ရင်သွေးစုဘူးအကောင့်ဖွင့် မိဘများရယူနိုင်မယ့်ဆုလက်ဆောင်ခံစားခွင့်
ဘဝထဲကို ဝင်ရောက်လာမယ့် ရင်သွေးလေးကို ပြည့်ပြည့်စုံစုံနဲ့ကြိုဆိုချင်ကြတာမိဘတိုင်းရဲ့ဆန္ဒတစ်ခုပါပဲနော်။ဒီဆန္ဒလေးပြည့်စုံဖို့အတွက် ကမ္ဘောဇဘဏ်ရဲ့ ရင်သွေးစုဘူးအကောင့်ဖွင့်မယ်ဆိုရင် ဆုလက်ဆောင်များကံထူးနိုင်မယ့် အခွင့်အရေးတစ်ခုလည်းရှိလို့နေပါပြီ။ အစီအစဥ်မှာပါဝင်ဖို့အတွက် - ပထမဆုံး ရင်သွေးစုဘူးအကောင့်ကို နီးစပ်ရာကမ္ဘောဇဘဏ်ခွဲများတွင် သွားရောက်ဖွင့်ပါ။ မိမိနှစ်သက်ရာကာလအပိုင်းအခြားကို ရွေးချယ်ပြီး လစဥ် ၁၀၀,၀၀၀ ကျပ်အနည်းဆုံးထားစုဆောင်းပါ။ မြင့်မားသောအတိုးနှုန်းနဲ့အတူ အခြားသောခံစားခွင့်များကို ရရှိနိုင်မယ့်အပြင် မေလ ၁၆ ရက်မှ ဇူလိုင်လ ၁၅ ရက် ၂၀၂၅ ခုနှစ်အတွင်း လာရောက်အကောင့်ဖွင့်ပြီး စုဆောင်းအပ်နှံတဲ့ customer များထဲမှ (၁၅) ဦး ကို ၂လတိတိ ရွေးချယ်ကာ သတ်မှတ်ထားသောဆိုင်များတွင် ၂၅၀,၀၀၀ ကျပ်ဖိုးဝယ်ယူခွင့် ကူပွန်များ ပေးအပ်သွားမှာဖြစ်ပါတယ်။ ရင်သွေးစုဘူးအကောင့်ဟာ ကလေးမီးဖွားရန်ရည်ရွယ်ပြီး စုငွေစုဆောင်းလိုသော မိခင်လောင်းများ သို့မဟုတ် ကလေးမီးဖွားရန်...