အခြေခံဘဏ်ဝန်ဆောင်မှုများ ဆက်လက်ပေးအပ်သွားနိုင်ရန် နံနက် ၉နာရီခွဲမှ နေ့လယ် ၂ နာရီအထိ ဘဏ်ခွဲများဖွင့်လှစ်ထားမည်

ကမ္ဘောဇဘဏ်သည် ဝန်ထမ်းများ နှင့် customer များ၏ ကျန်းမားရေး နှင့် ဘေးကင်းလုံခြုံရေးကို ထိပ်တန်းဦးစားပေးဆောင်ရွက်လျက်ရှိသည့်အလျောက် ယခုလိုခက်ခဲသောအချိန်ကာလအတွင်း  customer များကို အခြေခံဘဏ်ဝန်ဆောင်မှုများ ဆက်လက်ပေးအပ်နိုင်ရန်လည်း ကြိုးပမ်းလုပ်ဆောင်နေပါသည်။ ကမ္ဘောဇဘဏ်ခွဲများ ဖွင့်လှစ်နိုင်ရန် ဆောင်ရွက်သွားမည်ဖြစ်သော်လည်း ဝန်ထမ်းလုံလောက်မှု အခက်အခဲများ ကြုံတွေ့နိုင်ပါသောကြောင့် လူကြီးမင်းတို့အနေဖြင့် စိတ်ရှည်သီးခံနားလည်ပေးကြပါရန် အထူးမေတ္တာရပ်ခံလိုပါသည်။ အချိန်တိုအတွင်း ဘဏ်ခွဲများ ဖွင့်ခြင်း၊ ပိတ်ခြင်းတို့ရှိနိုင်ပါသဖြင့် အဆင်မပြေမှုများအတွက် တောင်းပန်အပ်ပါသည်။ 

မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ ထုတ်ပြန်ချက်အရ ဘဏ်လုပ်ငန်းချိန်ကို နံနက် ၉ နာရီခွဲမှ နေ့လယ် ၃ နာရီအထိ ပြောင်းလဲသတ်မှတ်ထားပါသည်။ 

ဖွင့်လှစ်ထားသောဘဏ်ခွဲများ၏ သတင်းအချက်အလက်များကို သိရှိနိုင်ရန် ဤနေရာကို နှိပ်ပါ (သို့မဟုတ်) Call Center ဖုန်းနံပါတ် ၀၉-၉၅၁၀၁၈၅၅၅ သို့ ဆက်သွယ်မေးမြန်းနိုင်ပါသည်။ 

Customerများအနေဖြင့် ငွေကြေးစီမံခန့်ခွဲမှုများ ပြုလုပ်နိုင်ရန် ကမ္ဘောဇဘဏ်၏ ဒီဂျစ်တယ်ဝန်ဆောင်မှုများကို  ရယူထားကြပါရန် တိုက်တွန်းလိုပါသည်။ mBanking နှင့်  iBanking ၏ ဝန်ဆောင်မှုများအကြောင်းကို ဤနေရာတွင် ဆက်လက်ကြည့်ရှုနိုင်ပါသည်။ 

နားလည်ပေးမှုအတွက် အထူးကျေးဇူးတင်ရှိပါသည်။