Cards

Home / Cards

Which Card Is Right For You?

Explore Debit Card

KBZ MPU Debit Card သည် ပြည်တွင်းရှိ ATM ငွေထုတ်ခြင်း၊ POS နှင့် E-commerce အသုံးပြုမှုများအတွက်အဆင်ပြေချောမွေ့စေပါသည်။ ကတ်လုံခြုံမှုအားကောင်းသည့်အတွက် အွန်လိုင်းတွင်ရော လူကိုယ်တိုင်ပါ ကတ်အားအသုံးပြုပြီး စိတ်ချလွယ်ကူစွာ ဝယ်ယူမှုများ ပြုလုပ်နိုင်ပြီး လူကြီးမင်း၏အကောင့်မှ တိုက်ရိုက်ငွေထုတ်ယူနိုင်သည့် ငွေပေးချေကတ်တစ်ခုဖြစ်ပါသည်။

  • MPU ATM စက်များတွင် 24/7 ငွေသားထုတ်ယူနိုင်ခြင်း
  • ငွေကြေးကိုင်တွယ်မှုကို လျှော့ချနိုင်ခြင်း
  • ပိုမိုမြန်ဆန်လွယ်ကူသောငွေပေးချေမှု
  • အသုံးစရိတ်အတွက် စာရင်းအင်းနိုင်နင်းမှုရှိခြင်း
  • ကိုယ်ပိုင် PIN ထားရှိခြင်းကြောင့် လုံခြုံမှုရှိခြင်း

Teens Card

Teens Card သည် အသက် 18 နှစ်အောက် ဆယ်ကျော်သက်များနှင့် အထူးသဖြင့် ကျောင်းသားများအတွက် ရည်ရွယ်ပြီး ထုတ်လုပ်ထားပါသည်။ ဆယ်ကျော်သက်များအတွက် Debit Card များသည် ကလေးများအား ငွေပိုလျှံသောအခကြေးငွေများအန္တရာယ်မရှိဘဲ ငွေကြေးစီမံခန့်ခွဲမှုဆိုင်ရာ အခြေခံအချက်များကို လေ့ကျင့်စေပြီး စျေးဝယ်ခြင်း၊ ဖျော်ဖြေရေး၊ အွန်လိုင်းငွေပေးချေမှုများစသည်ဖြင့် ပေးချေရန် ကတ်ကို အသုံးပြုနိုင်သည်။

  • ငွေသားကိုင်တွယ်စရာမလိုဘဲ လုံခြုံသောငွေပေးချေမှုကို ပြုလုပ်နိုင်ခြင်း
  • အသုံးစရိတ်အတွက် မိဘများ စောင့်ကြည့်နိုင်ခြင်း
  • မိဘခွင့်ပြုချက်ဖြင့် ကတ်ကိုအသုံးပြုခြင်း
  • MPU ATM စက်များတွင် 24/7 ငွေသားထုတ်ယူနိုင်ခြင်း
  • ကိုယ်ပိုင် PIN ထားရှိခြင်းကြောင့် လုံခြုံမှုရှိခြင်း

Visa Prepaid Card

Visa Prepaid Card သည် ပြည်ပသို့ ခရီးသွားသူများ၊ နိုင်ငံခြားသွားမည့် ကျောင်းသားများနှင့် အွန်လိုင်းငွေပေးချေလိုသူများအတွက် သင့်တော်ပါသည်။ Visa Prepaid ကတ်ကို အွန်လိုင်းမှ၀ယ်ယူမှုများနှင့် ATM စက်များ အပါအဝင် ကမ္ဘာတစ်ဝှမ်းတွင် လက်ခံပါသည်။

  • အပ်ငွေစာရင်း မလိုအပ်ခြင်း
  • အခမဲ့ငွေဖြည့်နိုင်ခြင်း
  • ကတ်ဖြင့်ထိတွေ့ရုံဖြင့် POS တွင် အလွယ်တကူငွေပေးချေနိုင်ခြင်း
  • နိုင်ငံရပ်ခြား ATM တွင် လွယ်ကူစွာ ငွေထုတ်ယူနိုင်ခြင်း
  • ကမ္ဘာတစ်ဝှမ်းမှ 30% အထိ သီးသန့်လျှော့စျေးများ ရရှိနိုင်ခြင်း

Master Prepaid Card

MasterCard သည် အားလပ်ရက်တို၊ ကျန်းမာရေးစစ်ဆေးခြင်း သို့မဟုတ် ကမ္ဘာအနှံ့အသုံးပြုမှုများအတွက် ပြီးပြည့်စုံသော ကတ်ဖြစ်သည်။ Mastercard prepaid card ကိုင်ဆောင်သူသည် Mastercard အတွက်သီးသန့်ပေးသောရပိုင်ခွင့်များရှိသောကြောင့် နိုင်ငံတကာငွေပေးချေမှုများနှင့် ကမ္ဘာလုံးဆိုင်ရာအွန်လိုင်းစျေးဝယ်များအတွက် အလွန်အသုံးဝင်သော ကတ်တစ်ခုဖြစ်ပါသည်။

  • အပ်ငွေစာရင်း မလိုအပ်ခြင်း
  • အခမဲ့ငွေဖြည့်နိုင်ခြင်း
  • Contactless စနစ်ဖြင့်ပေးချေနိုင်ခြင်း
  • နိုင်ငံရပ်ခြား ATM တွင် လွယ်ကူသော ငွေသားထုတ်ယူနိုင်ခြင်း
  • Mastercard အထူးအခွင့်အရေးများကို ခံစားခွင့်ရရှိနိုင်ခြင်း

Visa Credit Cards

VISA Classic Card ကို အသုံးပြုခြင်းဖြင့် ဝယ်ယူမှုများအတွက် အပိုလျှော့စျေးများရယူလိုက်ပါ။
KBZ VISA Classic Card သည် သုံးစွဲသူများအား POS သို့မဟုတ် အွန်လိုင်းဝယ်ယူမှုများအတွက် အလွယ်တကူငွေပေးချေနိုင်သည့်အပြင် မည်သည့်အချိန်တွင်မဆို ငွေသားကြိုတင်ငွေပေးချေမှုကို ပံ့ပိုးပေးပါသည်။
VISA လိုဂိုပြထားသော ATM များတွင် KBZ VISA Classic Cards ကို အသုံးပြု၍ ငွေသားထုတ်ယူမှုများပြုလုပ်နိုင်သည့်အပြင် VISA Company သည် နိုင်ငံပေါင်း 200 ကျော်အထိ ကွန်ရက်ဖြန့်ကျက်ထားသည့်အတွက် အသုံးပြုတွေအတွက် အလွန်အဆင်ပြေစေပါသည်။

  • Supplementary Card များအတွက် ကတ်လျှောက်ထားခ၊ နှစ်စဉ်ကြေးနှင့် ကတ်သက်တမ်းတိုးခများအတွက် ၅၀% လျှော့စျေး
  • 24×7 ဝန်ဆောင်မှု
  • မိတ်ဖက်ပါတနာဆိုင်များတွင် အထူးလျှော့စျေး

UPI Credit Cards

UPI Classic Card အားအသုံးပြုခြင်းဖြင့် ဝယ်ယူမှုများအတွက် အပိုလျှော့စျေးများ ရယူလိုက်ပါ။
KBZ UPI Classic Card သည် MPU နှင့် Union Pay International တို့နှင့်အတူ နိုင်ငံတကာမိတ်ဖက်အမှတ်တံဆိပ်ဖြစ်ပြီး UPI အမှတ်တံဆိပ်ပါရှိသော နေရာတိုင်းတွင် KBZ UPI Classic Card ကို အသုံးပြု၍ ငွေပေးချေနိုင်ပါသည်။ UPI ၏ကွန်ယက်သည် နိုင်ငံပေါင်း ၁၇၈ကျော်အထိ ဖြန့်ကြက်ထားသည့်အတွက် KBZ UPI Classic Card အသုံးပြုသူများအတွက် အလွန်အဆင်ပြေစေပါသည်။

  • Supplementary Card များအတွက် ကတ်လျှောက်ထားခ ၅၀% လျှော့စျေး
  • Supplementary Card များအတွက် နှစ်စဉ်ကြေး ၅၀% လျှော့စျေး
  • သီးသန့်လျှော့စျေးများ (KBZ Merchant Offerings & Travel Mate Asia)