KBZ Personal Mobile Banking – General

KBZ Mobile Banking သည် KBZ customer များအနေဖြင့် အင်တာနက်မှတဆင့် ဘဏ်လုပ်ငန်း များအား အချိန်နေရာမရွေးပြုလုပ်နိုင်ရန် ဆောင်ရွက်ပေးထားသော online service တစ်ခုဖြစ် ပါသည်။ သင့်အနေဖြင့် ငွေလွှဲခြင်း၊ လက်ကျန်ငွေစစ်ခြင်း၊ ဘေလ်ပေးချေမှုပြုလုပ်ခြင်း နှင့် အခြားသော ဘဏ်လုပ်ငန်းများအား ဆောင်ရွက်နိုင်မည်ဖြစ်ပါ သည်။

အောက်ဖော်ပြပါအချက်အလက်များဖြင့် လျှောက်ထားနိုင်ပါသည် –
● NRC or Passport (မှတ်ပုံတင် သို့မဟုတ် ပတ်စ်ပို့)
● Phone Number (ဖုန်းနံပါတ်)
● E-mail (အီးမေးလ်)

မိမိကိုယ်တိုင် ဘဏ်ခွဲများသို့ သွားရောက်၍လည်းကောင်း၊ မိမိ၏ကမ္ဘောဇဘဏ်အကောင့်ဖြင့် KBZ Online Banking တွင် ကိုယ်တိုင် self-registration ပြုလုပ်၍လည်းကောင်း လျှောက်ထားနိုင်ပါသည်။

က​မ္ဘောဇဘဏ်အ​ကောင့်ဖွင့်ထားသည့် အသက်(၁၈)နှစ် ပြည့်ပြီးသည့် မည်သူမဆိုလျှောက်ထားနိုင်ပါသည်။

● မည်သည့် ကမ္ဘောဇဘဏ်အကောင့်ကိုမဆို ငွေလွှဲနိုင်ခြင်း၊ ဘဏ်အကောင့်မရှိသေးသူများအားလည်း ဖုန်းနံပါတ်သိရုံဖြင့် ငွေလွှဲနိုင်ခြင်း၊
● ဖုန်းဘေလ်ဖြည့်ခြင်း အပြင် data packများလည်း ၀ယ်ယူနိုင်ခြင်း၊
● မီတာဘေလ်ပေးဆောင်ခြင်း၊ အခွန်ပေးဆောင်ခြင်းအပါအ၀င် အခြားသော အရစ်ကျငွေပေးသွင်းမှုများအတွက်လည်း လျင်မြန်စွာ ငွေပေးချေနိုင်ခြင်း၊
● ဖျော်ဖြေရေးနှင့် ဂိမ်းများအတွက် GiftCard များ ၀ယ်ယူနိုင်ခြင်း၊
● Cardless Withdrawal ဖြင့် နီးစပ်ရာ ATMများတွင် ငွေထုတ်ယူနိုင်ခြင်း၊
● ဘဏ်လုပ်ငန်းဝန်​ဆောင်မှုများကို onlineရှိရုံဖြင့် အချိန်​နေရာမ​ရွေး ၂၄နာရီပတ်လုံး ရရှိနိုင်ခြင်း။
● ဘဏ်သို့ လူကိုယ်တိုင်သွား​ရောက်စရာ မလိုသည့်အတွက် အချိန်ကုန်၊ လူပင်ပန်းသက်သာခြင်း။
● မိမိ၏​ငွေ​ကြေးများကို လုံခြုံစိတ်ချစွာသိမ်းဆည်းထားနိုင်ခြင်း။

Mobile Banking application ရှိ menu ကို နှိပ်ပြီး “Limits & Fees” တွင် ဖော်ပြပေးထားပါသည်။

အသုံးပြုနိုင်ပါသည်။

မြန်မာငွေကြေး အပြင် USD ဖြင့်ပါ အသုံးပြုနိုင်ပါသည်။

အောက်ပါ account များအတွက် အသုံးပြုနိုင်ပါသည်။
● Savings account (ငွေစုစာရင်း)
● Current account (စာရင်းရှင်အပ်ငွေ)
● Term deposit account (စာရင်းသေအပ်ငွေ)
● Loan account (ချေးငွေစာရင်း)
● Call deposit account (ခေါ်ယူအပ်ငွေစာရင်း)
● KBZ MPU Card account (KBZ MPU ကတ်စာရင်း)
● USD account (အမေရိကန်ဒေါ်လာစာရင်း)

KBZ mBanking တွင် မိမိရဲ့ FaceID, Fingerprint တို့ဖြင့် ၀င်ရောက်နိုင်တဲ့ Biometric Login feature ပါ၀င်ပြီး mBanking အား အသုံးပြုပြီးချိန်တွင်လည်း အလိုအလျောက် log out ပြုလုပ်ပေးမည့် auto logout စနစ်ပါဝင်တဲ့အတွက်ကြောင့် မိမိအကောင့်ထဲမှငွေကြေးတွေကို လုံခြုံစိတ်ချစွာထိန်းသိမ်းထားနိုင်ပါတယ်။

Call centre ဖုန်းနံပါတ် 09951018555 (သို့မဟုတ်) KBZ Facebook messenger မှတဆင့် သော်လည်းကောင်း၊ အောက်ပါစာရွက်စာတမ်းများဖြင့် နီးစပ်ရာ ဘဏ်ခွဲသို့သွားရောက်၍ သော်လည်းကောင်း ပြန်လည်လျှောက်ထားနိုင်ပါသည်။

● မှတ်ပုံတင်ကတ်
● အီးမေးလ်လိပ်စာ
● ဖုန်းနံပါတ်

KBZ Mobile Banking app ၏ Login page ရှိ “Forgot Password?” အား နှိပ်ပြီး ကိုယ်တိုင် password reset ပြုလုပ်နိုင်ပါသည်။
(သို့)
Call centre ဖုန်းနံပါတ် 09951018555 (သို့မဟုတ်) KBZ Facebook messenger မှတဆင့် သော်လည်းကောင်း၊ အောက်ပါစာရွက်စာတမ်းများဖြင့် နီးစပ်ရာ ဘဏ်ခွဲသို့သွားရောက်၍ သော်လည်းကောင်း ပြန်လည်လျှောက်ထားနိုင်ပါသည်။

● မှတ်ပုံတင်ကတ်
● အီးမေးလ်လိပ်စာ
● ဖုန်းနံပါတ်

iBanking portal ဖြစ်သော https://ibanking.kbzbank.com/B001/login.jsp သို့ဝင်ရောက်ပြီး “Customer Services” အား နှိပ်၍ ပြောင်းလဲနိုင်ပါသည်။
(သို့)
Call centre ဖုန်းနံပါတ် 09951018555 (သို့မဟုတ်) KBZ Facebook messenger မှတဆင့် သော်လည်းကောင်း၊ အောက်ပါစာရွက်စာတမ်းများဖြင့် နီးစပ်ရာ ဘဏ်ခွဲသို့သွားရောက်၍သော်လည်းကောင်း ပြန်လည်လျှောက်ထားနိုင်ပါသည်။

● မှတ်ပုံတင်ကတ်
● အီးမေးလ်လိပ်စာ
● ဖုန်းနံပါတ်

သင့်အကောင့်အား လုံခြုံမှုရှိစေရန် User ID, Password နှင့် One Time Password (OTP) တို့အား (၅)ကြိမ်နှင့်အထက် မှားယွင်းရိုက်နှိပ်မိပါက Mobile Banking account မှာ lock ကျသွားမည်ဖြစ်သည်။

ထိုသို့ lock ကျသွားပါက call center ဖုန်းနံပါတ် 0995101855 (သို့) KBZ Facebook messenger သို့ ဆက်သွယ်၍ unlock ပြုလုပ်နိုင်ပါသည်။

KBZ mobile banking အား အသုံးပြုပြီးချိန်တွင် သင် log out ပြုလုပ်ရန်မေ့သွားခဲ့ပါက system မှ auto log out ဖြစ်သွားမည်ဖြစ်ပြီး သတ်မှတ်ထားသော အသုံးပြုချိန်ကျော်လွန်သွားပါကလည်း auto log out ဖြစ်သွားမည်ဖြစ်သည်။ Clear cache ပြုလုပ်ပြီး နောက်တစ်ကြိမ် login ဝင်ရောက် အသုံးပြုနိုင်ပါသည်။

မိမိ၏ပုဂ္ဂိုလ်ရေးအချက်အလက်များ၊ မိမိ၏ iBanking User ID၊ လျှို့ဝှက်နံပါတ် နှင့် OTP(One Time Password) တို့ကို မည်သူတစ်ဦးတစ်ယောက်ကိုမှ မဝေမျှသင့်ပါ။ KBZဘဏ်ဝန်ထမ်းများမှလည်း account password နှင့် OTP တို့အား မေးမြန်းခြင်း လုံးဝ(လုံးဝ)မပြုလုပ်ပါ။

ကမ္ဘောဇဘဏ်၏ call center ဖုန်းနံပါတ် 0995101855 (သို့) KBZ Facebook messenger (သို့) [email protected] များသို့ ၂၄ နာရီ ပိတ်ရက်မရှိ ဆက်သွယ်မေးမြန်းနိုင်ပါသည်။

online မှတဆင့် မပြောင်းလဲနိုင်ပါ။ နီးစပ်ရာ ဘဏ်ခွဲသို့ သွားရောက်ပြောင်းလဲနိုင်ပါသည်။

Online မှတဆင့် မပြောင်းလဲနိုင်ပါ။ နီးစပ်ရာ ဘဏ်ခွဲသို့ သွားရောက်ပြောင်းလဲနိုင်ပါသည်။

FAQs- mBanking

KBZ Bank ဘဏ်ခွဲများ၏ ၀န်ဆောင်ခ တွက်ချက်နည်း မှာ KBZ Bank Charges | Communication Charges | CBM Net Charges | Other Bank Charges တို့ဖြစ်ပါသည်။

KBZ Bank online banking ၏ ၀န်ဆောင်ခ တွက်ချက်နည်း မှာ KBZ Bank Charges | Communication Charges | CBM Net Charges | Other Bank Charges တို့ဖြစ်ပါသည်။

Other Bank Transfer ဆိုသည်မှာပြည်တွင်းငွေလွှဲ ၀န်ဆောင်မှုများမှဝန်ဆောင်မှု တစ်ခုဖြစ်ပြီး ဘဏ်တစ်ခုမှ အခြားဘက်သို့ လွှဲပြောင်းခြင်း ကိုဆိုလိုသည်။

Other Bank Transfer ၏ငွေလွှဲ၀န်ဆောင်မှု အမျိုးအစား ၄ မျိုး မှာ Cash to Cash | Cash to Account | Account to Cash | Account to Account တို့ဖြစ်ပါသည်။

Account to Account ဆိုသည်မှာ လွှဲသောသူမှ account (Current, Saving, Call, OD) ထဲမှလွှဲ ၍ ငွေလွှဲထုတ်မည့်သူ၏ account (Current, Saving, Call, OD) ထဲသို့ထည့်ခြင်းတို့ဖြစ်ပါသည်။

mBanking/iBankingမှ ငွေလွှဲရာတွင် ၉ သိန်း ၉ သောင်း အထိသာ ဗဟိုဘဏ်မှ လက်တလော သတ်မှတ် ပေးထားပါတယ်ဗျာ။ ကန့်သတ်ငွေလွှဲနှုန်းတိုးမြှင့်သတ်မှတ်ပေးပါကကြေညာပေးသွားပါမည်။ ဘဏ်ခွဲ (OTC) တွင်ကန့်သတ်ငွေလွှဲနှုန်း၏ပမာဏ မှာ unlimited ဖြစ်ပါသည်။

mBanking/iBanking တွင် ငွေလွှဲမှုပြုလုပ်ထားပါက ၁၀ မိနစ်အတွင်း သိနိုင်ပါသည်။ အောင်မြင်ခြင်း မအောင်မြင်ခြင်းကိုလည်း customer မှ SMS ရရှိမည်ဖြစ်ပါသည်။

Completed transactions ဖြစ်သော transaction များကို Reversal ပြန်ကန်လျှင် ဝန်ဆောင်ခပြန်လည်ပေးမည်မဟုတ်ပါ။

Transaction များ Auto Reversal ပြန်ကန်လျှင် ဝန်ဆောင်ခပြန်လည်ရရှိပါသည်။

Retail နှင့် Corporate customer များအားလုံး ဝယ်ယူအသုံးပြုနိုင်ပါတယ်။

အဆင်ပြေလွယ်ကူ အချိန်ကုန်သက်သာ၍ ချက်ခြင်းဝယ်ယူအသုံးပြုနိုင်ပြီး
ငွေသားကိုင်ဆောင်ရန် မလိုအပ်ခြင်းကြောင့် အသုံးပြုသင့်ပါတယ်။

ဝယ်ယူပေးနိုင်ပါတယ်။ မိမိဝယ်ယူပေးလိုသော ဖုန်းနံပါတ်ကို ထည့်သွင်းပြီး
တခြားဖုန်းများအတွက်ပါ လွယ်ကူစွာ ဝယ်ယူအသုံးပြုနိုင်ပါတယ်။

KBZ mBanking system မှအောင်မြင်ကြောင်း စာတိုလက်ခံရရှိပြီးတာနှင့် ချက်ခြင်း Top Up Bill အား အသုံးပြုသူမှ လက်ခံရရှိမည်ဖြစ်ပါတယ်။

လက်ခံရရှိပါမည်။ သက်ဆိုင်ရာ Telco (MPT, Telenor, Ooredoo , MyTel, MEC) မှ Mobile Top Up ဝယ်ယူမှု အောင်မြင်ကြောင်း စာတိုကို အသုံးပြုနိုင်မည့် သက်တမ်းကုန်ဆုံး ရက်နှင့်အတူ Top Up ဖြည့်လိုက်သော ဖုန်းနံပါတ်အား ပေးပို့မှာဖြစ်ပါတယ်။

မိမိလက်ခံရရှိသော သတင်းအချက်အလက်များနှင့်အတူ KBZ Call Center +959 9510 18555 (၂၄နာရီ၀န်ဆောင်မှု) ကို ဆက်သွယ်မေးမြန်းနိုင်ပါတယ်။

MPT, Telenor, Ooredoo, MyTel, MEC Telecom အားလုံးအတွက်ရရှိနိုင်ပါတယ်။

Telco များမှ သတ်မှတ်ရောင်းချသော duration များအတိုင်း 1000Ks, 3000Ks, 5000Ks, 10000Ks, တို့အား လွယ်ကူလျင်မြန်စွာ ဝယ်ယူနိုင်ပြီး ကြိုက်နှစ်သက်ရာ Amount ကိုလည်း “ Other” အားရွေးချယ်၍ ဖြည့်စွက်ဝယ်ယူရရှိနိုင်ပါတယ်။

အနည်းဆုံး 500Ks မှစ၍ ဝယ်ယူရရှိနိုင်ပါတယ်။

အကြိမ်အရေအတွက်ကန့်သတ်ထားခြင်း မရှိပါ။ သို့သော် Transaction တစ်ကြောင်းအတွက် အများဆုံး 30,000Ks ထိဝယ်ယူနိုင်ပြီး တစ်ရက်လျှင် အများဆုံး 50,000Ks အထိသာ ဝယ်ယူရရှိနိုင်ပါတယ်။

ဖုန်းနံပါတ်များလျင်မြန်စွာရွှေးချယ်ပြီး ဖုန်းဘေလ်ဖြည့်နိုင်ရန် ကြိုက်နှစ်သက်ရာဖုန်းနံပါတ်(၅)ခုအား သိမ်းထားနိုင်ပြီး ပြန်လည်ဖျက်၍လည်း ရနိုင်ပါတယ်။

Retail နှင့် Corporate customer များအားလုံး ဝယ်ယူအသုံးပြုနိုင်ပါတယ်။

အဆင်ပြေလွယ်ကူ အချိန်ကုန်သက်သာပြီး ချက်ခြင်းဝယ်ယူအသုံးပြုနိုင်ခြင်းကြောင့် အသုံးပြုသင့်ပါတယ်။

ဝယ်ယူပေးနိုင်ပါတယ်။ မိမိဝယ်ယူပေးလိုသော ဖုန်းနံပါတ်ကို ထည့်သွင်းပြီး တခြားဖုန်းများအတွက်ပါ လွယ်ကူစွာ ဝယ်ယူအသုံးပြုနိုင်ပါတယ်။

KBZ mBanking system မှအောင်မြင်ကြောင်း စာတိုလက်ခံရရှိပြီးတာနဲ့ချက်ခြင်း Data pack အား အသုံးပြုသူမှ လက်ခံရရှိမည်ဖြစ်ပါတယ်။

လက်ခံရရှိပါမည်။ သက်ဆိုင်ရာ Telco (MPT, Telenor, Ooredoo, MyTel) မှ Data Pack ဝယ်ယူမှု အောင်မြင်ကြောင်း စာတိုကို အသုံးပြုနိုင်မည့် သက်တမ်းကုန်ဆုံး ရက်နှင့်အတူ ပေးပို့မှာ ဖြစ်ပါတယ်။

မိမိလက်ခံရရှိသော သတင်းအချက်အလက်များနှင့်အတူ KBZ Call Center +959 9510 18555 ကို ဆက်သွယ် မေးမြန်းနိုင်ပါတယ်။

MPT, Telenor, Ooredoo, MyTel Telecom အားလုံးအတွက်ရရှိနိုင်ပါတယ်။

ရရှိနိုင်သော Data Pack ကို ကျန် Telco များအားလုံးကဲ့သို့ တန်းစီထားမှာဖြစ်ပါတယ်။

Telco များမှ သတ်မှတ်ရောင်းချသော စျေးနှုန်းများနှင့် အတူတူပင်ဖြစ်ပါသည်။ သို့သော်လည်း Data Pack အား အချိန်ကုန်သက်သာ လွယ်ကူ လျင်မြန်စွာ ဝယ်ယူနိုင်မှာ ဖြစ်ပါတယ်။

Bill Payment ဆိုသည်မှာ အသုံးပြုသူများအနေဖြင့် ၏ ငွေပေးချေစနစ်ကို အသုံးပြုပြီး ဘီလ် များကိုပေးဆောင်နိုင်သော အွန်လိုင်းဝန်ဆောင်မှုတစ်ခုဖြစ်ပါသည်။

ယခုအချိန်တွင် Electricity Bill Payment EPC (YESC- Yangon, MESC- Mandalay, ESE-Naypyitaw), 5BB Broadband, Telenor Post Paid, YCDC and SkyNet bill payment များကို KBZ mBanking မှတဆင့် စတင် ငွေပေးချေနိုင်ပါတယ်။

KBZ mBanking Partner မှတဆင့် Bill Payments များကို ပေးဆောင်ခြင်းဖြင့် မီတာရုံးများသို့ သွားရောက်တန်းစီစောင့်စရာမလိုဘဲ အိမ်၊ ရုံး တို့တွင် ပေးဆောင်နိုင်မည်ဖြစ်ပါသည်။

Bill Payment ပေးဆောင်ပြီးသွားသောအခါ ဖုန်းအတွင်းရှိ sms တွင် ပြန်လည်ကြည့်နိုင်ပါသည်။ Ref No လည်း ထို sms တွင် ပါရှိသွားမည်ဖြစ်ပါသည်။ ထို့အပြင် မိမိအကောင့်အတွင်းရှိ account activity အတွင်းတွင်လည်း ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။

ရန်ကုန်တိုင်း ၅၂၊ မန္တလေး ၆၊ နေပြည်တော်တွင်း ၅ မြို့နယ်တွင် စတင်ပြီး လျှပ်စစ်ဓာတ်အားခများကို KBZ mBanking မှတဆင့် ပေးဆောင်နိုင်မည်ဖြစ်ပါသည်။

KBZ mBanking မှတဆင့် လျှပ်စစ်ဓာတ်အားခများ ပေးဆောင်ရမည့်ကာလများမှာ လစဥ် ၁၃ရက် မှ ၂၄ရက် အတွင်းဖြစ်ပါသည်။

EPC မှ Electricity Bill ဆောင်ရန် နောက်ဆုံးသတ်မှတ်ထားသော ရက်များမှာလစဉ် ၁၇၊ ၁၉၊ ၂၁၊ ၂၃၊ ၂၅ အသီးသီးဖြစ်ကြပါသည်။

EPC Last DateKBZ Bank bill payment closed date
17th Monthly16th, 23:59:59 PM monthly
1918th, 23:59:59 PM
2120th, 23:59:59 PM
2322th, 23:59:59 PM
2524th, 23:59:59 PM
EPC-Naypyitaw, MESC : မီတာဘေလ်နောက်ဆုံးရက် မှာ ဘဏ်ပိတ်ရက်ဖြစ်ပါက ဘဏ်ပိတ်ရက်မတိုင်ခင်နှစ်ရက် ကြိုဆောင်ရန်။

● Bill Subscription Numbers မှာ ဂဏန်း YESC (9,10,13 digit), EPC Naypyitaw (20 digit) လုံးဖြစ်ရန်လိုအပ်ပါသည်။
● ဘေလ်ပေးဆောင်သူ၏ဘေလ်တွင် အရင်လမှ ကြွေးကျန်များရှိနေခြင်း
● ဘေလ်ပေးဆောင်သူမှ ဘေလ်နောက်ဆုံးရက် (သို့) ပေးဆောင်ရန်သတ်မှတ်ထားသည့်ရက်ထက် ကျော်လွန်ခြင်း

မီတာဘေလ်ပမာဏအား KBZ mBanking နှင့်ပေးဆောင်ရာတွင် တစ်ကြောင်းလျှင် အများဆုံး ကျပ်သိန်းငါးဆယ် အထိသာ ပေးဆောင်နိုင်ပါသည်။

KBZ mBanking မှ မီတာဘေလ်များ ပေးဆောင်ရာတွင် ဝန်ဆောင်မှုနှုန်းထားမှာ နေပြည်တော် (၁၀၀ ကျပ်)၊ ရန်ကုန် (၁၀၀ ကျပ်)၊ မန္တလေး (၁၀၀ ကျပ်) လျှပ်စစ်ဓာတ်အားခ ပေးဆောင်မှု ဝန်ဆောင်ခကျသင့်ငွေဖြစ်ပါသည်။

မရရှိနိုင်ပါ။

QuickPay ၀န်ဆောင်မှုဆိုသည်မှာ လူကြီးမင်းတို့ပေးဆောင်ရန်လိုအပ်သော ချေးငွေများ၊ ကျောင်းလခများ၊ အာမခံလစဉ်ကြေးများ နှင့် အင်တာနက်ဘေလ်များ အစရှိသော ငွေပေးချေမှုများ အတွက် ငွေပမာဏကို ကမ္ဘောဇဘဏ်နှင့်ချိတ်ဆက်ထားသော ငွေတောင်းခံသည့်ကုမ္ပဏီများသို့ လုံခြုံစွာဖြင့် တိုက်ရိုက်ပေးဆောင်နိုင်ရန် အသုံးပြုရသောဝန်ဆောင်မှုဖြစ်သည်။

● သင်နှင့်အနီးဆုံးတွင်ရှိသောကမ္ဘောဇဘဏ် ခွဲ သို့ QuickPay ဝန်ဆောင်မှု အား အသုံးပြု၍ငွေလွှဲရန်အတွက် လိုအပ်သောအချက်အလက်များကို ဖောင်၌ဖြည့်ပါ။
● သင်၏ဖုန်း သို့ ကွန်ပျူတာမှတဆင့် iBanking / mBanking application တွင် QuickPay tabကိုအသုံးပြုကာ ပေးဆောင်ရမည့်ကုမ္ပဏီကိုရှာဖွေပြီး လိုအပ်သောအချက်အလက်များကိုဖြည့်၍ ကုမ္ပဏီသို့ငွေလွှဲနိုင်သည်။

ဘဏ်ဖွင့်ချိန်အတွင်း (နံနက်ခင်း ၉း၃၀ မှ နေ့လည် ၂း၃၀ နာရီအထိ) ဘဏ်ခွဲများ၌ အသုံးပြုနိုင်ပြီး၊ Internet connection ဖြင့် iBanking /mBanking application မှတဆင့် ၂၄ နာရီ/၇ရက်ပတ်လုံး QuickPay ကိုအသုံးပြုနိုင်သည်။

အကယ်၍ သင်၏ငွေလွှဲခြင်းအောင်မြင်ပါက ၎င်းငွေကို ကုမ္ပဏီမှ အချိန်နှင့်တပြေးညီလက်ခံရရှိပါ လိမ့်မည်။

KBZ Bank ၏ Call Center ဖုန်းနံပါတ် (09- 09951018555) ကိုအကြောင်းကြားရန်လိုအပ်ပြီး ၎င်းတို့က သင့်အား မည်သို့ လုပ်ဆောင်ရမည်ကို ကူညီပေးပါလိမ့်မည်။ ငွေပြန်အမ်းခြင်းနှင့်ပတ်သတ်သော အချိန် ကာလသည် ငွေအားမှား၍ လက်ခံရရှိထားသော ကုမ္ပဏီပေါ်မူတည်သည်။

ကုမ္ပဏီအမည်ကို သူတို့၏အမှတ်တံဆိပ်ဖြင့် လွယ်ကူစွာရှာဖွေနိုင်ရန်အတွက် search box ထဲတွင်စာရိုက်ထည့်ခြင်းဖြင့် ရှာဖွေနိုင်သည်။

KBZ Online banking တွင် ကိုယ်တိုင်ယာယီပိတ်ထားလို့ရပါသည်။

မရနိုင်ပါ။ နီးစပ်ရာဘဏ်နှင့်ဆက်သွယ်၍ ပြန်လည်ဖွင့်လှစ်နိုင်ပါသည်။

ပြုလုပ်ခွင့်မရှိပါ

ပြည်တွင်း ATM တွင် ငွေသားထုတ်ယူခွင့် မရှိပါ။ Oversea ATM ၌ Maximum $ 500 ထုတ်ယူ ခွင့်ရှိပါသည်။

Only $ 5

မရနိုင်ပါ။

mBanking/iBanking ၌ Register လုပ်ထားသော Card များသာ Top Up သွင်းနိုင်ပါသည်။

အနည်းဆုံး $ 20 (သို့မဟုတ်) $ 20 နှင့်ညီမျှသော MMK

အများဆုံး $ 5,000 (သို့မဟုတ်) $ 5,000 နှင့်ညီမျှသော MMK

ယခုလက်ရှိတွင် USD အပြင်အခြား Currency အမျိုးအစားများ အသုံးပြု၍မရနိုင်သေးပါ။

https://paymentcards.kbzbank.com တွင် Customer ကိုယ်တိုင် Register ပြုလုပ်၍ ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။

Visa and UPI အကြွေးဝယ်ကတ်ရှိ Platinum နှင့် Classic ကတ်ကိုင်ဆောင်သူများမှငွေပေးချေမှု ပြုလုပ်နိုင်ပါသည်။

ပထမဆုံးအနေဖြင့်မိမိကတ်အား Register လုပ်ထားရပါမည်။
Menu > Cards > Card Registrations

(1) ကတ်နံပါတ်
(2) ငွေကြေးအမျိုးအစား (MMK)
(3) Nick Name
(4) ID Type
(5) မှတ်ပုံတင်နံပါတ် /ပတ်စပို့စ်နံပါတ်

မရနိုင်ပါ။မိမိကတ်ကိုသာ Registration လုပ်၍ရပါသည်။

ငွေပေးချေမှုပမာဏအားအောက်ပါအတိုင်းပြုလုပ်၍ရပါသည်

  1. Full Payment(စုစုပေါင်းပေးသွင်းရန်ကျန်ရှိသည့်ငွေ)
  2. Partial (Minimum) Payment (အနည်းဆုံးပေးသွင်းရမည့်ငွေ)
  3. အခြားငွေပမာဏ

● ငွေပေးချေမှုပြုလုပ်ရာတွင်-အပြည့်အဝပေးချေမည်ဟုလျှောက်ထားသူအနေဖြင့် Full Payment ဟုရွေးချယ်ရပါမည်။
● Partial ပေးချေမည်ဟုလျှောက်ထားသူအနေဖြင့် Full Payment (သို့မဟုတ်) Minimum Payment ကိုရွေးချယ်ရန်လိုအပ်ပါသည်။

● Visa-ငွေပေးချေမှုပြီးလျှင်ပြီးချင်းသင့်ကတ်ထဲသို့ငွေဖြည့်သွင်းပေးပါသည်။
● UPI-ငွေပေးချေမှုပြုလုပ်ပြီးနောက်၂မိနစ်မှ၅မိနစ်အတွင်းသင့်၏ကတ်ထဲသို့ငွေဖြည့်သွင်းပေးပါသည်။

ကတ် ကိုင်​ဆောင်သူများ အ​နေဖြင့် မိမိ၏ Card Accountထဲသို့ ​​ငွေ​ပေး​ချေမှု​ အောင်မြင်ပြီး​​မြောက်ပါက SMS ​ ရောက်ရှိမည် ဖြစ်ပါသည်။ နမူနာ SMSအား​အောက်တွင်​ဖော်ပြထားပါသည်။
“ KBZ-Card No:***1234, online repayment transaction successful, Amount:100,000MMK.
Date:02/06/2020.Time04:00.”

VISA-တချိန်ထဲမှာ တွင် Auto reversal ပြန်လည်လုပ်​ပေးပါမည်
UPI-သင်၏ကတ်စာရင်းသို့ငွေပြန်လည်ထည့်သွင်းနိုင်ရန်အတွက် အချိန် ၁ရက် ​စောင့်ရပါမည်။ နောက်ဆုံးရက် တွင် ကတ် Operation အဖွဲ့မှ Reconciliation နှင့် reverse ပြုလုပ်မည် ဖြစ်ပါသည်)

သို့သော်ငွေ​ပေး​ချေမှု ကို ​ပေး​ချေမည့် ရက်မတိုင်မီ မပြု လုပ်နိုင်ပါ။
ဆိုလိုသည်မှာ –
VISA – လတစ်လ၏ ၂၉ ရက်​နေ့နှင့် ၃၀ရက်​နေ့
UPI (Classic)- လတစ်လ၏ ၄ရက်​နေ့ နှင့် ၅ရက်​နေ့
UPI (Platinum) – လတစ်လ၏ ၉ရက်​နေ့ နှင့် ၁၀ ရက်​နေ့

၁. ကတ်အမျိုးအစား
၂. ကတ်နံပါတ်
၃. ကတ်ပိုင်ရှင်အမည်
၄. ကတ်သက်တမ်းကုန်ဆုံးမည့်ရက်
၅. အနည်းဆုံး ပေးသွင်းရမည့်ငွေ
၆. လက်ရှိ ရက်စွဲရှိ စုစုပေါင်း ပေးသွင်းရမည့်ငွေပမာဏ
၇. သုံးစွဲနိုင်သည် ချေးငွေပမာဏ

KBZ Business Internet Banking – General

KBZ Business Internet Banking ဆိုသည်မှာ အသေးစားနှင့် အလတ်စားလုပ်ငန်းများသာမက နိုင်ငံတကာကုမ္ပဏီကြီးများအထိပါ အသုံးပြုနိုင်သော Online Banking ဝန်ဆောင်မှုတစ်ခု ဖြစ်ပါတယ်။ မိမိ laptop (သို့) phone ကတဆင့် ငွေကြေးဆိုင်ရာလုပ်ဆောင်ချက်များကို အချိန်နှင့် တပြေးညီ သိရှိနိုင်ပြီး ၂၄ နာရီအချိန်မရွေး ငွေကြေးများကို ပိုမိုအဆင်ပြေလွယ်ကူစွာ စီမံခန့်ခွဲနိုင်မယ့် ဝန်ဆောင်မှု တစ်ခုပဲ ဖြစ်ပါသည်။

KBZ Mobile Banking app မှတဆင့် မည်သည့် Android နှင့် iOS တို့တွင်မဆို အသုံးပြုနိုင်ပါသည်။ သို့သော် လုပ်ငန်းကိစ္စများအတွက် အသုံးပြုလိုပါက PC (သို့) laptop ဖြင့် အသုံးပြုပါက ပိုမိုအဆင်ပြေနိုင်ပါသည်။

  • Business iBanking လျှောက်လွှာ
  • Maker, checker များ၏ မှတ်ပုံတင်မိတ္တူ
  • လုပ်ငန်းလိုင်စင်
  • BOD
  • Form-6, Form-26
  • Maker, checker များ၏ အီးမေးလ် နှင့် ဖုန်းနံပါတ်
  • RSA ဝယ်ယူရန်အတွက် QuickPay ဖြင့် ပေးသွင်းထားသော Pay slip

Maker ဆိုသည်မှာ Business iBanking ဖြင့် ငွေကြေးကိစ္စများကို လွှဲပြောင်းပေးရသူဖြစ်ပြီး Checker ဆိုသည်မှာ maker ပြုလုပ်ထားသော  ငွေကြေးလွှဲပြောင်းမှုများအား ကြည့်ရှုစစ်ဆေးပြီး အတည်ပြုပေးရသူဖြစ်ပါသည်။

  • RSA software token – Online banking transaction များ ပြုလုပ်ရာတွင် လိုအပ်သော လုံခြုံရေးကုတ်နံပါတ်များကို ထုတ်ပေးနိုင်သည့် RSA software token ကို သင့်mobile အတွင်း ထည့်သွင်းအသုံးပြုနိုင်ခြင်း။
  • RSA hardware token – RSA hardware token device ကို ရွေးချယ်ပြီး ကုမ္ပဏီရဲ့ငွေကြေးဆိုင်ရာ အရေးကြီးအချက်အလက်များကို မိမိလက်ဝယ်ကိုင်ထားရသလို လုံခြုံစိတ်ချစွာခံစားရစေနိုင်ခြင်း။ 

နီးစပ်ရာ ဘဏ်ခွဲများသို့ သွားရောက်လျှောက်ထားနိုင်ပါသည်။

KBZ Business bank account ရှိသော မည်သူမဆို လျှောက်ထားနိုင်ပါသည်။

  • QuickPay မှတဆင့် ၂၄နာရီ ၇ရက်ပတ်လုံး ငွေပေးချေမှုများ ပြုလုပ်နိုင်ခြင်း။
  • အကန့်အသတ်မရှိ ငွေလွှဲနိုင်ခြင်း။
  •  Call center သို့ အချိန်မရွေး ဆက်သွယ်နိုင်ခြင်း။
  • Account activity မှတဆင့် ငွေပေးချေမှုမှတ်တမ်းများအား ကြည့်ရှုနိုင်ခြင်း။
  • ကုမ္ပဏီ၏ logoဖြင့် နာမည်များအား အလွယ်တကူရှာဖွေနိုင်ခြင်း။
  • ကုမ္ပဏီ၏နာမည်အား search box တွင် ရိုက်၍ ရှာဖွေနိုင်ခြင်း။

KBZ Business iBanking အား computers, Android နှင့် မည်သည့် iOS device များတွင်မဆို အသုံးပြုနိုင်ပါသည်။

Mozilla Firefox, Google Chrome, Internet Explorer နှင့် Safari စသော browser များတွင် အသုံးပြုနိုင်ပါသည်။

လိုအပ်သော အချက်အလက်များအား ပြည့်စုံစွာဖြည့်စွက်ပြီးနောက် ဘဏ်ခွဲမှ အတည်ပြုပြီးပါက KBZ Business Operations Team မှ လုပ်ငန်းဆောင်ရွက်ချိန်(၇)ရက်အတွင်း email မှတဆင့် ဆက်သွယ်မည်ဖြစ်ပါသည်။

  • Account Balance အား စစ်ဆေးနိုင်ခြင်း၊ bank statement ထုတ်ယူနိုင်ခြင်း။
  • ကိုယ်ပိုင်ဘဏ်အကောင့်အချင်းချင်းသော်လည်းကောင်း၊ အခြားကမ္ဘောဇဘဏ်အကောင့်များ သို့လည်းကောင်း၊  အခြားဘဏ်အကောင့်များစွာသို့လည်းကောင်း၊ မိတ်ဖက်ဘဏ်များသို့လည်းကောင်း ငွေလွှဲနိုင်ခြင်း။
  • ဖုန်းဘေလ်များ ဖြည့်သွင်းနိုင်ခြင်း။
  • အခွန်အခများ ပေးဆောင်နိုင်ခြင်း၊ ဘေလ်ပေးဆောင်ခြင်း
  • တပြိုင်နက် ငွေလွှဲမှုများ ပြုလုပ်နိုင်ခြင်း (လစာငွေပေးချေခြင်း၊ supplier ကုမ္ပဏီများသို့ တပြိုင်နက် ငွေပေးသွင်းနိုင်ခြင်း)
  • နီးစပ်ရာ ဘဏ်ခွဲ (သို့မဟုတ်)  [email protected] မှတဆင့် Operations Team သို့ ဆက်သွယ်နိုင်ပါသည်။
  • Maker နှင့် checker များ၏ အသစ်၊ အဟောင်းဖုန်းနံပါတ်များ နှင့် အီးမေးလ်များအား ဖြည့်စွက်ထားသော လျှောက်လွှာဖြင့် ပေးပို့လျှောက်ထားနိုင်ပါသည်။  

https://ibanking.kbzbank.com/B001/login.jsp သို့ဝင်ရောက်ပါ။

  • Side Menu ရှိ Preferences အား နှိပ်၍ user ID/name အား ပြောင်းလဲနိုင်ပါသည်။
  • Side Menu ရှိ Change Password တွင် password အား ပြောင်းလဲနိုင်ပါသည်။

အောက်ပါစာရွက်စာတမ်းများအား ယူဆောင်၍ နီးစပ်ရာဘဏ်ခွဲ (သို့မဟုတ်) Business iBanking Operations Team သို့ ဆက်သွယ်ဆောင်ရွက်နိုင်ပါသည်။

[email protected] :

  • မှတ်ပုံတင်မူရင်း
  • BOD အဖွဲ့ဝင်များမှ လက်မှတ်ရေးထိုးထားသော ကုမ္ပဏီအပေါ်စာ
  • Modification /Forget Password နေရာတွင် အမှန်ခြစ်ထားသော လျှောက်လွှာအသစ်
  • ဖုန်းနံပါတ် နှင့် အီးမေးလ် အသစ်၊ အဟောင်း
  • Password reset ပြုလုပ်လိုသော Account ၏ Username

Internet banking portal ၏ ဘေးဘက် menu ရှိ Limits & Fees တွင် ကြည့်ရှုနိုင်ပါသည်။

ကမ္ဘောဇဘဏ်၏ call center ဖုန်းနံပါတ် 0995101855 (သို့) KBZ Facebook messenger (သို့)  [email protected] များသို့ ၂၄ နာရီ ပိတ်ရက်မရှိ ဆက်သွယ်မေးမြန်းနိုင်ပါသည်။

FAQs- iBanking

KBZ Bank ဘဏ်ခွဲများ၏ ၀န်ဆောင်ခ တွက်ချက်နည်း မှာ KBZ Bank Charges | Communicarion Charges | CBM Net Charges | Other Bank Charges တို့ဖြစ်ပါသည်။

KBZ Bank online banking ၏ ၀န်ဆောင်ခ တွက်ချက်နည်း မှာ KBZ Bank Charges | Communicarion Charges | CBM Net Charges | Other Bank Charges တို့ဖြစ်ပါသည်။

Other bank transfer ဆိုသည်မှာပြည်တွင်းငွေလွှဲ ၀န်ဆောင်မှုများမှဝန်ဆောင်မှု တစ်ခုဖြစ်ပြီး ဘဏ်တစ်ခုမှ အခြားဘက်သို့ လွှဲပြောင်းခြင်း ကိုဆိုလိုသည်။

Other Banking Transfer ၏ငွေလွှဲ၀န်ဆောင်မှု အမျိုးအစား ၄ မျိုး မှာ Cash to Cash | Cash to Account | Account to Cash | Account to Account တို့ဖြစ်ပါသည်။

Account to Account ဆိုသည်မှာ လွှဲသောသူမှ account (Current, Saving, Call, OD) ထဲမှလွှဲ ၍ ငွေလွှဲထုတ်မည့်သူ၏ account (Current, Saving, Call, OD) ထဲသို့ထည့်ခြင်းတို့ဖြစ်ပါသည်။

m/iBankingမှ ငွေလွှဲရာတွင် ၉ သိန်း ၉ သောင်း အထိသာ ဗဟိုဘဏ်မှ လက်တလော သတ်မှတ် ပေးထားပါတယ်ဗျာ။ ကန့်သတ်ငွေလွှဲနှုန်းတိုးမြှင့်သတ်မှတ်ပေးပါကကြေညာပေးသွားပါမည်။ ဘဏ်ခွဲ (OTC) တွင်ကန့်သတ်ငွေလွှဲနှုန်း၏ပမာဏ မှာ unlimited ဖြစ်ပါသည်။

m/iBanking တွင် ငွေလွှဲမှုပြုလုပ်ထားပါက ၁၀ မိနစ်အတွင်း သိနိုင်ပါသည်။ အောင်မြင်ခြင်း မအောင်မြင်ခြင်းကိုလည်း customer မှ SMS ရရှိမည်ဖြစ်ပါသည်။

Completed transactions ဖြစ်သော transaction များကို Reversal ပြန်ကန်လျှင် ဝန်ဆောင်ခပြန်လည်ပေးမည်မဟုတ်ပါ။

Transaction များ Auto Reversal ပြန်ကန်လျှင် ဝန်ဆောင်ခပြန်လည်ရရှိပါသည်။

QuickPay ၀န်ဆောင်မှုဆိုသည်မှာ လုံခြုံစွာဖြင့် လူကြီးမင်းတို့ပေးဆောင်ရန်လိုအပ်သော ချေးငွေများ၊ ကျောင်းလခများ၊ အာမခံလစဉ်ကြေးများ နှင့် အင်တာနက်ကြေးများ အစရှိသော သင်၏ငွေပေးချေမှု အတွက် ငွေပမာဏကို ကမ္ဘောဇဘဏ်နှင့်ချိတ်ဆက်ထားသော ငွေတောင်းခံသည့်ကုမ္ပဏီများသို့ တိုက်ရိုက်ပေးဆောင်ရန် အတွက် အသုံးပြုရသောဝန်ဆောင်မှုဖြစ်သည်။

သင်နှင့်အနီးဆုံးတွင်ရှိသောကမ္ဘောဇဘဏ် ခွဲ သို့ QuickPay ဝန်ဆောင်မှု အား အသုံးပြု၍ငွေလွှဲရန်အတွက် လိုအပ်သောအချက်အလက်များကို ဖောင်၌ဖြည့်ပါ။

*သင်၏ဖုန်း သို့ ကွန်ပျူတာမှတဆင့် iBanking / mBanking application တွင် QuickPay tab ကိုအသုံးပြုကာ ပေးဆောင်ရမည့်ကုမ္ပဏီကိုရှာဖွေပြီး လိုအပ်သောအချက်အလက်များကိုဖြည့်၍ ကုမ္ပဏီသို့ငွေလွှဲနိုင်သည်။

ဘဏ်ဖွင့်ချိန်အတွင်း (နံနက်ခင်း ၉း၃၀ မှ နေ့လည် ၃း၀၀ နာရီအထိ) ဘဏ်ခွဲများ၌အသုံးပြုနိုင်ပြီး၊ Internet connection ဖြင့် iBanking / mBanking application မှတဆင့် ၂၄ နာရီ/၇ရက်ပတ်လုံး QuickPay ကိုသင်အသုံးပြုနိုင်သည်။

အကယ်၍ သင်၏ငွေလွှဲခြင်းအောင်မြင်ပါက ၎င်းငွေသည် ကုမ္ပဏီမှ အချိန်နှင့်တပြေးညီလက်ခံရရှိပါ လိမ့်မည်။

KBZ Bank ၏ Call Center ဖုန်းနံပါတ် (09- 09951018555) ကိုအကြောင်းကြားရန်လိုအပ်ပြီး ၎င်းတို့က သင့်အား မည်သို့ လုပ်ဆောင်ရမည်ကို ကူညီပေးပါလိမ့်မည်။ ငွေပြန်အမ်းခြင်းနှင့်ပတ်သတ်သော အချိန် ကာလသည် ငွေအားမှား၍ လက်ခံရရှိထားသော ကုမ္ပဏီပေါ်မူတည်သည်။

ကုမ္ပဏီအမည်ကိုသူတို့၏အမှတ်တံဆိပ်ဖြင့်လွယ်ကူစွာရှာဖွေခြင်းကိုရှာဖွေရေးအကွက်ထဲတွင်စာရိုက်ခြင်းဖြင့်လုပ်နိုင်သည်။

KBZ iBanking Tax Payment ဆိုသည်မှာ ပြည်တွင်း အခွန်ဦးစီးဌာန မှကောက်ခံသော အခွန်များအား KBZ iBanking Tax Payment မှတစ်ဆင့် အခွန်များအား လွယ်ကူအဆင်ပြေစွာပေးဆောင်ခြင်းဖြစ်ပါသည်။

မှတ်ပုံတင်ရန်မလိုအပ်ပါ။ Tax Payment များကို KBZ Bank Online Banking အသုံးပြုသူများ (Retail & Corporate) မှ ပေးဆောင်နိုင်မည်ဖြစ်ပါသည်။ အခွန်ပေးဆောင်သူမှာ TIN number (DICA – Directorate of Investment and Company Administration and IRD – Internal Revenue Department သတ်မှတ်ပေးထားသော).
*TIN Number ဆိုသည်မှာ “Tax Payer Identification Number” ကို ဆိုလိုခြင်းဖြစ်ပါသည်။

ပေးဆောင်ပြီးသော အခွန်များအား ပြန်လည်မရရှိနိုင်ပါ။ အခွန်ပေးဆောင်သူမှ အခွန်ပေးဆောင်ရမည့် အချက်အလက်များအား မှားယွင်းစွာပေးဆောင်မိပါက အခွန်ပေးဆောင်သူကိုယ်တိုင်ပင် ပြည်တွင်း အခွန်ဦးစီးဌာန IRDသို့ ၂၄ နာရီအတွင်းတိုက်ရိုက်ဆက်သွယ်ဖြေရှင်းနိုင်ပါသည်။

  • အခွန်ရုံးများနှင့် သတင်းအချက်အလက်နှင့် နည်းပညာဌာနခွဲ (e-Payment Section၊ ရန်ကုန်)

အမှတ် (၅၆၉/၅၇၇)၊ ကုန်သည်လမ်းနှင့် မဟာဗန်ဓုလလမ်းထောင့်၊ ကျောက်တံတားမြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီး
ဖုန်းနံပါတ် ၀၁-၈၃၇၉၀၂၁

  • အခွန်ထမ်းကြီးများဆိုင်ရာ အခွန်ရုံး

အမှတ်(၉၆၇/၅၇၇)၊ ကုန်သည်လမ်းနှင့် မဟာဗန်ဓုလ ပန်းခြံလမ်းထောင့်၊ ကျောက်တံတားမြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီး
ဖုန်းနံပါတ် ၀၁-၃၈၄၈၁၂၊ ၀၁-၃၈၄၇၉၇၊ ၀၁-၃၇၉၀၂၀

  • အလယ်အလတ် အခွန်ထမ်းများဆိုင်ရာ အခွန်ရုံး (၁)

အမှတ် (၅၉/၆၁)၊ ပန်းဆိုးတန်းလမ်း၊ ကျောက်တံတားမြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီး၊
ဖုန်းနံပါတ် ၀၁-၂၉၂၄၂၇၊ ၀၁-၃၇၁၇၇၄၊ ၀၁-၃၇၈၃၅၇၊ ၀၁-၂၅၂၅၄၂

KBZ iBanking Payment အောက်ပါအခွန်များကို ပေးဆောင်နိုင်မည်ဖြစ်ပါသည်။

  • Income Tax – ဝင်ငွေခွန်
  • Commercial Tax – ကုန်သွယ်လုပ်ငန်းခွန်
  • Specific Goods Tax – အထူးကုန်စည်ခွန်
  • Capital Gains – အခြေပစ္စ္စည်းမှမြတ်စွန်းငွေ
  • Gemstone Tax – ရတနာခွန်
  • PAYE (Pay as you earn) (Monthly)

KBZ iBanking မှတစ်ဆင့် Tax Payment ပေးဆောင်ရာတွင် ပြည်တွင်းအခွန်ဦးစီးဌာနသို့သွားစရာမလိုပဲ ၂၄ နာရီ ၇ရက်လုံးပေးဆောင်သွားနိုင်မည်ဖြစ်ပါသည်။

ဘဏ်အလုပ်ချိန်

  • အခွန်ပေးဆောင်သူသည် အခွန်များအား ဘဏ်အလုပ်ချိန်အတွင်း ဖြစ်သော ၉:၃၀ မိနစ် မှ ၂:၃၀ မိနစ်အတွင်း ပေးဆောင်ပါက ထိုအခွန်သည် MEB Bank ရှိ CBMNet မှတစ်ဆင့် IRD bank account သို့နေ့ချင်း (အခွန်ပေးဆောင်သည့် တစ်ရက်အတွင်း) ရောက်ရှိ သွားမည်ဖြစ်ပါသည်။
  • အခွန်ပေးဆောင်သူသည် အခွန်များအား ဘဏ်အလုပ်ချိန်ပြင်ပ (၉:၃၀ မိနစ် မှ ၂:၃၀ မိနစ်မှအပ) တွင် ပေးဆောင်ပါက ထိုအခွန် သည် MEB Bank ရှိ CBMNet မှတစ်ဆင့် IRD bank account သို့ ပေးဆောင်ပြီး နောက်တစ်ရက် ဘဏ်အလုပ်ချိန်အတွင်း ရောက်ရှိ သွားမည်ဖြစ်ပါသည်။

ဘဏ်ပိတ်ရက်

  • အခွန်ပေးဆောင်သူသည် အခွန်များအား ဘဏ်အလုပ်ပိတ်ရက်အတွင်း ပေးဆောင်ပါက ထိုအခွန်သည် MEB Bank ရှိ CBMNet မှတစ်ဆင့် IRD bank account သို အစောဆုံးဘဏ်ဖွင့်မည့်ရက် ဘဏ်အလုပ်ချိန် အတွင်း ရောက်ရှိသွားမည်ဖြစ်ပါသည်။

KBZ iBanking မှတစ်ဆင့် Tax Payment အားအောင်မြင်စွာပေးဆောင်ပြီးပေးဆောင်ပြီးသောအခါ KBZ Bank မှ တစ်ဆင့် e-receipt အားရရှိမည်ဖြစ်သည်။KBZ Bank သည် CBMNet မှတစ်ဆင့် IRD သို့ ထိုအခွန်ငွေများပေးဆောင် ပြီးသော အခါ IRD မှ E-Payment ချလံ အား အခွန်ပေးဆောင်သူထံသို့ email တစ်ဆင့် ဆက်သွယ် ပေးပို့သွားမည် ဖြစ်ပါသည်။

ပေးဆောင်ပြီးသော Tax Payment များအား အောက်ပါ ညွှန်ကြားချက်အတိုင်းသွားရောက်စစ်ဆေးနိုင်ပါသည်။

  • Retail iBanking User: Customer Services > Transactions
  • Corporate iBanking User: Transaction Activities > Transactions

ပြည်တွင်းအခွန်ဦးစီးဌာန မှ အခွန်များရရှိကြောင်းကို E-Payment နှင့် တကွအခွန်ဝန်ထမ်းသို့Email မှတစ်ဆင့် အကြောင်း ကြားပေးသွားမည်ဖြစ်ပါသည်။
ပြည်တွင်းအခွန်ဦးစီးဌာန မှ အခွန်းများရရှိကြောင်းကို Email မှ တစ်ဆင့် ဆက်သွယ်အကြောင်းကြားမည်ဖြစ်သောကြောင်း အခွန်ပေးဆောင်သူအနေဖြင့် ဆက်သွယ်ရမည့် Email လိပ်စာအား မှန်ကန်စွာ ဖြည့်သွင်းရန် လိုအပ်ပါသည်။

ကုမ္ပဏီများ၊ အသင့်အဖွဲ့လုပ်ငန်းများ၊ အသေးစားစီးပွားရေး လုပ်ငန်းရှင်များ အစရှိသည့် တို့မှ Tax Payment များကို ပေးဆောင်နိုင်မည်ဖြစ်ပါသည်။

KBZ iBanking မှတစ်ဆင့် Tax Payment အားပေးဆောင်ရာတွင် အောက်ပါအတိုင် ဝန်ဆောင်ခများ ကျသင့်မည် ဖြစ်ပါသည်။

Tax Payment Amount
(MMK)
MEB
Charges
CBMNet
Charges
KBZ iBanking ChargesTotal Charges
(MEB + CBMNet + KBZ)
1,000 – 10,000,0002,0005002,5005,000
10,000,001 – 100,000,0002,0005007,50010,000
100,000,001 – 1,000,000,0002,00050012,50015,000
1,000,000,001 and above2,00050027,50030,000

KBZ iBanking မှတစ်ဆင့် Tax Payment အားပေးဆောင်ရာတွင် အခွန်ပေးသွင်းငွေ တစ်ကြောင်းလျှင် အများဆုံး ၅,၀၀၀,၀၀၀,၀၀၀/- ကျပ် ( သိန်းငါးသောင်းကျပ် တိတိ) အထိ ပေးဆောင်နိုင်မည်ဖြစ်ပါသည်။

Personal Income Tax ကို KBZ iBanking မှ တစ်ဆင့် မပေးဆောင်နိုင်ပါ။

Bill Payment ဆိုသည်မှာ အသုံးပြုသူများအနေဖြင့် ၏ ငွေပေးချေစနစ်ကို အသုံးပြုပြီး ဘီလ် များကို ပေးဆောင်နိုင်သော အွန်လိုင်းဝန်ဆောင်မှုတစ်ခုဖြစ်ပါသည်။

ယခုအချိန်တွင် Electricity Bill Payment EPC (YESC- Yangon, MESC- Mandalay), 5BB Broadband, Telenor Post Paid, YCDC and SkyNet bill payment များကို KBZ iBanking မှတစ်ဆင့် စတင် ငွေပေးချေနိုင်ပါတယ်။

KBZ iBanking Partner မှတစ်ဆင့် Bill Payments များကို ပေးဆောင်ခြင်းဖြင့် မီတာရုံးများသို့သွားရောက်တန်းစီ စောင့်စရာမလိုဘဲ အိမ်၊ ရုံးတို့တွင် ပေးဆောင်နိုင်မည်ဖြစ်ပါသည်။

Bill Payment ပေးဆောင်ပြီးသွားသော အခါ ဖုန်းအတွင်းရှိ SMS တွင် ပြန်လည်ကြည့်နိုင်ပါသည်။ Ref No လည်းထို SMS တွင် ပါရှိသွားမည်ဖြစ်ပါတယ်။ ထို့အပြင် မိမိ အကောင့် အတွင်းရှိ Account Activity အတွင်း တွင်လည်း ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။

ရန်ကုန်တိုင်း ၅၂၊ မန္တလေး ၆၊ နေပြည်တော်မြို့တွင်း ၅ မြို့နယ် တွင် စတင်ပြီး လျှပ်စစ်ဓာတ်အားခ များကို KBZ iBanking မှ တစ်ဆင့် ပေးဆောင်နိုင်မည် ဖြစ်ပါသည်။

KBZ iBanking မှတစ်ဆင့် လျှပ်စစ်ဓာတ်အားခများ ပေးဆောင်ရမည် ကာလများမှာ လစဉ် ၁၃ ရက် မှ ၂၄ ရက် အတွင်းဖြစ်ပါသည်။

EPC မှ Electricity Bill ဆောင်ရန် နောက်ဆုံးသတ်မှတ်ထားသော ရက်များမှာလစဉ် ၁၇ ,၁၉,၂၁,၂၃,၂၅ အသီးသီးဖြစ်ကြပါသည်။

EPC Last DateKBZ Bank bill payment closed date
17th Monthly16th, 23:59:59 PM monthly
1918th, 23:59:59 PM
2120th, 23:59:59 PM
2322th, 23:59:59 PM
2524th, 23:59:59 PM
* EPC-Naypyitaw, MESC : မီတာဘေလ်နောက်ဆုံးရက် မှာ ဘဏ်ပိတ်ရက်ဖြစ်ပါက ဘဏ်ပိတ်ရက်မတိုင်ခင် နှစ်ရက် ကြိုဆောင်ရန်။

အောက်ပါအချက်အလက်များ ဖြစ်နိုင်ပါသည်။

  • Bill Subscription numbers မှာ ဂဏန်း YESC (9,10,12 digit), MESC (10,12 digit), EPC Naypyitaw (20 digit) လုံး ဖြစ်ရန်လိုပါသည်။
  • ဘေလ်ပေးဆောင်သူ၏ ဘေလ် တွင် အရင်လ မှ ကြွေးကျန်များရှိနေခြင်း
  • ဘေလ် ပေးဆောင်သူမှ ဘေလ် ပမာဏမှာ (ဝ.၀၀) ကျပ်ဖြစ်ခြင်းကြောင်း ပေးဆောင်ရန်မလိုခြင်း
  • ဘေလ်ပေးဆောင်သူမှ ဘေလ်နောက်ဆုံးရက် (သို့) ပေးဆောင်ရန်သတ်မှတ်ထားသည့်ရက် ထက်ကျော်လွန်ခြင်း။

မီတာဘေလ် ပမာဏအား KBZ iBanking နှင့် ပေးဆောင်ရာ တစ်ကြောင်းလျှင် အများဆုံး ကျပ်သိန်းငါးဆယ် အထိသာ ပေးဆောင်နိုင်ပါသည်။

KBZ iBanking မှ မီတာဘေလ်များပေးဆောင်ရာတွင် ဝန်ဆောင်မှုနှုန်းထားမှာ နေပြည်တော် (၁၀၀ ကျပ်)၊ ရန်ကုန် (၁၀၀ ကျပ်)၊ မန္တလေး (၁၀၀ ကျပ်) လျှပ်စစ်ဓာတ်အားခ ပေးဆောင်မှုဝန်ဆောင်ခ ကျသင့်ငွေဖြစ်ပါသည်။

မရရှိနိုင်ပါ။