Self-service Banking Portal မှတစ်ဆင့် အိမ်မှာနေရင်း ဘဏ်အကောင့်ဖွင့်နိုင်ပါပြီ

လေးစားအပ်ပါသော ကမ္ဘောဇဘဏ် customer များ၊

ကမ္ဘောဇဘဏ်မှ ဘဏ်အကောင့်စတင်ဖွင့်လှစ်မည့် customer အသစ်များကိုယ်တိုင်အလွယ်တကူ  ဘဏ်အကောင့်ဖွင့်နိုင်ပြီး ဘဏ်အကောင့်ဆိုင်ရာ အပိုဝန်ဆောင်မှုများကိုရယူနိုင်သော Self-service Banking Portal နှင့်မိတ်ဆက်ပေးလိုက်ပါပြီ။ 

ဘဏ်အကောင့်အသစ်ဖွင့်ရန် လုပ်ဆောင်ပုံအဆင့်ဆင့်

အဆင့် ၁။ Self-service Banking Portal တွင် စာရင်းသွင်းပါ။

အဆင့် ၂။ Self-service Banking Portal သို့ ဝင်ရောက်ပြီး သင်နှစ်သက်ရာ အကောင့်ဖွင့်လှစ်ရန် ရွေးချယ်ပါ။

အဆင့် ၃။ လိုအပ်သော အချက်အလက်အားလုံးကို ဖြည့်စွက်ပါ။

အကောင့်အသစ်တွင် အပ်နှံငွေထည့်သွင်းခြင်း

နီးစပ်ရာ ကမ္ဘောဇဘဏ်ခွဲသို့ သွားရောက်နိုင်၍ဖြစ်စေ သင်၏အခြားဘဏ်အကောင့်များမှငွေလွှဲ၍ဖြစ်စေ စတင်အပ်နှံငွေထည့်သွင်းနိုင်ပါသည်။

Self-service Banking Portal နှင့်ပတ်သတ်၍အသေးစိတ်သိရှိလိုပါက ဤလင့်ခ် တွင်ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။

***စမ်းသပ်ဆဲကာလဖြစ်ပါ၍ ကမ္ဘောဇဘဏ်အကောင့်စတင်ဖွင့်လှစ်မည့် customer အသစ်များအနေနှင့်သာ Self-service Banking Portal ကိုအသုံးပြုနိုင်ပါသည်။