KBZPay မှ ငွေကြေးစီမံခန့်ခွဲမှုဆိုင်ရာ အသိပညာပေး အစီအစဉ်များကို တက္ကသိုလ်ကျောင်းများတွင် အထူးအလေးပေး လှုပ်ရှားဆောင်ရွက်နေ

ရန်ကုန်၊ မြန်မာ၊ ၂၀၁၉ ခုနှစ်၊ စက်တင်ဘာလ ၁၃ ရက် – မြန်မာနိုင်ငံရှိ လူငယ်လူရွယ်များအတွက် ငွေကြေး စီမံခန့်ခွဲမှုဆိုင်ရာ အသိပညာများ ပို့ချပေးနိုင်ရန် KBZPay နှင့် တက္ကသိုလ်ကျောင်းများ၏ စုပေါင်းအင်အားတစ်ရပ် ဖြင့် ငွေကြေးစီမံခန့်ခွဲမှုဆိုင်ရာ အသိပညာပေး ဆွေးနွေးဟောပြောပွဲများစွာ ကျင်းပပြုလုပ်ခဲ့ရာ မြန်မာနိုင်ငံတစ်ဝန်းရှိ ကျောင်းသား၊ ကျောင်းသူ (၁၀,၀၀၀) ကျော် တက်ရောက်ခဲ့ပြီး ဖြစ်ပါသည်။ ၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလမှ စတင်၍ အသိပညာပေး ဆွေးနွေးဟောပြောပွဲများကို ဧရာဝတီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ကယားပြည်နယ်၊ မန္တလေး တိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ မွန်ပြည်နယ်နှင့် ရန်ကုန်တိုင်းဒေသကြီးတို့ရှိ တက္ကသိုလ်ကျောင်းပေါင်း (၂၉) ကျောင်းတွင် ကျင်းပပြုလုပ်ခဲ့ပြီး ဖြစ်ပါသည်။

ငွေကြေးစီမံခန့်ခွဲမှုဆိုင်ရာ အသိပညာပေးဆွေးနွေးဟောပြောပွဲများသည် တက်ရောက်သူများအတွက် မိမိတို့ တစ်ကိုယ်ရည်သုံး ငွေကြေးဆိုင်ရာ စီမံခန့်ခွဲမှု စွမ်းရည်နှင့် အသိပညာများ ရရှိနိုင်စေနိုင်မည် ဖြစ်သည်။ အဆိုပါ အသိပညာပေး အခမ်းအနားများတွင် ငွေစုရန် အရေးကြီးပုံနှင့် မိမိဝင်ငွေကို ကောင်းစွာစီမံခန့်ခွဲနည်း၊ လူအများ၏ နေ့စဉ် ဘဝအတွက် ငွေကြေးဆိုင်ရာအသုံးချ နည်းပညာများမှ ဖန်တီးပေးနိုင်သည့် အကျိုးကျေးဇူးများ၊ ဘေးကင်း လုံခြုံစွာ အွန်လိုင်းအသုံးပြုနည်းများ အပါအဝင် မြန်မာနိုင်ငံ၏ တိုးတက်မှုအမြန်ဆုံး မိုဘိုင်းပိုက်ဆံအိတ်တစ်ခု ဖြစ်သည့် KBZPay အသုံးပြုနည်းလမ်းညွှန် စသည့် အကြောင်းအရာများကို ဆွေးနွေးပြောကြားခဲ့ပါသည်။

“လွန်ခဲ့တဲ့နှစ်အနည်းငယ်လေးအတွင်း ထူးထူးခြားခြား ပြောင်းလဲလာတာတစ်ခုက အခုခေတ်မှာ တက္ကသိုလ် ကျောင်းသား၊ ကျောင်းသူတွေဟာ အင်တာနက်အသုံးပြုနိုင်တဲ့ မိုဘိုင်းဖုန်းတွေရှိလာပြီး အရမ်းငယ်သေးတဲ့ အရွယ် မှာတင် ဒစ်ဂျစ်တယ်နဲ့ ငွေကြေးဝန်ဆောင်မှုတွေကို ရယူအသုံးပြုနိုင်လာကြတာ တွေ့ရပါတယ်။ ကျောင်းသားတွေ ကို ငွေကြေးစီမံခန့်ခွဲမှုနဲ့ဆိုင်တဲ့ အခြေခံအချက်တွေ သင်ကြားပေးပြီး ငွေရေးကြေးရေး လုပ်ငန်းတွေအကြောင်း သတိပြုမိလာအောင် လုပ်ပေးထားတဲ့အတွက် သူတို့အနေနဲ့ နေ့စဉ် ငွေရေးကြေးရေး လုပ်ဆောင်ချက်တွေ လုပ်တဲ့ အချိန်ကျ အခြေခံ အသိပညာ၊ ဗဟုသုတတွေ ရှိသွားတာပေါ့။ အခုလို ကျွန်တော်တို့ကျောင်းက ကျောင်းသားတွေ အတွက် ငွေကြေးစီမံခန့်ခွဲမှုဆိုင်ရာ အသိပညာပေး ဆွေးနွေးဟောပြောပွဲတွေ ကျင်းပပြုလုပ်ပေးတဲ့ ကမ္ဘောဇဘဏ်နဲ့ KBZPay ကို ကျေးဇူးအထူးတင်ရှိကြောင်း ပြောချင်ပါတယ်” ဟု ရန်ကုန်နိုင်ငံခြားဘာသာတက္ကသိုလ်မှ ပါမောက္ခချုပ် ဒေါက်တာကြည်ရွှင်က ပြောသည်။

အသိပညာပေး ဆွေးနွေးပွဲများတွင် စိတ်ဝင်စားဖွယ်ရာ ဝေမျှဆွေးနွေးခြင်း၊ အပြန်အလှန် အမေး၊ အဖြေပြု လုပ်ခြင်းနှင့် live polling အစီအစဉ်များ အပါအဝင် ကျောင်းသားများ၏ ကိုယ်ပိုင်အတွေ့အကြုံများကို မျှဝေခြင်းနှင့် သူငယ်ချင်းများနှင့် အတွေး၊ အမြင် ဖလှယ်ခြင်း စသည့် အစီအစဉ်များ ထည့်သွင်းပြုလုပ်ခဲ့ပါသည်။

[ကျောင်းအမည်] တွင် ကျင်းပပြုလုပ်ခဲ့သည့် ငွေကြေးစီမံခန့်ခွဲမှုဆိုင်ရာ အသိပညာပေး ဆွေးနွေးဟောပြော ပွဲတွင် တက်ရောက်ခဲ့သော [အမည်] က “ကျောင်းသားဆိုတော့ တစ်ကိုယ်ရည်သုံး ငွေကြေးစီမံခန့်ခွဲမှုအကြောင်း သိပ်ပြီး မစဉ်းစားမိသလို တစ်ချို့ဆိုရင် ဒီ ဗဟုသုတတွေက ဘယ်လောက်အရေးကြီးလဲဆိုတာကိုတောင် နားမလည် ကြပါဘူး။ KBZPay က လုပ်ပေးတဲ့ ဆွေးနွေးဟောပြောပွဲက ကျွန်တော်တို့ကို ငွေကြေးစီမံခန့်ခွဲမှုဆိုင်ရာ စွမ်းရည်တွေ ရှိလာအောင် ကူညီပေးပြီး စာသင်ခန်းပြင်ပက နေ့စဉ်ဘဝမှာ အသုံးချနိုင်အောင် ပြင်ဆင်ပေးလိုက်တာ ဖြစ်ပါတယ်။ အခုလို အသိပညာတွေ ရရှိခဲ့တဲ့အတွက် အရမ်းကို ကျေးဇူးတင်ပါတယ်။ နောင်ကိုလည်း ဒီလိုမျိုး ဆွေးနွေးဟောပြော ပွဲတွေ တက်ပြီး လေ့လာချင်ပါတယ်” ဟု ပြောသည်။

ယခုကဲ့သို့ ဆွေးနွေးဟောပြောပွဲများကို အင်တိုက်အားတိုက် ဆောင်ရွက်လျက်ရှိရာတွင် KBZPay က လာမည့်လများအတွင်း ပဲခူးတိုင်းဒေသကြီးနှင့် ရခိုင်ပြည်နယ် အပါအဝင် တက္ကသိုလ်ကျောင်း (၄၄) ခုတွင် ငွေကြေး စီမံခန့်ခွဲမှုဆိုင်ရာ အသိပညာပေး ဆွေးနွေးဟောပြောပွဲများ ဆက်လက် ကျင်းပပြုလုပ်သွားမည် ဖြစ်ပါသည်။

“ကမ္ဘောဇဘဏ်က မြန်မာနိုင်ငံက ပြည်သူအများကြီးရဲ့ ဘဝတွေကို တိုးတက်ပြောင်းလဲပေးနိုင်တဲ့ ကြီးမားလှတဲ့ အခွင့်အလမ်းတစ်ခုအဖြစ် သတ်မှတ်ပြီး အားလုံး ပါဝင်အသုံးပြုနိုင်တဲ့ ဘဏ္ဍာရေးစနစ်တစ်ခု ပေါ်ပေါက် လာရေးမှာ အလေးပေး လုပ်ဆောင်ခဲ့တာပါ။ အဲဒီ့ ပန်းတိုင်ဆီကိုရောက်ဖို့ ကျွန်တော်တို့ ကြိုးပမ်းနေချိန်မှာ ကျွန်တော် တို့ အဖွဲ့တွေကို ကျောင်းသားတွေအတွက် ငွေကြေးဆိုင်ရာ အသိပညာတွေ မျှဝေနိုင်ဖို့ ခွင့်ပြုပေးခဲ့ကြတဲ့ မြန်မာနိုင်ငံ အနှံ့အပြားက တက္ကသိုလ်ကျောင်းတွေနဲ့ သက်ဆိုင်ရာ ပါမောက္ခကြီးများကို သူတို့ရဲ့ ပူးပေါင်းပါဝင်မှုအတွက် အထူး ကျေးဇူးတင်ကြောင်း ပြောကြားလိုပါတယ်။ ကျွန်တော်တို့ဘက်ကလည်း ဘဏ်ခွဲပြင်ပအထိ သွားရောက်ပြီး အသုံးပြုသူတွေအတွက် အကောင်းဆုံး ဘဏ်ဝန်ဆောင်မှု အတွေ့အကြုံတွေပေးနိုင်အောင် ဆက်လက် ဆောင်ရွက် သွားမှာဖြစ်ပြီး လူငယ်တွေနဲ့ ပိုပြီး ကျယ်ပြန့်တဲ့ လူမှုအသိုင်းအဝန်းတွေအထိ ပိုကောင်းတဲ့ ဘဝနေထိုင်မှုပုံစံတွေ ရရှိလာအောင် ဖန်တီးခေါ်ဆောင်ပေးသွားဦးမှာပါ” ဟု ကမ္ဘောဇဘဏ်၏ CEO ဖြစ်သူ Mike DeNoma က ပြောသည်။

ရှေရှည်ဖွံ့ဖြိုးတိုးတက်သည့် လူ့အဖွဲ့အစည်းတစ်ခု ဖြစ်ပေါ်လာရေးအတွက် ငွေကြေးစီမံခန့်ခွဲမှုဆိုင်ရာ အသိပညာ လေ့လာထားသူ နည်းပါးနေခြင်းသည် မြန်မာနိုင်ငံ၏ အဓိက စိန်ခေါ်မှုတစ်ရပ် ဖြစ်နေပါသည်။

အဆိုပါ စိန်ခေါ်မှုကို ဖြေရှင်းနိုင်ရန် ကမ္ဘောဇဘဏ်အနေဖြင့် မကြာသေးမီက “ငွေကြေးကဏ္ဍသိသင့်သမျှ” အမည်ရ အများပြည်သူ အသိပညာပေးကမ်ပိန်းတစ်ခုကို သတင်းဂျာနယ်၊ အွန်လိုင်းနှင့် အသံလွှင့် မီဒီယာများအပြင် မြန်မာနိုင်ငံ၏ ထိပ်တန်း လူမှုကွန်ယက်ပေါ်တွင် လူသိများထင်ရှားသော အသိပညာပေး မျှဝေသူများဖြစ်သည့် ဒီးဒီး၊ မေသြင်္ကန်ဟိန်း၊ ဖြိုးဖြိုးအောင်တို့နှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိပါသည်။ အဆိုပါ ကမ်ပိန်းမှတစ်ဆင့် ငွေရေး ကြေးရေး စီမံခန့်ခွဲမှုနှင့် ဒစ်ဂျစ်တယ် သတိဝီရိယရှိမှုဆိုင်ရာ ခေါင်းစဉ်များဖြစ်သော မိမိအကောင့်၏ လျှို့ဝှက်ကုဒ် လုံခြုံစိတ်ချမှုရှိရေးနှင့် ကိုယ်ရေးအချက်အလက်များကို ရယူရန် ကြိုးပမ်းသည့် လိမ်လည်မှုများ စသည့် ပညာပေး အကြောင်းအရာများကို အများပြည်သူ ပိုမို သိရှိလာစေရန် မျှဝေသွားမည် ဖြစ်ပါသည်။