Spin Wheel လှည့်ပြီး ဆုတွေချက်ချင်းရယူဖို့  KBZ Card တွေနဲ့ Hot Pot & BBQ စားလိုက်ပါ အစီအစဉ်၏ စည်းမျဉ်းနှင့်စည်းကမ်းသတ်မှတ်ချက်များ

၁။     အစီအစဥ်ကာလသည်  ၁၅.၁၁.၂၀၂၃ မှ ၃၀.၁၁.၂၀၂၃ အထိဖြစ်သည်။

၂။ ဤအစီအစဥ်တွင်  သတ်မှတ်ထားသော ဆိုင်များ၌ KBZ Bank Debit Card နှင့် KBZ Bank Credit Card များ (VISA, MPU-UnionPay & MPU) ဖြင့် ငွေပေးချေသူများအားလုံး ပါဝင်နိုင်မည်ဖြစ်ပါသည်။

၃။ အစီအစဥ်တွင် ပါဝင်ရန်အတွက် KBZ Bank Debit Card နှင့် KBZ Bank Credit Card များ (VISA, MPU-UnionPay & MPU) ဖြင့် ငွေပေးချေမှုများကို သတ်မှတ်ထားသော  Merchant ဆိုင်များတွင် KBZ POS စက်ဖြင့် ၃၀,၀၀၀ ကျပ်နှင့်အထက်ရှိသော ငွေ‌ပေးချေမှုများပြုလုပ်ပါက Spin Wheel ကံစမ်းခွင့် (၁)ကြိမ် ရရှိမည် ဖြစ်ပါသည်။  

၄။       အစီအစဥ်တွင် ပါဝင်သော မိတ်ဖက်ဆိုင်များနှင့် Spin Wheel တွင်ပါဝင်သော အထူးဆုများမှာ- 

No.Merchant NameRegionSpin wheel prizes
1Hot Pot CityYangon
10% discount 15% discount 2,000 cashback 5,000 cashback 5,000 cashback 10,000 cashback Coupon (As provided by merchant)Coupon (As provided by merchant)
2Hot Pot Country
3Suki&Yakiniku (S&Y)
4Malar City
5Mr.Jerry BBQ
6KKS Thai Food & BBQ
7Ya Thar Kaung Hot Pot (Mr. Hot Hot Pot)Mandalay10% Discount15% DiscountCashback (*amount depending on bill payment)Cashback (*amount depending on bill payment)Complimentary drink itemCoupon (10% lifetime discount member card for Ya Thar Kaung Hot Pot)Coupon (Dine 6, 1 free at New Ocean branch Coupon )Complimentary dish item
*For cashback amount: Spending under 80,000: 5000 MMKSpending above 80,000: 10,000 MMKSpending above 200,000: 20,000 MMK*

၅။ Spin Wheel မှ ရရှိသော Coupon များ ၊ လျှော့စျေးများ နှင့် ပြန်အမ်းငွေများအား merchant ဆိုင်မှ Customer ငွေရှင်းသည့်အချိန်တွင် ချက်ချင်းပေးသွားမည်ဖြစ်သည်။ 

Spin Wheel ကံစမ်းခွင့် ရရှိနိုင်ရန် အနည်းဆုံးသတ်မှတ်ငွေပမာဏ မှာ ပြေစာ(bill) တစ်စောင်ပေါ်တွင် အနည်းဆုံး ၃၀,၀၀၀ကျပ်နှင့်အထက်ဖြစ်ပါသည်။ 

၆။ Spin Wheel ကံစမ်းခွင့်သည် ပြေစာ တစ်စောင်တွင် (၁)ကြိမ်သာရရှိမည်ဖြစ်ပါသည်။ 

၇။ KBZ Bank ဝန်ထမ်းများသည် အထူးအစီအစဉ်တွင် ပါဝင်သူများအား ဆက်သွယ်ပြီး ၎င်းတို့၏ OTP သို့မဟုတ် PIN  နှင့်ပတ်သက်သည့် မည်သည့်သတင်းအချက်အလက်ကိုမျှ တောင်းခံမည် မဟုတ်ပါ။

၈။ ဤအစီအစဉ်ကာလအတွင်း မည်သည့်လိမ်လည်လှည့်ဖြားမှုမျိုးကိုမျှ ဆောင်ရွက်ခြင်းမပြုရန် တားမြစ်ထား ပါသည်။ လိမ်လည်မှုအား မည်သည့်ပုံစံမျိုးဖြင့်မဆို ကျူးလွန်သည်ဟု သံသယဖြစ်ခြင်းခံရသည့် မည်သူ့ကိုမဆို KBZ Bank က ပယ်ဖျက်ခြင်း နှင့်/သို့မဟုတ် ပိတ်ပင်ခြင်းပြုလုပ်ပိုင်ခွင့်ရှိသည်။

၉။  ဤအစီအစဉ်ကာလနှင့်ပတ်သက်၍ KBZ Bank အသုံးပြုသူများ နှင့် KBZ Bank တို့အကြား အငြင်းပွားမှုတစ်စုံတစ်ရာပေါ်ပေါက်လာပါက ထိုအငြင်းပွားမှုအား KBZ Bank ၏ တာဝန်ရှိသူများမှ ပြဌာန်းဥပဒေအရ အသုံးပြုသူများ၏ ရထိုက်ခွင့်ရှိသည့် အခွင့်အရေးအား ထိခိုက်နစ်နာမှုမရှိစေရန် သေချာစွာစိစစ်၍ ဖြေရှင်းဆောင်ရွက် ပေးသွားမည်ဖြစ်သည်။

၁၀။   KBZ Bank သည် မည်သည့်အချိန်တွင်မဆို တစ်စုံတစ်ရာသော အကြောင်းကြောင့် အသိပေး အကြောင်းကြား နိုင်ခြင်းမရှိဘဲ သတ်မှတ်ထားသော စည်းမျဉ်း နှင့် စည်းကမ်းများကို ပြင်ဆင် ပြောင်းလဲခြင်း၊ ရပ်စဲခြင်း နှင့်၊ သို့မဟုတ် အစီအစဉ်အား ပယ်ဖျက်ခွင့် နှင့် အစီအစဉ်နှင့်ပတ်သက်သော အကျိုးခံစားခွင့် သို့မဟုတ် သွင်ပြင်လက္ခဏာများအား ပြောင်းလဲခွင့် နှင့်၊ သို့မဟုတ် ပြင်ဆင်၊ ဖြည့်စွက်၊ ပယ်ဖျက်ပိုင်ခွင့် တို့အား အခြေအနေအရ ပြုလုပ်ဆောင်ရွက်နိုင်သည်။

၁၁။   KBZ Bank အနေဖြင့် တစ်စုံတစ်ရာသောအကြောင်းကြောင့် အသိပေးအကြောင်းကြားနိုင်ခြင်းမရှိဘဲ ဤ အစီအစဉ်အား ပယ်ဖျက်ခြင်း၊ ရပ်စဲခြင်း (သို့မဟုတ်) စည်းကမ်းချက်တစ်စုံတစ်ရာ ပြောင်းလဲခြင်းကြောင့် KBZ Bank အသုံးပြုသူများအနေဖြင့် လျော်ကြေးတစ်စုံတစ်ရာ ရပိုင်ခွင့်မရှိသည်ကို သိရှိသဘောတူပါသည်။

၁၂။   KBZ Bank Card နှင့် သက်ဆိုင်သော ပုံမှန်စည်းမျဉ်းနှင့်စည်းကမ်းသတ်မှတ်ချက်များ နှင့် Merchant ဆိုင်များ၏ စည်းမျဉ်းနှင့်စည်းကမ်းသတ်မှတ်ချက်များလည်း အကျုံးဝင် စေရမည်။

၁၃။   ဤစည်းမျဉ်းနှင့်စည်းကမ်းသတ်မှတ်ချက်များအား ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၏ ဥပဒေများက လွှမ်းမိုးမည်ဖြစ်ပြီး ယင်းဥပဒေများနှင့် အညီ အဓိပ္ပါယ်ဖွင့်ဆိုရမည်။

၁၄။   KBZ Bank သည် COVID-19 ဖြစ်ပေါ်မှုကြောင့်ဖြစ်စေ သို့မဟုတ် KBZ Bank အနေဖြင့် ထိန်းချုပ်၍ မရသော အခြေအနေနှင့်မမျှော်မှန်းနိုင်သော သဘာဝဘေးအန္တရာယ် ဖြစ်ရပ်များ ဖြစ်ပေါ်မှုကြောင့်ဖြစ်စေ ဆောင်ရွက် ထားသည့် မည်သည့်လုပ်ဆောင်မှုမျိုး ကိုမဆို အခြေအနေအရပ်ရပ်ပေါ်မူတည်၍ ပြောင်းလဲခွင့် ရှိပါသည်။ မမျှော်မှန်းနိုင်သော ဖြစ်ရပ်များ ဖြစ်ပျက်နေစဉ်ကာလအတွင်း KBZ Bankမှ ဤစည်းမျဉ်းစည်းကမ်း သတ်မှတ်ချက်များတွင် ဖော်ပြထားသော တာဝန်ဝတ္တရားများကို ဖြည့်ဆည်းရန်၊ ထမ်းဆောင်ရန် ပျက်ကွက်ခြင်း သို့မဟုတ် နှောင့်နှေးခြင်းများအတွက် KBZ Bank အနေဖြင့် KBZ Bank အသုံးပြုသူအပေါ်တွင်ဖြစ်စေ သို့မဟုတ် အခြားမည်သည့် လူပုဂ္ဂိုလ်တစ်ဦးဦး အပေါ်တွင်ဖြစ်စေ တာဝန်ရှိစေခြင်း သို့မဟုတ် ဤစည်းမျဉ်းစည်းကမ်း သတ်မှတ်ချက်များအား ချိုးဖောက်ခြင်းဖြစ်သည်ဟု မှတ်ယူခြင်း မရှိစေရပါ။

၁၅။   ဤစည်းမျဉ်းနှင့်စည်းကမ်းသတ်မှတ်ချက်များအား အင်္ဂလိပ်ဘာသာနှင့် မြန်မာဘာသာနှစ်မျိုးဖြင့် ရေးသားထားပြီး နှစ်မျိုးစလုံးသည် တူညီသော အဓိပ္ပာယ် သက်ရောက်မှုရှိမည်ဖြစ်သည်။ အင်္ဂလိပ်ဘာသာနှင့် မြန်မာဘာသာ နှစ်မျိုးဖြင့် ရေးသားထားခြင်း ဖြစ်သောကြောင့် ကွဲလွဲမှု တစ်စုံတစ်ရာရှိလျှင် မြန်မာဘာသာဖြင့် ရေးသား ထားသည့် စည်းကမ်းသတ်မှတ်ချက်များ ကိုသာလျှင် အမှန်ယူမည် ဖြစ်သည်။