“Double Rewards: KBZ Prepaid Card Lucky Draw Campaign”“KBZ Prepaid Card တွေသုံးပြီး ကံထူးနိုင်မယ့် ထပ်ဆင့်ကံစမ်း နှစ်ထပ်ကွမ်း အစီအစဥ်” ၏ စည်းမျဉ်းစည်းကမ်း သတ်မှတ်ချက်များ

၁။ “KBZ Prepaid Card တွေသုံးပြီး ကံထူးနိုင်မယ့် ထပ်ဆင့်ကံစမ်း နှစ်ထပ်ကွမ်း အစီအစဉ် ကို ၂၀၂၆ ခုနှစ်၊ သြဂုတ်လ (၁) ရက်နေ့ မှ ၂၀၂၆ ခုနှစ်၊ အောက်တိုဘာလ (၃၁) ရက်နေ့  အထိ  (၃) လတိုင်တိုင်ကျင်းပသွားမည် ဖြစ်ပါသည်။

၂။ ဤ Campaign ကာလအတွင်း  KBZ VISA Prepaid Card နှင့် KBZ MasterCard Prepaid Card (KBZ Bank Prepaid Card)  ကိုင်ဆောင်သူများ အနေဖြင့် ပြည်ပနိုင်ငံများရှိ POS စက်များ နှင့် E-commerce Website များတွင် သတ်မှတ်ထားသော ငွေပမာဏအား   KBZ Bank Prepaid Card ဖြင့် အောင်မြင်စွာ ငွေပေးချေမှုများ ပြုလုပ်ခြင်းဖြင့် လစဉ် ချီးမြှင့်မည့် Lucky Draw ဆုများအပြင် Grand Prize ဆုကြီးကိုပါ ကံထူးပိုင်ဆိုင်ခွင့် ရရှိစေရန် ရည်ရွယ်၍ ပြုလုပ်ခြင်း ဖြစ်ပါသည်။  

၃။ KBZ Bank Prepaid Card ကိုင်ဆောင်သူများသည်  Campaign ကာလအတွင်း ပြည်ပနိုင်ငံများရှိ POS စက်များနှင့် E-commerce Website များတွင် တစ်လအတွင်း ကတ်တစ်ကတ်လျှင် စုစုပေါင်း USD 100 သို့မဟုတ် ၎င်းနှင့်ညီမျှသော ငွေပမာဏ ကို  KBZ Bank Prepaid Card ဖြင့် အောင်မြင်စွာ ငွေပေးချေပါက Lucky Draw ကံစမ်းခွင့် (၁) ကြိမ် ရရှိမည်ဖြစ်ပြီး၊ ထိုလအတွင်း ကတ်တစ်ကတ်လျှင် စုစုပေါင်း USD 100 သို့မဟုတ် ၎င်းနှင့်ညီမျှသော ငွေပမာဏအား ထပ်မံအသုံးပြုမှုတိုင်း အတွက် ကံစမ်းခွင့် (၁) ကြိမ်စီ ထပ်မံရရှိမည် ဖြစ်ပါသည်။ (ဥပမာ – တစ်လအတွင်း ကတ်တစ်ကတ်လျှင် စုစုပေါင်း USD 300 သုံးစွဲပါက Lucky Draw Entry (၃) ကြိမ် အစရှိသဖြင့် သုံးစွဲမှုပိုများလေလေ Lucky Draw အကြိမ်ရေ ပိုမိုရရှိမည် ဖြစ်ပါသည်။) 

Monthly Lucky Draw

           Campaign ကာလ (၃) လအတွင်း လစဉ်  Monthly Lucky Draw ကံထူးရှင် (၅) ဦးကို  ရွေးချယ်ပေး သွားမည်ဖြစ်ပြီး Monthly Lucky Draw ဆုငွေ ကျပ် တစ်သိန်း  (၁၀၀,၀၀၀) စီ ချီးမြှင့်ပေးသွားမည်ဖြစ်ပါသည်။  Monthly Lucky Draw ဆုငွေများအား လကုန်ပြီးနောက် ရုံးဖွင့်ရက် (၇) ရက်အတွင်း ကံထူးရှင်များ၏  သက်ဆိုင်ရာ Prepaid Card ထဲသို့ ထည့်သွင်းပေးသွားမည် ဖြစ်ပါသည်။ 

Grand Prize Lucky Draw 

Campaign ကာလ (၃) လအတွင်း KBZ Bank Prepaid Card (Visa & Mastercard) ဖြင့် အများဆုံး အသုံးပြုသူများထဲမှ Grand Prize Lucky Draw ကံထူးရှင် (၁) ဦးကို Campaign ကာလပြီးဆုံးချိန်တွင် ရွေးချယ်ပြီး Grand Prize Lucky Draw ဆုငွေ ငွေကျပ်တစ်ဆယ့်ငါးသိန်း (၁,၅၀၀,၀၀၀) ဆုကြီး ချီးမြှင့်ပေးသွားမည် ဖြစ်ပါသည်။ Grand Prize Lucky Draw ဆုငွေကို ကံထူးရှင်၏ Prepaid Card ထဲသို့ Campaign ကာလပြီးဆုံးပြီးနောက် ရုံးဖွင့်ရက် (၇) ရက်အတွင်း တိုက်ရိုက် ထည့်သွင်းပေးသွားမည် ဖြစ်ပါသည်။ 

Campaign ကာလအတွင်း KBZ Bank Prepaid Card အား ပိုမိုအသုံးပြုလေ Lucky Draw ကံစမ်းခွင့် ပိုမိုရရှိမည်ဖြစ်ပြီး Grand Prize ဆုကြီး ကံထူးနိုင်မည့် အခွင့်အရေးများ ပိုမိုရရှိမည် ဖြစ်ပါသည်။

၄။ ဤ Campaign မှ ပေးအပ်မည့် Monthly Lucky Draw နှင့် Grand Prize Lucky Draw ဆုငွေများအား ထည့်သွင်းပြီးပါက ကံထူးသူများထံသို့ KBZ Bank မှ SMS နှင့် Email မှတဆင့် ပေးပို့အကြောင်းကြား သွားမည် ဖြစ်ပါသည်။ အစိုးရရုံး ပိတ်ရက်များ (သို့မဟုတ်) KBZ Bank မှ ထိန်းချုပ်၍ မရနိုင်သော အခြေအနေများတွင် ဆုငွေများအား ထည့်သွင်းပေးမည့် အချိန်သည် အပြောင်းအလဲ ရှိနိုင်ပါသည်။

၅။ ဤ Campaign ၏ Monthly Lucky Draw နှင့် Grand Prize Lucky Draw  ကံထူးရှင်များကို KBZ Bank Official Facebook Page  (အပြာရောင်အမှန်ခြစ်ပါသော) နှင့် KBZ Bank Official Website များတွင် Monthly Lucky Draw ကံထူးရှင်များကို လကုန်ပြီးနောက် ရုံးဖွင့်ရက် (၇)ရက်အတွင်း နှင့် Grand Prize Lucky Draw ကံထူးရှင်များကို Campaign ကာလ ပြီးဆုံးပြီးနောက် ရုံးဖွင့်ရက် (၇)ရက်အတွင်း ကြေညာပေးမည် ဖြစ်ပါသည်။ KBZ Bank Facebook Page နှင့် Official Website များတွင် ကြေညာရန်အလို့ငှာ Lucky Draw ကံထူးရှင်များ၏ အမည်နှင့် ဖုန်းနံပါတ် (ဖုန်းနံပါတ်အပြည့်အစုံမဟုတ်ပါ) တို့အား KBZ Bank မှ အသုံးပြုနိုင်သည်ကို သိရှိပြီး သဘောတူပါသည်။ အစိုးရရုံး ပိတ်ရက်များ (သို့မဟုတ်) KBZ Bank မှထိန်းချုပ်၍မရနိုင်သော အခြေအနေများတွင်  Lucky Draw ကံထူးရှင်များကို KBZ Bank Official Facebook Page (အပြာရောင်အမှန်ခြစ်ပါသော)နှင့် Official Website များတွင် ကြေညာမည့်အချိန်သည် အပြောင်းအလဲ ရှိနိုင်ပါသည်။ 

၆။ KBZ Bank ဝန်ထမ်းများသည် အစီအစဥ်တွင် ပါဝင်သူများအား ဆက်သွယ်ပြီး ၎င်းတို့၏ ကိုယ်ရေး အချက်အလက်များ၊OTP (သို့မဟုတ်) PIN  နှင့်ပတ်သက်သည့် မည်သည့်သတင်းအချက်အလက်ကို မျှ တောင်းခံမည်မဟုတ်ပါ။ 

၇။ ဤအစီအစဥ်ကာလအတွင်းသာလျှင် KBZ Bank Prepaid Card ကိုင်ဆောင်သူများအနေဖြင့် ဤစည်းမျဥ်း စည်းကမ်း သတ်မှတ်ချက်ပါ အခွင့်အရေးများကိုရရှိနိုင် မည်ဖြစ်ပြီး ဤ Campaign ကာလ ကုန်ဆုံးသည် နှင့် တပြိုင်နက် အဆိုပါအခွင့်အရေးများ လည်း ကုန်ဆုံး သွားမည်ဖြစ်ပါသည်။  

၈။ ဤ Campaign အတွင်း မည်သည့်လိမ်လည်လှည့်ဖြားမှုမျိုးကိုမျှ ဆောင်ရွက်ခြင်း မပြုရန် တားမြစ် ထားပါသည်။ လိမ်လည်မှုအား မည်သည့်ပုံစံမျိုးဖြင့်မဆို ကျူးလွန်သည်ဟု သံသယဖြစ်ခြင်း ခံရသည့် မည်သူ့ကိုမဆို KBZ Bank က ပယ်ဖျက်ခြင်း နှင့် သို့မဟုတ် ပိတ်ပင်ခြင်းပြုလုပ်ပိုင်ခွင့်ရှိသည်။

၉။ ဤ Campaign နှင့်ပတ်သက်၍ KBZ Bank Prepaid Card ကိုင်ဆောင်သူများ နှင့် KBZ Bank တို့အကြား အငြင်းပွားမှုတစ်စုံတစ်ရာပေါ်ပေါက်လာပါက ထိုအငြင်းပွားမှုအား KBZ Bank ၏ တာဝန်ရှိသူများမှ ပြဌာန်းဥပဒေအရ KBZ Bank Prepaid Card ကိုင်ဆောင်သူများ၏ ရထိုက်ခွင့်ရှိသည့် အခွင့်အရေးအား ထိခိုက် နစ်နာမှုမရှိစေရန် သေချာစွာ စိစစ်၍ဖြေရှင်း ဆောင်ရွက် ပေးသွားမည်ဖြစ်သည်။

၁၀။ KBZ Bank သည် မည်သည့်အချိန်တွင်မဆို တစ်စုံတစ်ရာသောအကြောင်းကြောင့် အသိပေး အကြောင်းကြားနိုင်ခြင်းမရှိဘဲ သတ်မှတ်ထားသော စည်းမျဉ်းစည်းကမ်းများကို ပြင်ဆင် ပြောင်းလဲခြင်း၊ ရပ်စဲခြင်း နှင့် (သို့မဟုတ်) Campaign အားပယ်ဖျက်ခွင့် နှင့် အစီအစဉ်နှင့်ပတ်သက်သော အကျိုး ခံစားခွင့် (သို့မဟုတ်) သွင်ပြင်လက္ခဏာများအား ပြောင်းလဲခွင့် နှင့် (သို့မဟုတ်) ပြင်ဆင်၊ ဖြည့်စွက်၊ ပယ်ဖျက်ပိုင်ခွင့်တို့ အား အခြေအနေအရ ပြုလုပ်ဆောင်ရွက်နိုင်သည်။

၁၁။ KBZ Bank အနေဖြင့် တစ်စုံတစ်ရာသောအကြောင်းကြောင့် အသိပေးအကြောင်းကြားနိုင်ခြင်း မရှိဘဲ ဤအစီအစဉ်အားပယ်ဖျက်ခြင်း ၊ရပ်စဲခြင်း (သို့မဟုတ်) စည်းကမ်းချက်တစ်စုံတစ်ရာ ပြောင်းလဲခြင်း ကြောင့် KBZ Bank Prepaid Card ကိုင်ဆောင်သူများအနေဖြင့် လျော်ကြေးတစ်စုံတစ်ရာ ရပိုင်ခွင့် မရှိသည်ကို သိရှိသဘောတူပါသည်။

၁၂။ KBZ Bank Prepaid Card နှင့် သက်ဆိုင်သော ပုံမှန်စည်းမျဉ်းနှင့် စည်းကမ်း သတ်မှတ်ချက် များ နှင့်  Merchant ဆိုင်များ၏ စည်းမျဉ်းနှင့်စည်းကမ်းသတ်မှတ်ချက်များလည်း အကျုံးဝင် စေရမည်။

၁၃။ ဤစည်းမျဉ်းနှင့်စည်းကမ်းသတ်မှတ်ချက်များအား ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ ဥပဒေများ ကလွှမ်းမိုးမည်ဖြစ်ပြီး ယင်းဥပဒေများနှင့်အညီ အဓိပ္ပါယ်ဖွင့်ဆိုရမည်။

၁၄။ KBZ Bank သည် COVID-19 ဖြစ်ပေါ်မှုကြောင့်ဖြစ်စေ (သို့မဟုတ်) KBZ Bank အနေဖြင့် ထိန်းချုပ် ၍မရသော အခြေအနေနှင့်မမျှော်မှန်းနိုင်သော သဘာဝဘေးအန္တရာယ် ဖြစ်ရပ်များ ဖြစ်ပေါ်မှုကြောင့် ဖြစ်စေ ဆောင်ရွက်ထားသည့် မည်သည့်လုပ်ဆောင်မှုမျိုးကိုမဆို အခြေအနေအရပ်ရပ်ပေါ်မူတည်၍ ပြောင်းလဲခွင့် ရှိပါသည်။မမျှော်မှန်းနိုင်သော ဖြစ်ရပ်များ ဖြစ်ပျက်နေစဉ်ကာလအတွင်း KBZ Bank မှ ဤစည်းမျဉ်းစည်းကမ်းသတ်မှတ်ချက်များတွင် ဖော်ပြထားသော တာဝန်ဝတ္တရားများကို ဖြည့်ဆည်း ရန်၊ ထမ်းဆောင်ရန် ပျက်ကွက်ခြင်း (သို့မဟုတ်) နှောင့်နှေးခြင်းများအတွက် KBZ Bank အနေဖြင့် KBZ Bank ကတ်ကိုင်ဆောင်သူအပေါ်တွင်ဖြစ်စေ (သို့မဟုတ်) အခြားမည်သည့် လူပုဂ္ဂိုလ်တစ်ဦးဦး အပေါ်တွင်ဖြစ်စေ တာဝန်ရှိစေခြင်း (သို့မဟုတ်) ဤစည်းမျဉ်းစည်းကမ်း သတ်မှတ်ချက်များအား ချိုး ဖောက်ခြင်းဖြစ်သည်ဟု မှတ်ယူခြင်း မရှိစေရပါ။

၁၅။ ဤစည်းမျဉ်းနှင့်စည်းကမ်းသတ်မှတ်ချက်များအား အင်္ဂလိပ်ဘာသာနှင့် မြန်မာဘာသာနှစ်မျိုးဖြင့် ရေး သားထားပြီး နှစ်မျိုးစလုံးသည် တူညီသော အဓိပ္ပာယ် သက်ရောက်မှုရှိမည်ဖြစ်သည်။ အင်္ဂလိပ်ဘာသာ နှင့် မြန်မာဘာသာ နှစ်မျိုးဖြင့် ရေးသားထားခြင်းဖြစ်သောကြောင့် ကွဲလွဲမှုတစ်စုံတစ်ရာရှိလျှင် မြန်မာဘာသာဖြင့် ရေးသားထားသည့်စည်းကမ်းသတ်မှတ်ချက်များကိုသာလျှင်အမှန်ယူမည်ဖြစ်သည်။