KBZ mBanking ကနေ အင်တာနက်ဘေလ်ပေးဆောင်ရင်း ပြန်အမ်းငွေတွေ ကံထူးမယ် အစီအစဉ်၏ စည်းမျဉ်းနှင့် စည်းကမ်းသတ်မှတ်ချက်များ

၁။ KBZ Mobile Banking QuickPay Cash Back Campaign ကာလသည် ၂၀၂၄ ခုနှစ် မတ်လ ၄ ရက်နေ့မှ ၂၀၂၄ ခုနှစ် မတ်လ ၁၅ ရက်နေ့အထိ ဖြစ်ပါသည်။

၂။ KBZ Mobile Banking QuickPay Cash Back Campaign ၏ ရည်ရွယ်ချက်မှာ KBZ Mobile Banking ၏ QuickPay အသုံးပြုသော customer များအတွက် ကျေးဇူးတုံ့ပြန်သောအားဖြင့် ၅၀,၀၀၀ ကျပ် ငွေသားလက်ဆောင်များ ကံစမ်းနိုင်မည့် အခွင့်အရေး ရရှိနိုင်ရန် ဖြစ်ပါသည်။

၃။ ဤ Campaign ၌ သတ်မှတ်ထားသော ကာလအတွင်း KBZ Mobile Banking ၏ QuickPay မှတစ်ဆင့် အနည်းဆုံး ၁၀,၀၀၀ ကျပ် ပေးဆောင်သူများ အားလုံး ဤအစီအစဥ်တွင် အလိုအလျောက် ပါဝင်ကံထူးခွင့်ရရှိမည် ဖြစ်ပါသည်။ 

၄။ ဤ Campaign ကာလအတွင်း KBZ Mobile Banking ၏ QuickPay မှတဆင့် ၁၀,၀၀၀ ကျပ်နှင့်အထက် ငွေပေးဆောင်သူများအားလုံး ပါဝင်နိုင်မည်ဖြစ်ပြီး ၅၀,၀၀၀ကျပ်တန် ငွေသားဆုကြီး     များကို ကံထူးနိုင်မည်ဖြစ်ပါ သည်။ ဤ Campaign ကာလအတွင်း KBZ Mobile Banking ၏ QuickPay မှတဆင့် ငွေလွှဲခြင်းအား အကြိမ်အရေအတွက် ကန့်သတ်ထားခြင်းမရှိပါ။ 

၅။ ဤ Campaign မှ   ၅၀,၀၀၀ ကျပ် ကံထူးရရှိသည့် ကံထူးရှင်များကို KBZ Bank Social Media Channel (အပြာရောင်အမှတ်ခြစ်ပါသော) များ နှင့် KBZ Bank Website တို့မှ တဆင့် ၂၀၂၄ ခုနှစ် မတ်လ ၂၁ ရက်နေ့တွင် ကြေငြာပေးသွား     မည်ဖြစ်ပြီး Campaign  ကာလပြီးသည့်နောက် ၂၀၂၄ခုနှစ်       မတ်လ၏ နောက်ဆုံးအပတ်     အတွင်း ငွေသား ဆုငွေများကို ကံထူးသူများ၏ KBZ Mobile B     anking A     ccount သို့ ထည့်သွင်းပေးသွားပါမည်။ ဆုရရှိသည့် ကံထူးရှင်များကို KBZ Bank Social Media Channel များ နှင့် KBZ Bank Website များ တွင် ကြေညာရန်အလို့ငှာ ငွေသားလက်ဆောင်ကံထူးသူများ၏ အမည်နှင့် ဖုန်းနံပါတ် (ဖုန်းနံပါတ်အပြည့်အစုံမဟုတ်ပါ) တို့အား KBZ Bank မှ အသုံးပြုနိုင်သည်ကို ကံထူးသူမှ သိရှိပြီး သဘောတူပါသည်။ အစိုးရ ရုံးပိတ်ရက်များ  သို့မဟုတ် ကမ္ဘောဇဘဏ် မှ ထိန်းချုပ်၍မရနိုင်သော အခြေအနေမျိုးတွင် ကံထူးရှင် များအား ကြေညာမည့်အချိန်နှင့် ငွေသားဆုငွေများအား ထည့်သွင်းပေးမည့်အချိန်သည် အပြောင်းအလဲရှိနိုင်ပါသည်။

၆။ ကံထူးသူများ၏ KBZ Mobile Banking Account သို့ ငွေသားဆုငွေများအားထည့်သွင်းပေးပြီးနောက် ကံထူးသူများ ထံသို့ SMS မှတဆင့်လည်း အကြောင်းကြားပေးသွားမည်ဖြစ်ပါသည်။

၇။ ဤ Campaign ကာလအတွင်းသာလျှင် ကမ္ဘောဇဘဏ် Customerများ အနေဖြင့် ဤစည်းမျဥ်းစည်းကမ်း သတ်မှတ်ချက်ပါအခွင့်အရေးများကို ရရှိနိုင်မည်ဖြစ်ပြီး ဤCampaignကာလ ကုန်ဆုံးသည်နှင့် တစ်ပြိုင်နက် အဆိုပါ အခွင့်အရေးများလည်း ကုန်ဆုံးသွားမည်ဖြစ်ပါသည်။

၈။           ကမ္ဘောဇဘဏ် ဝန်ထမ်းများသည် ဤ Campaign တွင် ပါဝင်သူများအား ဆက်သွယ်ပြီး ၎င်းတို့၏ OTP သို့မဟုတ် PIN နှင့်ပတ်သက်သည့် မည်သည့်သတင်းအချက်အလက်ကိုမျှ တောင်းခံမည် မဟုတ်ပါ။

၉။ ဤ Campaign ကာလအတွင်း မည်သည့်လိမ်လည်လှည့်ဖြားမှုမျိုးကိုမျှ ဆောင်ရွက်ခြင်းမပြုရန် တားမြစ်ထား ပါသည်။ လိမ်လည်မှုအား မည်သည့်ပုံစံမျိုးဖြင့်မဆို ကျူးလွန်သည်ဟု သံသယဖြစ်ခြင်းခံရသည့် မည်သူ့ကိုမဆို ကမ္ဘောဇဘဏ်      က ပယ်ဖျက်ခြင်း နှင့်/သို့မဟုတ် ပိတ်ပင်ခြင်းပြုလုပ်ပိုင်ခွင့်ရှိသည်။

၁၀။ဤ Campaign နှင့်ပတ်သက်၍ ကမ္ဘောဇဘဏ် Customer များ နှင့် ကမ္ဘောဇဘဏ် တို့အကြား အငြင်းပွားမှုတစ်စုံတစ်ရာပေါ်ပေါက်လာပါက ထိုအငြင်းပွားမှုအား ကမ္ဘောဇဘဏ် ၏ တာဝန်ရှိသူများမှ ပြဌာန်း ဥပဒေအရ Customer ၏ ရထိုက်ခွင့်ရှိသည့် အခွင့်အရေးအား ထိခိုက်နစ်နာမှုမရှိစေရန် သေချာစွာ စိစစ်၍ ဖြေရှင်းဆောင်ရွက်ပေးသွားမည် ဖြစ်သည်။

၁၁။ ကမ္ဘောဇဘဏ်သည် မည်သည့်အချိန်တွင်မဆို တစ်စုံတစ်ရာသော အကြောင်းကြောင့် အသိပေးအကြောင်းကြား နိုင်ခြင်းမရှိဘဲ သတ်မှတ်ထားသော စည်းမျဉ်း နှင့် စည်းကမ်းများကို ပြင်ဆင်ပြောင်းလဲခြင်း၊ ရပ်စဲခြင်း နှင့်၊ သို့မဟုတ် Campaign အား ပယ်ဖျက်ခွင့် နှင့် Campaign နှင့် ပတ်သက်သော အကျိုးခံစားခွင့် သို့မဟုတ် သွင်ပြင်လက္ခဏာ များအား ပြောင်းလဲခွင့် နှင့်၊ သို့မဟုတ် ပြင်ဆင်၊ ဖြည့်စွက်၊ ပယ်ဖျက်ပိုင်ခွင့် တို့အား အခြေအနေအရ ပြုလုပ်ဆောင်ရွက်နိုင်သည်။

၁၂။ ကမ္ဘောဇဘဏ်အနေဖြင့် တစ်စုံတစ်ရာသောအကြောင်းကြောင့် အသိပေးအကြောင်းကြားနိုင်ခြင်းမရှိဘဲ ဤ Campaign အား ပယ်ဖျက်ခြင်း၊ ရပ်စဲခြင်း (သို့မဟုတ်) စည်းကမ်းချက်တစ်စုံတစ်ရာ ပြောင်းလဲခြင်းကြောင့် ကမ္ဘောဇဘဏ် Customer အနေဖြင့် လျော်ကြေးတစ်စုံတစ်ရာ ရပိုင်ခွင့်မရှိသည်ကို သိရှိသဘောတူပါသည်။

၁၃။ ကမ္ဘောဇဘဏ်၏ ပုံမှန်စည်းမျဉ်းနှင့်စည်းကမ်း သတ်မှတ်ချက်များလည်း အကျုံးဝင်စေရမည်။ 

၁၄။ ဤစည်းမျဉ်းစည်းကမ်းနှင့် သတ်မှတ်ချက်အား ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ ဥပဒေများက လွှမ်းမိုးမည် ဖြစ်ပြီး ယင်းဥပဒေများနှင့်အညီ အဓိပ္ပါယ်ဖွင့်ဆိုရမည်။

၁၅။ ကမ္ဘောဇဘဏ်သည် COVID-19 ဖြစ်ပေါ်မှုကြောင့်ဖြစ်စေ သို့မဟုတ် ကမ္ဘောဇဘဏ်အနေဖြင့်  ထိန်းချုပ်၍ မရသော အခြေအနေနှင့် မမျှော်မှန်းနိုင်သော သဘာဝဘေးအန္တရာယ်ဖြစ်ရပ်များ ဖြစ်ပေါ်မှုကြောင့်ဖြစ်စေ ဆောင်ရွက်ထား သည့် မည်သည့်လုပ်ဆောင်မှုမျိုးကိုမဆို အခြေအနေအရပ်ရပ် ပေါ်မူတည်၍ ပြောင်းလဲခွင့်ရှိပါသည်။ ထိုမမျှော်မှန်း နိုင်သော ဖြစ်ရပ်များ ဖြစ်ပျက်နေစဉ် ကာလအတွင်း ကမ္ဘောဇဘဏ်မှ ဤစည်းမျဉ်းစည်းကမ်း သတ်မှတ်ချက်များ တွင် ဖော်ပြထားသော တာဝန်ဝတ္တရားများကို ဖြည့်ဆည်းရန်၊ ထမ်းဆောင်ရန် ပျက်ကွက်ခြင်း သို့မဟုတ် နှောင့်နှေးခြင်းများအတွက် ကမ္ဘောဇဘဏ်အနေဖြင့် ကမ္ဘောဇဘဏ် Customer များ အပေါ်တွင်ဖြစ်စေ သို့မဟုတ် အခြားမည်သည့် လူပုဂ္ဂိုလ်တစ်ဦးဦးအပေါ်တွင် ဖြစ်စေ တာဝန်ရှိစေခြင်း သို့မဟုတ် ဤစည်းမျဉ်းစည်းကမ်း သတ်မှတ်ချက်များအား ချိုးဖောက်ခြင်းဖြစ်သည်ဟု မှတ်ယူခြင်းမရှိစေရပါ။

၁၆။ ဤစည်းမျဉ်းနှင့်စည်းကမ်းသတ်မှတ်ချက်များအား အင်္ဂလိပ်ဘာသာနှင့် မြန်မာဘာသာနှစ်မျိုးဖြင့် ရေးသားထားပြီး နှစ်မျိုးစလုံးသည် တူညီသော အဓိပ္ပာယ် သက်ရောက်မှုရှိမည်ဖြစ်သည်။ အင်္ဂလိပ်ဘာသာနှင့် မြန်မာဘာသာ နှစ်မျိုးဖြင့်ရေးသားထားခြင်းဖြစ်သောကြောင့် ကွဲလွဲမှု တစ်စုံတစ်ရာ ရှိလျှင် မြန်မာဘာသာဖြင့် ရေးသားထားသည့် စည်းကမ်းသတ်မှတ်ချက်များကိုသာလျှင် အမှန်ယူမည် ဖြစ်သည်။ 

၁၇။ ဤ Campaign နှင့် ပက်သက်၍ ပိုမိုသိရှိလိုပါက KBZ Call Center ဖုန်းနံပါတ် 09951018555 သို့ ဆက်သွယ်မေးမြန်း စုံစမ်းနိုင်ပါတယ်။