၁။ “Shop with KBZ Credit Cards at marketplace and City Mart to get 5% cashback” အစီအစဥ်ကာလသည် ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ ၂၉ ရက် နေ့ မှ ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ ၁၃ ရက်နေ့ အထိ (၁၅) ရက်တိုင်တိုင် ကျင်းပသွားမှာ ဖြစ်ပါသည်။
၂။ ဤအစီအစဥ်၏ ရည်ရွယ်ချက်မှာ KBZ Bank Credit Cards (VISA, UnionPay နှင့် MPU) ကိုင်ဆောင်သူများသည် ပြေစာတစ်စောင်လျှင် အနည်းဆုံး ငွေပမာဏ တစ်သိန်းငါးသောင်းကျပ် (၁၅၀,၀၀၀) ကျပ် ငွေပေးချေခြင်းဖြင့် ပြန်အမ်းငွေများ ရရှိစေလိုသည့် ရည်ရွယ်ချက်ဖြင့် ပြုလုပ်ခြင်းဖြစ်ပါသည်။
၃။ ဤ အစီအစဥ်တွင်ပါဝင်ရန် KBZ Bank Credit Cards (VISA, UnionPay နှင့် MPU) ကိုင်ဆောင်သူ များအနေဖြင့် သတ်မှတ်ထားသော City Mart Supermarket နှင့် marketplace by City Mart ဆိုင်ခွဲများတွင် ပြေစာတစ်စောင်လျှင် အနည်းဆုံး ငွေပမာဏ တစ်သိန်းငါးသောင်းကျပ် (၁၅၀,၀၀၀) ကျပ်နှင့်အထက် KBZ Bank Credit Cards (VISA, UnionPay နှင့် MPU) ဖြင့် KBZ POS စက်များတွင် ငွေပေးချေမှုပြုလုပ်ပါက ဤအစီအစဉ်တွင် အကျုံးဝင်မည်ဖြစ်ပါသည်။
၄။ အစီအစဥ်တွင် ပါဝင်သော City Mart Supermarket နှင့် marketplace by City Mart ဆိုင်ခွဲများမှာ အောက်ပါအတိုင်းဖြစ်ပါသည်။
| No | Outlet Name | Address |
| 1 | City Mart Supermarket (Junction Mawtin Branch) | Junction Center Maw Tin, Corner of Anawrahta Road & Lan Thit Street, Lanmadaw Township, Yangon. |
| 2 | City Mart Supermarket (Myay Ni Gone Branch) | No.231, Corner of Pyay Road and Shin Saw Pu Pagoda Street, Sanchaung Township, Yangon. |
| 3 | City Mart Supermarket (South Dagon Branch) | Corner of Hlawgar Road & Myeik Road, Dagon Myothit (South) Township, Yangon |
| 4 | marketplace by City Mart 6.5 Mile Branch | No.69 , 11 Ward, Innya Lay, 6.5 miles, Pyay Road, Hlaing Township, Yangon |
| 5 | marketplace by City Mart Golden Valley Branch | No.403/A, Dhamazedi Road & Golden Valley Road,Bahan Township, Yangon |
| 6 | marketplace by City Mart Junction City Branch | Junction City (Level 4), Corner of Bogyoke Aung San Road & Shwedagon Pagoda Road, Pabedan Township, Yangon |
၅။ ဤအစီအစဥ်ကာလအတွင်း KBZ Bank Credit Card ကိုင်ဆောင်သူများ အနေဖြင့် City Mart Supermarket နှင့် marketplace by City Mart ဆိုင်ခွဲများရှိ KBZ POS စက်များတွင် ပြေစာတစ်စောင်လျှင် အနည်းဆုံး ငွေပမာဏ တစ်သိန်းငါးသောင်းကျပ် (၁၅၀,၀၀၀) ကျပ် နှင့် အထက် ငွေပေးချေမှုပြုလုပ်ခြင်းဖြင့် ဝယ်ယူသော စုစုပေါင်း ငွေပမဏ၏ ၅% (အများဆုံး ၂၀,၀၀၀ကျပ်အထိ) ပြန်အမ်းငွေရရှိနိုင်မည်ဖြစ်ပါသည်။ KBZ Bank Credit Card (VISA, UnionPay, နှင့် MPU ) တစ်ကတ်လျှင် (၁)ရက်ကို (၁)ကြိမ်သာ ပြန်အမ်းငွေ အထူးခံစားခွင့် ရရှိမည်ဖြစ်ပါသည်။
၆။ ပြန်အမ်းငွေရရှိသူများကို KBZ Bank Official Facebook Page (အပြာရောင်အမှန်ခြစ်ပါသော) နှင့် Official Website များတွင် အစီအစဥ် ကာလပြီးဆုံးပြီး ရုံးဖွင့်ရက် (၇)ရက်အတွင်း ကြေညာ ပေးမည် ဖြစ်ပါသည်။ ၄င်းပြန်အမ်းငွေရရှိသူများကို Social Media များနှင့် Website များတွင် ကြေညာ ရန်အလို့ငှာ မိမိ၏အမည်နှင့် ဖုန်းနံပါတ် (ဖုန်းနံပါတ်အပြည့်အစုံမဟုတ်ပါ) တို့အား KBZ Bank မှ အသုံးပြုနိုင်သည်ကို သိရှိပြီး သဘောတူပါသည်။။
၇။ KBZ Bank ဝန်ထမ်းများသည် အစီအစဥ်တွင် ပါဝင်သူများအား ဆက်သွယ်ပြီး ၎င်းတို့၏ ကိုယ်ရေး အချက်အလက်များ၊ OTP (သို့မဟုတ်) PIN နှင့်ပတ်သက်သည့် မည်သည့်သတင်းအချက်အလက်ကို မျှ တောင်းခံမည်မဟုတ်ပါ။
၈။ ပြန်အမ်းငွေ ရရှိသူများကို Social Media များနှင့် Official Website များ၌ ကြေညာပြီးနောက် သတ်မှတ်ရုံးဖွင့်ရက် (၃)ရက်အတွင်း ပြန်အမ်းငွေများကို ပြန်အမ်းငွေရရှိသူများ၏ KBZ Bank Credit Cards အကောင့်ထဲသို့ တိုက်ရိုက်ထည့်သွင်း ပေးသွားမည် ဖြစ်ပါသည်။ ပြန်အမ်းငွေရရှိသူများသည် မိမိ၏ Credit Card သည် Active ဖြစ်နေပြီး Non-Delinquent User ဖြစ်နေမှသာလျှင် ပြန်အမ်းငွေများကို ရရှိခံစားနိုင်မည်ဖြစ်ပါသည်။ အစိုးရရုံးပိတ်ရက်များ (သို့မဟုတ်) KBZ Bank မှ ထိန်းချုပ်၍ မရနိုင်သော အခြေအနေများတွင် ပြန်အမ်းငွေရရှိသူများကို ကြေညာမည့်အချိန်နှင့် ပြန်အမ်းငွေများအား သက်ဆိုင်ရာ KBZ Bank Credit Cards အကောင့်များထဲသို့ တိုက်ရိုက်ထည့်သွင်းပေးမည့်အချိန်သည် အပြောင်းအလဲရှိ နိုင်ပါသည်။ ပြန်အမ်းငွေများကို သက်ဆိုင်ရာ KBZ Bank Credit Cards အကောင့်များထဲသို့ထည့်သွင်းပြီးပါက ပြန်အမ်းငွေရရှိသည့်သူများထံသို့ SMS မှတစ်ဆင့် ပေးပို့အကြောင်းကြား သွားမည်ဖြစ်ပါသည်။
၉။ ဤအစီအစဥ်ကာလအတွင်းသာလျှင် KBZ Bank Credit Card များ (VISA, UnionPay နှင့် MPU) ကတ်ကိုင်ဆောင်သူများအနေဖြင့် ဤစည်းမျဥ်းစည်းကမ်း သတ်မှတ်ချက်ပါ အခွင့်အရေးများကိုရရှိနိုင် မည်ဖြစ်ပြီး ဤအစီအစဥ်ကာလ ကုန်ဆုံးသည်နှင့်တပြိုင်နက် အဆိုပါ အခွင့်အရေးများလည်း ကုန်ဆုံး သွားမည်ဖြစ်ပါသည်။
၁၀။ ဤအစီအစဉ်ကာလအတွင်း မည်သည့်လိမ်လည်လှည့်ဖြားမှုမျိုးကိုမျှ ဆောင်ရွက်ခြင်းမပြုရန် တားမြစ် ထားပါသည်။ လိမ်လည်မှုအား မည်သည့်ပုံစံမျိုးဖြင့်မဆို ကျူးလွန်သည်ဟု သံသယဖြစ်ခြင်း ခံရသည့် မည်သူ့ကိုမဆို KBZ Bank က ပယ်ဖျက်ခြင်း နှင့် သို့မဟုတ် ပိတ်ပင်ခြင်းပြုလုပ်ပိုင်ခွင့်ရှိသည်။
၁၁။ ဤအစီအစဉ်နှင့်ပတ်သက်၍ KBZ Bank ကတ်ကိုင်ဆောင်သူများ နှင့် KBZ Bank တို့အကြား အငြင်းပွားမှုတစ်စုံတစ်ရာပေါ်ပေါက်လာပါက ထိုအငြင်းပွားမှုအား KBZ Bank ၏ တာဝန်ရှိသူများမှ ပြဌာန်းဥပဒေအရ KBZ Bank ကတ်ကိုင်ဆောင်သူများ၏ ရထိုက်ခွင့်ရှိသည့် အခွင့်အရေးအား ထိခိုက် နစ်နာမှုမရှိစေရန် သေချာစွာ စိစစ်၍ဖြေရှင်းဆောင်ရွက်ပေးသွားမည်ဖြစ်သည်။
၁၂။ KBZ Bank သည်မည်သည့်အချိန်တွင်မဆိုတစ်စုံတစ်ရာသောအကြောင်းကြောင့် အသိပေးအကြောင်း ကြားနိုင်ခြင်းမရှိဘဲ သတ်မှတ်ထားသော စည်းမျဉ်းနှင့်စည်းကမ်းများကို ပြင်ဆင် ပြောင်းလဲခြင်း၊ ရပ်စဲ ခြင်း နှင့် (သို့မဟုတ်) အစီအစဉ်အားပယ်ဖျက်ခွင့် နှင့် အစီအစဉ်နှင့်ပတ်သက်သော အကျိုး ခံစားခွင့် (သို့မဟုတ်) သွင်ပြင်လက္ခဏာများအား ပြောင်းလဲခွင့် နှင့် (သို့မဟုတ်) ပြင်ဆင်၊ ဖြည့်စွက်၊ ပယ်ဖျက် ပိုင်ခွင့်တို့အား အခြေအနေအရ ပြုလုပ်ဆောင်ရွက်နိုင်သည်။
၁၃။ KBZ Bank အနေဖြင့် တစ်စုံတစ်ရာသောအကြောင်းကြောင့် အသိပေးအကြောင်းကြားနိုင်ခြင်း မရှိဘဲ ဤအစီအစဉ်အားပယ်ဖျက်ခြင်း ၊ရပ်စဲခြင်း (သို့မဟုတ်) စည်းကမ်းချက်တစ်စုံတစ်ရာ ပြောင်းလဲခြင်း ကြောင့် KBZ Bank ကတ်ကိုင်ဆောင်သူများအနေဖြင့် လျော်ကြေးတစ်စုံတစ်ရာရပိုင်ခွင့်မရှိသည်ကို သိရှိသဘောတူပါသည်။
၁၄။ KBZ Bank ၏ Credit Card နှင့် သက်ဆိုင်သော ပုံမှန်စည်းမျဉ်း နှင့် စည်းကမ်း သတ်မှတ်ချက်များ နှင့် Merchant ဆိုင်၏ စည်းမျဉ်း နှင့်စည်းကမ်း သတ်မှတ်ချက်များလည်း အကျုံးဝင် စေရမည်။
၁၅။ ဤစည်းမျဉ်းနှင့်စည်းကမ်းသတ်မှတ်ချက်များအား ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ ဥပဒေများ ကလွှမ်းမိုးမည်ဖြစ်ပြီး ယင်းဥပဒေများနှင့်အညီ အဓိပ္ပါယ်ဖွင့်ဆိုရမည်။
၁၆။ KBZ Bank သည် COVID-19 ဖြစ်ပေါ်မှုကြောင့်ဖြစ်စေ (သို့မဟုတ်) KBZ Bank အနေဖြင့် ထိန်းချုပ် ၍မရသော အခြေအနေနှင့်မမျှော်မှန်းနိုင်သော သဘာဝဘေးအန္တရာယ် ဖြစ်ရပ်များ ဖြစ်ပေါ်မှုကြောင့် ဖြစ်စေ ဆောင်ရွက်ထားသည့် မည်သည့်လုပ်ဆောင်မှုမျိုးကိုမဆို အခြေအနေအရပ်ရပ်ပေါ်မူတည်၍ ပြောင်းလဲခွင့်ရှိပါသည်။မမျှော်မှန်းနိုင်သော ဖြစ်ရပ်များ ဖြစ်ပျက်နေစဉ်ကာလအတွင်း KBZ Bank မှ ဤစည်းမျဉ်းစည်းကမ်းသတ်မှတ်ချက်များတွင် ဖော်ပြထားသော တာဝန်ဝတ္တရားများကို ဖြည့်ဆည်း ရန်၊ ထမ်းဆောင်ရန် ပျက်ကွက်ခြင်း (သို့မဟုတ်) နှောင့်နှေးခြင်းများအတွက် KBZ Bank အနေဖြင့် KBZ Bank ကတ်ကိုင်ဆောင်သူအပေါ်တွင်ဖြစ်စေ (သို့မဟုတ်) အခြားမည်သည့် လူပုဂ္ဂိုလ်တစ်ဦးဦး အပေါ်တွင်ဖြစ်စေ တာဝန်ရှိစေခြင်း (သို့မဟုတ်) ဤစည်းမျဉ်းစည်းကမ်း သတ်မှတ်ချက်များအား ချိုး ဖောက်ခြင်းဖြစ်သည်ဟု မှတ်ယူခြင်း မရှိစေရပါ။
၁၇။ ဤစည်းမျဉ်းနှင့်စည်းကမ်းသတ်မှတ်ချက်များအား အင်္ဂလိပ်ဘာသာနှင့် မြန်မာဘာသာနှစ်မျိုးဖြင့် ရေး သားထားပြီး နှစ်မျိုးစလုံးသည် တူညီသော အဓိပ္ပာယ် သက်ရောက်မှုရှိမည်ဖြစ်သည်။ အင်္ဂလိပ်ဘာသာ နှင့် မြန်မာဘာသာနှစ်မျိုးဖြင့် ရေးသားထားခြင်းဖြစ်သောကြောင့် ကွဲလွဲမှုတစ်စုံတစ်ရာရှိလျှင် မြန်မာ ဘာသာဖြင့်ရေးသားထားသည့် စည်းကမ်းသတ်မှတ်ချက်များကိုသာလျှင် အမှန်ယူမည်ဖြစ်သည်။