Credit Cards

KBZ UnionPay Credit Card
UnionPay International (UPI) သည်ထိပ်တန်းငွေပေးချေကတ် တစ်မျိုးဖြစ်သည်။ UnionPay ကတ်သည် နိုင်ငံပေါင်း ၁၇၈ နိုင်ငံသို့ ကုန်သွယ်မှုပြုလုပ်နိုင်သည့် ကွန်ရက်အား တိုးချဲ့ထားသော အာရှတွင်အရေးအပါဆုံး အကြွေးဝယ်ကတ်တစ်ခုဖြစ်သည်။

KBZ Visa Credit Card
KBZ VISA Credit Card သည် VISA အမှတ်တံဆိပ် ရှိ သည့်မည်သည့် ATM တွင်မဆို ငွေချက်ချင်း ထုတ်ယူနိုင်သကဲ့သို့ POS သို့မဟုတ် အွန်လိုင်းမှ ဝယ်ယူမှုများ အတွက်လည်း ငွေလက်ငင်းချေနိုင်ခြင်းတို့ကို ပြုလုပ်နိုင်ပါသည်။ လက်ရှိ တွင် KBZ Visa Credit Card ကတ်အား လက်ခံသော နိုင်ငံပေါင်း ၂၀၀ ကျော် ရှိပါသည်။
ဘယ်လိုလျှောက်ထားနိုင်ပါသလဲ။
- Credit Card ကိုမည်သည့် KBZ ဘဏ်ခွဲကိုမဆိုသွားရောက်လျှောက်ထားနိုင်ပြီး ဘဏ်ခွဲတွင် လျှောက်လွှာဖြည့်ကာ လိုအပ်သောစာရွက်စာတမ်းများကိုတင်ပါ။ လျှောက်လွှာအားအတည်ပြုပြီး၍ credit card အား ထုတ်ယူလို့ရသည်နှင့် တစ်ပြိုင်နက် customer ထံ အကြောင်းကြားပေးသွားမည် ဖြစ်ပါသည်။
- လျှောက်ထားသူသည်မြန်မာနိုင်ငံသားဖြစ်ရမည်။ (သို့) PR ဖြစ်ရမည်။
- ပင်မကတ် လျှောက်ထားသူသည်အသက် (၂၁) နှစ်မှ (၆၀) အတွင်းဖြစ်ရမည်။
- ဆင့်ပွားကတ် လျှောက်ထားသူသည် အနည်းဆုံးအသက် (၁၈) နှစ် ရှိရမည်။
လိုအပ်သောစာရွက်စာတမ်းများ
ကိုယ်ရေးအချက်အလက် စာရွက်စာတမ်းများ
- မှတ်ပုံတင်ရှေ့/နောက် ( မိတ္တူ )
- သန်းခေါင်စာရင်း မိတ္တူ (အရှေ့နှင့်အနောက်)
- ရက်ကွက်ထောက်ခံစာမူရင်း ( တစ်လအတွင်း ဖြစ်ရမည် )
- မီတာဘေလ် (နောက်ဆုံးပေးဆောင်ထားသော မီတာဘေလ် )
- လက်ရှိလျှောက်ထားသူ၏ဓာတ်ပုံ (ဘဏ်ခွဲမှ၀န်ထမ်းရိုက်သောဓာတ်ပုံ ဖြစ်ရမည်။)
- လျှောက်ထားသူ၏ စာရင်းရှင်အပ်ငွေစာရင်း/ငွေစုဘဏ်အပ်ငွေစာရင်း တစ်ခုခုတွင် မိမိလျှောက်ထားမည့် Credit Limit အတွက်
- အပ်နှံငွေ ၁၀၀% ရှိရန်လိုအပ်ပါသည်။
- Classic Card – အနည်းဆုံးအပ်နှံငွေ ၅ သိန်း ရှိရမည်။
- Platinum Card – အနည်းဆုံးအပ်နှံငွေသိန်း ၂၀ ရှိရမည်
Want to open this account?
Contact Us Today
Call us now
and speak to one of our advisors
(+959) 951018555
Apply in Branch
Find your nearest KBZ branch and come and talk to one of our advisors in person