Western Union ၏ အပိုဆုငွေရနိုင်မည့် သင်္ကြန်နှစ်သစ်ကူး အထူးအစီအစဉ်မှ မေးလေ့မေးထရှိသော မေးခွန်းများ

Campaign အမည်မှာ Western Union ၏ အပိုဆုငွေရနိုင်မည့် သင်္ကြန်နှစ်သစ်ကူး အထူးအစီအစဉ်

 ဖြစ်ပါသည်။

ရွေးချယ်ထားသောနိုင်ငံများမှ ၂,၀၀၀,၀၀၀ ကျပ် (သို့မဟုတ်) ထို့ထက်ပို၍  Western Union ငွေလွှဲ လက်ခံရရှိသည့်အခါ ထိုနေ့တွင် ငွေလွှဲလက်ခံသူက အပိုထပ်ဆောင်းအနေဖြင့် ၈,၀၀၀ ကျပ် ရရှိပါမည်။

ပရိုမိုးရှင်းကာလသည် ၂၀၂၃ ခုနှစ် မတ်လ ၂၀ ရက်မှ ၂၀၂၃ ဧပြီလ ၃၀ ရက်အထိ ဖြစ်ပါသည်။(ငွေလွှဲပေးပို့ခြင်းနှင့် ငွေလွှဲလက်ခံသည့် ရက်စွဲ နှစ်ခုစလုံးသည် ဤရက်စွဲများအတွင်း အကျုံးဝင်ရမည်၊ ရက်စွဲနှစ်ခုလုံး အပါအဝင်)။

ဖြေ. အားလုံး မပါဝင်ပါ။ ဤအပိုဆုအစီအစဉ်၌ စင်ကာပူ၊ မလေးရှား၊ ထိုင်း၊ ကိုရီးယားနှင့် ဂျပန်နိုင်ငံ စသည့် (၅) နိုင်ငံမှ ငွေလွှဲများသာ အကျုံးဝင်ပါသည်။

ငွေလွှဲလက်ခံသူအတွက် သတ်မှတ်ချက်ပြည့်မီသော ငွေလွှဲတစ်ခုအတွက် အကျုံးဝင်ပါသည်။  (ဥပမာ- ငွေကျပ် ၂,၀၀၀,၀၀၀ နှင့်အထက် ငွေလွှဲများသာ)

ငွေပမာဏ ၂,၀၀၀,၀၀၀ ကျပ် နှင့်အထက် ငွေလွှဲများသာသတ်မှတ်ထားပါသည်။

Western Union ငွေလွှဲထုတ်ခွင့်ပြုထားသည့်  ယခုလက်ရှိဖွင့်လှစ်ထားသော ကမ္ဘောဇဘဏ်ခွဲများအားလုံး၌ အကျုံးဝင်ပါသည်။

ငွေလွှဲလာရောက်ထုတ်ယူမည့်သူသည် ငွေလွှဲသူအမည်၊ ငွေလွှဲသည့် ပမာဏ၊ ငွေလွှဲသည့်နိုင်ငံ၊ လျှို့ဝှက်ကုတ် (၁၀)လုံး၊ မှတ်ပုံတင်မူရင်း တို့ကို တစ်ပါတည်း ယူဆောင်လာရပါမည်။(ဥပမာ-ငွေလွှဲထုတ်ယူမည့်သူမှ လွှဲပို့ငွေ ၂,၀၀၀,၀၀၀ ကျပ် ထုတ်ယူမည်ဆိုပါက ၂,၀၀၀,၀၀၀ ကျပ် + အပိုဆုငွေ ၈,၀၀၀ ကျပ် စုစုပေါင်း ၂,၀၀၈,၀၀၀ ကျပ်ကို ရရှိမည် ဖြစ်ပါသည်။) ငွေလွှဲလက်ခံသူသည် အပိုဆုငွေ ရရှိပြီးပါက ငွေလွှဲလက်ခံဖြတ်ပိုင်းပေါ်တွင် အပိုဆုငွေ ၈,၀၀၀ ကျပ် လက်ခံရရှိကြောင်း လက်မှတ်ထိုးပေးရပါမည်။

ငွေလွှဲလက်ခံသူတစ်ဦးအနေနှင့် တစ်ကြိမ်သာ bonus ရရှိနိုင်ပါသည်။  လျှို့ဝှက်ကုတ် (၁၀)လုံး တစ်ခုလျှင် Bonus ၈,၀၀၀ ကျပ် တစ်ကြိမ်သာ ရရှိနိုင်မည် ဖြစ်ပါသည်။