“Lucky Draw Campaign in Grand Hantha International  Hospital” ၏ စည်းမျဉ်းစည်းကမ်းသတ်မှတ်ချက်များ 

၁။ “Lucky Draw Campaign in Grand Hantha International Hospital” အစီအစဥ်ကာလကို ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ၊ (၅) ရက်နေ့ မှ ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ၊ (၇) ရက်နေ့  အထိ (၃) ရက်တိုင်တိုင် ကျင်းပသွားမည်ဖြစ်ပါသည်။

၂။ ဤအစီအစဥ်ကာလတွင် ပါဝင်ရန် အသုံးပြုနိုင်သော KBZ Bank Debit Cards နှင့် Credit Cards များမှာ အောက်ပါအတိုင်းဖြစ်ပါသည်။                                                                                                                                                                                                                                                                                                                                                                                                                                                      

                        Debit Cards                              Credit Cards
1.  MPU-UnionPay Asia Prestige Diamond     Debit Card1.  Visa Credit Cards (Classic, Platinum)
2.  MPU Debit Card2.  MPU-UnionPay Credit Cards (Classic, Platinum)
3.  MPU Teen Debit Card3.  MPU Credit Cards (Classic, Gold, Platinum)
4.  MPU Business Debit Card

၃။ ဤအစီအစဥ်ကာလအတွင်း အထက်ဖော်ပြပါ ကတ်ကိုင်ဆောင်သူများသည် KBZ Debit Card နှင့်  Credit Card များဖြင့်  Grand Hantha International Hospital ရှိ KBZ POS စက်များတွင် Medical Checkup Packages များဝယ်ယူကာ အနည်းဆုံး ငွေပမာဏ ငါးသိန်း (၅၀၀,၀၀၀) ကျပ်နှင့် အထက် ငွေပေးချေမှုများ ပြုလုပ်ခြင်းဖြင့် ဤအစီအစဥ်တွင် ပါဝင်နိုင်မည်ဖြစ်ပြီး ဗလာမပါ Lucky Draw ဆုများနှင့် မေတ္တာလက်ဆောင်များ ရရှိစေလိုသည့် ရည်ရွယ်ချက်ဖြင့် ပြုလုပ်ခြင်းဖြစ်ပါသည်။ 

 ၄။ ဤအစီအစဥ်ကာလအတွင်း  အပိုဒ် (၂) တွင် ဖော်ပြထားသော KBZ Bank Debit Card နှင့် Credit Card ကိုင်ဆောင်သူများသည် Grand Hantha International Hospital တွင် Medical Checkup Packages များဝယ်ယူကာ အနည်းဆုံး ငွေပမာဏ ငါးသိန်း (၅၀၀,၀၀၀) ကျပ်နှင့် အထက်  KBZ POS စက်များတွင် ငွေပေးချေမှုများ အောင်မြင်စွာ ပြုလုပ်ခြင်းဖြင့် ဗလာမပါ Lucky Draw ဆုများကို ကံထူးနိုင်မည်ဖြစ်ပါသည်။ ဤအစီအစဥ်ကာလအတွင်း အပိုဒ် (၂) တွင် ဖော်ပြထားသောကတ်များဖြင့် စုစုပေါင်း ငွေပေးချေမှုငါးသိန်း (၅၀၀,၀၀၀) ကျပ်နှင့် အထက် ပထမဦးဆုံးဝယ်ယူငွေပေးချေသူ (၁၅)‌ဦးသည် ဗလာမပါ Lucky Draw ကံစမ်းခွင့်အား ရရှိမည် ဖြစ်ပါသည်။ ၄င်း(၁၅)‌ဦး နောက် ဝယ်ယူငွေပေးချေသူများကို KBZ Bank မှ မေတ္တာလက်ဆောင်များ ပေးအပ်သွားမည် ဖြစ်ပါသည်။ အပိုဒ် (၂) တွင် ဖော်ပြထားသော KBZ Bank Debit Card နှင့် Credit Card ကတ်တစ်ကတ်အား ဗလာမပါ Lucky Draw ကံစမ်းခွင့်သည် တစ်ရက်လျှင် တစ် (၁)ကြိမ်သာ ရရှိမည်ဖြစ်သည်။ 

၅။ ဤအစီအစဥ်တွင် ပါဝင်သော ဗလာမပါ Lucky Draw ဆုများနှင့် မေတ္တာလက်ဆောင်များမှာ အောက်ပါ အတိုင်းဖြစ်ပါသည်။

✤ နှစ်သိန်း (၂၀၀,၀၀၀) ကျပ်   – (၅)ဆု 
✤ တစ်သိန်း (၁၀၀,၀၀၀) ကျပ်  –  (၅)ဆု  
✤ ငါးသောင်း (၅၀,၀၀၀) ကျပ်   –  (၅)ဆု 
✤ သုံးသောင်း (၃၀,၀၀၀) ကျပ် –  (၁၀)ဆု 
✤ နှစ်သောင်း (၂၀,၀၀၀) ကျပ် –  (၁၅)ဆု 
✤ ငါးသောင်း (၅၀,၀၀၀) ကျပ် တန်ဖိုးရှိ Silver Gift Set – (၅)ဆု  

KBZ Bank မှချီးမြှင့်သော မေတ္တာလက်ဆောင်များ – (၃၀)ဆု 

၆။ ဤအစီအစဥ်တွင် ငွေသားဆုကံထူးရှင်များ၏ ငွေသားဆုများကို အစီအစဥ်ကာလ ပြီးဆုံးပြီးနောက် ရုံးဖွင့်ရက် (၇) ရက်အတွင်းတွင် ၄င်းတို့၏ KBZ Bank Debit Cards ၊ Credit Cards နှင့် ချိတ်ဆက်ထားသော ဘဏ်အကောင့်ထဲသို့ တိုက်ရိုက်ထည့်သွင်းပေးသွားမည်ဖြစ်ပါသည်။ ကံထူးရှင်များ၏ငွေသားဆုများ ထည့်သွင်းပြီးပါက ကံထူးရှင်ထံသို့  SMS ပေးပို့အကြောင်းကြားသွားမည်ဖြစ်ပါသည်။ ငါးသောင်း  (၅၀,၀၀၀) ကျပ် တန်ဖိုးရှိ  Silver Gift Set နှင့် KBZ Bank မှချီးမြှင့်သော မေတ္တာလက်ဆောင် ကံထူးရှင်များကို ကံထူးသည့်နေ့တွင် KBZ Bank မှ ဆုလက်ဆောင်များအား ကံထူးရှင်များထံသို့ ချက်ချင်း ပေးအပ်သွားမည် ဖြစ်ပါသည်။ 

၇။ ဤအစီအစဉ်မှ ရရှိသော ဆုလက်ဆောင်များအား လဲလှယ်ခြင်း၊ လွှဲပြောင်းပေးအပ်ခြင်း၊ လွှဲအပ်ခြင်း သို့မဟုတ် ငွေကြေးအဖြစ် ပြောင်းလဲခြင်းတို့ ပြုလုပ်ခွင့် ရရှိမည် မဟုတ်ပါ။ 

၈။ အစိုးရရုံး ပိတ်ရက်များ (သို့မဟုတ်) KBZ Bank မှထိန်းချုပ်၍မရနိုင်သော အခြေအနေများတွင် ကံထူးရှင်များ၏ငွေသားဆုငွေများအား ထည့်သွင်းပေးမည့်အချိန်သည် အပြောင်းအလဲ ရှိနိုင်ပါသည်။

၉။ KBZ Bank ဝန်ထမ်းများသည် အစီအစဥ်တွင် ပါဝင်သူများအား ဆက်သွယ်ပြီး ၎င်းတို့၏ ကိုယ်ရေး အချက်အလက်များ၊OTP (သို့မဟုတ်) PIN  နှင့်ပတ်သက်သည့် မည်သည့်သတင်းအချက်အလက်ကို မျှ တောင်းခံမည်မဟုတ်ပါ။

၁၀။ ဤအစီအစဥ်ကာလအတွင်းသာလျှင်  KBZ Bank Debit Cards နှင့် KBZ Bank Credit Cards ကိုင်ဆောင်သူများအနေဖြင့် ဤစည်းမျဥ်းစည်းကမ်း သတ်မှတ်ချက်ပါ အခွင့်အရေးများကို ရရှိနိုင်မည် ဖြစ်ပြီး ဤအစီအစဥ်ကာလ ကုန်ဆုံးသည်နှင့်တပြိုင်နက် အဆိုပါအခွင့်အရေးများလည်း ကုန်ဆုံး သွားမည် ဖြစ်ပါသည်။

၁၁။ ဤအစီအစဥ်ကာလအတွင်း မည်သည့်လိမ်လည်လှည့်ဖြားမှုမျိုးကိုမျှ ဆောင်ရွက်ခြင်း မပြုရန် တားမြစ်ထားပါသည်။ လိမ်လည်မှုအား မည်သည့်ပုံစံမျိုးဖြင့်မဆို ကျူးလွန်သည်ဟု သံသယဖြစ်ခြင်း ခံရသည့် မည်သူ့ကိုမဆို KBZ Bank က ပယ်ဖျက်ခြင်း နှင့် သို့မဟုတ် ပိတ်ပင်ခြင်း ပြုလုပ်ပိုင်ခွင့်ရှိသည်။

၁၂။  ဤအစီအစဥ်နှင့်ပတ်သက်၍ KBZ Bank  ကတ်ကိုင်ဆောင်သူများ နှင့် KBZ Bank တို့အကြား အငြင်းပွားမှုတစ်စုံတစ်ရာပေါ်ပေါက်လာပါက ထိုအငြင်းပွားမှုအား KBZ Bank ၏ တာဝန်ရှိသူများမှ ပြဌာန်းဥပဒေအရ KBZ Bank ကတ်ကိုင်ဆောင်သူများ၏ ရထိုက်ခွင့်ရှိသည့် အခွင့်အရေးအား ထိခိုက် နစ်နာမှုမရှိစေရန် သေချာစွာ စိစစ်၍ဖြေရှင်းဆောင်ရွက်ပေးသွားမည်ဖြစ်သည်။

၁၃။   KBZ Bank သည် မည်သည့်အချိန်တွင်မဆို တစ်စုံတစ်ရာသောအကြောင်းကြောင့် အသိပေး အကြောင်းကြားနိုင်ခြင်းမရှိဘဲ သတ်မှတ်ထားသော စည်းမျဉ်းစည်းကမ်းများကို ပြင်ဆင် ပြောင်းလဲ ခြင်း၊ ရပ်စဲခြင်း နှင့် (သို့မဟုတ်) အစီအစဥ်အားပယ်ဖျက်ခွင့် နှင့် အစီအစဉ်နှင့်ပတ်သက်သော အကျိုး ခံစားခွင့် (သို့မဟုတ်) သွင်ပြင်လက္ခဏာများအား ပြောင်းလဲခွင့် နှင့် (သို့မဟုတ်) ပြင်ဆင်၊ ဖြည့်စွက်၊ ပယ်ဖျက်ပိုင်ခွင့်တို့အား အခြေအနေအရ ပြုလုပ်ဆောင်ရွက်နိုင်သည်။

၁၄။   KBZ Bank အနေဖြင့် တစ်စုံတစ်ရာသောအကြောင်းကြောင့် အသိပေးအကြောင်းကြားနိုင်ခြင်း မရှိဘဲ ဤအစီအစဉ်အားပယ်ဖျက်ခြင်း ၊ရပ်စဲခြင်း (သို့မဟုတ်) စည်းကမ်းချက်တစ်စုံတစ်ရာ ပြောင်းလဲခြင်း ကြောင့် KBZ Bank ကတ်ကိုင်ဆောင်သူများအနေဖြင့် လျော်ကြေးတစ်စုံတစ်ရာ ရပိုင်ခွင့်မရှိသည်ကို သိရှိသဘောတူပါသည်။

၁၅။   KBZ Bank Card နှင့် သက်ဆိုင်သော ပုံမှန်စည်းမျဉ်းနှင့်စည်းကမ်းသတ်မှတ်ချက်များ နှင့် Grand Hantha International Hospital၏ စည်းမျဉ်းနှင့်စည်းကမ်းသတ်မှတ်ချက်များလည်း အကျုံးဝင် စေရမည်။

၁၆။   ဤစည်းမျဉ်းနှင့်စည်းကမ်းသတ်မှတ်ချက်များအား ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ ဥပဒေများ ကလွှမ်းမိုးမည်ဖြစ်ပြီး ယင်းဥပဒေများနှင့်အညီ အဓိပ္ပါယ်ဖွင့်ဆိုရမည်။

၁၇။   KBZ Bank သည် COVID-19 ဖြစ်ပေါ်မှုကြောင့်ဖြစ်စေ (သို့မဟုတ်) KBZ Bank အနေဖြင့် ထိန်းချုပ် ၍မရသော အခြေအနေနှင့်မမျှော်မှန်းနိုင်သော သဘာဝဘေးအန္တရာယ် ဖြစ်ရပ်များ ဖြစ်ပေါ်မှုကြောင့် ဖြစ်စေ ဆောင်ရွက်ထားသည့် မည်သည့်လုပ်ဆောင်မှုမျိုးကိုမဆို အခြေအနေအရပ်ရပ်ပေါ်မူတည်၍ ပြောင်းလဲခွင့်ရှိပါသည်။မမျှော်မှန်းနိုင်သော ဖြစ်ရပ်များ ဖြစ်ပျက်နေစဉ်ကာလအတွင်း KBZ Bank မှ ဤစည်းမျဉ်းစည်းကမ်းသတ်မှတ်ချက်များတွင် ဖော်ပြထားသော တာဝန်ဝတ္တရားများကို ဖြည့်ဆည်း ရန်၊ ထမ်းဆောင်ရန် ပျက်ကွက်ခြင်း (သို့မဟုတ်) နှောင့်နှေးခြင်းများအတွက် KBZ Bank အနေဖြင့် KBZ Bank ကတ်ကိုင်ဆောင်သူအပေါ်တွင်ဖြစ်စေ (သို့မဟုတ်) အခြားမည်သည့် လူပုဂ္ဂိုလ်တစ်ဦးဦး အပေါ်တွင်ဖြစ်စေ တာဝန်ရှိစေခြင်း (သို့မဟုတ်) ဤစည်းမျဉ်းစည်းကမ်း သတ်မှတ်ချက်များအား ချိုး ဖောက်ခြင်းဖြစ်သည်ဟု မှတ်ယူခြင်း မရှိစေရပါ။

၁၈။   ဤစည်းမျဉ်းနှင့်စည်းကမ်းသတ်မှတ်ချက်များအား အင်္ဂလိပ်ဘာသာနှင့် မြန်မာဘာသာနှစ်မျိုးဖြင့် ရေး သားထားပြီး နှစ်မျိုးစလုံးသည် တူညီသော အဓိပ္ပာယ် သက်ရောက်မှုရှိမည်ဖြစ်သည်။ အင်္ဂလိပ်ဘာသာ နှင့် မြန်မာဘာသာ နှစ်မျိုးဖြင့် ရေးသားထားခြင်းဖြစ်သောကြောင့် ကွဲလွဲမှုတစ်စုံတစ်ရာရှိလျှင် မြန်မာဘာသာဖြင့်ရေးသားထားသည့်စည်းကမ်းသတ်မှတ်ချက်များကိုသာလျှင်အတည်ယူမည် ဖြစ်သည်။