၁။ KBZ Online Banking Account အသစ် ဖွင့်လှစ်အသုံးပြုသူများအတွက် Campaign ကာလသည် ၂၀၂၅ ခုနှစ် ဇွန်လ (၁) ရက်နေ့မှ ၂၀၂၅ ခုနှစ် ဇွန်လ (၃၀) ရက်နေ့အထိ သတ်မှတ်ထားပါသည်။
၂။ KBZ Online Banking Account အသစ် ဖွင့်လှစ်အသုံးပြုသူများအတွက် အထူးအစီအစဥ် ၏ ရည်ရွယ်ချက်မှာ KBZ Online Banking Account အသစ်ဖွင့်လှစ်သူများအား ကျေးဇူးတုံ့ပြန်သောအား ဖြင့် ၁၀၀,၀၀၀ ဆု ၃ဆု နှင့် Accountဖွင့်လှစ်ပြီးနောက် Online Banking မှတစ်ဆင့် transactionအနည်းဆုံး ၁ကြိမ် ပြုလုပ်သည့် အသုံးပြုသူများအတွက် ၃၀၀,၀၀၀ ဆု ၁ဆု လက်ဆောင်အား ခံစားခွင့် ရရှိစေရန်အတွက် ရည်ရွယ်ပြုလုပ်ခြင်း ဖြစ်သည်။
၃။ ဤ အစီအစဥ် ကာလအတွင်း အစီအစဥ် တွင် အကျုံးဝင်သော အသုံးပြုသူ များသည် KBZ Online Banking Accountဖွင့်သူအသစ်များ နှင့်/သို့မဟုတ် Accountဖွင့်လှစ်ပြီးနောက် transaction တစ်ခုအား လုပ်ဆောင်ခြင်းဖြင့် ဤအစီအစဥ်တွင် အလိုအလျောက် ပါဝင်ကံထူးခွင့်ရရှိမည် ဖြစ်ပါသည်။ ဤ အစီအစဥ် ကာလအတွင်းအကျုံးဝင်သော အသုံးပြုသူ များသည် Online Banking Account ဖွင့်လှစ်ခြင်း (သို့မဟုတ်) Account ဖွင့်လှစ်ပြီးနောက် KBZ Online Banking မှတစ်ဆင့် transaction အနည်းဆုံး (၁)ကြိမ် ပြုလုပ်ခြင်းဖြင့် ဆုလက်ဆောင် ကံစမ်းခွင့် အခွင့်အရေး (၁) ကြိမ်ရရှိနိုင်မည်ဖြစ်သည်။ ဤ အစီအစဥ် ကာလအတွင်း KBZ Online Banking မှတဆင့် transaction ပြုလုပ်ရမည့် အကြိမ်အရေအတွက် နှင့် transaction ပြုလုပ်ရမည့် ငွေပမာဏအား ကန့်သတ်ထားခြင်းမရှိပါ။
၄။ ဤ အစီအစဥ် မှ ဆုလက်ဆောင်ကံထူးရရှိသည့် ကံထူးသူများကို အစီအစဥ် ပြီးသည့်နောက် ရုံးဖွင့်ရက် (၅)ရက်အတွင်း ကျပန်းရွေးချယ်မည်ဖြစ်ပြီး ကံထူးရှင်အား SMS မှတဆင့် အသိပေးအကြောင်းကြားသွားမည်ဖြစ်သည်။ ဆုရရှိသည့် ကံထူးရှင်အား အသိပေးပြီးသည့်နောက် သတ်မှတ်ရုံးဖွင့်ရက် (၁၀) ရက်အတွင်း ဆုလက်ဆောင်ကို ကံထူးသူ၏ သက်ဆိုင်ရာ KBZ Online Banking Account သို့ တိုက်ရိုက်ထည့်သွင်းပေးသွားပါမည်။ အစိုးရ ရုံးပိတ်ရက်များ သို့မဟုတ် KBZ Bank မှ ထိန်းချုပ်၍မရနိုင်သော အခြေအနေမျိုးတွင် ဆုလက်ဆောင်အား ထည့်သွင်းပေးမည့်အချိန်နှင့် ကံထူးသူများကို ကြေညာပေးသည့်နေ့ရက်သည် အပြောင်းအလဲရှိနိုင်ပါသည်။
၅။ ဆုလက်ဆောင်ကို ကံထူးသူ၏သက်ဆိုင်ရာ KBZ Online Banking Account ထဲသို့ထည့်သွင်းပေးပြီးနောက် SMS မှတဆင့်လည်း ထပ်မံအသိပေးအကြောင်းကြား ပေးသွားမည်ဖြစ်ပါသည်။
၆။ ဤ အစီအစဥ် ကာလအတွင်းသာလျှင် ကမ္ဘောဇဘဏ် အသုံးပြုသူများ အနေဖြင့် ဤစည်းမျဥ်း စည်းကမ်း သတ်မှတ်ချက်ပါ အခွင့်အရေးများကို ရရှိနိုင်မည်ဖြစ်ပြီး ဤ အစီအစဥ် ကာလ ကုန်ဆုံးသည်နှင့် တစ်ပြိုင်နက် အဆိုပါအခွင့်အရေးများလည်း ကုန်ဆုံးသွားမည်ဖြစ်ပါသည်။
၇။ ကမ္ဘောဇဘဏ် ဝန်ထမ်းများသည် ဤ အစီအစဥ်တွင် ပါဝင်သူများအား ဆက်သွယ်ပြီး ၎င်းတို့၏ OTP သို့မဟုတ် PIN နှင့် KBZ Bank Account အချက်အလက်များနှင့်ပတ်သက်သည့် မည်သည့်သတင်းအချက် အလက်ကိုမျှ တောင်းခံမည် မဟုတ်ပါ။
၈။ ဤ အစီအစဥ်ကာလအတွင်း မည်သည့်လိမ်လည်လှည့်ဖြားမှုမျိုးကိုမျှ ဆောင်ရွက်ခြင်းမပြုရန် တားမြစ် ထားပါသည်။ လိမ်လည်မှုအား မည်သည့်ပုံစံမျိုးဖြင့်မဆို ကျူးလွန်သည်ဟု သံသယဖြစ်ခြင်းခံရသည့် မည်သူ့ကို မဆို ကမ္ဘောဇဘဏ် က ပယ်ဖျက်ခြင်း နှင့်/သို့မဟုတ် ပိတ်ပင်ခြင်းပြုလုပ်ပိုင်ခွင့်ရှိသည်။
၉။ ဤ အစီအစဥ် နှင့်ပတ်သက်၍ ကမ္ဘောဇဘဏ် အသုံးပြုသူ များ နှင့် ကမ္ဘောဇဘဏ် တို့အကြား အငြင်းပွားမှု တစ်စုံတစ်ရာပေါ်ပေါက်လာပါက ထိုအငြင်းပွားမှုအား ကမ္ဘောဇဘဏ် ၏ တာဝန်ရှိသူများမှ ပြဌာန်း ဥပဒေအရ အသုံးပြုသူ ၏ ရထိုက်ခွင့်ရှိသည့် အခွင့်အရေးအား ထိခိုက်နစ်နာမှုမရှိစေရန် သေချာစွာ စိစစ်၍ ဖြေရှင်း ဆောင်ရွက်ပေးသွားမည် ဖြစ်သည်။