စုဆောင်းငွေ ပိုတိုးစေမယ့် ကမ္ဘောဇဘဏ်ရဲ့ “ပိုစု” စာရင်းသေအပ်ငွေစာရင်းသစ်ကို မိတ်ဆက်လိုက်ပါပြီ

လေးစားအပ်ပါသော ကမ္ဘောဇဘဏ် Customer များ။

ကမ္ဘောဇဘဏ်ရဲ့ တမူထူးခြားသော စာရင်းသေအပ်ငွေစာရင်း ဖြစ်တဲ့ “ပိုစု” အား ပိုမိုမြင့်မားတဲ့ အတိုးနှုန်းများနှင့်အတူ၊ စာရင်းဖွင့်ပြီး ရက်ပေါင်း(၉၀)အတွင်း (၁၀) ကြိမ်အထိ ထပ်တိုးငွေထည့်သွင်းနိုင်သော ပုံစံသစ်ဖြင့် စတင်မိတ်ဆက်ပေးလိုက်ပါပြီ။ 

စုဆောင်းငွေတွေတိုးပွားဖို့အတွက် ကမ္ဘောဇဘဏ်မှ စာရင်းသေအပ်ငွေစာရင်းသစ်တစ်ခုဖြစ်တဲ့ “ ပိုစု” ဟာ ကာလရှည် ငွေအပ်နှံမယ့်သူတွေနဲ့ ကိုက်ညီပြီး အားသာချက်ကတော့ ငွေစာရင်းဖွင့်လှစ်ပြီး ရက်ပေါင်း (၉၀) အတွင်း (၁၀) ကြိမ်အထိ ထပ်တိုးငွေသွင်းနိုင်တဲ့အပြင် ကနဦးအပ်ငွေနှင့် ထပ်တိုးငွေသွင်းသည့် ပမာဏစုစုပေါင်းပေါ်မူတည်ပြီး ပိုမြင့်သော အတိုးနှုန်းကို ရယူနိုင်မှာဖြစ်ပါတယ်။ 

ပိုစုစာရင်းသေအပ်ငွေစာရင်းကို – 

✦ လူပုဂ္ဂိုလ်များ (Individual Account)
✦ တွဲဖက်စာရင်းများ (Joint Account)
✦ ကုမ္ပဏီများ / အသင်းအဖွဲ့များနှင့် စီးပွားရေးလုပ်ငန်းများ (Corporate/ Association and Business Account) ဖွင့်လှစ်နိုင်ပါတယ်။

အတိုးနှုန်းများကတော့ ကနဦးအပ်ငွေနှင့် ထပ်တိုးငွေသွင်းသည့် ပမာဏစုစုပေါင်းပေါ်မူတည်ပြီး

✤ ကနဦးအပ်နှံငွေနှင့် ထပ်တိုးငွေသွင်းသည့်ပမာဏ စုစုပေါင်းသည် ကျပ် သိန်း ၃၀၀၀ အောက် ဖြစ်ပါက – အတိုးနှုန်း 9%

✤ ကနဦးအပ်နှံငွေနှင့် ထပ်တိုးငွေသွင်းသည့်ပမာဏ စုစုပေါင်းသည် ကျပ် သိန်း ၃၀၀၀ နှင့်အထက်ဖြစ်ပါက – အတိုးနှုန်း 9.3% ဖြစ်ပါတယ်။

ပိုစုစာရင်းသေအပ်ငွေစာရင်းအတွက် အပ်ငွေကာလဟာ (၃၆၀) ရက်ဖြစ်ပါတယ်။