ပို့ကုန်လုပ်ငန်းဆိုင်ရာဝန်ဆောင်မှု

ဝန်ဆောင်မှုအကြောင်းအရာ
- ပင်လယ်ရပ်ခြားရှိကုန်တင်ပို့သူထံမှ စစ်မှန်ကြောင်းအတည်ပြုပြီးဖြစ်သည့် ငွေလွှဲစာတမ်း ကိုလက်ခံရရှိထားမှု အား KBZ ဘဏ်က အကျိုးခံစားခွင့်ရှိသူထံသို့ email/စာ ဖြင့် အမြန်ဆုံးအသိပေးအကြောင်းကြားခြင်း
- ချေးငွေကန့်သတ်ချက်ရှိထားရန်မလိုပါ
ဝန်ဆောင်မှုမှရရှိမည့်အကျိုးကျေးဇူးများ
- ငွေလွှဲစာတမ်းစစ်မှန်ကြောင်းအတည်ပြုခြင်း
- ငွေလွှဲစာတမ်း ရောက်ရှိကြောင်းအကြာင်းကြားခြင်းအမြန်ဆုံးဆောင်ရွက်ခြင်း
- ကုန်ပို့သူအတွက် ငွေလွှဲစာတမ်းပါအကြောင်းအရာများအား သုံးသပ်ပေးသည့်ဝန်ဆောင်မှုပေးခြင်း
လိုအပ်သည့်စာရွက်စာတမ်းများ
- ငွေလွှဲစာတမ်းရောက်ရှိမှုအားKBZ ဘဏ်၏ စာ/အီးမေးလ်ဖြင့်အကြောင်းကြားစာ
- ပို့ကုန်ငွေလွှဲစာတမ်းထုတ်ပေးပါရန်တောင်းခံထားသည့် ကုမ္ပဏီက တရားဝင်လက်မှတ်ရေးထိုးထားသော စာ (ကုမ္ပဏီ၏ letter head ဖြင့်)
- စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနကထုတ်ပေးထားသည့် ပို့ကုန်လိုင်စင်မိတ္တူ သို့မဟုတ် လိုင်စင်လျှောက်ထားစရာမလိုသည့် ပို့ကုန် ဖြစ်ကြောင်းဖော်ပြထားသည့်စာ

ဝန်ဆောင်မှုအကြောင်းအရာ
နိုင်ငံတကာကုန်သည်ကြီးများအသင်းကထုတ်ပြန်ထားသည့် သက်ဆိုင်ရာ UCP စည်းမျဉ်းစည်းကမ်းများအရ လိုအပ်သော ငွေလွှဲစာတမ်းဆိုင်ရာစည်းမျဉ်းများ နှင့်ကိုက်ညီမှုရှိမရှိဆိုသည်ကို သေချာမှုရှိစေရန်အတွက် တင်ပြလာသည့်စာရွက်စာတမ်း များအား KBZ ဘဏ်က ငွေလွှဲစာတမ်းဆိုင်ရာစည်းမျဉ်းများနှင့်တိုက်ဆိုင်စစ်ဆေးခြင်း
ဝန်ဆောင်မှုမှရရှိမည့်အကျိုးကျေးဇူးများ
- တိုးချဲ့ထားသောဘဏ်လုပ်ငန်းဆိုင်ရာကွန်ယက်များကိုအသုံးပြု၍ လွယ်ကူမြန်ဆန်သောဝန်ဆောင်မှု ရယူနိုင်ခြင်း
- ခိုင်မာသောလုပ်ငန်းပိုင်းဆိုင်ရာစာရွက်စာတမ်းများအရငွေပေးချေမှုများအားအချိန်မီရရှိခြင်းဖြင့် ပိုမိုကောင်းမွန်သောငွေကြေးစီးဆင်းမှုကိုဖြစ်စေခြင်း
လိုအပ်သောစာရွက်စာတမ်းများ
1 အောက်တွင်ဖော်ပြထားသည့်အထောက်အကူပြုစာရွက်စာတမ်းများ အပါအဝင် တောင်းခံလွှာရှင်းလင်းမှုပြုလုပ်ပေးရန် ကုန်ပို့သူက ဘဏ်အားတောင်းခံထားသည့် တရားဝင်လက်မှတ်ရေးထိုးထားသည့်စာ -:
စစ်မှန်ကြောင်းအတည်ပြုပြီးဖြစ်သည့် ပို့ကုန်ငွေလွှဲစာတမ်း
ပို့ကုန်ငွေလွှဲစာတမ်းဘီ(လ်) လျှောက်လွှာပုံစံ
2. ပို့ကုန်ငွေလွှဲစာတမ်းစည်းမျဉ်းများအရ သင်္ဘောတင်စာရွက်စာတမ်း များ –
3. စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ကထုတ်ပေးထားသည့် ပို့ကုန်လိုင်စင်မူရင်း သို့မဟုတ် ကုမ္ပဏီ၏စာခေါင်းစဉ်ဖြင့် လိုင်စင်ထုတ်ပေးရခြင်းမရှိသေးဘဲလုပ်ငန်းဆောင်ရွက်နေခြင်း ဖြစ်ကြောင်း ဖော်ပြထားသည့်စာ
4. အကောက်ခွန်ဦးစီးဌာနကထုတ်ပေးထားသည့် ပို့ကုန်ကြေညာလွှာ မူရင်း

ဝန်ဆောင်မှုအကြောင်းအရာ
ICC ကထုတ်ပြန်ထားသည့် ကြွေးမြီကောက်ခံခြင်းဆိုင်ရာတူညီသောစည်းမျဉ်းများအရ ပို့ကုန်ကြွေးကျန်များအားကောက်ခံနိုင်ရန်အတွက် ညွန်ကြားချက်များနှင့်အညီ စာရွက်စာတမ်းများကိုင်တွယ်ရှင်းလင်းရေး တွင် ကုန်တင်သွင်းသူ၏ဘဏ်သို့ customer ဖြစ်သူက ပို့ကုန်ဆိုင်ရာစာရွက်စာတမ်းအထောက်အထားများတင်ပြမှု ကောင်းမွန်မှန်ကန်မှုရှိစေရန်
ပေးချေမှုအထောက်အထား (D/P):
ငွေကောက်ခံသည့်ဘဏ်တွင်ပေးချေမှုလုပ်ပြီးနောက်မှသာလျှင် ပေးပို့သည့်စာရွက်စာတမ်း များအား ကုန်တင်သွင်းသူက ရရှိခြင်း
လက်ခံရရှိမှုအထောက်အထား (D/A):
လွှဲပြောင်းနိုင်သည့်စာရွက်စာတမ်း အားလက်ခံရရှိပြီးမှသာလျှင် ကုန်တင်သွင်းသူက ပေးပို့သည့်စာရွက်စာတမ်းများအားလက်ခံရရှိခြင်း နှင့် လာမည့်ရက် တစ်ရက်ရက်တွင် ပေးချေမှုပြုလုပ်မည်ဖြစ်ကြောင်းကတိပြုခြင်း
ဝန်ဆောင်မှုမှရရှိမည့်အကျိုးကျေးဇူးများ
- တရားဝင်သဘောတူညီချက်ပါဝင်ခြင်းမရှိသည့်ငွေပေးကတိစာချုပ်များ သို့မဟုတ် (ဘဏ်လုပ်ငန်းလမ်းကြောင်းပြင်ပမှ) တိုက်ရိုက်ပေးချေမှုများ နှင့်နှိုင်းယှဉ်လျှင် ကုန်တင်သွင်းသူထံမှ တောင်းခံလွှာအတွက် ပေးချေမှုကို ဥပဒေနှင့်အညီလုံခြုံစွာရနိုင်ခြင်း
- တရားဝင်သဘောတူညီချက်ပါဝင်ခြင်းမရှိသည့်ငွေပေးကတိစာချုပ်များ သို့မဟုတ် (ဘဏ်လုပ်ငန်းလမ်းကြောင်းပြင်ပမှ) တိုက်ရိုက်ပေးချေမှုများ နှင့်နှိုင်းယှဉ်လျှင် ကုန်တင်သွင်းသူထံမှ တောင်းခံလွှာအတွက် ပေးချေမှုကို ဥပဒေနှင့်အညီလုံခြုံစွာရနိုင်ခြင်း
လိုအပ်သောစာရွက်စာတမ်းများ
1. ပို့ကုန်ကောက်ခံခြင်း လျှောက်လွှာပုံစံ
2. ဘဏ်ကထုတ်ပေးသောအာမခံစာချုပ်မူရင်း
3. စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ကထုတ်ပေးထားသည့် ပို့ကုန်လိုင်စင်မူရင်း သို့မဟုတ် ကုမ္ပဏီ၏စာခေါင်းစဉ်ဖြင့် လိုင်စင်ထုတ်ပေးရခြင်းမရှိသေးဘဲလုပ်ငန်းဆောင်ရွက်နေခြင်း ဖြစ်ကြောင်း ဖော်ပြထားသည့်စာ
4. အကောက်ခွန်ဦးစီးဌာနကထုတ်ပေးထားသည့် ပို့ကုန်ကြေညာလွှာ မူရင်း
သွင်းကုန်ငွေလွှဲစာတမ်းဆိုင်ရာဝန်ဆောင်မှု

ဝန်ဆောင်မှုအကြောင်းအရာ
ကုန်တင်ပို့သူများ၏ကုန်သွယ်မှုဆိုင်ရာစာချုပ်တွင်ဖော်ပြထားသောစည်းမျဉ်းများနှင့်အညီ ပြုလုပ်ထားသည့်သဘောတူညီချက်ပေါ်တွင်အခြေပြုပြီး ပင်လယ်ရပ်ခြားရှိကုန်ပေးသွင်းသူများထံမှ ကုန်ပစ္စည်းများဝယ်ယူရာတွင် မြန်မာနိုင်ငံအတွင်းရှိ ကုန်တင်သွင်းသူများ အဆင်ပြေမှုရှိစေရန်အတွက် သွင်းကုန်ငွေလွှဲစာတမ်းကို အသုံးပြုခြင်း ဖြစ်ပါသည်။ ကုန်တင်ပို့သူများအနေဖြင့်၎င်းတို့၏သဘောဆန္ဒအရ ငွေလွှဲစာတမ်းဖွင့်လှစ်လိုသည် ဆိုလျှင် မြန်မာနိုင်ငံအတွင်းရှိသွင်းကုန်လုပ်ငန်းရှင်အနေဖြင့် ၎င်း၏ဘဏ်တွင် ထိုသို့ဖွင့်လှစ်နိုင်ရန်ဆောင်ရွက်ပေးရမည်ဖြစ်ပါသည်။

ဝန်ဆောင်မှုအကြောင်းအရာ
ဤဝန်ဆောင်မှုလုပ်ငန်းသည် သွင်းကုန်ငွေလွှဲစာတမ်းနှင့် အတူတူပင်ဖြစ်သည်။ မြန်မာနိုင်ငံအတွင်းရှိ ပြည်တွင်းကုန်သွယ်မှုလုပ်ငန်းများအားကောင်းလာစေရေးအတွက် ထိုသို့သော ငွေလွှဲစာတမ်းကို ထုတ်ပေးခြင်းဖြစ်ပါသည်။ အကျိုးဆက်အနေဖြင့် ဘဏ်ကထုတ်ပေးသည့်အာမခံစာချုပ်သည် သင်္ဘောတင်အထောက်အထားလက်မှတ်မဟုတ်တော့ဘဲ၊ ပို့ဆောင်ရေးကုမ္ပဏီထံမှရသည့်လက်ခံရရှိကြောင်းပြေစာ သို့မဟုတ် ဝယ်သူထံသို့တိုက်ရိုက်တာဝန်ပေးထားသည့် ပြည်တွင်းသယ်ယူပို့ဆောင်ရေး လုပ်ထုံးလုပ်နည်းများ နှင့်ဆက်စပ်မှု ရှိခြင်းကိုပြသနေသည့် အထောက်အထားပင်ဖြစ်ပါသည်။
ဝန်ဆောင်မှုမှရရှိမည့်အကျိုးကျေးဇူးများ
- ပြည်တွင်းတွင်ထုတ်ပေးသည့် ငွေလွှဲစာတမ်းသည် ပြည်တွင်းကုန်သွယ်မှုတွင်လုံခြုံစိတ်ရသည့် ပေးချေမှုဖြစ်ခြင်း
- လုပ်ငန်းတစ်နေ့တာအတွင်း သတ်မှတ်ထားသည့်အချိန် မတိုင်မီ ငွေလွှဲစာတမ်းထုတ်ပေးမှု ကိုနေ့ချင်းပြီးဆောင်ရွက်နိုင်ခြင်း
- ဘဏ်တွင်မှတ်ပုံတင်ထားသည့် customer များ၏အီးမေးလ်လိပ်စာမှတစ်ဆင့် လျှောက်လွှာတင်နိုင်ခြင်း
လိုအပ်သောစာရွက်စာတမ်းများ
- သွင်းကုန်ငွေလွှဲစာတမ်း လျှောက်လွှာပုံစံ
Authenticated original copy of Export LC
Export LC Bills application Form
- 2. ကြိုတင်ကြွေးမြီအာမခံထားသည့်ကုန်ပို့လွှာ နှင့်/သို့မဟုတ် လက်ခံရရှိကြောင်း ရောင်းသူနှင့်ဝယ်သူနှစ်ဦးလုံးကတရားဝင်လက်မှတ်ရေးထိုးထားသော အရောင်းစာချုပ်

ဝန်ဆောင်မှုအကြောင်းအရာ
ဘဏ်က ဝယ်သူ/သွင်းကုန်လုပ်ငန်းရှင် ကိုယ်စားဆောင်ရွက်ပြီး ရောင်းသူ/ပို့ကုန်လုပ်ငန်းရှင်သည် ရောင်းသူ/ပို့ကုန်လုပ်ငန်းရှင်၏ဘဏ်၏ ညွှန်ကြားချက်နှင့်အညီ ဘဏ်အား ပို့ကုန်ဆိုင်ရာအထောက်အထားများပို့ပေးရန်နှင့် ပေးချေမှုများကောက်ခံပေးရန်အဆိုပြုသည်။
စာရွက်စာတမ်းအထောက်အထားကောက်ခံမှု ပုံစံ ၂ မျိုး –
1. ပေးချေမှုကောက်ခံခြင်းဆိုင်ရာအထောက်အထား (D/P):
ပေးချေမှုလုပ်ပြီးနောက်မှသာလျှင် ပေးပို့သည့်စာရွက်စာတမ်း အထောက်အထားများအား သွင်းကုန်လုပ်ငန်းရှင်က ရရှိခြင်း
2. လက်ခံရရှိမှုအားကောက်ခံမှုဆိုင်ရာအထောက်အထား (D/A):
လွှဲပြောင်းနိုင်သည့်စာရွက်စာတမ်း အားလက်ခံရရှိခြင်း သို့မဟုတ် သွင်းကုန်လုပ်ငန်းရှင်က ပေးချေမှုပြုလုပ်မည်ဖြစ်ကြောင်းကတိပြုခြင်းဖြင့် စာရွက်စာတမ်းအထောက်အထားများအားပေးပို့ခြင်း
ဝန်ဆောင်မှုမှရရှိမည့်အကျိုးကျေးဇူးများ
- ငွေတောင်းခံလွှာတွင်ဖော်ပြထားသောပေးချေမှုပမာဏအရ စာရွက်စာတမ်းအထောက်အထားများအားပေးပို့နိုင်ခြင်း
- စာရွက်စာတမ်းအထောက်အထားများနှင့် ပေးချေရမည့် ပေးချေမှုများအား သင့်တင့်လျောက်ပတ်စွာကိုင်တွယ်ဖြေရှင်းနိုင်သည်ဆိုသည့် ဘဏ်၏ ယုံကြည်စိတ်ချရမှုကိုမြှင့်တင်နိုင်ခြင်း
လိုအပ်သောစာရွက်စာတမ်းများ
1. တောင်းခံလွှာအထောက်အထားအကြံပြုချက်ရောက်ရှိကြောင်း KBZ ဘဏ်၏ အီးမေးလ်ဖြင့်အသိပေးအကြောင်းကြားစာ
2. စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ကထုတ်ပေးထားသည့် သွင်းကုန်လိုင်စင်မူရင်း သို့မဟုတ် ကုမ္ပဏီ၏စာခေါင်းစဉ်ဖြင့် လိုင်စင်ထုတ်ပေးရခြင်းမရှိသေးဘဲလုပ်ငန်းဆောင်ရွက်နေခြင်း ဖြစ်ကြောင်း ဖော်ပြထားသည့်စာ

ဝန်ဆောင်မှုအကြောင်းအရာ
၎င်းသည် ပို့ကုန်လုပ်ငန်းရှင်၏ဘဏ်ဖြစ်သည့် KBZ ဘဏ်တွင်ဆောင်ရွက်သည့် နိုင်ငံခြားငွေလွှဲစာချုပ်ဖြင့်လက်ငင်းပေးချေခြင်း ဆိုင်ရာငွေလွှဲစာတမ်း ဖြစ်ပြီး ငွေလွှဲစာတမ်းတွင် ဖော်ပြထားသည့် နိုင်ငံခြားငွေလွှဲစာချုပ်အချိန်အပိုင်းအခြားအရ ချေးငွေကမ်းလှမ်းချက်အား ငွေလွှဲစာတမ်းဖွင့်လှစ်သူက သွင်းကုန်လုပ်ငန်းရှင်ထံသို့ပေးခြင်းဖြစ်သည်။
သွင်းကုန်လုပ်ငန်းရှင်အနေဖြင့် ငွေလွှဲစာတမ်းထုတ်ပေးရေးဝန်ဆောင်မှုအတွက် လျှောက်ထားရပါမည်။
ဝန်ဆောင်မှုမှရရှိမည့်အကျိုးကျေးဇူးများ
- ဤဝန်ဆောင်မှုအားဖြင့် စာချုပ်ပါဈေးနှုန်းအရ ဝယ်သူ၏ဈေးဆစ်နိုင်စွမ်းကိုတိုးတက်လာစေမည်ဖြစ်သည်။
- ဤဝန်ဆောင်မှုကြောင့် အကျိုးခံစားခွင့်ရှိသူအတွက် ငွေပေါ်လွယ်မှုမြင့်မားလာခြင်း၊ ငွေစီးဆင်းမှု တိုးတက်လာခြင်းတို့နှင့်စပ်လျဉ်း၍ အထောက်အကူဖြစ်စေမည်ဖြစ်ပြီး နိုင်ငံခြားအကျိုးခံစားခွင့်ရှိသူနှင့်ဆက်ဆံရေးကောင်းမွန်မှုကိုထိန်းထားနိုင်မည်ဖြစ်ပါသည်။
လိုအပ်သောစာရွက်စာတမ်းများ
- သွင်းကုန်ငွေလွှဲစာတမ်း လျှောက်လွှာပုံစံ
- သွင်းကုန်လိုင်စင်မိတ္တူ သို့မဟုတ် ကုမ္ပဏီ၏စာခေါင်းစဉ်ဖြင့် လိုင်စင်ထုတ်ပေးရခြင်းမရှိသေးဘဲလုပ်ငန်းဆောင်ရွက်နေခြင်း ဖြစ်ကြောင်း ဖော်ပြထားသည့်စာ
- ကြိုတင်ကြွေးမြီအာမခံထားသည့်ကုန်ပို့လွှာ နှင့်/သို့မဟုတ် အရောင်းစာချုပ်

ဝန်ဆောင်မှုအကြောင်းအရာ
ယုံကြည်အပ်နှံမှုလုပ်ငန်းချေးငွေစာချုပ်သည် ငွေလွှဲစာတမ်းအရ တင်ပို့သောကုန်ပစ္စည်းများအား ရှင်းလင်းရန် အတွက်သွင်းကုန်လုပ်ငန်းရှင်ထံသို့ရေတိုအားဖြင့်ထုတ်ပေးသည့် ဘဏ္ဍာရေးထောက်ပံ့မှုဖြစ်သည်။ ကုန်ပစ္စည်းပိုင်ဆိုင်မှုသည် KBZ ဘဏ်ထံတွင်သာရှိနေသေးသည့်အချိန်တွင် ဘဏ်က ယုံကြည်မှုအားဖြင့် ကုန်ပစ္စည်းများကို ပိုင်ဆိုင်ခွင့်ပေးထားခြင်းဖြစ်သည်။ ယုံကြည်အပ်နှံမှုလုပ်ငန်းချေးငွေစာချုပ်သက်တမ်းသည် ရက်ပေါင်း ၁၈၀ အထိဖြစ်သည်။
ယုံကြည်အပ်နှံမှုလုပ်ငန်းချေးငွေစာချုပ်အရ ချေးငွေဝန်ဆောင်မှုကိုလျှောက်ထားရပါမည်။
ဝန်ဆောင်မှုမှရရှိမည့်အကျိုးကျေးဇူးများ
သွင်းကုန်လုပ်ငန်းရှင်အတွက် စုစည်းကုန်အဖြစ်သို့မဖြစ်နေရောက်ရှိလာမည့် တင်သွင်းထားသော ကုန်ပစ္စည်းများ ရှင်းလင်းရန်နှင့်အရောင်းတင်နိုင်ရန် လုပ်ငန်းအတွင်း သို့ လုပ်ငန်းအရင်းအနှီးများအား သွင်းကုန်လုပ်ငန်းရှင်က ထည့်ဝင်နိုင်ခြင်း
လိုအပ်သောစာရွက်စာတမ်းများ
၁။ ကုမ္ပဏီ၏စာခေါင်းစဉ်ဖြင့် ယုံကြည်အပ်နှံမှုလုပ်ငန်းအဆိုပြုလွှာ
၂။ တရားဝင်အကောင်အထည်ဖော်ထားသည့် ယုံကြည်အပ်နှံမှုလုပ်ငန်းချေးငွေသဘောတူညီချက်
၃။ ဝယ်သူက တောင်းခံလွှာလွှဲပြောင်းမှုကိုလက်ခံရရှိခြင်း
ဘဏ်အာမခံဝန်ဆောင်မှု

ဝန်ဆောင်မှုအကြောင်းအရာ
- ဘဏ်အာမခံဝန်ဆောင်မှု ဆိုသည်မှာ လျှောက်ထားသူက၎င်း၏ကတိကဝတ်များအား ဖော်ဆောင်ရန် ပျက်ကွက်သည့်အတွက် အာမခံထားသည့်ပမာဏကို ပေးချေရန်တောင်းခံလာသည်နှင့်အကျိုးခံစားခွင့်ရှိသူထံသို့ ဘဏ်က ပေးချေမှုပြုလုပ်ပေးသည့်ဆောင်ရွက်ချက်ကိုဆိုလိုပါသည်။
- ထိုသို့ဆောင်ရွက်ခြင်းသည် မူရင်းပိုင်ရှင်ဖြစ်သူ၏ ဘဏ္ဍာရေး သို့မဟုတ် စွမ်းဆောင်မှုကတိကဝတ် ကိုအာမခံချက်ပေးနိုင်ရန်ဖြစ်ပါသည်။
- ဤဝန်ဆောင်မှုလုပ်ငန်းမှအကျိုးအမြတ်ကိုခံစားရရှိနိုင်စေရန်အတွက် လုပ်ငန်းကြီးတစ်ခုအနေဖြင့် ဘဏ်အာမခံဝန်ဆောင်မှုကိုလျှောက်ထားရမည်ဖြစ်ပါသည်။
- လေလံတွင်ပါသော စည်းမျဉ်းများအရ လေလံအောင်သူက စာချုပ်အားအကောင်အထည်ဖော်ရာတွင် အာမခံချက်ရှိစေရန် အာမခံစာချုပ် ကိုထုတ်ပေးခြင်းဖြစ်ပါသည်။
- ဘဏ်ကအာမခံထုတ်ပေးသည့်စာချုပ်ဆိုသည်မှာ (စာချုပ်အာမခံဟုလည်းခေါ်သည်) ကန်ထရိုက်တာက လုပ်ငန်းအားစိတ်ကျေနပ်ဖွယ်ကောင်းအောင် အကောင်အထည်ဖော်စေရန်ထုတ်ပေးသည့် စာချုပ်ဖြစ်သည်။
ဝန်ဆောင်မှုမှရရှိမည့်အကျိုးကျေးဇူးများ
- လုပ်ငန်းသဘောအရငွေလွှဲမှုပြုလုပ်ရာတွင်ရှိဖြစ်တတ်သော ဘဏ္ဍာရေးဆိုင်ရာဆုံးရှုံးနိုင်ခြေများအား ဘဏ်အာမခံ ကလျော့နည်းစေခြင်း
- ဘဏ်အာမခံထားရှိခြင်းဖြင့် ရောင်းသူ/အကျိုးခံစားခွင့်ရှိသူ တို့အနေဖြင့် ချေးငွေအခြေခံဖြင့် ၎င်းတို့၏လုပ်ငန်းများအား ချဲ့ထွင်နိုင်ခြင်း
လိုအပ်သောစာရွက်စာတမ်းများ
1. ဘဏ်အာမခံ လျှောက်လွှာပုံစံ
2. ဘဏ်အာမခံ ထုတ်ပေးပါရန် တောင်းခံသည့် ကုမ္ပဏီ၏စာ (ကုမ္ပဏီ၏ letter head ဖြင့်)
3. ဆက်စပ်အထောက်အကူပြုစာရွက်စာတမ်းအထောက်အထားများ (ဥပမာ – တင်ဒါဖိတ်ကြားစာ၊ စွမ်းဆောင်ရည်စာချုပ် စသည်)

ဝန်ဆောင်မှုအကြောင်းအရာ
ပေးပို့မှုနှင့်သက်ဆိုင်သည့်မူရင်း စာရွက်စာတမ်းများအားလက်ခံရရှိရခြင်းမရှိသေးမီ ဆိပ်ကမ်းသို့ကုန်ပစ္စည်းများရောက်ရှိချိန်တွင် KBZ ဘဏ် သို့မဟုတ် ညွှန်ကြားစာဖြင့် အပ်နှင်းထားသည့် သင်္ဘောတင်အထောက်အထားလက်မှတ်ဖြင့် ပေးပို့သည့်ကုမ္ပဏီထံမှ ကုန်ပစ္စည်းပိုင်ဆိုင်ခွင့်အား ဘဏ်ကထုတ်ပေးသောအာမခံစာချုပ်အရ သွင်းကုန်လုပ်ငန်းရှင်ကရရှိမည်ဖြစ်ပါသည်။
ဘဏ်ကထုတ်ပေးသောအာမခံစာချုပ်ဝန်ဆောင်မှုကို လျှောက်ထားရမည်ဖြစ်ပါသည်။
ဝန်ဆောင်မှုမှရရှိမည့်အကျိုးကျေးဇူးများ
- ပေးပို့မှုနှင့်သက်ဆိုင်သည့်မူရင်း စာရွက်စာတမ်းများအားလက်ခံရရှိရခြင်းမရှိသေးမီ ဝယ်သူသည် ကုန်ပစ္စည်းများကိုရှင်းလင်းနိုင်မည်ဖြစ်ရာကုန်တင်နှောင့်နှေးကြန့်ကြာမှုလျော်ကြေးပေးဆောင်ရမှုကို ရှောင်လွှဲနိုင်မည်ဖြစ်ခြင်း
လိုအပ်သောစာရွက်စာတမ်းများ
1. ဘဏ်ကထုတ်ပေးသောအာမခံလျှောက်လွှာပုံစံ
2. ဆက်စပ်အထောက်အကူပြုစာရွက်စာတမ်းအထောက်အထားများ (ဥပမာ – သင်္ဘောတင်အထောက်အထားလက်မှတ်မိတ္တူ၊ ကူးသန်းရောင်းဝယ်ရေးကုန်ပို့လွှာမိတ္တူ၊ ကုန်ပစ္စည်းစာရင်းမိတ္တူ)
3. တောင်းခံလွှာနှင့်စာရွက်စာတမ်းအထောက်များအကြားကွာဟမှအတွက် ဆောင်ရွက်ထားရှိပြီးဖြစ်ကြောင်းဖော်ပြထားသည့်စာ (ကုမ္ပဏီ letter head ဖြင့်)
4. ၂၅၀၀ ကျပ်တန်တံဆိပ်ခေါင်းကပ်ထားပြီး အခွင့်အာဏာရသူတို့၏ လက်မှတ်/လက်မှတ်များပါဝင်သည့် ယုံကြည်အပ်နှံမှုလုပ်ငန်းပြေစာ
5. မြန်မာ့ဆိပ်ကမ်းအာဏာပိုင်၏အာမခံစာ
6. မြန်မာ့ဆိပ်ကမ်းအာဏာပိုင်ကထုတ်ပေးသော သင်္ဘောလိုင်းအာမခံ (ကုန်စာရင်း)

ဝန်ဆောင်မှုအကြောင်းအရာ
ချေးငွေအတွက်တာဝန်ယူသောငွေလွှဲစာတမ်း ဆိုသည်မှာ စာချုပ်အားအကောင်အထည်ဖော်ရန်၊ သို့မဟုတ် အကျိုးခံစားခွင့်ရှိသူ၏ပထမအကြိမ်တောင်းခံမှုအား တတိယအုပ်စုများက ပေးပို့သည့်ကုန်ပစ္စည်းအပေါ် ပေးချေမှုအတွက်အာမခံချက်ရှိစေရန်အတွက် ချေးငွေပြန်လည်ပေးဆပ်မှုအားလွတ်လပ်စွာအာမခံနိုင်ရန် ထုတ်ပေးသည့်ဘဏ်က လုပ်ကိုင်ဆောင်ရွက်ခြင်းဖြစ်သည်။
ချေးငွေအတွက်တာဝန်ယူသောငွေလွှဲစာတမ်း ဝန်ဆောင်မှုကိုလျှောက်ထားရပါမည်။
ဝန်ဆောင်မှုမှရရှိမည့်အကျိုးကျေးဇူးများ
- အကျိုးခံစားခွင့်ရှိသူအနေဖြင့် စာချုပ်တွင်ဖော်ပြထားသည့်ကတိကဝတ်များအရ အကာအကွယ်ရရှိနိုင်ခြင်း
လိုအပ်သောစာရွက်စာတမ်းများ
ချေးငွေအတွက်တာဝန်ယူသောငွေလွှဲစာတမ်း လျှောက်လွှာပုံစံ
ကုမ္ပဏီ letter head ဖြင့် ရေးသားထားသည့်လျှောက်လွှာ
လိုအပ်သော ချေးငွေအတွက်တာဝန်ယူသောငွေလွှဲစာတမ်း ပုံစံ
ကုန်စည်စီးဆင်းမှု/သိုလှောင်မှုစီမံခန့်ခွဲခြင်းနှင့် အကြံပြုချက်

ဝန်ဆောင်မှုအကြောင်းအရာ
ကုန်ပို့လွှာအတွက်ငွေကြေးထောက်ပံ့ခြင်း – အဝယ် ဆိုသည်မှာ ငွေပေးကတိစာချုပ်အရ ကုန်ပစ္စည်းများဝယ်ယူရန်အတွက် ဝယ်သူ (ငွေချေးယူသူ) အားရေတိုအားဖြင့်ဘဏ္ဍာရေးအထောက်အကူပေးခြင်းဖြစ်သည်။ ဤဝန်ဆောင်မှုသည် ကုန်တင်ပို့ခြင်းမရှိသေးမီနှင့်ကုန်တင်ပို့ပြီးနောက်ပိုင်း နှစ်ခုလုံးအတွက်အကျုံးဝင်သည်။
လုပ်ငန်းကြီးများအနေဖြင့် ကုန်ပို့လွှာအတွက်ငွေကြေးထောက်ပံ့ခြင်း – အဝယ် အတွက် လျှောက်ထားရပါမည်။
ဝန်ဆောင်မှုမှရရှိမည့်အကျိုးကျေးဇူးများ
- ငွေချေးယူသူ၏ဘဏ္ဍာရေးလိုအပ်ချက် နှင့်ကိုက်ညီမှုရှိခြင်း
- စောလျင်စွာပေးချေမှုပြုလုပ်ထားသည့်အတွက် ရောင်းသူနှင့် ဈေးနှုန်းညှိနှိုင်းပြီး အကျိုးအမြတ်ရနိုင်ခြင်း
- ကုန်ပစ္စည်းပေးသွင်းသူထံသို့အမြန်ပေးချေမှုပြုလုပ်ထားသည့်အတွက် ဝယ်သူ-ပေးသွင်းသူအကြားဆက်ဆံရေးခိုင်မာလာစေခြင်း
လိုအပ်သောစာရွက်စာတမ်းများ
1. ကုန်ပို့လွှာအတွက်ငွေကြေးထောက်ပံ့ခြင်း – အဝယ်လျှောက်လွှာပုံစံ
2. အရောင်းစာချုပ်နှင့် သို့မဟုတ် ကြိုတင်ကြွေးမြီအာမခံထားသည့်ကုန်ပို့လွှာ
3. စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနကထုတ်ပေးထားသည့် သွင်းကုန်လိုင်စင်မူရင်း သို့မဟုတ် ကုမ္ပဏီ၏ letter head ဖြင့် လိုင်စင်ထုတ်ပေးရခြင်းမရှိသေးဘဲလုပ်ငန်းဆောင်ရွက်နေခြင်း ဖြစ်ကြောင်း ဖော်ပြထားသည့်စာ
4. ကုန်တင်ပို့ပြီးနောက် သင်္ဘောတင်အထောက်အထားလက်မှတ်မိတ္တူများ

ဝန်ဆောင်မှုအကြောင်းအရာ
ကုန်ပို့လွှာအတွက်ငွေကြေးထောက်ပံ့ခြင်း – အရောင်းဆိုသည်မှာ ဝယ်လက်က ရက်စေ့ရောက်သည့်နေ့တွင် ပေးချေမှုမလုပ်မီ ငွေပေးကတိစာချုပ် သက်တမ်း အရ ကုန်ပစ္စည်းရောင်းချမှု အား ရောင်းသူ/ကုန်တင်ပို့သူ က ၎င်းလက်ခံနိုင်သော စာရင်းတွင် လက်ခံရရှိနိုင်စေပြီး ၎င်းတို့အားဘဏ္ဍာရေးအရအထောက်အကူဖြစ်ရန် ရေတိုဝန်ဆောင်မှုပေးခြင်းဖြစ်သည်။
ဝန်ဆောင်မှုမှရရှိမည့်အကျိုးကျေးဇူးများ
- လုပ်ငန်းအတွင်းငွေဖြစ်လွယ်မှု တိုးတက်လာစေရန် ကုန်တင်ပို့ပြီးနောက် ကုန်ပို့သူအနေဖြင့် ကြိုတင်ငွေရရှိနိုင်ခြင်း
- ကုန်တင်ပို့ပြီးနောက် ငွေကြေးအထောက်အပံ့ကိုရယူနိုင်ခွင့်ရှိခြင်း
- အရောင်းအတွက် နိုင်ငံခြားငွေ နှင့်ပြည်တွင်းသုံးငွေနှစ်မျိုးလုံးကိုရယူနိုင်ခြင်း
လိုအပ်သောစာရွက်စာတမ်းများ
၁။ ကုန်ပို့လွှာအတွက်ငွေကြေးထောက်ပံ့ခြင်း – အရောင်း လျှောက်လွှာပုံစံ
၂။ ကုန်ပို့လွှာမိတ္တူ
၃။ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ကထုတ်ပေးထားသည့် ပို့ကုန်လိုင်စင်မူရင်း သို့မဟုတ် ကုမ္ပဏီ၏ letter head ဖြင့် လိုင်စင်ထုတ်ပေးရခြင်းမရှိသေးဘဲလုပ်ငန်းဆောင်ရွက်နေခြင်း ဖြစ်ကြောင်း ဖော်ပြထားသည့်စာ

ဝန်ဆောင်မှုအကြောင်းအရာ
ငွေစာရင်းဖြင့်ပေးချေရမည်ဖြစ်သောကုန်စည်စီးဆင်းမှု/သိုလှောင်မှု ဆိုင်ရာဘဏ္ဍာရေးဝန်ဆောင်မှုဆိုသည်မှာ ပစ္စည်းပေးသွင်းသူများ အတွက် လုံခြုံမှုရှိသောလက်ခံနိုင်သည့်ငွေစာရင်းများတွင် ငွေရေးကြေးရေးအရ အထောက်အကူဖြစ်စေရန်အတွက် လုပ်ငန်းကြီးများက ပစ္စည်းပေးသွင်းသူများအား အကူအညီပေးနိုင်ရန်ဖြစ်သည်။
Customer အနေဖြင့် ငွေစာရင်းဖြင့်ပေးချေရမည်ဖြစ်သောကုန်စည်စီးဆင်းမှု/သိုလှောင်မှု ဆိုင်ရာဝန်ဆောင်မှုကို လျှောက်ထားရပါမည်။
ဝန်ဆောင်မှုမှရရှိမည့်အကျိုးကျေးဇူးများ
- လုပ်ငန်းကြီးငွေချေးယူသူများအတွက် နောက်ထပ်ငွေကုန်ကြေးကျမရှိခြင်း
- ပစ္စည်းပေးသွင်းသူအပေါ်ချေးငွေအကဲဖြတ်ချက် ပြုလုပ်ခြင်းမရှိဘဲ ပစ္စည်းပေးသွင်းသူအား တိုက်ရိုက် ငွေကြေးထောက်ပံ့နိုင်ခြင်း
- ဝယ်သူနှင့်ရောင်းသူနှစ်ဖက်လုံးအတွက် ညီတူညီမျှအခွင့်အရေးကိုရရှိစေခြင်း
လိုအပ်သောစာရွက်စာတမ်းများ
၁။ ငွေစာရင်းဖြင့်ပေးချေရမည်ဖြစ်သောကုန်စည်စီးဆင်းမှု/သိုလှောင်မှု အတွက်လျှောက်လွှာပုံစံ
၂။ ဆက်စပ်သဘောတူညီချက်များအား ဝယ်သူနှင့်ရောင်းသူနှစ်ဦးလုံးကလက်မှတ်ရေးထိုးရပါမည်။

ကုန်စည်စီးဆင်းမှု/သိုလှောင်မှုဆိုင်ရာဘဏ္ဍာရေးအထောက်အကူပေးရေးဆိုင်ရာလိုအပ်ချက်များနှင့်ပတ်သက်ပြီး KBZ ဘဏ်၏ Trade Specialist များနှင့်ညှိနှိုင်းတိုင်ပင်နိုင်ပါသည်။