ကမ္ဘောဇဘဏ်၏ လေးစားတန်ဖိုးထားရပါသော Customerများ မင်္ဂလာပါ

ကမ္ဘောဇဘဏ်သည် ဝန်ထမ်းများ နှင့် customer များ၏ ကျန်းမားရေး နှင့် ဘေးကင်းလုံခြုံရေးကို ထိပ်တန်းဦးစားပေးဆောင်ရွက်လျက်ရှိသည့်အလျောက် ယခုလိုခက်ခဲသောအချိန်ကာလအတွင်း  customer များကို အခြေခံဘဏ်ဝန်ဆောင်မှုများ ဆက်လက်ပေးအပ်နိုင်ရန်လည်း ကြိုးပမ်းလုပ်ဆောင်နေပါသည်။ ကမ္ဘောဇဘဏ်ခွဲများ ဖွင့်လှစ်နိုင်ရန် ဆောင်ရွက်သွားမည်ဖြစ်သော်လည်း ဝန်ထမ်းလုံလောက်မှု အခက်အခဲများ ကြုံတွေ့နိုင်ပါသောကြောင့် လူကြီးမင်းတို့အနေဖြင့် စိတ်ရှည်သီးခံနားလည်ပေးကြပါရန် အထူးမေတ္တာရပ်ခံလိုပါသည်။ အချိန်တိုအတွင်း ဘဏ်ခွဲများ ဖွင့်ခြင်း၊ ပိတ်ခြင်းတို့ရှိနိုင်ပါသဖြင့် အဆင်မပြေမှုများအတွက် တောင်းပန်အပ်ပါသည်။ 

မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ ထုတ်ပြန်ချက်အရ ဘဏ်လုပ်ငန်းချိန်ကို နံနက် ၉ နာရီခွဲမှ နေ့လည် ၃ နာရီအထိ ပြောင်းလဲသတ်မှတ်ထားပါသည်။ 

ဖွင့်လှစ်ထားသောဘဏ်ခွဲများ၏ သတင်းအချက်အလက်များကို သိရှိနိုင်ရန် ဤနေရာကို နှိပ်ပါ (သို့မဟုတ်) Call Center ဖုန်းနံပါတ် ၀၉-၉၅၁၀၁၈၅၅၅ သို့ ဆက်သွယ်မေးမြန်းနိုင်ပါသည်။ 
Customerများအနေဖြင့် ငွေကြေးစီမံခန့်ခွဲမှုများ ပြုလုပ်နိုင်ရန် ကမ္ဘောဇဘဏ်၏ ဒီဂျစ်တယ်ဝန်ဆောင်မှုများကို  ရယူထားကြပါရန် တိုက်တွန်းလိုပါသည်။ KBZ iBanking နှင့် mBanking ၏ ဝန်ဆောင်မှုများအကြောင်းကို ဤနေရာတွင် ဆက်လက်ကြည့်ရှုနိုင်ပါသည်။

  • COVID-19 အခြေအနေကို အနီးကပ်စောင့်ကြည့်လေ့လာနိုင်ရန် နှင့် ကြိုတင်ကာကွယ်မှုဆိုင်ရာ လုပ်ငန်းခွင်အစီအမံများ အစပြုလုပ်ဆောင်ရန်အတွက် ဘဏ်တွင်း COVID-19 လုပ်ငန်းအဖွဲ့ကို ဖွဲ့စည်းခဲ့ပါသည်။
  • လုပ်ငန်းအတွင်းစီစဉ်ဆောင်ရွက်မှုများဖြစ်သည့် အိမ်မှအလုပ်လုပ်စေခြင်း၊ အလုပ်ချိန် (Shift) ခွဲ၍ အလုပ်လုပ်စေခြင်း၊ အဝေးမှအလုပ်လုပ်စေခြင်း နှင့် WHO မှ (COVID-19) အတွက် အထူး/အထိခိုက်လွယ်သူများအဖြစ် သတ်မှတ်ထားသည့် (အသက် ၆၀ နှင့်အထက်ရှိ ဝန်ထမ်းများ၊ ကိုယ်ဝန်ဆောင် ဝန်ထမ်းများ၊ နာတာရှည်ကျန်းမာရေးအခြေအနေများရှိသော ဝန်ထမ်းများ၊ ကိုယ်ခံစွမ်းအားမကောင်းသည့် ဝန်ထမ်းများနှင့် မီးဖွားပြီးစ မိခင်များ) အတွက် လစာပြည့် ခွင့်ပေးခြင်းများကို စီမံထားရှိပါသည်။
  • ဘဏ်ဝန်ထမ်းများအား ခရီးသွားလာခြင်းကန့်သတ်ချက်များ နှင့် အကြံပေးခြင်းများအပြင် ခရီးသွားလားခြင်းဆိုင်ရာ ကြေညာချက်များ ထုတ်ပြန်ထားပါသည်။
  • ဝန်ထမ်းများ၏ ကျန်းမာရေးအချက်အလက်များ အားလုံးကို နေ့စဉ်ကျန်းမာရေးစစ်ဆေးမှု မိုဘိုင်း application မှ တဆင့် တင်ပြစေပါသည်။
  • COVID-19 ဆိုင်ရာ ဗဟုသုတနှင့် စိတ်ပိုင်းဆိုင်ရာကျန်းမာကြံ့ခိုင်စေရေး အွန်လိုင်းပို့ချမှုများကို ဝန်ထမ်းအားလုံးအတွက် ပြုလုပ်ခဲ့ပြီး COVID-19 ဆိုင်ရာ ဗဟုသုတနှင့်ပတ်သက်၍ eLearning၊ အွန်လိုင်းစာမေးပွဲဖြေဆိုမှုများသည် ဝန်ထမ်းများအားလုံး မဖြစ်မနေ လုပ်ဆောင်ရမည့် လုပ်ငန်းခွင် တိုးတက်မှုဆိုင်ရာတိုင်းတာချက်တစ်ခု (KPI) ဖြစ်ပါသည်။

လူမှုအသိုင်းအဝိုင်းအတွင်း ဘဏ်စနစ်သည် မရှိမဖြစ်လိုအပ်သောဝန်ဆောင်မှု လုပ်ငန်းဖြစ်သည်နှင့်အညီ ကပ်ဆိုးကြီး စဖြစ်စဉ်ကပင် လက်လှမ်းမီသလောက် တတ်နိုင်သလောက် front-line ဝန်ထမ်းများနှင့် ခက်ခဲနေသောအချိန်မှာတောင် သုံးစွဲပေးကြသော ဘဏ်ဝန်ဆောင်မှုယူသူများ လုံခြုံ ဘေးကင်းစေရေးအတွက် ကာကွယ်ရေးများကို ဆောင်ရွက်မှုကို  တတ်နိုင်သလောက်လုပ်ပေးခဲ့ပါတယ်။

ထိုကာကယွ်မှုများမှ တစ်စိတ်တစ်ဒေသမှာ COVID-19 ကာကွယ်ဆေးထိုးပေးခြင်းဖြစ်ပြီး ထိုနည်းလမ်းမှာ ဗိုင်းရပ်စ်ပိုး ပြန့်ပွားခြင်းမှ ကာကွယ်ရာမှာ အကောင်းဆုံး အထိရောက်ဆုံး နည်းလမ်းဖြစ်ပါတယ်။ ဒါကြောင့် ဆေးဘက်ဆိုင်ရာအရ သင့်တော်သူဝန်ထမ်းတိုင်းကို မဖြစ်မနေထိုးစေချင်ကြောင်း တိုက်တွန်းလေ့ရှိပါတယ်။ ကာကွယ်ဆေးထိုးထားခြင်းဖြင့် ဘဏ်ကိုလာသောသုံးစွဲသူများရော ဝန်ဆောင်မှေုပေးသော ဝန်ထမ်းများပါ ပိုမိုစိတ်ချလုံခြုံသော ပတ်ဝန်းကျင်တွင် အလုပ်လုပ်နိုင်မည်ဖြစ်ပါတယ်။

ဝန်ထမ်းများအတွက် ကာကွယ်ဆေးထိုးခြင်း အစီအစဉ်ကို သြဂုတ်လထဲက စတင်ခဲ့တာနဲ့အညီ ၅၀% သော လုပ်သားအင်အားအနေနဲ့ COVID-19 ကာကွယ်ဆေးထိုးပြီး ဖြစ်ပါတယ်။ လိုအပ်သော ကာကွယ်ဆေးထိုးခြင်းရရှိနိုင်ဖို့ ကဏ္ဍအလိုက် တစ်ခုပြီးတစ်ခု ကြိုးစားလျက်ရှိပြီး စဉ်ဆက်မပြတ် ထပ်မံကြိုးစားနေပါတယ်။ ဝန်ထမ်းစောင့်ရှောက်ခြင်း အစီအစဉ်အောက်တွင် အခမဲ့ ကာကွယ်ဆေးထိုးခြင်း လျှောက်ထားခွင့်အစီအစဉ်ကို ဝန်ထမ်းတိုင်းအတွက် လမ်းဖွင့်ပေးထားလျက်ရှိပါတယ်။

ပြည်သူလူထုနှင့် ဝန်ထမ်းအားလုံး လုံခြုံဘေးကင်းပြီး ကောင်းကျိုးပြည့်ဝစေဖို့ကို အဓိက ဦးစားပေးအနေနဲ့ ထားသည်နှင့်အညီ  ဝန်ထမ်းတိုင်း မဖြစ်မနေ ကာကွယ်ဆေးထိုးစေရရေးကို ဦးစားပေး ကူညီပေးနေပါတယ်။ နိုင်ငံအနံ့တွင် အရေးပါအရာရောက်သော ငွေကြေးဝန်ဆောင်မှုများကို ဆောင်ရွက်ပေးနေသော ဝန်ထမ်းများအတွက် ပိုမို ဘေးကင်းလုံခြုံကျန်းမာသော လူနေမှုဘဝနဲ့ လူ့အသိုင်းအဝိုင်းကို ရရှိစေဖို့ အများကြီး ကြိုးစား အားထုတ်ထားပါတယ်။

  • Customer များနှင့် ငွေသားကိုင်တွယ်ရသည့် ဝန်ထမ်းများအကြား အကာအကွယ်ပစ္စည်းကိရိယာများ (နှာခေါင်းစည်းများ၊ လက်အိတ်များ နှင့် လက်သန့်ရှင်းရေးဆေးများ) ကို လုံလောက်စွာ ဖြန့်ဝေထားပါသည်။
  • Customer များ နှင့် ဝန်ထမ်းများသည် ဘဏ်ခွဲ သို့မဟုတ် ရုံးသို့ ဝင်ရောက်ရန်အတွက် မဖြစ်မနေ နှာခေါင်းစည်းဝတ်ရန် လိုအပ်ပါသည်။
  • မိမိတို့၏ ဘဏ်ခွဲ သို့မဟုတ် ရုံးများသို့ ဝင်ရောက်သူအားလုံးကို ကိုယ်အပူချိန် စစ်ဆေးလျက်ရှိပါသည်။
  • ဘဏ်ခွဲ၊ ရုံးများအားလုံးတွင် ၃ ပေ မှ ၆ ပေ လူခြားခြင်း ပြုလုပ်ထားပါသည်။
  • ထို့အပြင် ဓာတ်လှေကားခလုတ်များ၊ ATM များ၊ တံခါးလက်ကိုင်များ၊ လှေကားလက်ရန်းများ၊ ဘဏ်ကောင်တာများအား ပိုးသတ်ခြင်းနှင့် သန့်ရှင်းရေးလုပ်ငန်းများကို အကြိမ်ရေတိုးမြှင့်၍ ကမ္ဘောဇဘဏ်ခွဲတိုင်းနှင့် ရုံးခန်းတည်ရှိရာ နေရာတိုင်းတွင် ဆပ်ပြာများ၊ သန့်ရှင်းရေးသုံး ပစ္စည်းများ၊ ပိုးသတ်ဆေးများနှင့် လက်ဆေးရည်များ ပစ္စည်းပြတ်လပ်မှုမရှိစေရန် အချိန်ပြည့် စောင့်ကြပ်စစ်ဆေးထားပါသည်။
  • ဒစ်ဂျစ်တယ်ဘဏ်ဝန်ဆောင်မှုများ (KBZPay၊ mBanking နှင့် iBanking) တို့သည့် တစ်ဦးနှင့်တစ်ဦး ထိတွေ့စရာမလို၊ လုံခြုံစိတ်ချရသည့် ဘဏ်ဝန်ဆောင်မှုများ အဖြစ် customer များကို အကြံပြုထားပါသည်။


Customer များအနေဖြင့် ဘဏ်သို့လာရောက်စရာမလိုပဲ ဘဏ်လုပ်ငန်းဆိုင်ရာကိစ္စရပ်များကို လုပ်ဆောင်နိုင်မည့် နည်းလမ်းများ

Customerများအနေဖြင့် ဘဏ်လုပ်ငန်းဝန်ဆောင်မှုများအတွက် KBZPay mobile wallet၊ KBZ iBankingနဲ့ mBanking အစရှိသော လူတစ်ဦးနှင့် တစ်ဦး ထိတွေ့ဆက်ဆံရန် မလိုအပ်သော ဒစ်ဂျစ်တယ်ဘဏ်လုပ်ငန်း ဝန်ဆောင်မှုများကို အသုံးပြုခြင်းဖြင့် ဘဏ်ခွဲများသို့ လာရောက်ရန် မလိုအပ်ပဲ ဘဏ္ဍာရေး စီမံခန့်ခွဲမှုများ ပြုလုပ်နိုင်မှာ ဖြစ်ပါသည်။ 

  • mBanking – KBZ mBanking အား 24/7 အသုံးပြုနိုင်ခြင်း၊ ဖုန်းထဲမှာပင် ဘဏ်အကောင့်ကို စိတ်တိုင်းကျ စီမံခန့်ခွဲနိုင်ခြင်း၊ လက်ကျန်ငွေစစ်ဆေးခြင်း၊ ငွေလွှဲပေးပို့နိုင်ခြင်း
  • iBanking – KBZ iBanking အား 24/7 အသုံးပြုနိုင်ပြီး မိမိဘဏ်အကောင့်အချက်အလက်များကို website မှတဆင့် အချိန်မရွေးစီမံခန့်ခွဲနိုင်ခြင်း
  • KBZPay – မိမိမိုဘိုင်းပိုက်ဆံအိတ်ကို ဘဏ်အကောင့်နှင့်ချိတ်ဆက်ပြီး KBZPay အကောင့်ထဲ လိုအပ်သလို ပြောင်းရွှေ့စီမံအသုံးပြုနိုင်ခြင်း

KBZPay အား ဒေါင်းလုတ်ရယူပြီး အောက်ပါဝန်ဆောင်မှုများကို 24/7 အသုံးပြုနိုင်မှာဖြစ်ပါသည်။

  • ဖုန်းနံပါတ်ဖြင့် အလွယ်တကူငွေလွှဲပေးပို့နိုင်ခြင်း
  • KBZPay ထဲရှိ ငွေပမာဏအားစစ်ဆေးနိုင်ပြီး မိမိကိုယ်ပိုင်ငွေအား လွယ်လင့်တကူအသုံးပြုနိုင်ခြင်း
  • မိမိ၏ ဘဏ်အကောင့်မှ KBZPay ထဲသို့ အပြန်အလှန် ငွေလွှဲပြောင်းနိုင်ခြင်း

Download KBZPay




For more information please visit:

To download the KBZ mBanking app, please click here:

To download the KBZPay app, please click here:

For any further inquiries, please contact our customer service available 24/7 Monday to Sunday via:

KBZ Bank Call Center | 09-951018555

KBZPay Call Center | 09-969963211

Email | [email protected]

Thank you for banking with KBZ Bank.