ကမ္ဘောဇဘဏ်မှ လက်ရှိပေးအပ်လျက်ရှိသော ငွေထုတ်ဝန်ဆောင်မှုမျာ:

ကမ္ဘောဇဘဏ် အသုံးပြုသူ Customer များ 

Customer များအနေဖြင့် ငွေသားထုတ်ယူခြင်းဝန်ဆောင်မှုများ အပါအဝင် အခြားသော ဘဏ်ဝန်ဆောင်မှုများ အားလုံးကိုအဆင်ပြေစွာ ရရှိအသုံးပြုနိုင်ရန် ကမ္ဘောဇဘဏ်မှ ကြိုးစားဝန်ဆောင်မှုပေးလျက်ရှိပါသည်။ လက်ရှိအချိန်တွင် ကမ္ဘောဇဘဏ် မှ ပေးအပ်လျက်ရှိသော ငွေထုတ်ဝန်ဆောင်မှုများမှာ

၁။ ယခုလက်ရှိအနေဖြင့် လူပုဂ္ဂိုလ်အပ်ငွေစာရင်းများအတွက် အပတ်စဉ် ကျပ် ၃ သိန်းမှ ကျပ် သိန်း ၂၀ အထိ၊ စီးပွားရေးလုပ်ငန်းအပ်ငွေစာရင်းများအတွက် အပတ်စဉ် ကျပ်သိန်း ၅၀ မှ ကျပ်သိန်း ၂၀၀ အထိ ငွေထုတ်ယူနိုင်ခြင်း

၂။ ဒစ်ဂျစ်တယ်ငွေပေးချေမှုများကိုလက်ခံသည့် ဆိုင်နှင့်လုပ်ငန်းရှင်များအတွက် လစဉ် ရောင်းချရမှုပမာဏ၏ ၃၅% မှ ၅၀% အထိ ငွေသားထုတ်ပေးခြင်း

၃။ စက်ရုံ၊ကုမ္ပဏီဝန်ထမ်း လုပ်သားဦးရေအပေါ်မူတည်၍ လုပ်ခလစာငွေထုတ်ယူမှု ပျမ်းမျှတစ်ဦးလျှင် အနည်းဆုံး ကျပ် ၁ သိန်း နှုန်း ထုတ်ပေးခြင်း 

၄။ KBZPay Center များတွင် customer များ၏ KBZPay အကောင့်များမှ ငွေထုတ်ယူမှုများအတွက် အပတ်စဉ် ကျပ် ၃ သိန်း အထိ ထုတ်ယူနိုင်ရန် ဆောင်ရွက်ထားခြင်း

၅။ Cash Account စာရင်းသစ်များမှ ငွေပမာဏအကန့်အသတ်မရှိ ကြိုတင်တိုကင်မလိုပဲ ငွေထုတ်ပေးခြင်း

၆။ ဧရာဝတီတိုင်းနှင့် ရခိုင်ပြည်နယ်ရှိ ဘဏ်ခွဲပေါင်း ၂၀ ကျော်တွင် ကြိုတင်တိုကင်မလိုပဲ ငွေကျပ် ၃သိန်း မှ ၅ သိန်းအထိ ငွေသားထုတ်ယူနိုင်ခြင်း ဝန်ဆောင်မှုအား ပေးအပ်နေခြင်း 

၇။ မိတ်ဖက်ဘဏ်များ တစ်ဘဏ်နှင့် တစ်ဘဏ်ကြား CBM Net စနစ်ဖြင့် ချေးငွေပေးဆပ်ခြင်း၊ Supplier Payment များ ဆောင်ရွက်ပေးခြင်း

၈။ မြန်မာသင်္ဘောသားများ၊ သံရုံးဝန်ထမ်းများနှင့် multilateral အဖွဲ့အစည်းများမှဝန်ထမ်းများ အနေဖြင့် ကုမ္ပဏီလစာငွေများကို သတ်မှတ်ထားသော ကမ္ဘောဇဘဏ်ခွဲများတွင် ငွေသားဖြင့်ထုတ်ယူနိုင်ခြင်း

Customer များအတွက် ဘဏ်ဝန်ဆောင်မှုများ ပိုမိုပေးအပ်နိုင်ရန် မြန်မာတစ်နိုင်ငံလုံးရှိဘဏ်ခွဲပေါင်း ၃၀၀ ကျော်ကို ဖွင့်လှစ်ပေးထားပါသည်။ Customer များအနေဖြင့် အွန်လိုင်းမှတဆင့်လည်း  ငွေကြေးစီမံခန့်ခွဲမှုများကို လွယ်ကူစွာ ပြုလုပ်နိုင်ရန်  KBZ mBanking၊ iBanking နှင့် KBZPay အစရှိသော ဒီဂျစ်တယ်ဝန်ဆောင်မှုများကို ရယူအသုံးပြုကြပါရန် တိုက်တွန်းအပ်ပါသည်။