Bulk Airtime Top-up

ကမ္ဘောဇဘဏ်၏ ရည်ရွယ်ချက်သည် ဖောက်သည်များမှ ဖုန်းနံပါတ်များစွာသို့ ဖုန်းဘေလ်များ ဖြည့်သွင်းပေးခြင်း ဝန်ဆောင်မှုအား ရယူခြင်းဖြင့် ကမ္ဘောဇဘဏ်၏ ဝန်ဆောင်မှုများနှင့် အမြဲထိတွေ့စေပြီး ဘဏ်၏ထုတ်ကုန်များအား ကျယ်ပြန့်စွာ အသုံးပြုလာစေရန် ဖြစ်ပါသည်။

About Product/Service 

ကုမ္ပဏီများ ၊ အသေးစား နှင့် အလတ်စား လုပ်ငန်းများ ၊ ရွေးချယ်ထားသော လက်လီ ဖောက်သည်များ သည် ၎င်းဝန်ဆောင်မှုအား ရယူနိုင်ပါသည်။

Process Steps Descriptions

(၁) ဖောက်သည်မှ ဖုန်းဘေလ်ဖြည့်ရန် လိုအပ်သော အချက်အလက်များ နှင့်အတူ ဝယ်ယူခွင့်အော်ဒါ ပြင်ဆင်ခြင်း။ (ဖုန်း အော်ပရေတာ အမည် ၊ ဖုန်းနံပါတ် ၊ ငွေပမာဏ)
(၂) ကမ္ဘောဇဘဏ်သို့ ဝယ်ယူခွင့်အော်ဒါ ပေးပို့ခြင်း
(၃) ကမ္ဘောဇဘဏ်မှ ကုန်ပို့လွှာ (invoice) ပြန်လည်ပေးပို့ခြင်း
(၄) ဖောက်သည်မှ ကျသင့်ငွေသွင်းခြင်း ( ဘဏ်ခွဲ ကောင်တာမှ (သို့) KBZ Mobile Banking – QuickPay မှတဆင့် )
(၅) ဖောက်သည်မှ ငွေသွင်းပြေစာ အား ဓါတ်ပုံရိုက် ပေးပို့ရမည် (သို့) KBZ Mobile Banking – QuickPay Successful Screenshot ပေးပို့ရမည်။
(၆) အချက်အလက်များ ပြည့်စုံ မှန်ကန်ပါက အလုပ်ချိန် (၃) ရက်အတွင်း လုပ်ငန်းစဉ် အောင်မြင်မည် ဖြစ်သည်။
(၇) ကမ္ဘောဇဘဏ်မှ ဖုန်းဘေလ်ဖြည့်ခြင်း အောင်မြင်သွားသော မှတ်တမ်း နှင့် မအောင်မြင်သော မှတ်တမ်း များအား ဖောက်သည်ထံ သို့ပေးပို့ပါမည်။
(၈) တချို့သော ဖုန်းနံပါတ်များအား ဖုန်းဘေလ်ဖြည့် မရပါက ကမ္ဘောဇဘဏ်မှ ဖောက်သည်ထံဆက်သွယ်ပြီး အစားထိုး ဖုန်း နံပါတ် တောင်းယူခြင်း (သို့) ငွေပြန်အမ်းခြင်းများ ပြုလုပ်ပါမည်။
(၉) မအောင်မြင်သော ဖုန်းဘေလ်ဖြည့်ခြင်း များအတွက် ဖောက်သည်၏ ဘဏ်အကောင့်ထဲသို့ အလုပ်ချိန် (၃) ရက်အတွင်း ငွေပြန်အမ်းပါမည်။

Requirement to Sign Up

(၁) သဘောတူစာချုပ်
(၂) ဝယ်ယူုခွင့်အော်ဒါ
(၃) (ဖုန်းအော်ပရေတာ အမည် ၊ ဖုန်းနံပါတ် ၊ ငွေပမာဏ)တို့ ပါဝင်သော စာရင်းဇယား
(၄) ငွေသွင်းပြေစာ ဓါတ်ပုံ (သို့) KBZ Mobile Banking – QuickPay Screenshot

Contact Information

Contact:

Transaction Banking Department KBZ Bank Limited.

No. 4 (MS-4), Kandawgyi Villa (Level-9), BldgProject, Upper Mandalay Road, Mingalar Taung Nyunt Township.

Yangon, Myanmar.

Tel:

Email:

+95 1- 370617/618

[email protected]