၁။     “Monsoon Cash Splash Campaign_Ocean Supercenter အစီအစဥ်ကာလသည် ၂၀၂၆ ခုနှစ်၊ မေလ (၂၀) ရက်နေ့ မှ ၂၀၂၆ ခုနှစ်၊ ဇွန်လ (၂၀) ရက်နေ့  အထိ (၁) လတိုင်တိုင် ကျင်းပသွားမည် ဖြစ်ပါသည်။

၂။ ဤ Campaign ကာလအတွင်း  KBZ Bank Debit Card နှင့် Credit Card ကိုင်ဆောင်သူများ အနေဖြင့် သတ်မှတ်ထားသော Ocean Supercenter ဆိုင်ခွဲများရှိ KBZ  POS စက်များတွင် ပြေစာတစ်စောင်လျှင် ငွေပမာဏ တစ်သိန်းခွဲ (၁၅၀,၀၀၀) ကျပ် နှင့် အထက် အောင်မြင်စွာ ငွေပေးချေမှုပြုလုပ်ခြင်းဖြင့်  ဤအစီအစဥ်တွင် အလိုအလျောက် ပါဝင်ခွင့်ရရှိကာ ပြန်အမ်းငွေများ ရရှိစေလိုသည့် ရည်ရွယ်ချက်ဖြင့် ပြုလုပ်ခြင်းဖြစ်ပါသည်။

၃။ ဤ Campaign ကာလအတွင်း အသုံးပြုနိုင်သော KBZ Bank Debit Card နှင့် Credit Card များမှာ အောက်ပါအတိုင်းဖြစ်ပါသည်။ 

Debit Cards  Credit Cards
1.  MPU-UnionPay Asia Prestige Diamond
     Debit Card
1.  Visa Credit Cards (Classic, Platinum)
2.  MPU Debit Card2.  MPU-UnionPay Credit Cards (Classic, Platinum)
3.  MPU Teen Debit Card3.  MPU Credit Cards (Classic, Gold, Platinum)
4.  MPU Business Debit Card

၄။ ဤ Campaign ကာလအတွင်း KBZ Bank Debit Card နှင့် Credit Card ကိုင်ဆောင်သူများသည် သတ်မှတ်ထားသော Ocean Supercenter ဆိုင်ခွဲများရှိ KBZ POS စက်များတွင် ပြေစာ တစ်စောင်လျှင် ငွေပမာဏ တစ်သိန်းခွဲ (၁၅၀,၀၀၀) ကျပ်နှင့်အထက် ငွေပေးချေမှုပြုလုပ်ပါက ပြန်အမ်းငွေ တစ်သောင်း (၁၀,၀၀၀) ကျပ် ရရှိမည် ဖြစ်ပါသည်။ KBZ Bank Debit Card သို့မဟုတ် Credit Card တစ်ကတ်လျှင် (၁) ရက် ကို (၁) ကြိမ်သာ ပြန်အမ်းငွေ အထူးခံစားခွင့် ရရှိမည် ဖြစ်ပါသည်။ 

၅။ ဤ Campaign တွင် သတ်မှတ်ထားသော Ocean Supercenter ဆိုင်ခွဲများမှာ –

NoOutlet NameRegionAddress
1Ocean Supercenter- Gamone PwintYangonNo. 54, Gamone Pwint Wholesale Mall, Myanmar Gon Yi Road, Mingalar Taungnyunt Township, Yangon.
2Ocean Supercenter- Diamond PlazaMandalayDiamond Plaza, 78th Street, between 33rd Street and 34th Street, Chanayethazan Township, Mandalay.
3Ocean Supercenter- Mingalar Mandalay MandalayBuilding 2, 73rd Street, between Thazin Street and Ngu Shwe War Street, Chanmyathazi Township, Mandalay.
4Ocean Supercenter- Taunggyi BranchTaunggyiCity Square Shopping Center, Myoma New Market, corner of Bogyoke Aung San Road and Ye Htauk U Road, Taunggyi, Shan State.
5Ocean Supercenter- Pathein BranchPatheinKanna Road, next to Pathein City Hall, Ayeyarwady Region.
6Ocean Supercenter- Mawlamyine BranchMawlamyineThanlwin U Yay Yan Compound, corner of Thein Goon Street and Tanintharyi Street, Mawlamyine Upper Main Road, Bo Kone Ward, Mawlamyine.

၆။  ပြန်အမ်းငွေရရှိသူသည် KBZ Bank Debit Card ကိုင်ဆောင်သူဖြစ်ပါက KBZ Bank Debit Card နှင့်ချိတ်ဆက်ထားသော  သက်ဆိုင်ရာ ဘဏ်အကောင့်ထဲသို့လည်းကောင်း ၊ KBZ Bank Credit Card ကိုင်ဆောင်သူဖြစ်ပါက KBZ Bank  Credit Card အကောင့်ထဲသို့ လည်းကောင်း ပြန်အမ်းငွေများကို အစီအစဥ်ကာလ ပြီးဆုံးပြီးနောက် ရုံးဖွင့်ရက် (၇) ရက်အတွင်း ထည့်သွင်းပေးသွားမည် ဖြစ်ပါသည်။ ပြန်အမ်းငွေများ ထည့်သွင်းပြီးပါက KBZ Bank မှ  SMS ပေးပို့အကြောင်းကြားသွားမည် ဖြစ်ပါ သည်။ 

၇။ ပြန်အမ်းငွေရရှိသူများသည် ၎င်းတို့၏ KBZ Bank Credit Card များကို ပိတ်သိမ်းရန် လျှောက်လွှာတင်ထားသူများမဖြစ်ရပါ။ ပြန်အမ်းငွေရရှိသူများ၏ KBZ Bank Credit Card သည် System Active ဖြစ်နေပြီး Campaign ကာလမတိုင်မီ ရှေ့ (၃) လအတွင်း အကြွေးပြန်လည်ပေးဆပ်ခြင်း ပျက်ကွက်မှုမရှိသော Non-Delinquent Users ဖြစ်မှသာလျှင် ဤအစီအစဥ်မှ ပေးအပ်မည့် ပြန်အမ်းငွေများအား ရရှိခံစားနိုင်မည်ဖြစ်ပါသည်။

၈။       ပြန်အမ်းငွေရရှိသူများကို KBZ Bank Official Facebook Page  (အပြာရောင်အမှန်ခြစ်ပါသော) နှင့် KBZ Bank Official Website များတွင် Campaign ပြီးဆုံးပြီးနောက် ရုံးဖွင့်ရက် (၇)ရက်အတွင်း ကြေညာပေးမည် ဖြစ်ပါသည်။ KBZ Bank Facebook Page နှင့် Official Website များတွင် ကြေညာရန်အလို့ငှာ ပြန်အမ်းငွေရရှိသူများ၏ အမည်နှင့် ဖုန်းနံပါတ် (ဖုန်းနံပါတ်အပြည့်အစုံမဟုတ်ပါ) တို့အား KBZ Bank မှ အသုံးပြုနိုင်သည်ကို သိရှိပြီး သဘောတူပါသည်။

၉။ အစိုးရရုံး ပိတ်ရက်များ (သို့မဟုတ်) KBZ Bank မှထိန်းချုပ်၍မရနိုင်သော အခြေအနေများတွင်  ပြန်အမ်းငွေများအား  ထည့်သွင်းချိန် နှင့် ကံထူးရှင်များကို KBZ Bank Official Facebook Page (အပြာရောင်အမှန်ခြစ်ပါသော)နှင့် Official Website များတွင် ကြေညာမည့်အချိန်သည် အပြောင်းအလဲ ရှိနိုင်ပါသည်။

၁၀။ KBZ Bank ဝန်ထမ်းများသည် အစီအစဥ်တွင် ပါဝင်သူများအား ဆက်သွယ်ပြီး ၎င်းတို့၏ ကိုယ်ရေး အချက်အလက်များ ၊OTP (သို့မဟုတ်) PIN  နှင့်ပတ်သက်သည့် မည်သည့်သတင်းအချက်အလက်ကို မျှ တောင်းခံမည်မဟုတ်ပါ။ 

၁၁။ ဤအစီအစဥ်ကာလအတွင်းသာလျှင် KBZ Bank Debit Card နှင့်  Credit Card ကိုင်ဆောင်သူများ အနေဖြင့် ဤစည်းမျဥ်းစည်းကမ်း သတ်မှတ်ချက်ပါ အခွင့်အရေးများကိုရရှိနိုင် မည်ဖြစ်ပြီး ဤ Campaign ကာလ ကုန်ဆုံးသည်နှင့်တပြိုင်နက် အဆိုပါအခွင့်အရေးများ လည်း ကုန်ဆုံး သွားမည်ဖြစ်ပါသည်။

၁၂။ ဤ Campaign အတွင်း မည်သည့်လိမ်လည်လှည့်ဖြားမှုမျိုးကိုမျှ ဆောင်ရွက်ခြင်း မပြုရန် တားမြစ် ထားပါသည်။ လိမ်လည်မှုအား မည်သည့်ပုံစံမျိုးဖြင့်မဆို ကျူးလွန်သည်ဟု သံသယဖြစ်ခြင်း ခံရသည့် မည်သူ့ကိုမဆို KBZ Bank က ပယ်ဖျက်ခြင်း နှင့် သို့မဟုတ် ပိတ်ပင်ခြင်းပြုလုပ်ပိုင်ခွင့်ရှိသည်။

၁၃။ ဤ Campaign နှင့်ပတ်သက်၍ KBZ Bank ကတ်ကိုင်ဆောင်သူများ နှင့် KBZ Bank တို့အကြား အငြင်းပွားမှုတစ်စုံတစ်ရာပေါ်ပေါက်လာပါက ထိုအငြင်းပွားမှုအား KBZ Bank ၏ တာဝန်ရှိသူများမှ ပြဌာန်းဥပဒေအရ KBZ Bank ကတ်ကိုင်ဆောင်သူများ၏ ရထိုက်ခွင့်ရှိသည့် အခွင့်အရေးအား ထိခိုက် နစ်နာမှုမရှိစေရန် သေချာစွာ စိစစ်၍ဖြေရှင်း ဆောင်ရွက် ပေးသွားမည်ဖြစ်သည်။

၁၄။  KBZ Bank သည် မည်သည့်အချိန်တွင်မဆို တစ်စုံတစ်ရာသောအကြောင်းကြောင့် အသိပေး အကြောင်းကြားနိုင်ခြင်းမရှိဘဲ သတ်မှတ်ထားသော စည်းမျဉ်းစည်းကမ်းများကို ပြင်ဆင် ပြောင်းလဲ ခြင်း၊ ရပ်စဲခြင်း နှင့် (သို့မဟုတ်) Campaign အားပယ်ဖျက်ခွင့် နှင့် အစီအစဉ်နှင့်ပတ်သက်သော အကျိုး ခံစားခွင့် (သို့မဟုတ်) သွင်ပြင်လက္ခဏာများအား ပြောင်းလဲခွင့် နှင့် (သို့မဟုတ်) ပြင်ဆင်၊ ဖြည့်စွက်၊ ပယ်ဖျက်ပိုင်ခွင့်တို့အား အခြေအနေအရ ပြုလုပ်ဆောင်ရွက်နိုင်သည်။

၁၅။  KBZ Bank အနေဖြင့် တစ်စုံတစ်ရာသောအကြောင်းကြောင့် အသိပေးအကြောင်းကြားနိုင်ခြင်း မရှိဘဲ ဤအစီအစဉ်အားပယ်ဖျက်ခြင်း ၊ရပ်စဲခြင်း (သို့မဟုတ်) စည်းကမ်းချက်တစ်စုံတစ်ရာ ပြောင်းလဲခြင်း ကြောင့် KBZ Bank ကတ်ကိုင်ဆောင်သူများအနေဖြင့် လျော်ကြေးတစ်စုံတစ်ရာ ရပိုင်ခွင့်မရှိသည်ကို သိရှိသဘောတူပါသည်။

၁၆။  KBZ Bank  Card နှင့် သက်ဆိုင်သော ပုံမှန်စည်းမျဉ်းနှင့်စည်းကမ်းသတ်မှတ်ချက်များ နှင့် Merchant ဆိုင်များ၏ စည်းမျဉ်းနှင့်စည်းကမ်းသတ်မှတ်ချက်များလည်း အကျုံးဝင် စေရမည်။

၁၇။     ဤစည်းမျဉ်းနှင့်စည်းကမ်းသတ်မှတ်ချက်များအား ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ ဥပဒေများ ကလွှမ်းမိုးမည်ဖြစ်ပြီး ယင်းဥပဒေများနှင့်အညီ အဓိပ္ပါယ်ဖွင့်ဆိုရမည်။

၁၈။ KBZ Bank သည် COVID-19 ဖြစ်ပေါ်မှုကြောင့်ဖြစ်စေ (သို့မဟုတ်) KBZ Bank အနေဖြင့် ထိန်းချုပ် ၍မရသော အခြေအနေနှင့်မမျှော်မှန်းနိုင်သော သဘာဝဘေးအန္တရာယ် ဖြစ်ရပ်များ ဖြစ်ပေါ်မှုကြောင့် ဖြစ်စေ ဆောင်ရွက်ထားသည့် မည်သည့်လုပ်ဆောင်မှုမျိုးကိုမဆို အခြေအနေအရပ်ရပ်ပေါ်မူတည်၍ ပြောင်းလဲခွင့်ရှိပါသည်။မမျှော်မှန်းနိုင်သော ဖြစ်ရပ်များ ဖြစ်ပျက်နေစဉ်ကာလအတွင်း KBZ Bank မှ ဤစည်းမျဉ်းစည်းကမ်းသတ်မှတ်ချက်များတွင် ဖော်ပြထားသော တာဝန်ဝတ္တရားများကို ဖြည့်ဆည်း ရန်၊ ထမ်းဆောင်ရန် ပျက်ကွက်ခြင်း (သို့မဟုတ်) နှောင့်နှေးခြင်းများအတွက် KBZ Bank အနေဖြင့် KBZ Bank ကတ်ကိုင်ဆောင်သူအပေါ်တွင်ဖြစ်စေ (သို့မဟုတ်) အခြားမည်သည့် လူပုဂ္ဂိုလ်တစ်ဦးဦး အပေါ်တွင်ဖြစ်စေ တာဝန်ရှိစေခြင်း (သို့မဟုတ်) ဤစည်းမျဉ်းစည်းကမ်း သတ်မှတ်ချက်များအား ချိုး ဖောက်ခြင်းဖြစ်သည်ဟု မှတ်ယူခြင်း မရှိစေရပါ။

၁၉။   ဤစည်းမျဉ်းနှင့်စည်းကမ်းသတ်မှတ်ချက်များအား အင်္ဂလိပ်ဘာသာနှင့် မြန်မာဘာသာနှစ်မျိုးဖြင့် ရေး သားထားပြီး နှစ်မျိုးစလုံးသည် တူညီသော အဓိပ္ပာယ် သက်ရောက်မှုရှိမည်ဖြစ်သည်။ အင်္ဂလိပ်ဘာသာ နှင့် မြန်မာဘာသာ နှစ်မျိုးဖြင့် ရေးသားထားခြင်းဖြစ်သောကြောင့် ကွဲလွဲမှုတစ်စုံတစ်ရာရှိလျှင် မြန်မာဘာသာဖြင့်ရေးသားထားသည့်စည်းကမ်းသတ်မှတ်ချက်များကိုသာလျှင်အမှန်ယူမည်ဖြစ်သည်။