၁။ “ဝသန်ကာလမှာ KBZ Debit နှင့် Credit Card များနဲ့ငွေပေးချေကာ ပြန်အမ်းငွေ ၃ဆအထိ ရယူလိုက်ပါ Campaign” ကာလသည် ၂၀၂၅ ခုနှစ် ဇွန်လ ၁ ရက်နေ့ မှ ၂၀၂၅ ခုနှစ် ဇွန်လ ၃၀ ရက်နေ့ အထိ ဖြစ်ပါသည်။
၂။ ဤ Campaign တွင်ပါဝင်ရန် KBZ Bank Debit Card and Credit Card (VISA, UnionPay & MPU) များဖြင့် KBZ POS တွင် ငွေပေးချေသည့် ကတ်ကိုင်ဆောင်သူဖြစ်ရန်လိုအပ်ပါသည်။
၃။ ဤအစီအစဥ် ကာလအတွင်း အသုံးပြုနိုင်သော KBZ Bank Debit Card နှင့် Credit Card များမှာအောက်ပါအတိုင်းဖြစ်ပါသည်။
Debit Cards | Credit Cards |
1. MPU-UnionPay Asia Prestige Diamond Debit Card | 1. Visa Credit Cards (Classic, Platinum) |
2. MPU Debit Card | 2. MPU-UnionPay Credit Cards (Classic, Platinum) |
3. MPU Teen Debit Card | 3. MPU Credit Cards (Classic, Gold, Platinum) |
4. MPU Business Debit Card |
၄။ ဤ Campaign ကာလအတွင်း KBZ Bank Debit Card and Credit Card ကိုင်ဆောင်သူများ အနေဖြင့် KBZ POS စက်များတွင် ပြေစာ တစ်စောင်လျှင် အနည်းဆုံး ငွေပမာဏ တစ်သိန်း (၁၀၀,၀၀၀) ကျပ်နှင့်အထက် ငွေပေးချေမှုပြုလုပ်ခြင်းဖြင့် ဤအစီအစဥ်တွင် အလိုအလျောက် ပါဝင်ခွင့်ရရှိမည် ဖြစ်ပြီး အများဆုံးငွေသားဆု ဆယ်သိန်း (၁,၀၀၀,၀၀၀)ကျပ် အထိ ကံထူးနိုင်မည် ဖြစ်ပါသည်။
၅။ ဤအစီအစဥ်တွင် ပါဝင်ခွင့်ရရှိသူများအနေဖြင့် အောက်ပါ ငွေသားဆုများအား ကံထူးခွင့်ရရှိ နိုင်မည် ဖြစ်ပါသည်။
- First Prize ဆုကြီး (၁)ဆု – အစီအစဥ်ကာလအတွင်း KBZ Bank Debit Card and Credit Card အသုံးပြုမှုစုစုပေါင်းပမာဏ၏ (၃)ဆ (အများဆုံး ငွေကျပ် ၁,၀၀၀,၀၀၀ အထိ)
- Second Prize ဆုကြီး (၁)ဆု – အစီအစဥ်ကာလအတွင်း KBZ Bank Debit Card and Credit Card အသုံးပြုမှုစုစုပေါင်းပမာဏ၏ (၂)ဆ (အများဆုံး ငွေကျပ် ၅၀၀,၀၀၀ အထိ)
- Third Prize ဆုကြီး (၁)ဆု – အစီအစဥ်ကာလအတွင်း KBZ Bank Debit Card and Credit Card အသုံးပြုမှုစုစုပေါင်းပမာဏ၏ (၁)ဆ (အများဆုံး ငွေကျပ် ၃၀၀,၀၀၀ အထိ)
- နှစ်သိမ့်ဆု (၃)ဆု- တစ်သိန်း (၁၀၀,၀၀၀)ကျပ်
၆။ ကံထူးရှင်သည် Debit Card နှင့် Credit Card နှစ်မျိုးလုံးကိုင်ဆောင်သူဖြစ်ပါက ဆုကြေးငွေအား အစီအစဉ် ကာလအတွင်း ၎င်း ကတ်များတွင် အသုံးပြုထားသော စုစုပေါင်းငွေပမာဏအပေါ်တွင် ခံစားခွင့်ရရှိမည် ဖြစ်ပါသည်။ (အသုံးပြုမှု ပမာဏသည် KBZ POS စက်များတွင် ပြေစာ တစ်စောင်လျှင် အနည်းဆုံး ငွေပမာဏ တစ်သိန်း (၁၀၀,၀၀၀) ကျပ်ဖြစ်ရပါမည်။)
၇။ ငွေသားဆုကံထူးသူများကို KBZ Bank Official Facebook Page (အပြာရောင်အမှန်ခြစ်ပါသော)နှင့် Official Website များတွင် Campaign ပြီးဆုံးပြီးနောက် ရုံးဖွင့်ရက် (၁၀)ရက်အတွင်း ကြေညာပေးမည် ဖြစ်ပါသည်။ ဆုရရှိသည့် ကံထူးရှင်များကို Social Media များနှင့် Official Website များတွင် ကြေညာရန်အလို့ငှာ ငွေသားကံထူးသူများ၏ အမည်နှင့် ဖုန်းနံပါတ် (ဖုန်းနံပါတ်အပြည့်အစုံမဟုတ်ပါ) တို့အား KBZ Bank မှ အသုံးပြုနိုင်သည်ကို ကံထူးသူမှ သိရှိပြီး သဘောတူပါသည်။ကံထူးသူ၏ KBZ Bank Debit Card နှင့် Credit Card များသည် Active ဖြစ်ရမည်။ ကံထူးသူသည် Credit Card user ဖြစ်ပါက Non-Delinquent user ဖြစ်ရပါမည်။
၈။ ငွေသားဆုများကို Campaign ပြီးဆုံးပြီးနောက် ရုံးဖွင့်ရက် (၁၀)ရက်အတွင်း ကံထူးသူ၏ KBZ Bank Debit Card and Credit Card များ (VISA, UnionPay & MPU) နှင့် ချိတ်ဆက်ထားသော ဘဏ်အကောင့်ထဲသို့ တိုက်ရိုက် ထည့်သွင်းပေးသွားမည်ဖြစ်ပါသည်။
၉။ KBZ Bank မှ ကံထူးသူများ၏ ဘဏ်အကောင့် ထဲသို့ ငွေသား ဆုများထည့်သွင်းပြီးပါက ကံထူးသူထံသို့ SMS ပေးပို့အကြောင်းကြားမည်ဖြစ်ပြီး ထို SMS တွင်ကံထူးသူသည် မည်သည့် ငွေသားဆုလက်ဆောင် ရရှိသည်ကိုပါ အသိပေးသွားမည် ဖြစ်ပါမည်။ အစိုးရရုံး ပိတ်ရက်များ (သို့မဟုတ်) KBZ Bank မှထိန်းချုပ်၍မရနိုင်သော အခြေအနေများတွင် ကံထူးရှင်များအား ကြေညာမည့်အချိန်နှင့် ငွေသားဆုငွေများအား ထည့်သွင်းပေးမည့်အချိန်သည် အပြောင်းအလဲ ရှိနိုင်ပါသည်။
၁၀။ KBZ Bank ဝန်ထမ်းများသည် အစီအစဥ်တွင် ပါဝင်သူများအား ဆက်သွယ်ပြီး ၎င်းတို့၏ ကိုယ်ရေး အချက်အလက်များ၊OTP (သို့မဟုတ်) PIN နှင့်ပတ်သက်သည့် မည်သည့်သတင်းအချက်အလက်ကို မျှ တောင်းခံမည်မဟုတ်ပါ။
၁၁။ ဤအစီအစဥ်ကာလအတွင်းသာလျှင် KBZ Bank Debit Card and Credit Card များ (VISA, UnionPay & MPU) ကတ်ကိုင်ဆောင်သူများအနေဖြင့် ဤစည်းမျဥ်းစည်းကမ်း သတ်မှတ်ချက်ပါ အခွင့်အရေးများကိုရရှိနိုင် မည်ဖြစ်ပြီး ဤ Campaign ကာလ ကုန်ဆုံးသည်နှင့်တပြိုင်နက် အဆိုပါအခွင့်အရေးများ လည်း ကုန်ဆုံး သွားမည်ဖြစ်ပါသည်။
၁၂။ ဤ Campaign အတွင်း မည်သည့်လိမ်လည်လှည့်ဖြားမှုမျိုးကိုမျှ ဆောင်ရွက်ခြင်း မပြုရန် တားမြစ် ထားပါသည်။ လိမ်လည်မှုအား မည်သည့်ပုံစံမျိုးဖြင့်မဆို ကျူးလွန်သည်ဟု သံသယဖြစ်ခြင်း ခံရသည့် မည်သူ့ကိုမဆို KBZ Bank က ပယ်ဖျက်ခြင်း နှင့် သို့မဟုတ် ပိတ်ပင်ခြင်းပြုလုပ်ပိုင်ခွင့်ရှိသည်။
၁၃။ ဤ Campaign နှင့်ပတ်သက်၍ KBZ Bank Debit Card and Credit Card ကိုင်ဆောင်သူများ နှင့် KBZ Bank တို့အကြား အငြင်းပွားမှုတစ်စုံတစ်ရာပေါ်ပေါက်လာပါက ထိုအငြင်းပွားမှုအား KBZ Bank ၏ တာဝန်ရှိသူများမှ ပြဌာန်းဥပဒေအရ KBZ Bank Debit Card and Credit Card ကိုင်ဆောင်သူများ၏ ရထိုက်ခွင့်ရှိသည့် အခွင့်အရေးအား ထိခိုက် နစ်နာမှုမရှိစေရန် သေချာစွာ စိစစ်၍ဖြေရှင်းဆောင်ရွက်ပေးသွားမည်ဖြစ်သည်။
၁၄။ KBZ Bank သည် မည်သည့်အချိန်တွင်မဆို တစ်စုံတစ်ရာသောအကြောင်းကြောင့် အသိပေး အကြောင်းကြားနိုင်ခြင်းမရှိဘဲ သတ်မှတ်ထားသော စည်းမျဉ်းစည်းကမ်းများကို ပြင်ဆင် ပြောင်းလဲ ခြင်း၊ ရပ်စဲခြင်း နှင့် (သို့မဟုတ်) Campaign အားပယ်ဖျက်ခွင့် နှင့် အစီအစဉ်နှင့်ပတ်သက်သော အကျိုး ခံစားခွင့် (သို့မဟုတ်) သွင်ပြင်လက္ခဏာများအား ပြောင်းလဲခွင့် နှင့် (သို့မဟုတ်) ပြင်ဆင်၊ ဖြည့်စွက်၊ ပယ်ဖျက်ပိုင်ခွင့်တို့အား အခြေအနေအရ ပြုလုပ်ဆောင်ရွက်နိုင်သည်။
၁၅။ KBZ Bank အနေဖြင့် တစ်စုံတစ်ရာသောအကြောင်းကြောင့် အသိပေးအကြောင်းကြားနိုင်ခြင်း မရှိဘဲ ဤအစီအစဉ်အားပယ်ဖျက်ခြင်း ၊ရပ်စဲခြင်း (သို့မဟုတ်) စည်းကမ်းချက်တစ်စုံတစ်ရာ ပြောင်းလဲခြင်း ကြောင့် KBZ Bank Debit Card and Credit Card ကိုင်ဆောင်သူများအနေဖြင့် လျော်ကြေးတစ်စုံတစ်ရာ ရပိုင်ခွင့်မရှိသည်ကို သိရှိသဘောတူပါသည်။
၁၆။ KBZ Bank Card နှင့် သက်ဆိုင်သော ပုံမှန်စည်းမျဉ်းနှင့်စည်းကမ်းသတ်မှတ်ချက်များလည်း အကျုံးဝင် စေရမည်။
၁၇။ ဤစည်းမျဉ်းနှင့်စည်းကမ်းသတ်မှတ်ချက်များအား ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ ဥပဒေများ ကလွှမ်းမိုးမည်ဖြစ်ပြီး ယင်းဥပဒေများနှင့်အညီ အဓိပ္ပါယ်ဖွင့်ဆိုရမည်။
၁၈။ KBZ Bank သည် COVID-19 ဖြစ်ပေါ်မှုကြောင့်ဖြစ်စေ (သို့မဟုတ်) KBZ Bank အနေဖြင့် ထိန်းချုပ် ၍မရသော အခြေအနေနှင့်မမျှော်မှန်းနိုင်သော သဘာဝဘေးအန္တရာယ် ဖြစ်ရပ်များ ဖြစ်ပေါ်မှုကြောင့် ဖြစ်စေ ဆောင်ရွက်ထားသည့် မည်သည့်လုပ်ဆောင်မှုမျိုးကိုမဆို အခြေအနေအရပ်ရပ်ပေါ်မူတည်၍ ပြောင်းလဲခွင့်ရှိပါသည်။မမျှော်မှန်းနိုင်သော ဖြစ်ရပ်များ ဖြစ်ပျက်နေစဉ်ကာလအတွင်း KBZ Bank မှ ဤစည်းမျဉ်းစည်းကမ်းသတ်မှတ်ချက်များတွင် ဖော်ပြထားသော တာဝန်ဝတ္တရားများကို ဖြည့်ဆည်း ရန်၊ ထမ်းဆောင်ရန် ပျက်ကွက်ခြင်း (သို့မဟုတ်) နှောင့်နှေးခြင်းများအတွက် KBZ Bank အနေဖြင့် KBZ Bank ကတ်ကိုင်ဆောင်သူအပေါ်တွင်ဖြစ်စေ (သို့မဟုတ်) အခြားမည်သည့် လူပုဂ္ဂိုလ်တစ်ဦးဦး အပေါ်တွင်ဖြစ်စေ တာဝန်ရှိစေခြင်း (သို့မဟုတ်) ဤစည်းမျဉ်းစည်းကမ်း သတ်မှတ်ချက်များအား ချိုး ဖောက်ခြင်းဖြစ်သည်ဟု မှတ်ယူခြင်း မရှိစေရပါ။
၁၉။ ဤစည်းမျဉ်းနှင့်စည်းကမ်းသတ်မှတ်ချက်များအား အင်္ဂလိပ်ဘာသာနှင့် မြန်မာဘာသာနှစ်မျိုးဖြင့် ရေး သားထားပြီး နှစ်မျိုးစလုံးသည် တူညီသော အဓိပ္ပာယ် သက်ရောက်မှုရှိမည်ဖြစ်သည်။ အင်္ဂလိပ်ဘာသာ နှင့် မြန်မာဘာသာ နှစ်မျိုးဖြင့် ရေးသားထားခြင်းဖြစ်သောကြောင့် ကွဲလွဲမှုတစ်စုံတစ်ရာရှိလျှင် မြန်မာဘာသာဖြင့်ရေးသားထားသည့်စည်းကမ်းသတ်မှတ်ချက်များကိုသာလျှင် အမှန်ယူမည်ဖြစ်သည်။