“Swipe & Win XtraSure x KBZ Bank Lucky Draw Campaign” ၏ စည်းမျဉ်းစည်းကမ်းသတ်မှတ်ချက်များ 

၁။     “Swipe & Win XtraSure x KBZ Bank Lucky Draw Campaign အစီအစဥ်ကာလကို ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ (၁) ရက်နေ့ မှ ၂၀၂၅ ခုနှစ်၊ သြဂုတ်လ (၁၅) ရက်နေ့  အထိ ကျင်းပသွားမည် ဖြစ်ပါသည်။

၂။ ဤအစီအစဥ်တွင် ပါဝင်ရန် အသုံးပြုနိုင်သော KBZ Bank Debit Cards နှင့် Credit Cards များမှာ အောက်ပါအတိုင်းဖြစ်ပါသည်။                                                                                                                                                                                                                                                                                                                                                                                                                                                                                                  

                Debit Cards                            Credit Cards
1.  MPU-UnionPay Asia Prestige        Diamond Debit Card1.  Visa Credit Cards (Classic, Platinum)
2.  MPU Debit Card2.  MPU-UnionPay Credit Cards (Classic, Platinum)
3.  MPU Teen Debit Card3.  MPU Credit Cards (Classic, Gold, Platinum)
4.  MPU Business Debit Card

၃။ ဤအစီအစဥ်ကာလအတွင်း အထက်ဖော်ပြပါ KBZ Debit Card နှင့်  Credit Card  ကတ်များဖြင့်  iSure နှင့် XtraSure ဆိုင်များတွင် Apple Device များဝယ်ယူကာ အနည်းဆုံးငွေပမာဏ သိန်းနှစ်ဆယ် (၂,၀၀၀,၀၀၀) ကျပ် နှင့် အထက် KBZ POS များတွင် ငွေပေးချေမှုများ ပြုလုပ်ခြင်းဖြင့် Lucky Draw အစီအစဥ်တွင် ပါဝင်နိုင်ပြီး ထပ်မံ၍ အခြား accessories များ  (Audio product & Apple product items များမပါ) ဝယ်ယူပါက 10% အထူးလျော့စျေးများကို ရရှိစေလိုသည့် ရည်ရွယ်ချက်ဖြင့် ပြုလုပ်ခြင်းဖြစ်ပါသည်။ 

၄။ ဤအစီအစဥ်ကာလအတွင်း အပိုဒ် (၂) တွင် ဖော်ပြထားသော KBZ Debit Card နှင့်  Credit Card  ကတ်များဖြင့်  KBZ POS တွင် စုစုပေါင်း အနည်းဆုံးငွေပမာဏ သိန်းနှစ်ဆယ် (၂,၀၀၀,၀၀၀) ကျပ်နှင့်အထက်အား အောင်မြင်စွာ ငွေပေးချေမှုပြုလုပ်၍ Lucky Draw ကံစမ်းခွင့် တစ်(၁) ကြိမ် ရရှိမည်ဖြစ်ပြီး ထပ်မံ ဝယ်ယူသောအခြား accessories များ  (Audio product & Apple product items များမပါ) အပေါ် 10% အထူးလျော့စျေးလည်း ရရှိမည်ဖြစ်ပါသည်။ ဤအစီအစဉ်တွင် ပါဝင်ရန်အတွက် KBZ ကတ်ကိုင်ဆောင်သူများသည် အသုံးပြုမှုငွေပမာဏ သိန်းနှစ်ဆယ် (၂,၀၀၀,၀၀၀) ကျပ် နှင့်အထက်အား KBZ Debit (သို့) Credit ကတ်တစ်ကတ်တည်းဖြင့် ငွေပေးချေရန် မလိုပါ။ (ဥပမာအနေဖြင့် အပိုဒ် (၂) တွင် ဖော်ပြထားသောကတ်များဖြင့် စုပေါင်း၍  ငွေပေးချေမှု သိန်းနှစ်ဆယ် (၂,၀၀၀,၀၀၀) ကျပ်နှင့်အထက်အား ပြုလုပ်နိုင်ပါသည်။)

၅။       ဤအစီအစဥ်တွင် ပါဝင်သော iSure နှင့် XtraSure ဆိုင်ခွဲများမှာ အောက်ဖော်ပြပါ ဇယားအတိုင်းဖြစ်သည်။

Merchant NameAddress
iSure @ MandalayG(3/4), 78th Street, Between 30th & 31st Street, Mandalay.
iSure @ Times CityRoom No. A209 (level 2), Times Mall, Times City Complex, Yangon.
XtraSure @ Waizayantar BranchNo(206/207), Waizayantar Road, 16/2 Qtr, Thingangyun Tsp, Yangon.
XtraSure @ Times CityRoom No. A103-A104, Building 2A, Times Mall, Between Hantharwaddy and Kyun Taw Rd, Yangon.
XtraSure @ The CentralShop (12), The Central Boulevard Yangon, Corner of Kabar Aye Pagoda Road & Kanbae Road, Yankin Township, Yangon.
XtraSure @ Junction City01-007, Ground Floor, Junction City, Corner of Bogyoke Aung San Road and Shwedagon Pagoda Road, Pabedan Township, Yangon.

၆။    ဤအစီအစဉ်တွင် ပါဝင်သော Lucky Draw ဆုများ မှာ – 

  • iPhone 16e 128GB Black E-Sim – (၁) ဆု        
  • AirPods 2 Non-Wireless – (၁) ဆု  နှင့်
  • Choetech 3-in-1 15W Wireless Charger with MagSafe T585-F Plus Black – (၁) ဆု တို့ ဖြစ်ပါသည်။ ထို့အပြင် ထပ်မံ ဝယ်ယူသောအခြား accessories များ  (Audio product & Apple product items များမပါ) အပေါ်တွင်လည်း 10% အထူးလျော့စျေးလည်း ရရှိမည်ဖြစ်ပါသည်။

၇။ အစီအစဥ်ကာလ ပြီးဆုံးပြီးနောက် ရုံးဖွင့်ရက် (၅) ရက်အတွင်း Lucky Draw ဆုများကို  XtraSure နှင့် iSure Facebook Page တွင် တိုက်ရိုက်ထုတ်လွှင့်မှု (Live) ဖြင့်‌ မဲဖောက်‌‌ရွေးချယ် ပေးသွားမည်ဖြစ်ပါသည်။ Lucky Draw ဆုများအား သတ်မှတ်ထားသော (၂၀.၈.၂၀၂၅) မှ (၃၀.၈.၂၀၂၅) အထိ (၁၀) ရက်အတွင်း XtraSure – Junction City နှင့် iSure MDY ဆိုင်ခွဲတွင် ကံထူးသူ ကတ်ပိုင်ရှင် ကိုယ်တိုင် မှတ်ပုံတင်မူရင်းနှင့် invoice ဖြင့် လာ‌ရောက်ထုတ်ယူ ရမည်ဖြစ်ပြီး  ကိုယ်စားထုတ်ယူ ခွင့်မပြုပါ။ ဆုလက်ဆောင် ရရှိသူသည် မိမိရရှိသည့်ဆုလက်ဆောင် အား ထုတ်ယူစဉ်တွင် သေချာစစ်ဆေး ပြီးမှသာ လက်ခံရယူရမည်မှာ ဆုလက်ဆောင်ရရှိသူ၏ တာဝန်ဖြစ်ပါသည်။ ဆုလက်ဆောင်ရရှိသူမှ ထုတ်ယူပြီးသော ဆုလက်ဆောင်များနှင့် ပတ်သက်၍ ချို့ယွင်းမှုတစ်စုံတစ်ရာ ပေါ်ပေါက် လာပါက ကမ္ဘောဇဘဏ်နှင့် iSure & XtraSure Management  မှ တာဝန်ယူဖြေရှင်းပေးမည်မဟုတ်ပါ။ သတ်မှတ်ကာလအတွင်း လာရောက် ထုတ်ယူခြင်းမရှိ‌‌သော ဆုလက်ဆောင် များကို KBZ Bank နှင့် iSure & XtraSure Management  ဘက်မှတာဝန်ယူမည် မဟုတ်ပါ။ 

၈။ ဤအစီအစဉ်မှ ရရှိသော ဆုလက်ဆောင်များအား လဲလှယ်ခြင်း၊ လွှဲပြောင်းပေးအပ်ခြင်း၊ လွှဲအပ်ခြင်း သို့မဟုတ် ငွေကြေးအဖြစ် ပြောင်းလဲခြင်းတို့ ပြုလုပ်ခွင့် ရရှိမည် မဟုတ်ပါ။ 

၉။ အစိုးရရုံး ပိတ်ရက်များ (သို့မဟုတ်) KBZ Bank မှထိန်းချုပ်၍မရနိုင်သော အခြေအနေများတွင် ကံထူးရှင်များမဲဖောက်‌‌ရွေးချယ်မှုနှင့် ဆုလက်ဆောင်များ  ထုတ်ပေးမည့်အချိန်သည် အပြောင်းအလဲ ရှိနိုင်ပါသည်။

၁၀။ KBZ Bank ဝန်ထမ်းများသည် အစီအစဥ်တွင် ပါဝင်သူများအား ဆက်သွယ်ပြီး ၎င်းတို့၏ ကိုယ်ရေး အချက်အလက်များ၊OTP (သို့မဟုတ်) PIN  နှင့်ပတ်သက်သည့် မည်သည့်သတင်းအချက်အလက်ကို မျှ တောင်းခံမည်မဟုတ်ပါ။

၁၁။ ဤအစီအစဥ်ကာလအတွင်းသာလျှင်  KBZ Bank Debit Cards နှင့် KBZ Bank Credit Cards ကိုင်ဆောင်သူများအနေဖြင့် ဤစည်းမျဥ်းစည်းကမ်း သတ်မှတ်ချက်ပါ အခွင့်အရေးများကို ရရှိနိုင်မည် ဖြစ်ပြီး ဤအစီအစဥ်ကာလ ကုန်ဆုံးသည်နှင့်တပြိုင်နက် အဆိုပါအခွင့်အရေးများလည်း ကုန်ဆုံး သွားမည် ဖြစ်ပါသည်။

၁၂။ ဤအစီအစဥ်ကာလအတွင်း မည်သည့်လိမ်လည်လှည့်ဖြားမှုမျိုးကိုမျှ ဆောင်ရွက်ခြင်း မပြုရန် တားမြစ်ထားပါသည်။ လိမ်လည်မှုအား မည်သည့်ပုံစံမျိုးဖြင့်မဆို ကျူးလွန်သည်ဟု သံသယဖြစ်ခြင်း ခံရသည့် မည်သူ့ကိုမဆို KBZ Bank က ပယ်ဖျက်ခြင်း နှင့် သို့မဟုတ် ပိတ်ပင်ခြင်း ပြုလုပ်ပိုင်ခွင့်ရှိသည်။

၁၃။  ဤအစီအစဥ်နှင့်ပတ်သက်၍ KBZ Bank  ကတ်ကိုင်ဆောင်သူများ နှင့် KBZ Bank တို့အကြား အငြင်းပွားမှုတစ်စုံတစ်ရာပေါ်ပေါက်လာပါက ထိုအငြင်းပွားမှုအား KBZ Bank ၏ တာဝန်ရှိသူများမှ ပြဌာန်းဥပဒေအရ KBZ Bank ကတ်ကိုင်ဆောင်သူများ၏ ရထိုက်ခွင့်ရှိသည့် အခွင့်အရေးအား ထိခိုက် နစ်နာမှုမရှိစေရန် သေချာစွာ စိစစ်၍ဖြေရှင်းဆောင်ရွက်ပေးသွားမည်ဖြစ်သည်။

၁၄။   KBZ Bank သည် မည်သည့်အချိန်တွင်မဆို တစ်စုံတစ်ရာသောအကြောင်းကြောင့် အသိပေး အကြောင်းကြားနိုင်ခြင်းမရှိဘဲ သတ်မှတ်ထားသော စည်းမျဉ်းစည်းကမ်းများကို ပြင်ဆင် ပြောင်းလဲ ခြင်း၊ ရပ်စဲခြင်း နှင့် (သို့မဟုတ်) အစီအစဥ်အားပယ်ဖျက်ခွင့် နှင့် အစီအစဉ်နှင့်ပတ်သက်သော အကျိုး ခံစားခွင့် (သို့မဟုတ်) သွင်ပြင်လက္ခဏာများအား ပြောင်းလဲခွင့် နှင့် (သို့မဟုတ်) ပြင်ဆင်၊ ဖြည့်စွက်၊ ပယ်ဖျက်ပိုင်ခွင့်တို့အား အခြေအနေအရ ပြုလုပ်ဆောင်ရွက်နိုင်သည်။

၁၅။   KBZ Bank အနေဖြင့် တစ်စုံတစ်ရာသောအကြောင်းကြောင့် အသိပေးအကြောင်းကြားနိုင်ခြင်း မရှိဘဲ ဤအစီအစဉ်အားပယ်ဖျက်ခြင်း ၊ရပ်စဲခြင်း (သို့မဟုတ်) စည်းကမ်းချက်တစ်စုံတစ်ရာ ပြောင်းလဲခြင်း ကြောင့် KBZ Bank ကတ်ကိုင်ဆောင်သူများအနေဖြင့် လျော်ကြေးတစ်စုံတစ်ရာ ရပိုင်ခွင့်မရှိသည်ကို သိရှိသဘောတူပါသည်။

၁၆။   KBZ Bank Card နှင့် သက်ဆိုင်သော ပုံမှန်စည်းမျဉ်းနှင့်စည်းကမ်းသတ်မှတ်ချက်များ နှင့် iSure & XtraSure ၏ စည်းမျဉ်းနှင့်စည်းကမ်းသတ်မှတ်ချက်များလည်း အကျုံးဝင်စေရမည်။

၁၇။   ဤစည်းမျဉ်းနှင့်စည်းကမ်းသတ်မှတ်ချက်များအား ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ ဥပဒေများ ကလွှမ်းမိုးမည်ဖြစ်ပြီး ယင်းဥပဒေများနှင့်အညီ အဓိပ္ပါယ်ဖွင့်ဆိုရမည်။

၁၈။   KBZ Bank သည် COVID-19 ဖြစ်ပေါ်မှုကြောင့်ဖြစ်စေ (သို့မဟုတ်) KBZ Bank အနေဖြင့် ထိန်းချုပ် ၍မရသော အခြေအနေနှင့်မမျှော်မှန်းနိုင်သော သဘာဝဘေးအန္တရာယ် ဖြစ်ရပ်များ ဖြစ်ပေါ်မှုကြောင့် ဖြစ်စေ ဆောင်ရွက်ထားသည့် မည်သည့်လုပ်ဆောင်မှုမျိုးကိုမဆို အခြေအနေအရပ်ရပ်ပေါ်မူတည်၍ ပြောင်းလဲခွင့်ရှိပါသည်။မမျှော်မှန်းနိုင်သော ဖြစ်ရပ်များ ဖြစ်ပျက်နေစဉ်ကာလအတွင်း KBZ Bank မှ ဤစည်းမျဉ်းစည်းကမ်းသတ်မှတ်ချက်များတွင် ဖော်ပြထားသော တာဝန်ဝတ္တရားများကို ဖြည့်ဆည်း ရန်၊ ထမ်းဆောင်ရန် ပျက်ကွက်ခြင်း (သို့မဟုတ်) နှောင့်နှေးခြင်းများအတွက် KBZ Bank အနေဖြင့် KBZ Bank ကတ်ကိုင်ဆောင်သူအပေါ်တွင်ဖြစ်စေ (သို့မဟုတ်) အခြားမည်သည့် လူပုဂ္ဂိုလ်တစ်ဦးဦး အပေါ်တွင်ဖြစ်စေ တာဝန်ရှိစေခြင်း (သို့မဟုတ်) ဤစည်းမျဉ်းစည်းကမ်း သတ်မှတ်ချက်များအား ချိုး ဖောက်ခြင်းဖြစ်သည်ဟု မှတ်ယူခြင်း မရှိစေရပါ။

၁၉။   ဤစည်းမျဉ်းနှင့်စည်းကမ်းသတ်မှတ်ချက်များအား အင်္ဂလိပ်ဘာသာနှင့် မြန်မာဘာသာနှစ်မျိုးဖြင့် ရေး သားထားပြီး နှစ်မျိုးစလုံးသည် တူညီသော အဓိပ္ပာယ် သက်ရောက်မှုရှိမည်ဖြစ်သည်။ အင်္ဂလိပ်ဘာသာ နှင့် မြန်မာဘာသာ နှစ်မျိုးဖြင့် ရေးသားထားခြင်းဖြစ်သောကြောင့် ကွဲလွဲမှုတစ်စုံတစ်ရာရှိလျှင် မြန်မာဘာသာဖြင့်ရေးသားထားသည့်စည်းကမ်းသတ်မှတ်ချက်များကိုသာလျှင်အတည်ယူမည် ဖြစ်သည်။