“ ချစ်ရသူများနဲ့ဟော့ပေါ့အတူစားကာ ဗလာမပါပြန်အမ်းငွေဆုလက်ဆောင်များစွာ ချက်ချင်းရယူလိုက်ပါ”

၁။     “August F&B Lucky Draw Campaign”အစီအစဥ်ကာလသည် ၂၀၂၅ ခုနှစ်၊ သြဂုတ်လ (၂၉)ရက် မှ ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ (၁၂)ရက်နေ့  အထိ (၁၅)ရက် တိုင်တိုင် ကျင်းပသွားမည် ဖြစ်ပါသည်။

၂။   ဤအစီအစဥ် ကာလအတွင်း အသုံးပြုနိုင်သော KBZ Bank Debit Cards နှင့် Credit Cards     များမှာအောက်ပါအတိုင်းဖြစ်ပါသည်။

                        Debit Cards                              Credit Cards
1.  MPU-UnionPay Asia Prestige Diamond     Debit Card1.  Visa Credit Cards (Classic, Platinum)
2.  MPU Debit Card2.  MPU-UnionPay Credit Cards (Classic, Platinum)
3.  MPU Teen Debit Card3.  MPU Credit Cards (Classic, Gold, Platinum)
4.  MPU Business Debit Card

၃။ ဤအစီအစဥ် ကာလအတွင်း သတ်မှတ်ထားသော မိတ်ဖက် Hot Pot ဆိုင်များတွင် အနည်းဆုံး လူ ( ၂ ) ဦး နှင့် အထက် လာရောက်သုံးဆောင်ပြီး အပိုဒ် (၂) တွင် ဖော်ပြထားသော KBZ Bank Debit Card နှင့် KBZ Bank Credit Card (VISA, MPU-UnionPay & MPU) များဖြင့် KBZ POS စက်များတွင် ငွေ‌ပေးချေမှုများ ပြုလုပ်ပါက ဗလာမပါ Lucky Draw ကံစမ်းခွင့်များရရှိစေလိုသည့် ရည်ရွယ်ချက်ဖြင့် ပြုလုပ်ခြင်း ဖြစ်ပါသည်။

၄။       ဤအစီအစဥ်တွင် ပါဝင်သော မိတ်ဖက် Hot Pot ဆိုင်များနှင့် Lucky Draw တွင်ပါဝင်သော ကံထူးဆုများမှာ- 

Hot Pot OutletsAddressLucky Draw Prizes
Hot Pot CityNo. (71/A), Corner of Thit Taw Street and Min Ye Kyaw Swar Street, Ahlone Township, Yangon.           Free dining coupon – 1 person Twenty Thousand (20,000) Kyats cash backFifteen Thousand (15,000) Kyats cash backTen Thousand (10,000) Kyats cash backSeven Thousand (7,000) Kyats cash backFive Thousand (5,000) Kyats cash backTulip Body Spray
Hot Pot CountryNo. (83), Yadanar Street (8), South Okkalapa, Township, Yangon.
Suki & Yakiniku (2 outlets)
No.474, Corner of Thit Sar Road & Wai Zayan Tar Road, South Okkalapa Township, Yangon.


No. (71/A), Corner of Thit Taw street and Min Ye Kyaw Swar Street, Ahlone Township, Yangon.

၅။    ဗလာမပါ Lucky Draw မှ ရရှိသော ကံထူးဆုများကို သက်ဆိုင်ရာ  မိတ်ဖက် Hot Pot ဆိုင်များမှ Customer အား ငွေရှင်းသည့်အချိန်တွင် ချက်ချင်းပေးအပ် သွားမည်ဖြစ်ပါသည်။ Coupon ကံထူးရှင်များသည် Coupon အားပြန်လည်အသုံးပြုရာတွင်  သက်ဆိုင်ရာ  မိတ်ဖက် Hot Pot ဆိုင်များ ၏ စည်းမျဥ်းစည်းကမ်းများအတိုင်း ပြန်လည် အသုံးပြုရမည်ဖြစ်သည်။

၆။ အစီအစဥ်တွင် ပါဝင်ရန်အတွက်   သတ်မှတ်ထားသော Hot Pot ဆိုင်များတွင် လာရောက်သုံးဆောင်ပြီး KBZ Debit or Credit ကတ်တစ်ကတ်ဖြင့် KBZ POS တွင် ( ၂ ) ဦးစာ သုံးဆောင်မှုအတွက် ‌ငွေပေးချေပါက Lucky Draw ကံစမ်းခွင့် (၁)ကြိမ် ရရှိပါမည်။ (၄) ဦး နှင့် အထက် သုံးဆောင်မှုအတွက်‌  Lucky Draw ကံစမ်းခွင့် ( ၂ )ကြိမ် ရရှိပါမည်။ KBZ Debit or Credit  ကတ်တစ်ကတ်အား Lucky Draw ကံစမ်းခွင့်အများဆုံး တစ်ရက်လျှင် နှစ်(၂) ကြိမ် ရရှိမည်ဖြစ်ပါသည်။ 

၇။ ဤ အစီအစဥ် ကာလအတွင်း သတ်မှတ်ချက်နှင့် ပြည့်မီသည့်ငွေပေးချေမှုများ အတွက် ကံထူးနိုင်မည့်ကံစမ်းမဲ အရေအတွက် ကန့်သတ်ချက်ရှိပါ သဖြင့် ထိုကန့်သတ် အရေအတွက် ထက် ကျော်လွန်သော ငွေပေးချေသည့် Customers များအနေဖြင့် Lucky draw ကံစမ်းခွင့်ရရှိနိုင်မည် မဟုတ်ပါ။

၈။ ဤအစီအစဉ်မှ ရရှိသော ဆုလက်ဆောင်များအား လဲလှယ်ခြင်း၊ လွှဲပြောင်းပေးအပ်ခြင်း သို့မဟုတ် ငွေကြေးအဖြစ် ပြောင်းလဲခြင်းတို့ ပြုလုပ်ခွင့် ရရှိမည် မဟုတ်ပါ။ 

၉။ ဤအစီအစဥ်ကာလအတွင်းသာလျှင်  KBZ Bank Debit Cards နှင့် KBZ Bank Credit Cards ကိုင်ဆောင်သူများအနေဖြင့် ဤစည်းမျဥ်းစည်းကမ်း သတ်မှတ်ချက်ပါ အခွင့်အရေးများကို ရရှိနိုင်မည် ဖြစ်ပြီး ဤအစီအစဥ်ကာလ ကုန်ဆုံးသည်နှင့်တပြိုင်နက် အဆိုပါအခွင့်အရေးများလည်း ကုန်ဆုံး သွားမည် ဖြစ်ပါသည်။

၁၀။ KBZ Bank ဝန်ထမ်းများသည် အထူးအစီအစဉ်တွင် ပါဝင်သူများအား ဆက်သွယ်ပြီး ၎င်းတို့၏ OTP သို့မဟုတ် PIN  နှင့်ပတ်သက်သည့် မည်သည့်သတင်းအချက်အလက်ကိုမျှ တောင်းခံမည် မဟုတ်ပါ။

၁၁။ ဤအစီအစဉ်ကာလအတွင်း မည်သည့်လိမ်လည်လှည့်ဖြားမှုမျိုးကိုမျှ ဆောင်ရွက်ခြင်းမပြုရန် တားမြစ်ထား ပါသည်။ လိမ်လည်မှုအား မည်သည့်ပုံစံမျိုးဖြင့်မဆို ကျူးလွန်သည်ဟု သံသယဖြစ်ခြင်းခံရသည့် မည်သူ့ကို မဆို KBZ Bank က ပယ်ဖျက်ခြင်း နှင့်/သို့မဟုတ် ပိတ်ပင်ခြင်းပြုလုပ်ပိုင်ခွင့်ရှိသည်။

၁၂။  ဤအစီအစဉ်ကာလနှင့်ပတ်သက်၍ KBZ Bank အသုံးပြုသူများ နှင့် KBZ Bank တို့အကြား အငြင်းပွားမှုတစ်စုံတစ်ရာပေါ်ပေါက်လာပါက ထိုအငြင်းပွားမှုအား KBZ Bank ၏ တာဝန်ရှိသူများမှ ပြဌာန်းဥပဒေအရ အသုံးပြုသူများ၏ ရထိုက်ခွင့်ရှိသည့် အခွင့်အရေးအား ထိခိုက်နစ်နာမှုမရှိစေရန် သေချာစွာစိစစ်၍ ဖြေရှင်းဆောင်ရွက် ပေးသွားမည်ဖြစ်သည်။

၁၃။   KBZ Bank သည် မည်သည့်အချိန်တွင်မဆို တစ်စုံတစ်ရာသော အကြောင်းကြောင့် အသိပေး အကြောင်းကြား နိုင်ခြင်းမရှိဘဲ သတ်မှတ်ထားသော စည်းမျဉ်း နှင့် စည်းကမ်းများကို ပြင်ဆင် ပြောင်းလဲခြင်း၊ ရပ်စဲခြင်း နှင့်၊ သို့မဟုတ် အစီအစဉ်အား ပယ်ဖျက်ခွင့် နှင့် အစီအစဉ်နှင့်ပတ်သက်သော အကျိုးခံစားခွင့် သို့မဟုတ် သွင်ပြင်လက္ခဏာများအား ပြောင်းလဲခွင့် နှင့်၊ သို့မဟုတ် ပြင်ဆင်၊ ဖြည့်စွက်၊ ပယ်ဖျက်ပိုင်ခွင့် တို့အား အခြေအနေအရ ပြုလုပ်ဆောင်ရွက်နိုင်သည်။

၁၄။   KBZ Bank အနေဖြင့် တစ်စုံတစ်ရာသောအကြောင်းကြောင့် အသိပေးအကြောင်းကြားနိုင်ခြင်းမရှိဘဲ ဤ အစီအစဉ်အား ပယ်ဖျက်ခြင်း၊ ရပ်စဲခြင်း (သို့မဟုတ်) စည်းကမ်းချက်တစ်စုံတစ်ရာ ပြောင်းလဲခြင်းကြောင့် KBZ Bank အသုံးပြုသူများအနေဖြင့် လျော်ကြေးတစ်စုံတစ်ရာ ရပိုင်ခွင့်မရှိသည်ကို သိရှိသဘောတူပါသည်။

၁၅။   KBZ Bank Card နှင့် သက်ဆိုင်သော ပုံမှန်စည်းမျဉ်းနှင့်စည်းကမ်းသတ်မှတ်ချက်များ နှင့်  မိတ်ဖက် Hot Pot  ဆိုင်များ၏ စည်းမျဉ်းနှင့်စည်းကမ်းသတ်မှတ်ချက်များလည်း အကျုံးဝင် စေရမည်။

၁၆။   ဤစည်းမျဉ်းနှင့်စည်းကမ်းသတ်မှတ်ချက်များအား ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၏ ဥပဒေများက လွှမ်းမိုးမည်ဖြစ်ပြီး ယင်းဥပဒေများနှင့် အညီ အဓိပ္ပါယ်ဖွင့်ဆိုရမည်။

၁၇။   KBZ Bank သည် COVID-19 ဖြစ်ပေါ်မှုကြောင့်ဖြစ်စေ သို့မဟုတ် KBZ Bank အနေဖြင့် ထိန်းချုပ်၍ မရ သော အခြေအနေနှင့်မမျှော်မှန်းနိုင်သော သဘာဝဘေးအန္တရာယ် ဖြစ်ရပ်များ ဖြစ်ပေါ်မှုကြောင့်ဖြစ်စေ ဆောင်ရွက် ထားသည့် မည်သည့်လုပ်ဆောင်မှုမျိုးကိုမဆို အခြေအနေအရပ်ရပ်ပေါ်မူတည်၍ ပြောင်းလဲခွင့် ရှိ ပါသည်။ မမျှော်မှန်းနိုင်သော ဖြစ်ရပ်များ ဖြစ်ပျက်နေစဉ်ကာလအတွင်း KBZ Bankမှ ဤစည်းမျဉ်း စည်း ကမ်း သတ်မှတ်ချက်များတွင် ဖော်ပြထားသော တာဝန်ဝတ္တရားများကို ဖြည့်ဆည်းရန်၊ ထမ်းဆောင်ရန် ပျက်ကွက်ခြင်း သို့မဟုတ် နှောင့်နှေးခြင်းများအတွက် KBZ Bank အနေဖြင့် KBZ Bank အသုံးပြုသူ အပေါ်တွင်ဖြစ်စေ သို့မဟုတ် အခြားမည်သည့် လူပုဂ္ဂိုလ်တစ်ဦးဦး အပေါ်တွင်ဖြစ်စေ တာဝန်ရှိစေခြင်း သို့မဟုတ် ဤစည်းမျဉ်းစည်းကမ်း သတ်မှတ်ချက်များအား ချိုးဖောက်ခြင်းဖြစ်သည်ဟု မှတ်ယူခြင်း မရှိစေ ရပါ။ 

၁၈။   ဤစည်းမျဉ်းနှင့်စည်းကမ်းသတ်မှတ်ချက်များအား အင်္ဂလိပ်ဘာသာနှင့် မြန်မာဘာသာနှစ်မျိုးဖြင့် ရေးသား ထားပြီး နှစ်မျိုးစလုံးသည် တူညီသော အဓိပ္ပာယ် သက်ရောက်မှုရှိမည်ဖြစ်သည်။ အင်္ဂလိပ်ဘာသာနှင့် မြန်မာဘာသာ နှစ်မျိုးဖြင့် ရေးသားထားခြင်း ဖြစ်သောကြောင့် ကွဲလွဲမှု တစ်စုံတစ်ရာရှိလျှင် မြန်မာဘာသာဖြင့် ရေးသားထားသည့် စည်းကမ်းသတ်မှတ်ချက်များ ကိုသာလျှင် အမှန်ယူမည် ဖြစ်သည်။