“ဖုန်းဘေလ်များများဖြည့်ပြီး ဆုလက်ဆောင်များများ  ကံစမ်းမယ်”အစီအစဉ်၏ မေးလေ့မေးထရှိသော မေးခွန်းများ

KBZ mBanking နှင့် KBZPay သုံးစွဲသူများကို ကျေးဇူးတုံ့ပြန်သောအနေဖြင့် စက်တင်ဘာလ (၂၃) ရက်နေ့ မှ စက်တင်ဘာလ (၃၀) ရက်နေ့ အတွင်း KBZ mBanking နှင့် KBPay မှတစ်ဆင့် ၅,၀၀၀ကျပ် နှင့်အထက် MPT ဖုန်းငွေဖြည့်သွင်းပါက ဖုန်းဘေလ် ဆုလက်ဆောင်များ ကံစမ်းရယူနိုင်မယ့် အစီအစဉ်ဖြစ်ပါတယ်။ 

၂၀၂၂ခုနှစ်၊ စက်တင်ဘာလ (၂၃) ရက်နေ့ မှ စက်တင်ဘာလ (၃၀) ရက်နေ့ အတွင်း

MPT GSM/WCDMA prepaid (ဆွေသဟာ/ ရှယ်ပြော/ ရွှေစကား) လက်ရှိအသုံးပြုနေသူများ သည် သတ်မှတ်ရက်အတွင်း KBZ mBanking နှင့် KBZPay မှ ၀ယ်ယူခြင်းဖြင့် ပါဝင်နိုင်ပါတယ်။

ကံထူးရှင်များကို အစီအစဉ်ပြီးဆုံးပြီး နောက်၁၀ရက်အတွင်း ရွေးချယ်ပေးမည်ဖြစ်ပြီး အဆိုပါ ၁၀ ရက်အတွင်း ဖုန်းဘေလ်များ ပြန်လည်ဖြည့်သွင်းပေးသွားမည် ဖြစ်ပါသည်။

“ဆုလက်ဆောင်”ကို voice/data package ၀ယ်ယူခြင်း ၊ ဖုန်းခေါ်ဆိုရန် နှင့်  စာတိုပေးပို့ရန် အတွက် တစ်နှစ်အတွင်း အသုံးပြုနိုင်မှာပါ။ 

အသုံးပြုသူများသည် အနည်းဆုံး ၅၀၀၀ကျပ်နှင့်အထက် ဖုန်းငွေဖြည့်သွင်းမှသာ ကံစမ်းခွင့်ရရှိမှာဖြစ်ပါတယ်။  

မဲပေါက်သည့်ကံထူးရှင်များအား အောက်တိုဘာလအတွင်း ရွေးချယ်ပေးသွားမှာဖြစ်ပြီး KBZ mBanking နှင့် KBZPay မှ ဖုန်းဘေလ် ပြန်လည်ထည့်ပေးသွားမှာဖြစ်ပါတယ်။

အခြားသူသို့ ငွေလွှဲပြောင်း၍ (Balance Transfer) ဖုန်းငွေဖြည့်သွင်းခြင်းဖြင့် ကံထူးနိုင်မည်မဟုတ်ပါ။ သို့သော်KBZ mBankingနှင့် KBZPayမှအခြားသူသို့ဖုန်းငွေဖြည့်သွင်းပါကဖုန်းဘေလ်လက်ခံရရှိသောဖုန်းနံပါတ်သာကံစမ်းနိုင်မှာပါ။