ကမ္ဘောဇဘဏ်၏ အပ်ငွေစာရင်းများနှင့် အတိုးနှုန်းများ

လေးစားအပ်ပါသော ကမ္ဘောဇဘဏ်အသုံးပြုသူ Customer များ

လူကြီးမင်း၏ ဘဏ္ဍာရေးဆိုင်ရာလိုအပ်ချက်များကိုဖြည့်ဆည်းရန် နှင့် ဘဏ္ဍာရေးပန်းတိုင်သို့ အောင်မြင်စွာရောက်ရှိနိုင်ရန် ကူညီပေးနိုင်မည့် ကမ္ဘာဇဘဏ်မှ အပ်ငွေစာရင်းမျိုးအစားများနှင့် မိတ်ဆက်ပေးလိုက်ပါသည်။ ကမ္ဘောဇဘဏ်၏ အပ်ငွေစာရင်းများသည် လူကြီးမင်း၏ ဘဏ္ဍာရေးဆိုင်ရာ လိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်ရန်သာမက အဆင်ပြေလွယ်ကူပြီး သာလွန်သောဘဏ်လုပ်ငန်းဆိုင်ရာ အထောက်အပံ့များ ပေးနိုင်ရန်အတွက် အသင့်ရှိနေပါသည်။

ကမ္ဘောဇဘဏ်၏ အပ်ငွေစာရင်းများနှင့် အတိုးနှုန်းများကို အောက်ပါဇယားတွင်အသေးစိတ်ကြည့်ရှုနိုင်ပါသည်။ 

Accounts Types Interest Rates for Ordinary Account  Interest Rates for Cash Account
Savings Account 7% p.a (300 Million MMK and above)6% p.a (Below 300 Million MMK) (အတိုးနှုန်းများသည် ၂၀၂၃ ခုနှစ် နိုဝင်ဘာလ ၁ ရက်နေ့မှစ၍ အကျုံးဝင်ပါသည်။)7% p.a (300 Million MMK and above)6% p.a (Below 300 Million MMK)(အတိုးနှုန်းများသည် ၂၀၂၃ ခုနှစ် နိုဝင်ဘာလ ၁ ရက်နေ့မှစ၍ အကျုံးဝင်ပါသည်။)
Call Account 4% p.a (Above 50 Million MMK) 2% p.a (50 Million MMK and below) 6.5% p.a (1 Billion MMK and above)6% p.a (300 Million & Above and Below 1 Billion MMK) 5% p.a (Below 300 Million MMK) (အတိုးနှုန်းများသည် ၂၀၂၃ ခုနှစ် နိုဝင်ဘာလ ၁၅ ရက်နေ့မှစ၍အကျုံးဝင်ပါသည်။)
Current Account No Interest No Interest 
Recurring Deposit Account 8% p.a 8% p.a
Fixed Deposit Account 8% p.a to 9.3% p.a 
(From 30 days to 1080 days Terms of deposit)
8% p.a to 9.3% p.a 
(From 30 days to 1080 days Terms of deposit)

ကမ္ဘောဇဘဏ်၏အပ်ငွေစာရင်းများတွင် ရည်ရွယ်ချက်တစ်ခုခုအတွက်ငွေစုခြင်း၊ အငြိမ်းစားယူရန် ကြိုတင်ငွေစုခြင်း၊ လုပ်ငန်းအတွက်ငွေကြေးစီမံခန့်ခွဲခြင်း စသည့်မည်သည့်လိုအပ်ချက်အတွက်မဆို ရင်းနှီးမြှုပ်နှံနိုင်ပါသည်။

ကမ္ဘောဇဘဏ်အနေဖြင့်လည်း Customer များကို အကောင်းမွန်ဆုံး ဘဏ်ဝန်ဆောင်မှု ပေးအပ်နိုင်ရန်အတွက် တစိုက်မတ်မတ် ကြိုးပမ်းလျှက်ရှိပြီး ရွေးချယ်စရာအမျိုးအစားစုံလင်သည့်အပ်ငွေစာရင်းများအပြင်  ခေတ်မီဆန်းသစ်သော ဒစ်ဂျစ်တယ် ဘဏ်လုပ်ငန်းဝန်ဆောင်မှုများ နှင့် ငွေကြေးဆိုင်ရာစုံစမ်းမေးမြန်းမှုများအတွက်လည်း ကျွမ်းကျင်သည့် ဝန်ထမ်းများဖြင့် ဝန်ဆောင်မှုပေးလျှက်ရှိပါသည်။

လူကြီးမင်း၏ ဘဏ္ဍာရေးရည်မှန်းချက်ပန်းတိုင်သို့ ရောက်ရှိရန်နှင့် ငွေကြေးကောင်းမွန်စွာစီမံခန့်ခွဲနိုင်ရန် ကမ္ဘောဇဘဏ်မှ အစဉ်အမြဲကြိုးပမ်းလျှက်ရှိပြီး ကမ္ဘောဇဘဏ်အား ယုံကြည်စိတ်ချရစွာ ရွေးချယ်သည့်အတွက်လည်း ကျေးဇူးတင်ရှိပါသည်။ 

ကမ္ဘောဇဘဏ်၏ အပ်ငွေစာရင်းများနှင့် ပတ်သက်ပြီး အသေးစိတ်သိရှိလိုသည်များရှိပါက နီးစပ်ရာဘဏ်ခွဲ (သို့) Call Center နံပါတ် 09951018555 သို့ ဆက်သွယ်မေးမြန်းနိုင်ပါသည်။