အသိပေးကြေငြာခြင်း

ကမ္ဘောဇဘဏ်လီမိတက်သည် နိုင်ငံခြားငွေနှင့်ပတ်သက်သည့် ဝန်ဆောင်မှုများ ဆောင်ရွက်ရာတွင် မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ထုတ်ပြန်ထားသော ဥပဒေ၊ ညွှန်ကြားချက်၊ လုပ်ထုံးလုပ်နည်းများအား တိကျစွာလိုက်နာ၍ ဝန်ဆောင်မှုပေးလျက်ရှိပါသည်။

မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ဦးစီးဆောင်ရွက်နေသော Online Trading Platform တွင် Exporter နှင့် Importer တို့၏ ဝယ်ယူ/ ရောင်းချခြင်းများကိုလဲ နေ့စဉ်ထုတ်ပြန်သော Online Trading Weighted Average Rate အား အခြေခံ၍ (၂၀.၃.၂၀၂၆) ရက်နေ့တွင် အောက်ပါအတိုင်း ဆောင်ရွက်လျက်ရှိပါသည်။

CurrencyBuySell
USD3,663.973,668.97
CNY557.00558.67
THB124.92125.67

မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ လမ်းညွှန်မှုဖြင့် ဆောင်ရွက်နေသော Online Trading Platform အစီအစဉ်အရ AD လိုင်စင်ရဘဏ်များနှင့် Customer များအကြား နိုင်ငံခြားငွေကြေး ဝယ်ယူ/ရောင်းချခြင်းများကို ကမ္ဘောဇဘဏ်အနေဖြင့်လည်း နေ့စဉ် အဆင်ပြေချောမွေ့စွာ ဝန်ဆောင်မှုပေးလျက်ရှိပါသည်။

၂၀၂၆ ခုနှစ် မတ်လ ၂၀ ရက်နေ့တွင် Online Trading Platform အစီအစဉ်အရ ဘဏ်များအနေဖြင့် စုစုပေါင်း အမေရိကန်ဒေါ်လာ ၂၀.၁၅ သန်း၊ တရုတ်ယွမ် ၅.၇၂သန်း နှင့် ထိုင်းဘတ် ၂၉.၆၁ သန်း တို့အား အရောင်းအဝယ် ပြုလုပ်ပေးနိုင်ခဲ့ပါသည်။

ထိုသို့ ရောင်းချပေးရာတွင် ကမ္ဘောဇဘဏ်လီမိတက်နှင့် ဆက်သွယ်ဆောင်ရွက်နေသော မိတ်ဖက် သွင်းကုန် လုပ်ငန်းရှင်ကြီးများ အဆင်ပြေ ချောမွေ့စေရန်အတွက် အမေရိကန်ဒေါ်လာ ၃.၁၉သန်း နှင့် ထိုင်းဘတ် ၂.၇၆သန်းတို့အား FX tradingအစီအစဥ်တွင် ပါဝင် ဆောင်ရွက်လျက်ရှိသည့် စက်သုံးဆီ၊ စားသုံးဆီ၊ ဆောက်လုပ်ရေးကုန်ကြမ်း၊ စက်မှုကုန်ကြမ်း၊ ဓါတ်မြေသြဇာ၊ ဆေးဝါးနှင့် ဆေးဝါးကုန်ကြမ်း၊ စားသုံးကုန်စည်၊ စိုက်ပျိုးရေး လုပ်ငန်းသုံးပစ္စည်း၊ စာရေးကိရိယာ၊ အခြားကုန်စည်များနှင့် ကုန်သွယ်မှုမဟုတ်သော (Non-Trade)များ အတွက်ပါ သွင်းကုန်ကဏ္ဍစုံအလိုက် ခွဲဝေ ပံ့ပိုး ရောင်းချခဲ့ပါသည်။ 

ဆက်သွယ်ရန် –

ကမ္ဘောဇဘဏ်၏ Online Trading Platform ဝန်ဆောင်မှုနှင့် ပတ်သက်၍ အသေးစိတ် သိရှိလိုပါက မိမိတို့၏ သက်ဆိုင်ရာ Corporate Banking Relationship Manager သို့မဟုတ် Treasury  Business Unitသို့ တိုက်ရိုက် ဆက်သွယ်မေးမြန်းနိုင်ပါသည်။

  • ပြည်ပနိုင်ငံများရှိ ရွှေ့ပြောင်းလုပ်သားများမှ မြန်မာနိုင်ငံအတွင်းသို့လွှဲပြောင်းမှုများ (Worker Remittance) များကိုလဲ Worker Remittance Rate ဖြင့် ဆောင်ရွက်ပေးလျက်ရှိရာ (၂၀.၃.၂၀၂၆) ရက်နေ့အတွက် အမေရိကန်တစ်ဒေါ်လာလျှင် ၃,၉၈၅.၀၀ ကျပ် ဖြစ်ပါသည်။
  • ပြည်ပနိုင်ငံများသို့ ထွက်ခွာမည့်သူများ၏ အသေးသုံးနိုင်ငံခြားငွေလိုအပ်ချက်ကို ဖြည်းဆည်းပေးနိုင်ရန်အတွက် အောက်ဖော်ပြပါ အကြောင်းအရာများနှင့် ကိုက်ညီသူများကို နိုင်ငံခြားငွေ ငွေသား ရောင်းချပေးလျက်ရှိပါသည်။

၁။ အလုပ်လုပ်ကိုင်ရန်ထွက်ခွာသူများ

၂။ ပညာတော်သင်ရန်ထွက်ခွာသူများ

၃။ ဆေးကုသမှုခံယူရန်ထွက်ခွာသူများ

၄။ ဘုရားဖူးထွက်ခွာသူများ

၅။ ပြည်ပနိုင်ငံအစိုးရ၊ အသင်းအဖွဲ့များ၏ဖိတ်ကြားချက်အရ အစည်းအဝေးတက်ရောက်ရန် ထွက်ခွာသူများ

ဝယ်ယူရရှိနိုင်သောနေရာများ

ရန်ကုန်၉ မိုင် ဘဏ်ခွဲ No(160), Pyay Rd, (5) Ward, Mayangone Tsp, Yangon Division.
ပြည်သူ့ရင်ပြင်ဘဏ်ခွဲNo(G-54), Ground Floor, ( B-93) Basement, Shopping Mall (Left), Uwizaya Rd, Dagon Tsp, Yangon Division.
ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ် (ဆိုက်‌ရောက်)Terminal 2, Yangon International Airport.
မန္တလေး မန္တလေးဘဏ်ခွဲ (၃၆) – IBDUnit-1, Block-7, 73 St, Between Thazin And Ngu Shwe War St, Myothit(1) Qtr, Mingalar Mandalay Project, Chanmyathazi Tsp, Mandalay Division.
မန္တလေးဘဏ်ခွဲ (၂၂)Block(5), Unit(2), Mingalar Mandalay Housing Project, 73 St, Between Thazin & Ngushwewar St, Myothit 1 Qtr, Chan Mya Thazi Tsp, Mandalay Division.
မန္တလေးဘဏ်ခွဲ (၄)No (23), Yangon – Mandalay Main Rd, Khinsawmu, Chan Mya Thazi (North) Ward, Mahaaungmyay Tsp, Mandalay Division.
နေပြည်တော်နေပြည်တော်ဘဏ်ခွဲ (၅)No(S-261/262/268/269), Yaza Thingaha Rd, Thapyay Kone Qtr, Za Bu Thi Ri Tsp, Naypyitaw Division.
တောင်ကြီးတောင်ကြီးဘဏ်ခွဲ (၁)No.(154), Bogyoke Aung San Rd, Lanmadaw Qtr, Taunggyi, Southern Shan State.

(၂၂.၃.၂၀၂၆) ရက်နေ့အတွက် အသေးသုံးနိုင်ငံခြားငွေ ဝယ်ယူရောင်းချသည့် ဈေးနှုန်းများမှာ အောက်ပါအတိုင်းဖြစ်ပါသည်။

CurrencyBuySell
USD3,657.003,662.00
EUR4228.104238.00
SGD2,856.302,866.20
CNY555.40558.60
THB125.00125.60

Online Trading Weighted Average Rate အား မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ Website တွင်လည်းကောင်း၊ Worker Remittance Rate နှင့် အသေးသုံးနိုင်ငံခြားငွေရောင်းချသော Exchange Rate အား KBZ Website တွင်လည်းကောင်း အချိန်နှင့်တပြေးညီ တင်ပြကြော်ငြာလျက်ရှိကြောင်း လေးစားစွာဖြင့် အသိပေးအပ်ပါသည်။