဲသူ ပြည်သူများ ကမ္ဘောဇဘဏ်သုံးစွဲသူ customer များအနေဖြင့် KBZ iBanking၊ KBZ mBanking နှင့် KBZPay တို့ကို MPT၊ Telenor, Ooredoo and Mytel မိုဘိုင်းအင်တာနက်ဖြင့် အချိန်နေရာမရွေးအသုံးပြုနိုင်ပြီဖြစ်ကြောင်း လေးစားစွာအကြောင်းကြားအပ်ပါသည်။ Login ဝင်ရောက်သည့်အခါတွင် WiFi နှင့် VPN ပိတ်ထားပြီး အသုံးပြုရန် အကြုံပြုလိုပါသည်။ KBZ Online Banking (i/mBanking) ကိုအသုံးပြု၍ ငွေလွှဲခြင်း၊ ဘေလ်ပေးဆောင်ခြင်း၊ နှင့် အကောင့်လက်ကျန်ငွေ စစ်ဆေးခြင်းတို့ကို ဘဏ်ခွဲများသို့ သွားရောက်စရာမလိုဘဲ လွယ်ကူစွာ လုပ်ဆောင်နိုင်ပါသည်။ KBZPay အားအသုံးပြု၍ အချင်းချင်း ငွေလွှဲခြင်း(အခမဲ့) ၊ ဖုန်းငွေဖြည့်ခြင်း၊ KBZ ATM များတွင်ငွေထုတ်ယူခြင်းအပြင် အခြား လုပ်ဆောင်မှုများ ကိုပြုလုပ်နိုင်ပါသည်။ ကမ္ဘောဇဘဏ်၏ ဒစ်ဂျစ်တယ်ဘဏ်ဝန်ဆောင်မှုများကို...
သင်္ကြန်ကာလ ဘဏ်ပိတ်ရက်များ ကြေငြာခြင်း
လေးစားအပ်ပါသော ကမ္ဘောဇဘဏ်သုံးစွဲသူ ပြည်သူများ မြန်မာနိုင်ငံရှိ ငွေသွင်းစင်တာအပါအဝင် အခြားကမ္ဘောဇဘဏ်ခွဲများအားလုံး ကို ဧပြီလ ၁၃ ရက်နေ့ မှ ၁၉ ရက်နေ့အထိ သင်္ကြန်ပိတ်ရက်များအတွင်း ပိတ်ထားမည်ဖြစ်ကြောင်း အသိပေးကြေငြာအပ်ပါသည်။ ဘဏ်ပိတ်ရက်အတွင်း ဘဏ်လုပ်ငန်းဆိုင်ရာကိစ္စရပ်များကို KBZPay၊ KBZ iBanking/mBanking နှင့် ATM များမှတဆင့် ဆက်လက်ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း လေးစားစွာအကြောင်းကြားအပ်ပါသည်။ လူကြီးမင်း၏ နားလည်ပေးမှုအတွက် ကျေးဇူးတင်ရှိပါသည်။
ရန်ကုန်မြို့ရှိ customer များအတွက် သီးသန့် ငွေသွင်းစင်တာ စတင်ဖွင့်လှစ်
ရန်ကုန်မြို့ရှိ customer များအနေဖြင့် ငွေသွင်းဝန်ဆောင်မှုများ ရယူလိုပါက သီးသန့်ဖွင့်လှစ်ထားသော ငွေသွင်းစင်တာသို့ သွားရောက်ဝန်ဆောင်မှု ရယူနိုင်ပြီဖြစ်ပါသည်။ ရယူနိုင်သော ငွေသွင်းဝန်ဆောင်မှုများမှာ ၁။ မြန်မာကျပ်ငွေ နှင့် အမေရိကန်ဒေါ်လာ ငွေသွင်း ၂။ ချက်လက်မှတ် သွင်းခြင်း ၃။ QuickPay ပေးဆောင်ခြင်း နှင့် ၄။ KBZPayသို့ ငွေသွင်းခြင်း စသည့်တို့ ဖြစ်ပါသည်။ ရန်ကုန်မြို့တွင် လာမည့်ရက်များအတွင်း ငွေသွင်းစင်တာများထပ်မံဖွင့်လှစ်သွားမည်ဖြစ်ပါသည်။ ဝန်ဆောင်မှုရယူရန် ကြိုတင်စာရင်းပေးသွင်းလိုပါက အပြာရောင် KBZPay အက်ပလီကေးရှင်း၏ Branch Appointment မှတဆင့်သော်လည်းကောင်း၊ Customer Service team ၏ ဖုန်းနံပါတ် ၀၉-၉၅၁၀၁၈၅၅၅ သို့လည်းကောင်း ဆက်သွယ်နိုင်ပါသည်။ ငွေသွင်းစင်တာများအကြောင်း သိရှိလိုပါက Customer Service team ၏ ဖုန်းနံပါတ် ၀၉-၉၅၁၀၁၈၅၅၅...
ဘဏ်ပိတ်ရက်ကြေငြာခြင်း
လေးစားအပ်ပါသော ကမ္ဘောဇဘဏ်သုံးစွဲသူ ပြည်သူများ ၂၀၂၁ခုနှစ်၊ ဧပြီလ ၁ ရက်နေ့အား ဘဏ္ဍာရေးနှစ်ချုပ်စာရင်းပိတ်လုပ်ငန်း ဆောင်ရွက်ရန်အတွက် ကမ္ဘောဇဘဏ်ခွဲများအား ပိတ်ထားမည်ဖြစ်ကြောင်း အသိပေးကြေငြာအပ်ပါသည်။ ဘဏ်ပိတ်ရက်အတွင်း ဘဏ်လုပ်ငန်းဆိုင်ရာကိစ္စရပ်များကို KBZPay၊ KBZ iBanking/mBanking နှင့် ATM များမှတဆင့် ဆက်လက်ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း လေးစားစွာအကြောင်းကြားအပ်ပါသည်။ လူကြီးမင်း၏ နားလည်ပေးမှုအတွက် ကျေးဇူးတင်ရှိပါသည်။
ရုံးပိတ်ရက်အတွင်း ဘဏ်ခွဲများပိတ်ထားမည်ဖြစ်ကြောင်း အသိပေးခြင်း
လေးစားအပ်ပါသော ကမ္ဘောဇဘဏ်သုံးစွဲသူ ပြည်သူများ မြန်မာတစ်နိုင်ငံလုံးရှိ ကမ္ဘောဇဘဏ်၏ ဘဏ်ခွဲများအားလုံးကို ရုံးပိတ်ရက်များဖြစ်သော မတ်လ ၂၆ ရက်နေ့မှ ၂၉ ရက်နေ့ (သောကြာနေ့မှ တနင်္လာနေ့) အထိ ပိတ်ထားမည်ဖြစ်ကြောင်း အသိပေးအကြောင်းကြားအပ်ပါသည်။ Customer များအနေဖြင့် ဘဏ်လုပ်ငန်းဝန်ဆောင်မှုများအတွက် ကမ္ဘောဇဘဏ် ဒစ်ဂျစ်တယ်ဝန်ဆောင်မှုများဖြစ်သော KBZPay၊ KBZ iBanking နှင့် mBanking များအသုံးပြုခြင်းဖြင့် ဘဏ်ခွဲများသို့ လာရောက်ရန် မလိုအပ်ပဲ ဘဏ္ဍာရေး စီမံခန့်ခွဲမှုများ ပြုလုပ်နိုင်မှာ ဖြစ်ပါသည်။ မတ်လ ၃၀ ရက်နေ့ (အင်္ဂါနေ့) တွင် ဖွင့်လှစ်သွားမည့် ဘဏ်ခွဲစာရင်းများကို ကမ္ဘောဇဘဏ် website တွင် ကြည့်ရှုနိုင်ပါသည်။ လူကြီးမင်း၏ နားလည်ပေးမှုအတွက် ကျေးဇူးတင်ရှိပါသည်။