“မေမေ့အတွက် အချစ်တွေပြသဖို့  KBZ Card ရဲ့ ပရိုမိုးရှင်းများ” အစီအစဉ်၏ စည်းမျဉ်းနှင့်စည်းကမ်းသတ်မှတ်ချက်များ

၁။   အစီအစဥ်ကာလသည် ၁၂.၅.၂၀၂၃  မှ ၂၆.၅.၂၀၂၃ အထိ ဖြစ်သည်။

၂။ ဤအစီအစဥ်အား  KBZ Bank MPU Debit Card၊ KBZ Bank MPU-UnionPay credit card၊ KBZ Bank Visa credit card နှင့် KBZ Bank MPU credit card ဖြင့် သတ်မှတ်ထားသော merchant ဆိုင်များတွင် သွားရောက်ဝယ်ယူပြီး ငွေပေးချေသူများအားလုံး ဤအစီအစဥ်တွင် ပါဝင်နိုင်မည်ဖြစ်ပါသည်။

၃။     ဤအစီအစဉ်ကာလအတွင်း သတ်မှတ်ထားသော merchant ဆိုင်များတွင်  KBZ Bank MPU Debit Card၊ KBZ Bank MPU-UnionPay Credit Card၊ KBZ Bank Visa Credit Card နှင့် KBZ Bank MPU Credit Card တစ်ခုခုဖြင့် ငွေပေးချေမှသာ ဤအစီအစဉ်တွင် ပါဝင်နိုင်မည်ဖြစ်ပါသည်။

၄။ ဤအစီအစဥ်တွင် ပါဝင်သော merchant ဆိုင်များနှင့် ရရှိနိုင်သော  အထူး promotion နှင့် လျှော့စျေး များမှာ အောက်ပါ အတိုင်းဖြစ်ပါသည်။ 

NoMerchant NameMerchant CategoryCityRemark
1Eliza Skin RepublicSpaYangon/Mandalay30% off on treatment for Anti-aging & Melasma
2Inya Day SpaSpaYangon25% discount on all services
3Three Eagle Diamond & GoldJewelryYangonSpend up to 1,000,000 MMK- Get umbrellaSpend up to 2,000,000 MMK- Get fabric
477 Baby StoreFashionYangon10% off for any amount
5The Bridge FashionFashionYangon25-50% off on selected items
6ZeeKwek Hospital and EyewearEye Care CenterYangon7% off on Eyewear

၅။ အထူး promotion နှင့် လျှော့စျေးများကိုရရှိရန် အနည်းဆုံးအသုံးပြုရမည့် ငွေပမာဏ သတ်မှတ်ထားခြင်းမရှိပါ။ အကြိမ်‌ရေ အရေအတွက်လဲ ကန့်သတ်ထားခြင်းမရှိပါ။ မိမိနှစ်သက်ရာ ငွေပမာဏကို အသုံးပြုခြင်းဖြင့် ယခုအစီအစဥ်တွင် ပါဝင်နိုင်မည်ဖြစ်ပါသည်။

၆။ KBZ Bank ဝန်ထမ်းများသည် အထူးအစီအစဉ်တွင် ပါဝင်သူများအား ဆက်သွယ်ပြီး ၎င်းတို့၏ OTP သို့မဟုတ် PIN  နှင့်ပတ်သက်သည့် မည်သည့်သတင်းအချက်အလက်ကိုမျှ တောင်းခံမည် မဟုတ်ပါ။

၇။ ဤအစီအစဉ်ကာလအတွင်း မည်သည့်လိမ်လည်လှည့်ဖြားမှုမျိုးကိုမျှ ဆောင်ရွက်ခြင်းမပြုရန် တားမြစ်ထား ပါသည်။ လိမ်လည်မှုအား မည်သည့်ပုံစံမျိုးဖြင့်မဆို ကျူးလွန်သည်ဟု သံသယဖြစ်ခြင်း ခံရသည့် မည်သူ့ကိုမဆို KBZ Bank က ပယ်ဖျက်ခြင်း နှင့်/သို့မဟုတ် ပိတ်ပင်ခြင်းပြုလုပ်ပိုင်ခွင့်ရှိသည်။

၈။  ဤအစီအစဉ်ကာလနှင့်ပတ်သက်၍ KBZ Bank အသုံးပြုသူများ နှင့် KBZ Bank တို့အကြား အငြင်းပွားမှုတစ်စုံတစ်ရာပေါ်ပေါက်လာပါက ထိုအငြင်းပွားမှုအား KBZ Bank ၏ တာဝန်ရှိသူများမှ ပြဌာန်းဉပဒေအရ အသုံးပြုသူများ၏ ရထိုက်ခွင့်ရှိသည့် အခွင့်အရေးအား ထိခိုက်နစ်နာမှုမရှိစေရန် သေချာစွာ စိစစ်၍ဖြေရှင်းဆောင်ရွက်ပေးသွားမည်ဖြစ်သည်။

၉။   KBZ Bank သည် မည်သည့်အချိန်တွင်မဆို တစ်စုံတစ်ရာသော အကြောင်းကြောင့် အသိပေး အကြောင်းကြား နိုင်ခြင်းမရှိဘဲ သတ်မှတ်ထားသော စည်းမျဉ်း နှင့် စည်းကမ်းများကို ပြင်ဆင် ပြောင်းလဲခြင်း၊ ရပ်စဲခြင်း နှင့်၊ သို့မဟုတ် အစီအစဉ်အား ပယ်ဖျက်ခွင့် နှင့် အစီအစဉ်နှင့်ပတ်သက်သော အကျိုးခံစားခွင့် သို့မဟုတ် သွင်ပြင်လက္ခဏာများအား ပြောင်းလဲခွင့် နှင့်၊ သို့မဟုတ် ပြင်ဆင်၊ ဖြည့်စွက်၊ ပယ်ဖျက်ပိုင်ခွင့် တို့အား အခြေအနေ အရ ပြုလုပ်ဆောင်ရွက်နိုင်သည်။

၁၀။   KBZ Bank အနေဖြင့် တစ်စုံတစ်ရာသောအကြောင်းကြောင့် အသိပေးအကြောင်းကြားနိုင်ခြင်း မရှိဘဲ ဤ အစီအစဉ်အား ပယ်ဖျက်ခြင်း၊ ရပ်စဲခြင်း (သို့မဟုတ်) စည်းကမ်းချက်တစ်စုံတစ်ရာ ပြောင်းလဲခြင်းကြောင့် KBZ Bank အသုံးပြုသူများအနေဖြင့် လျော်ကြေးတစ်စုံတစ်ရာ ရပိုင်ခွင့်မရှိသည်ကို သိရှိသဘောတူပါသည်။

၁၁။   KBZ Bank Card နှင့် သက်ဆိုင်သော ပုံမှန်စည်းမျဉ်းနှင့်စည်းကမ်း သတ်မှတ်ချက်များလည်း အကျုံးဝင် စေရမည်။

၁၂။   ဤစည်းမျဉ်းနှင့်စည်းကမ်းသတ်မှတ်ချက်များအား ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၏ ဥပဒေများက လွှမ်းမိုးမည်ဖြစ်ပြီး ယင်းဥပဒေများနှင့် အညီ အဓိပ္ပါယ်ဖွင့်ဆိုရမည်။

၁၃။   KBZ Bankသည် COVID-19 ဖြစ်ပေါ်မှုကြောင့်ဖြစ်စေ သို့မဟုတ် KBZ Bank အနေဖြင့် ထိန်းချုပ်၍မရသော အခြေအနေနှင့်မမျှော်မှန်းနိုင်သော သဘာဝဘေးအန္တရာယ် ဖြစ်ရပ်များ ဖြစ်ပေါ်မှုကြောင့်ဖြစ်စေ ဆောင်ရွက် ထားသည့် မည်သည့်လုပ်ဆောင်မှုမျိုး ကိုမဆို အခြေအနေအရပ်ရပ်ပေါ်မူတည်၍ ပြောင်းလဲခွင့် ရှိပါသည်။ မမျှော်မှန်းနိုင်သော ဖြစ်ရပ်များ ဖြစ်ပျက်နေစဉ်ကာလအတွင်း KBZ Bankမှ ဤစည်းမျဉ်းစည်းကမ်း သတ်မှတ်ချက်များတွင် ဖော်ပြထားသော တာဝန်ဝတ္တရားများကို ဖြည့်ဆည်းရန်၊ ထမ်းဆောင်ရန် ပျက်ကွက်ခြင်း သို့မဟုတ် နှောင့်နှေးခြင်းများအတွက် KBZ Bankအနေဖြင့် KBZ Bank အသုံးပြုသူအပေါ်တွင်ဖြစ်စေ သို့မဟုတ် အခြားမည်သည့် လူပုဂ္ဂိုလ်တစ်ဦးဦး အပေါ်တွင်ဖြစ်စေ တာဝန်ရှိစေခြင်း သို့မဟုတ် ဤစည်းမျဉ်းစည်းကမ်း သတ်မှတ်ချက်များအား ချိုးဖောက်ခြင်းဖြစ်သည်ဟု မှတ်ယူခြင်း မရှိစေရပါ။

၁၄။   ဤစည်းမျဉ်းနှင့်စည်းကမ်းသတ်မှတ်ချက်များအား အင်္ဂလိပ်ဘာသာနှင့် မြန်မာဘာသာနှစ်မျိုးဖြင့် ရေးသားထားပြီး နှစ်မျိုးစလုံးသည် တူညီသော အဓိပ္ပာယ် သက်ရောက် မှုရှိမည်ဖြစ်သည်။ အင်္ဂလိပ်ဘာသာနှင့် မြန်မာဘာသာ နှစ်မျိုးဖြင့် ရေးသားထားခြင်း ဖြစ်သောကြောင့် ကွဲလွဲမှု တစ်စုံတစ်ရာရှိလျှင် မြန်မာဘာသာဖြင့် ရေးသား ထားသည့် စည်းကမ်းသတ်မှတ်ချက်များ ကိုသာလျှင် အမှန်ယူမည် ဖြစ်သည်။