Western Union (Inbound ငွေလွှဲပေးပို့ခြင်း) ဝန်ဆောင်မှုကို ကမ္ဘောဇဘဏ်ခွဲများတွင် ပြန်လည်လုပ်ဆောင်နိုင်ပါပြီ

လေးစားအပ်ပါသော ကမ္ဘောဇဘဏ် အသုံးပြုသူ customer များ 

မြန်မာနိုင်ငံရှိ ကမ္ဘောဇဘဏ်ခွဲများတွင် Western Union (Inbound ငွေလွှဲပေးပို့ခြင်း) ဝန်ဆောင်မှုကို ပြန်လည်လုပ်ဆောင်နိုင်ပြီဖြစ်ကြောင်း လေးစားစွာ အသိပေးအကြောင်းကြားအပ်ပါသည်။ ငွေထုတ်ယူမည့်  customer များအနေဖြင့် ဘဏ်ခွဲများသို့ သွားရောက်သည့်အခါတွင် ငွေလက်ခံသူကိုယ်တိုင် ထုတ်ယူရမည်ဖြစ်ပြီး ငွေလွှဲသူအမည် နှင့် ငွေလွှဲလိုက်သည့်နိုင်ငံအပါအဝင် အောက်ပါတို့ကို တပါတည်း ယူဆောင်သွားရမည်ဖြစ်ပါသည်။ 
– မှတ်ပုံတင်
– MTCN နံပါတ် (ငွေလွှဲသူမှ ငွေလွှဲလက်ခံမည့်သူထံသို့ ပေးပို့ထားသော ဂဏန်း၁၀လုံး ကုတ်နံပါတ်)
– ထုတ်ယူမည့်ငွေပမာဏ 

ငွေသားထုတ်ယူရာတွင် မြန်မာကျပ်ငွေဖြင့်သာ ထုတ်ယူနိုင်မည်ဖြစ်ပြီး တစ်ပတ်လျှင် ၅၀၀,၀၀၀ကျပ် ထုတ်ယူနိုင်မည်ဖြစ်ပါသည်။ ငွေသားထုတ်ယူမည့်သူဘက်မှ ဝန်ဆောင်ခပေးဆောင်ရန်မလိုအပ်ပါ။

ဝန်ဆောင်မှုရရှိနိုင်သော ဘဏ်ခွဲများစာရင်းကို အောက်ဖော်ပြပါဇယားတွင် ကြည့်ရှုနိုင်ပါသည်။

အသေးစိတ်သိရှိလို့ပါက Email:  [email protected] (သို့)
Phone: 01-2307162, 09-443211683 တို့ကို ဆက်သွယ်မေးမြန်းနိုင်ပါသည်။

ကမ္ဘောဇဘဏ်၏ ဝန်ဆောင်မှုများကို အသုံးပြုခြင်းအတွက် ကျေးဇူးတင်ရှိပါသည်။