Profile of CEO U Zaw Lin Aung

ဦးဇော်လင်းအောင်
အမှုဆောင်အရာရှိချုပ်
ကမ္ဘောဇဘဏ်လီမိတက်

ဦးဇော်လင်းအောင်သည် မြန်မာနိုင်ငံတွင် အကြီးဆုံးသော ပုဂ္ဂလိကပိုင်ဘဏ်လုပ်ငန်းဖြစ်သည့်​ ကမ္ဘောဇ (KBZ) ဘဏ်လီမိတက်၏ အမှုဆောင်အရာရှိချုပ် (CEO) ဖြစ်ပါသည်။ ၂၀၁၅ ခုနှစ်တွင် ကမ္ဘောဇ ဘဏ် သို့ စတင်ဝင်ရောက်လုပ်ကိုင်ခဲ့ချိန်မှစ၍ ဘဏ်လုပ်ငန်း၏ ပြုပြင်ပြောင်းလဲရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစဉ်များတွင် အဓိကကျသည့်အခန်းကဏ္ဍမှ ပါဝင်ဆောင်ရွက်ပေးခဲ့သည်။

CEO ရာထူအားမဆက်ခံမီက ဦးဇော်လင်းအောင်သည် ဘဏ်၏ အကြီးတန်းအုပ်ချုပ်မှု ဒါရိုက်တာအဖြစ် ၇ နှစ်ကြာတာဝန်ထမ်းဆောင်ခဲ့သည်။ ထို့ပြင် Head of Public Policy and Government Affairs အဖြစ်လည်းကောင်း၊  စင်ကာပူနိုင်ငံရှိ ကမ္ဘောဇဘဏ် ကိုယ်စားလှယ်ရုံးတွင် Chief Representative အဖြစ်လည်းကောင်း တာဝန်ထမ်းဆောင်ခဲ့ဖူးသူဖြစ်သည်။ ယခုလက်ရှိ အချိန်တွင် လစဉ် ငွေလွှဲပြောင်းမှုလုပ်ငန်းစဉ်ပေါင်း ၅၅ သန်းကျော်အတွက် ဝန်ဆောင်မှု ပေးလျက်ရှိသည့် KBZPay ကို တွဲဖက်တည်ထောင်ပေးခဲ့သူတစ်ဦးအဖြစ် တာဝန်ယူ ဆောင်ရွက်ပေးခဲ့ပြီး ကမ္ဘောဇဘဏ် ၏ ရည်မှန်းချက်ဖြစ်သည့် မြန်မာနိုင်ငံတွင်း ဘဏ္ဍာရေး ဝန်ဆောင်မှုကို လူတိုင်းရာနှုန်းပြည့် လက်လှမ်းမီနိုင်ရေး ရည်မှန်းချက် အောင်မြင်စေရန် ရှေ့ဆောင် လမ်းပြပေးခဲ့သူတစ်ဦးလည်းဖြစ်သည်။

ဦးဇော်လင်းအောင်သည် ဘဏ်လုပ်ငန်းနှင့် ဘဏ္ဍာရေး၊ စီးပွားရေးနှင့် နည်းပညာဆိုင်ရာ အတွေ့အကြုံကောင်းများရရှိပိုင်ဆိုင်ထားသူလည်းဖြစ်သည်။ ကမ္ဘောဇဘဏ်နှင့် လက်တွဲ မလုပ်ကိုင်မီက United Amara Bank (UAB) တွင် Chief Strategy Officer အဖြစ် Strategy & Planning ဌာန၊ Treasury ဌာန၊ Currency ဌာန နှင့် Financial Institution ဌာနတို့ကို တာဝန်ယူဦးစီးခဲ့သည်။ ထို့ပြင် Cisco Systems Inc., (Singapore) တွင် Finance Business Analyst နှင့် Finance Business Manager အဖြစ် ၇ နှစ်ကြာတာဝန်ထမ်းဆောင်ခဲ့သည်။

ဦးဇော်လင်းအောင်သည် စင်ကာပူနိုင်ငံ Nanyang Business School, NTU မှ Banking and Finance ဘာသာရပ်ဖြင့် MBA ဘွဲ့၊​ မြန်မာနိုင်ငံ ရန်ကုန်စီးပွားရေးတက္ကသိုလ်မှ MBA ဘွဲ့တို့ကို ရရှိိခဲ့သည်။ ထို့ပြင် သူသည် စီးပွားရေးဆိုင်ရာဥပဒေပညာရပ်တွင် ဘွဲ့လွန်ဒီပလိုမာအား ရန်ကုန်တက္ကသိုလ်မှ ရရှိခဲ့ပြီး ရန်ကုန်နည်းပညာတက္ကသိုလ်မှ Bachelor of Engineering in Electronics ဘွဲ့ကိုလည်း ရရှိခဲ့သည်။

ဦးဇော်လင်းအောင်သည် မြန်မာနိုင်ငံ၏ ဘဏ်လုပ်ငန်းကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ၁၀ နှစ်ကျော် တာဝန်ထမ်းဆောင်ပေးနိုင်ခဲ့သူလည်းဖြစ်သည်။ စီးပွားရေးလုပ်ငန်းတွင်သာ ဦးဆောင်ဦးရွက်ပြုနေသူ တစ်ဦး မဟုတ်ဘဲ မြန်မာနိုင်ငံဘဏ်များအသင်း၏ မြန်မာ ခရက်ဒစ်ဗြူရို (Myanmar Credit Bureau) တွင် ဥက္ကဋ္ဌရာထူးဖြင့် ယခုလက်ရှိတွင်တာဝန်ယူ ထမ်းဆောင်ပေးလျက်ရှိသည်။