“ Survey ဖြေရင်း ဖုန်းဘေလ်ဖြည့်ကူပွန်များ ကံစမ်းနိုင်ခွင့်” အစီအစဥ် စည်းမျဉ်းစည်းကမ်း  သတ်မှတ်ချက်များ

 KBZ  သည်   “Survey ဖြေရင်း ဖုန်းဘေလ်ဖြည့်ကူပွန်များ ကံစမ်းနိုင်ခွင့်”  အစီအစဥ်ကာလကို  ၂၀၂၅ခုနှစ်   ဇူလိုင်လ (၁၀) ရက်နေ့မှ  (၂၄)ရက်နေ့ အထိ  သတ်မှတ်ထားပါသည်။

၂။ KBZ Bank နှင့် KBZPay ၏ Official Viber Community Channel ကို Subscribe ပြုလုပ်၍ စစ်တမ်းကောက်ခံသည့် မေးခွန်းများအား ဖြေဆိုထားသူများသာ ယခုအစီအစဥ်တွင် ပါဝင်နိုင်မည် ဖြစ်ပါသည်။  

၃။ ဤအစီအစဥ်၏ရည်ရွယ်ချက်မှာ KBZ Bank နှင့် KBZPay ၏ Official Viber Community Channel  မှ ပေးပို့သော သတင်းအချက်အလက်များအား အသုံးပြုသူများထံ ပိုမိုထိရောက်စွာ ရောက်ရှိစေရန် နှင့် စစ်တမ်းကောက်ခံသည့် မေးခွန်းများ ဖြေဆိုသည့် အသုံးပြုသူများအနေဖြင့် ဖုန်းဘေလ်ဖြည့်ကူပွန်များ ရရှိစေရန် ဖြစ်ပါသည်။  

၄။ ဤအစီအစဥ်တွင်ပါဝင်လိုသူများသည် KBZ Bank သို့မဟုတ် KBZPay Official Viber Community Channel များကို Subscribe ပြုလုပ်၍ ပေးပို့သော စစ်တမ်းကောက်ခံသည့် မေးခွန်းများကို ဦးစွာဖြေဆိုပေးရပါမည်။ KBZ Bank သို့မဟုတ် KBZPay Official Viber Community Channel များရှိ ဖြေဆိုထားသူများအားလုံးအနက်မှ ပထမဦးဆုံး ဖြေဆိုသူ (၃၃၃) ယောက်ကို ဤအစီအစဥ် ကာလပြီးဆုံးပြီးနောက် အလုပ်လုပ်ရက် (၂) ရက်အတွင်း ရွေးချယ်သွားမည်ဖြစ်ပြီး ကံထူးရှင်များအား KBZPay Notification မှတစ်ဆင့် ဖုန်းဘေလ်ဖြည့် ကူပွန်ရရှိကြောင်း အသိပေး အကြောင်းကြားပေးသွားပါမည်။ 

၅။ ပြန်လည်ခံစားခွင့်ရရှိမည့် ကူပွန်တန်ဖိုးမှာ သုံးထောင် (၃,၀၀၀) ကျပ်တန် ဖုန်းဘေလ်ဖြည့် ကူပွန်ဖြစ်ပါသည်။ ကံထူးသူများအနေဖြင့် KBZPay မှတဆင့် ဖုန်းဘေလ် ငွေဖြည့်သွင်းမှု တစ်ကြောင်းလျှင်      အနည်းဆုံး  (၃,၀၀၀) ကျပ်နှင့် အထက် ဖြည့်သွင်းမှသာ ကူပွန်ကို အသုံးပြုခွင့် ရရှိမည်ဖြစ်ပါသည်။  

၆။ ဤအစီအစဥ်ကာလအတွင်း KBZ Bank သို့မဟုတ် KBZPay ၏ Official Viber Community Channel များကို Subscribe ပြုလုပ်၍ စစ်တမ်းကောက်ခံသည့် မေးခွန်းများ ဖြေဆိုသူများသည်       KBZPay Account တစ်ခုလျှင်      ကူပွန်ကို အသုံးပြုခွင့် တစ်ကြိမ်သာရရှိပါမည်။  

၇။ ဤအစီအစဥ်မှ စစ်တမ်းကောက်ခံသည့် မေးခွန်းများ  ဖြေဆိုပြီး ရရှိသော ကူပွန်၏သက်တမ်းမှာ မိမိရရှိထားသောရက်မှ (၇) ရက်အတွင်းသာဖြစ်ပြီး ဤအစီအစဥ်အရ ကူပွန်ရရှိထားသူများသည် ၎င်းတို့ရရှိသော ကူပွန်များအား လဲလှယ်ခြင်း၊ လွှဲပြောင်း ပေးအပ်ခြင်း၊ လွှဲအပ်ခြင်း သို့မဟုတ် ငွေကြေး အဖြစ် ပြောင်းလဲခြင်းတို့ ပြုလုပ်ခွင့်မပြုပါ။ ကူပွန်များရရှိသူများသည် KBZPay “ကျွန်ုပ်၏ ပရိုဖိုင်” ရှိ “ ကူပွန်များ” ထဲသို့ ကူပွန်အားလက်ခံရရှိမည်  ဖြစ်ပါသည်။ 

၈။ ဤအစီအစဥ် ကာလအတွင်းသာလျှင် KBZ အသုံးပြုသူများအနေဖြင့် ဤစည်းမျဥ်းစည်းကမ်း သတ်မှတ်ချက်ပါအခွင့်အရေးများကို ရရှိနိုင်မည်ဖြစ်ပြီး ဤအစီအစဥ်ကာလ ကုန်ဆုံးသည်နှင့် တပြိုင်နက် အဆိုပါအခွင့်အရေးများလည်း ကုန်ဆုံးသွားမည်ဖြစ်ပါသည်။ ဤအစီအစဥ် ကာလ ကုန်ဆုံးသော်လည်း ဤအစီအစဥ်မှ ရရှိ‌သော ကူပွန်များသည် အပိုဒ် (၇) ပါအတိုင်း ဆက်လက် အသုံးပြုခွင့် ရရှိမည်ဖြစ်သည်။ ကူပွန်များအား ထည့်သွင်းပေးမည်ဟု ဖော်ပြထားသော်လည်း KBZ ၏ ထိန်းချုပ်နိုင်စွမ်းထက် ကျော်လွန်သည့် ကိစ္စရပ်များကြောင့် ကူပွန်များအား ထည့်သွင်းချိန် ပြောင်းလဲမှု ရှိနိုင်ပါသည်။

၉။ KBZ ဝန်ထမ်းများသည် အစီအစဥ်တွင်ပါဝင်သူများအားဆက်သွယ်ပြီး ၎င်းတို့၏ OTP, PIN သို့မဟုတ် KBZ အကောင့်နှင့်ပတ်သက်သည့် မည်သည့်သတင်းအချက်အလက်ကိုမျှ တောင်းခံမည် မဟုတ်ပါ။

၁၀။ ဤအစီအစဥ်ကာလအတွင်း မည်သည့်လိမ်လည်လှည့်ဖြားမှုမျိုးကိုမျှ ဆောင်ရွက်ခြင်း မပြုရန် တားမြစ်ထားပါသည်။ လိမ်လည်မှုအား မည်သည့်ပုံစံမျိုးဖြင့်မဆို ကျူးလွန်သည်ဟု သံသယဖြစ်ခြင်း ခံရသည့် မည်သူ့ကိုမဆို KBZ က ပယ်ဖျက်ခြင်း နှင့်/သို့မဟုတ် ပိတ်ပင်ခြင်းပြုလုပ်ပိုင်ခွင့်ရှိသည်။

၁၁။ ဤ အစီအစဥ် နှင့်ပတ်သက်၍ KBZ အသုံးပြုသူများ နှင့် KBZ တို့အကြား အငြင်းပွားမှုတစ်စုံတစ်ရာပေါ်ပေါက်လာပါက ထိုအငြင်းပွားမှုအား KBZ၏ တာဝန်ရှိသူများမှ ပြဌာန်း ဥပဒေအရ အသုံးပြုသူများ၏ ရထိုက်ခွင့်ရှိသည့် အခွင့်အရေးအား ထိခိုက်နစ်နာမှုမရှိစေရန် သေချာစွာ စိစစ်၍ဖြေရှင်းဆောင်ရွက်ပေးသွားမည် ဖြစ်သည်။

၁၂။ KBZ သည် မည်သည့်အချိန်တွင်မဆို တစ်စုံတစ်ရာသော အကြောင်းကြောင့် အသိပေး အကြောင်းကြားနိုင်ခြင်းမရှိဘဲ သတ်မှတ်ထားသော စည်းမျဉ်း နှင့် စည်းကမ်းများကို ပြင်ဆင် ပြောင်းလဲခြင်း၊ ရပ်စဲခြင်း နှင့်၊ သို့မဟုတ် အစီအစဥ်     အား ပယ်ဖျက်ခွင့် နှင့် အစီအစဥ် နှင့်ပတ်သက်သော အကျိုးခံစားခွင့် သို့မဟုတ် သွင်ပြင်လက္ခဏာများအား ပြောင်းလဲခွင့် နှင့်၊ သို့မဟုတ် ပြင်ဆင်၊ ဖြည့်စွက်၊ ပယ်ဖျက်ပိုင်ခွင့် တို့အား အခြေအနေအရ ပြုလုပ်ဆောင်ရွက်နိုင်သည်။ 

၁၃။      KBZ အနေဖြင့် မည်သည့်အချိန်တွင်မဆို တစ်စုံတစ်ရာသောအကြောင်းကြောင့် အသိပေးအကြောင်း ကြားနိုင်ခြင်း မရှိဘဲ ဤ အစီအစဥ်အား ပယ်ဖျက်ခြင်း၊ ရပ်စဲခြင်း (သို့မဟုတ်) စည်းကမ်းချက် တစ်စုံတစ်ရာ ပြောင်းလဲခြင်း ကြောင့် KBZ အသုံးပြုသူများအနေဖြင့် လျော်ကြေးတစ်စုံတစ်ရာ ရပိုင်ခွင့်မရှိသည်ကို သိရှိသဘောတူပါသည်။ 

၁၄။ KBZ၏ သက်ဆိုင်ရာ ပုံမှန်စည်းမျဉ်းနှင့်စည်းကမ်းသတ်မှတ်ချက်များ      အကျုံးဝင်စေရမည်။

၁၅။ ဤစည်းမျဉ်းနှင့်စည်းကမ်းသတ်မှတ်ချက်များအား ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၏ ဥပဒေများက လွှမ်းမိုးမည်ဖြစ်ပြီး ယင်းဥပဒေများနှင့်အညီအဓိပ္ပါယ်ဖွင့်ဆိုရမည်။

၁၆။ KBZ သည် COVID-19 ဖြစ်ပေါ်မှုကြောင့်ဖြစ်စေ သို့မဟုတ် KBZ အနေဖြင့် ထိန်းချုပ်၍မရသော အခြေအနေနှင့်မမျှော်မှန်းနိုင်သော သဘာဝဘေးအန္တရာယ် ဖြစ်ရပ်များ ဖြစ်ပေါ်မှုကြောင့်ဖြစ်စေ ဆောင်ရွက်ထားသည့် မည်သည့်လုပ်ဆောင်မှုမျိုးကိုမဆို အခြေအနေ အရပ်ရပ်ပေါ်မူတည်၍ ပြောင်းလဲခွင့်ရှိပါသည်။ ထိုမမျှော်မှန်းနိုင်သော ဖြစ်ရပ်များ ဖြစ်ပျက်နေစဉ် ကာလအတွင်း ဤစည်းမျဉ်းစည်းကမ်း သတ်မှတ်ချက်များတွင် ဖော်ပြထားသော တာဝန်ဝတ္တရားများကို ဖြည့်ဆည်းရန်၊ ထမ်းဆောင်ရန် KBZ မှ ပျက်ကွက်ခြင်း သို့မဟုတ် နှောင့်နှေးခြင်းများအတွက် KBZ အနေဖြင့် အသုံးပြုသူများအပေါ်တွင်ဖြစ်စေ သို့မဟုတ် အခြားမည်သည့် လူပုဂ္ဂိုလ်တစ်ဦးဦးအပေါ်တွင် ဖြစ်စေ တာဝန်ရှိစေခြင်း သို့မဟုတ် ဤစည်းမျဉ်းစည်းကမ်း သတ်မှတ်ချက်များ အား ချိုးဖောက်ခြင်းဖြစ်သည်ဟု မှတ်ယူခြင်းမရှိစေရပါ။၁၇။ ဤစည်းမျဉ်းနှင့်စည်းကမ်းသတ်မှတ်ချက်များအား အင်္ဂလိပ်ဘာသာနှင့် မြန်မာဘာသာနှစ်မျိုးဖြင့် ရေးသားထားပြီး နှစ်မျိုးစလုံးသည် တူညီသောအဓိပ္ပာယ် သက်ရောက်မှုရှိမည်ဖြစ်သည်။ အင်္ဂလိပ် ဘာသာနှင့် မြန်မာဘာသာနှစ်မျိုးဖြင့်ရေးသားထားခြင်းဖြစ်သောကြောင့် ကွဲလွဲမှု တစ်စုံတစ်ရာ ရှိလျှင် မြန်မာဘာသာဖြင့် ရေးသားထားသည့် စည်းကမ်းသတ်မှတ်ချက်များကိုသာလျှင် အမှန်ယူမည် ဖြစ်သည်။