Terms and Conditions for “ငွေကျပ် ၃ သိန်းဆု နှင့် အခြား ငွေသားဆုများ ဆွတ်ခူးဖို့ KBZ Card များနဲ့ ငွေရှင်းလိုက်ပါ”

စည်းမျဉ်းနှင့်စည်းကမ်းသတ်မှတ်ချက်များ

၁။ အစီအစဥ်ကာလသည် ၁၄.၀၇.၂၀၂၃ မှ ၁၄.၀၈.၂၀၂၃ အထိဖြစ်သည်။

၂။ အစီအစဥ်အား KBZ Bank Debit Card နှင့် KBZ Bank Credit Card များ (VISA, MPU-UnionPay & MPU) ဖြင့် ငွေပေးချေသူများအားလုံး ဤအစီအစဥ်တွင် ပါဝင်နိုင်မည်ဖြစ်ပါသည်။

၃။ အစီအစဥ်တွင် ပါဝင်ရန်အတွက်

၃၊၁။ ဤအစီအစဥ်ကာလအတွင်း  KBZ Bank Debit Card နှင့် KBZ Bank Credit Card များ (VISA, MPU-UnionPay & MPU) ဖြင့် အနည်းဆုံး ၃၀,၀၀၀ ကျပ်နှင့်အထက်ရှိသော ငွေပေးချေမှုများကို သတ်မှတ်ထားသော Merchant ဆိုင်များ၏ KBZ POS Machine စက်တွင်   ငွေပေးချေမှုများ ပြုလုပ်ပြီး ဤကံစမ်းမဲ အစီအစဥ်တွင် အလိုအလျောက် ပါဝင်ခွင့်ရရှိမည် ဖြစ်ပါသည်။ 

၃၊၂။ KBZ Bank Debit Card နှင့် KBZ Bank Credit Card များ (VISA, MPU-UnionPay & MPU) ဖြင့် ငွေ (၁) ခါပေးချေတိုင်း ကံထူးခွင့် (၁) ခါရရှိနိုင်မှာဖြစ်တဲ့အတွက် များများဝယ်ယူပါက ကံထူးခွင့်တွေ များများရရှိမည်ဖြစ်ပါသည်။

၄။      အစီအစဥ်တွင် အောက်ပါ ‌ငွေသားဆုများ ကံထူးနိုင်မည်ဖြစ်ပါသည်။ 

–  ၃ သိန်းတန် ငွေသား ဆုကြီး (၁) ဆု

–  ၂ သိန်းတန် ငွေသား ဆုကြီး (၂) ဆု

– ၁ သိန်းတန် ငွေသား ဆုကြီး (၅) ဆု

– ၅ သောင်းတန် ငွေသား ဆုကြီး (၁၀) ဆု

– ၁ သောင်းတန် ငွေသား ဆုကြီး (၁၂) ဆု

 အစီအစဥ်တွင် ပါဝင်သော Merchant ဆိုင်များမှာ – 

NoMerchant NameOutlet Name
1AK CONCEPT SHOPPING MALLVALENTINO RUBY
2AK CONCEPT SHOPPING MALLPAUL MARC
3AK CONCEPT SHOPPING MALLBEAUTY TREASURE
4AK CONCEPT SHOPPING MALLPAPARAZZI FASHION
5IMMI BRANDED FASHIONIMMI BRANDED FASHION
6IMMI BRANDED FASHIONIMMI BRANDED FASHION
7BESTO FASHIONBESTO FASHION (MANDALAY)
8BESTO FASHIONBESTO FASHION (MYITKYINA)
9BESTO FASHIONBESTO FASHION (MUSE)
10BESTO FASHIONBESTO FASHION (TAUNGGYI)
11BESTO FASHIONBESTO FASHION (LASHIO)
12BESTO FASHIONBESTO FASHION (MAIN SHOP- KAMAYUT)
13MK FASHION SHOPMK FASHION SHOP (YANKIN CENTER)
14MK FASHION SHOPMK FASHION SHOP (TAW WIN CENTER)
15MK FASHION SHOPMK FASHION SHOP (JUNCTION SQUARE)
16MK FASHION SHOPMK FASHION SHOP (MYANMAR PLAZA)
17MK FASHION SHOPMK FASHION SHOP (JUNCTION CITY)
18MK FASHION SHOPMK FASHION SHOP (CITY MALL)
19MK FASHION SHOPMK FASHION SHOP (NORTH POINT)
20MK FASHION SHOPMK FASHION SHOP (MANDALAY)
21MK FASHION SHOPMK FASHION SHOP (OCEAN – MANDALAY)
22MK FASHION SHOPMK FASHION SHOP (JUNCTION – NAY PYI TAW)
23MK FASHION SHOPMK FASHION SHOP (OCEAN – OTTARA THIRI )
24MK FASHION SHOPMK FASHION SHOP (PYIN OO LWIN)
25MK FASHION SHOPMK FASHION SHOP (MAWLAMYAING)
26MK FASHION SHOPMK FASHION SHOP (MYANMAR PLAZA – UA )
27RIPPLESRIPPLES – MYANMAR PLAZA
28RIPPLESRIPPLES – JUNCTION CITY
29RIPPLESRIPPLES – JUNCTION SQUARE
30RIPPLESRIPPLES – SAN YEIK NYEIN (GMP)
31RIPPLESRIPPLES – NORTH POINT OCEAN
32RIPPLESRIPPLES – CITY MALL (ST-J)
33RIPPLESRIPPLES – CAPITAL YANGON
34RIPPLESRIPPLES – TERMINAL MALL
35RIPPLESRIPPLES (SHWE PIN LON)
36SENSESENSE(JUNCTION SQUARE SENSE)
37RIPPLESRIPPLES – TERMINAL MALL
38SENSESENSE(JUNCTION CITY SENSE)
39SENSESENSE(TAMWE OCEAN SENSE)
40SENSESENSE- TERMINAL MALL – SENSE
41RIPPLESRIPPLES – OCEAN MINGALAR MANDALAY
42RIPPLESRIPPLES – OCEAN MAWLAMYING
43RIPPLESRIPPLES – JUNCTION NAYPYITAW
44SENSESENSE- OCEAN MAWLAMYING SENSE
45PAPILLONPAPILLON – JUNCTION SQUARE
46PAPILLONPAPILLON – JUNCTION MAWTIN
47PAPILLONPAPILLON – SAN YEIK NYEIN (GMP)
48PAPILLONPAPILLON – NORTH POINT OCEAN
49PAPILLONPAPILLON – CITY MALL (ST-J)
50PAPILLONPAPILLON – CAPITAL YANGON
51PAPILLONPAPILLON (SHWE PIN LON)
52PAPILLONPAPILLON – TERMINAL MALL
53PAPILLONPAPILLON – JUNCTION NAYPYITAW
54PAPILLONPAPILLON – OCEAN MAWLAMYINE
55PAPILLONPAPILLON – OCEAN MINGALAR MANDALAY
56SOONSOON – MYANMAR PLAZA
57SOONSOON – JUNCTION CITY
58SOONSOON – JUNCTION SQUARE
59SOONSOON – SAN YEIK NYEIN (GMP)
60SOONSOON – NORTH POINT OCEAN
61SOONSOON – CITY MALL (ST-J)
62SOONSOON – CAPITAL YANGON
63SOONSOON – TERMINAL MALL
64SOONSOON – JUNCTION 8
65SOONSOON – KABARAYE GAMONE PWINT
66SOONSOON – OCEAN MAWLAMYINE
67SOONSOON – OCEAN MINGALAR MANDALAY
68NEXT GENERATIONNext Generation (Hledan Centre)
69NEXT GENERATIONGCS – NORTH POINT OCEAN
70NEXT GENERATIONNext Generation (Junction Naypyitaw)
71NEXT GENERATIONNext Generation (Taunggyi City Square)
72NEXT GENERATIONGCS – TERMINAL M
73NEXT GENERATIONGCS – MAKRO
74NEXT GENERATIONGCS – CITY MALL SHWE PIN LON
75NEXT GENERATIONGCS – MYANMAR PLAZA (KERY ZONE)
76NEXT GENERATIONGCS-JUNCTION CITY

၅။     လက်ဆောင်ကံထူးသူများကို KBZ Bank Official Facebook Page  (အပြာရောင်အမှန်ခြစ်ပါသော) တွင် ကြေညာပေးပါမည်။ ဆုရရှိသည့် ကံထူးရှင်များကို social media များ နှင့် website များ တွင် ကြေညာရန်အလို့ငှာ  လက်ဆောင်ကံထူးသူများ၏ အမည်နှင့် ဖုန်းနံပါတ် (ဖုန်းနံပါတ်အပြည့်အစုံမ ဟုတ်ပါ)တို့အား KBZ Bank မှ အသုံးပြုနိုင်သည်ကို ကံထူးသူမှ သိရှိပြီး သဘောတူပါသည်။ 

၆။​     ထို့နောက် KBZ Bank မှ  ကံထူးသူများကို SMS ပေးပို့၍အကြောင်းကြားသွားမည်ဖြစ်ပြီး ထို SMS တွင် ကံထူးသူသည် မည်သည့် ငွေသားဆုလက်ဆောင် ရရှိသည်ဆိုသည်ကို အသိပေးအကြောင်းကြား သွားမည်ဖြစ်သည်။ KBZ Bank ဝန်ထမ်းများသည် အစီအစဥ် တွင်ပါဝင်သူများအား ဆက်သွယ်ပြီး ၎င်းတို့၏ ကိုယ်ရေးအချက် အလက်များ၊  OTP သို့မဟုတ် PIN  နှင့်ပတ်သက်သည့် မည်သည့်သတင်း အချက်အလက်ကိုမျှ တောင်းခံမည် မဟုတ်ပါ။

၇။ ငွေသားဆုများကို ကံထူးသူ၏ KBZ Bank Debit Card နှင့် KBZ Bank Credit Card များ (VISA, MPU-UnionPay & MPU) Card ထဲသို့သာ သတ်မှတ်ရုံးဖွင့်ရက် (၁၀) ရက်အတွင်း ထည့်ပေးမည် ဖြစ်ပါသည်။  Card ထဲသို့ငွေသားဆုများထည့်သွင်းပြီးပါက ကံထူးသူထံသို့ SMS ပေးပို့အကြောင်းကြား ပေးသွားပါမည်။ အစိုးရရုံးပိတ်ရက်များ  သို့မဟုတ် KBZ Bankဘဏ် မှထိန်းချုပ်၍မရနိုင်သော အခြေအနေမျိုးတွင် ငွေသားဆုငွေများအား ထည့်သွင်းပေးမည့်အချိန်သည် အပြောင်းအလဲရှိနိုင်ပါသည်။ ၈။ ကံထူးသူများသည် ၎င်းတို့၏ဆုလက်ဆောင်များအား လဲလှယ်ခြင်း၊ လွှဲပြောင်းခြင်း သို့မဟုတ် ငွေကြေး အဖြစ် လဲလှယ်ခြင်းအား ခွင့်မပြုပါ။ ကံထူးသူများမှ ဆုများနှင့်ပတ်သတ်၍ ချို့ယွင်းချက်တစ်စုံတစ်ရာ ပေါ်ပေါက် လာပါက KBZ Bankဘဏ် မှ တာဝန်ယူဖြေရှင်းပေးမည်မဟုတ်ပါ။

၉။ ဤအစီအစဉ်ကာလအတွင်း မည်သည့်လိမ်လည်လှည့်ဖြားမှုမျိုးကိုမျှ ဆောင်ရွက်ခြင်းမပြုရန် တားမြစ်ထား ပါသည်။ လိမ်လည်မှုအား မည်သည့်ပုံစံမျိုးဖြင့်မဆို ကျူးလွန်သည်ဟု သံသယဖြစ်ခြင်း ခံရသည့် မည်သူ့ကိုမဆို KBZ Bank က ပယ်ဖျက်ခြင်း နှင့်/သို့မဟုတ် ပိတ်ပင်ခြင်းပြုလုပ်ပိုင်ခွင့်ရှိသည်။

၁၀။  ဤအစီအစဉ်ကာလနှင့်ပတ်သက်၍ KBZ Bank အသုံးပြုသူများ နှင့် KBZ Bank တို့အကြား အငြင်းပွားမှုတစ်စုံတစ်ရာပေါ်ပေါက်လာပါက ထိုအငြင်းပွားမှုအား KBZ Bank ၏ တာဝန်ရှိသူများမှ ပြဌာန်းဉပဒေအရ အသုံးပြုသူများ၏ ရထိုက်ခွင့်ရှိသည့် အခွင့်အရေးအား ထိခိုက်နစ်နာမှုမရှိစေရန် သေချာစွာ စိစစ်၍ဖြေရှင်းဆောင်ရွက်ပေးသွားမည်ဖြစ်သည်။

၁၁။   KBZ Bank သည် မည်သည့်အချိန်တွင်မဆို တစ်စုံတစ်ရာသော အကြောင်းကြောင့် အသိပေး အကြောင်းကြား နိုင်ခြင်းမရှိဘဲ သတ်မှတ်ထားသော စည်းမျဉ်း နှင့် စည်းကမ်းများကို ပြင်ဆင် ပြောင်းလဲခြင်း၊ ရပ်စဲခြင်း နှင့်၊ သို့မဟုတ် အစီအစဉ်အား ပယ်ဖျက်ခွင့် နှင့် အစီအစဉ်နှင့်ပတ်သက်သော အကျိုးခံစားခွင့် သို့မဟုတ် သွင်ပြင်လက္ခဏာများအား ပြောင်းလဲခွင့် နှင့်၊ သို့မဟုတ် ပြင်ဆင်၊ ဖြည့်စွက်၊ ပယ်ဖျက်ပိုင်ခွင့် တို့အား အခြေအနေ အရ ပြုလုပ်ဆောင်ရွက်နိုင်သည်။

၁၂။   KBZ Bank အနေဖြင့် တစ်စုံတစ်ရာသောအကြောင်းကြောင့် အသိပေးအကြောင်းကြားနိုင်ခြင်း မရှိဘဲ ဤ အစီအစဉ်အား ပယ်ဖျက်ခြင်း၊ ရပ်စဲခြင်း (သို့မဟုတ်) စည်းကမ်းချက်တစ်စုံတစ်ရာ ပြောင်းလဲခြင်းကြောင့် KBZ Bank အသုံးပြုသူများအနေဖြင့် လျော်ကြေးတစ်စုံတစ်ရာ ရပိုင်ခွင့်မရှိသည်ကို သိရှိသဘောတူပါသည်။

၁၃။   KBZ Bank Card နှင့် သက်ဆိုင်သော ပုံမှန်စည်းမျဉ်းနှင့်စည်းကမ်းသတ်မှတ်ချက်များ နှင့် Merchant ဆိုင်များ၏ စည်းမျဉ်းနှင့်စည်းကမ်းသတ်မှတ်ချက်များလည်း အကျုံးဝင် စေရမည်။

၁၄။   ဤစည်းမျဉ်းနှင့်စည်းကမ်းသတ်မှတ်ချက်များအား ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၏ ဥပဒေများက လွှမ်းမိုးမည်ဖြစ်ပြီး ယင်းဥပဒေများနှင့် အညီ အဓိပ္ပါယ်ဖွင့်ဆိုရမည်။

၁၅။ KBZ Bankသည် COVID-19 ဖြစ်ပေါ်မှုကြောင့်ဖြစ်စေ သို့မဟုတ် KBZ Bank အနေဖြင့် ထိန်းချုပ်၍ မရသော အခြေအနေနှင့်မမျှော်မှန်းနိုင်သော သဘာဝဘေးအန္တရာယ် ဖြစ်ရပ်များ ဖြစ်ပေါ်မှုကြောင့်ဖြစ်စေ ဆောင်ရွက် ထားသည့် မည်သည့်လုပ်ဆောင်မှုမျိုး ကိုမဆို အခြေအနေအရပ်ရပ်ပေါ်မူတည်၍ ပြောင်းလဲခွင့် ရှိပါသည်။ မမျှော်မှန်းနိုင်သော ဖြစ်ရပ်များ ဖြစ်ပျက်နေစဉ်ကာလအတွင်း KBZ Bankမှ ဤစည်းမျဉ်းစည်းကမ်း သတ်မှတ်ချက်များတွင် ဖော်ပြထားသော တာဝန်ဝတ္တရားများကို ဖြည့်ဆည်းရန်၊ ထမ်းဆောင်ရန် ပျက်ကွက်ခြင်း သို့မဟုတ် နှောင့်နှေးခြင်းများအတွက် KBZ Bankအနေဖြင့် KBZ Bank အသုံးပြုသူအပေါ်တွင်ဖြစ်စေ သို့မဟုတ် အခြားမည်သည့် လူပုဂ္ဂိုလ်တစ်ဦးဦး အပေါ်တွင်ဖြစ်စေ တာဝန်ရှိစေခြင်း သို့မဟုတ် ဤစည်းမျဉ်းစည်းကမ်း သတ်မှတ်ချက်များအား ချိုးဖောက်ခြင်းဖြစ်သည်ဟု မှတ်ယူခြင်း မရှိစေရပါ။

၁၆။ ဤစည်းမျဉ်းနှင့်စည်းကမ်းသတ်မှတ်ချက်များအား အင်္ဂလိပ်ဘာသာနှင့် မြန်မာဘာသာနှစ်မျိုးဖြင့် ရေးသားထားပြီး နှစ်မျိုးစလုံးသည် တူညီသော အဓိပ္ပာယ် သက်ရောက် မှုရှိမည်ဖြစ်သည်။ အင်္ဂလိပ်ဘာသာနှင့် မြန်မာဘာသာ နှစ်မျိုးဖြင့် ရေးသားထားခြင်း ဖြစ်သောကြောင့် ကွဲလွဲမှု တစ်စုံတစ်ရာရှိလျှင် မြန်မာဘာသာဖြင့် ရေးသား ထားသည့် စည်းကမ်းသတ်မှတ်ချက်များ ကိုသာလျှင် အမှန်ယူမည် ဖြစ်သည်။