“စုဘူးအကောင့်များဖွင့်ပြီး အခမဲ့ကာကွယ် ရွှေသားဆုလည်းကံစမ်းမယ်” အစီအစဉ်၏ စည်းမျဥ်းစည်းကမ်းများ

အခမဲ့ကာကွယ် ရွှေသားဆုလည်းကံစမ်းမယ်” အစီအစဥ်ကို  ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ () ရက်နေ့မှ ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ (၃၁) ရက်နေ့ အထိပြုလုပ်သွားမည်ဖြစ်သည်။ 

၂။ ဤအစီအစဉ်၏ ရည်ရွယ်ချက်မှာ ဤအစီအစဉ်ကာလအတွင်း သတ်မှတ်ထားသော ကမ္ဘောဇဘဏ်ခွဲများတွင် Recurring Deposit အကောင့်အသစ်ဖွင့်လှစ်ထားပြီး Dai-ichi Life Pro(သို့မဟုတ်) Dai-ichi LifeCARE ပေါ်လစီအသစ်အား ပူးတွဲဝယ်ယူသည့် Customersများ သည် တစ်နှစ်အခမဲ့အအသက် အာမခံအကာအကွယ် အကျိုးခံစားခွင့်ရရှိမည့် အပြင် ရွှေသားဆုများ အပါအဝင် အခြား ဆုပေါင်းများစွာကို ကံစမ်းနိုင်မည့် အခွင့်အ‌ရေး ရရှိစေရန် ရည်ရွယ်ချက်ဖြင့် ပြုလုပ်ခြင်း ဖြစ်ပါသည်။ ။  

၃။ ဤ အစီအစဉ်တွင်ပါဝင်ရန် KBZ Customers များအနေဖြင့် KBZ Recurring Deposit Accounts (မင်္ဂလာစုဘူး၊အနာဂတ်အိမ်စုဘူး နှင့် ရင်သွေးစုဘူး) အကောင့်များမှ အကောင့်တစ်ခုခုကို စတင်အပ်နှံငွေ မြန်မာငွေကျပ် ငါး (၅) သိန်း အနည်းဆုံး သွင်း၍အကောင့်သစ်ဖွင့်ရမည် ဖြစ်ပါသည်။ 

၄။ KBZ Recurring Deposit Accounts (၃) ခုအနက်မှ Customer ရွေးချယ်ခဲ့သည့် အကောင့်အမျိုးအစား ၏ ငွေသွင်းကာလ အပေါ်မူတည်၍ 

(က) Recurring Deposit Account သက်တမ်းသည်၆ လနှင့် ၉ လ ငွေသွင်းကာလ များဖြစ်ပါက လစဉ်သွင်းငွေ မြန်မာငွေကျပ် ငါး (၅) သိန်း ကို ပထမ ၃ လ ဆက်တိုက်သွင်းရမည် ဖြစ်သည်။

(ခ) Recurring Deposit Account သက်တမ်းသည်၁၂ လ ငွေသွင်းကာလဖြစ်ပါက လစဉ်သွင်းငွေ မြန်မာငွေကျပ် ၅သိန်း ကို ပထမ ၆ လ ဆက်တိုက် သွင်းရမည် ဖြစ်သည်။ Customer များသည် Recurring Deposit Account ကိုလစဉ် သတ်မှတ်ရက်အတိုင်းငွေပေးသွင်းရန် သက်ဆိုင်ရာအကောင့် စည်းမျဉ်းစည်းကမ်းသတ်မှတ်ချက်များနှင့်အညီ လိုက်နာဆောင်ရွက်ရမည်ဖြစ်သည်။ 

၅။ အပိုဒ် (၄) နှင့်အညီ KBZ Recurring Deposit Accounts တစ်ခုခု အား ဖွင့်လှစ်ထားပါသော Customerသည် အစီအစဉ်ကာလအတွင်း  Dai-ichi Life Pro (သို့မဟုတ်) LifeCARE Product အသစ်အား ပူးတွဲဝယ်ယူပါက ထိုဝယ်ယူသည့်Customer ဖြစ်သည့် ပေါ်လစီပိုင်ရှင်၏မိသားစုဝင် (Immediate Family Member) အတွက်  Dai-ichi Life Myanmar ၏တစ်နှစ်အခမဲ့အာမခံအကာအကွယ် အကျိုးခံစားခွင့်ရရှိမည်ဖြစ်သည်။  အဆိုပါ Customers  အသစ်ဝယ်သူမည့် Dai-ichi Life Pro သို့မဟုတ် Dai-ichi LifeCARE Product ၏ ကနဦး ပရီမီယံ ပေးသွင်းမှု ပမာဏအားကန့်သတ်ထားခြင်းမရှိပါ။

၆။ Customer ၏မိသားစုဝင် (Immediate Family Member) အားDai-ichi Life Myanmar မှတစ်နှစ် အခမဲ့အသက်အာမခံအကာအကွယ်အတွက် ပေါ်လစီအတည်ပြုပြီးချိန်မှစ၍ ၁-နှစ်တာ အတွင်း သေဆုံးခြင်း၊ ထာဝစဥ်မသန်စွမ်းခြင်းတို့အတွက် ကျပ်သိန်းနှစ်ဆယ် (၂၀) ငွေကြေးကာကွယ်မှုရရှိမှာဖြစ်ပါသည်။

၇။ တစ်နှစ်အခမဲ့အာမခံအကာအကွယ်အကျိုးခံစားခွင့် အတွက် Customers ဘက်မှ Dai-ichi Life Pro/LifeCARE Main Policy ၏ Free-look period နှင့် Policy Issued ဖြစ်/မဖြစ် အားစောင့်ဆိုင်းစရာမလိုပါ။)

၈။       Customer ၏မိသားစုဝင် (Immediate Family Member) အားDai-ichi Life Myanmar မှတစ်နှစ်အခမဲ့အာမခံအကာအကွယ် အကျိုးခံစားခွင့်အား အောက်ပါ အခြေအနေများတွင် အလိုအလျောက် ပယ်ဖျက်ခံရမည် ဖြစ်သည်။

(က) Customers ဘက်မှ Dai-ichi Life Pro/LifeCARE Main Policy ၏ စောင့်ကြည့်ကာလ (Free-look period) အတွင်း ပေါ်လစီကို အကြောင်းအမျိုးမျိုးကြောင့် ပယ်ဖျက်ခြင်း။ (သို့မဟုတ်)

(ခ) Customers မှ Recurring Deposit အကောင့်ကို ပယ်ဖျက်ခြင်း (သို့မဟုတ်) သတ်မှတ်ထားသည့် ငွေသွင်းကာလအတွင်း လစဉ်သွင်းငွေကို ပျက်ကွက်ခြင်း။ 

၉။     အကြောင်းအမျိုးမျိုးကြောင့် Customer၏ Main Policy ဖြစ်သော Dai-ichi Life Pro/          LifeCARE အား Dai- ichi Life Myanmar မှ ရွှေ့ဆိုင်းခြင်း (Postpone) လုပ်ခဲ့သည်ရှိသော်လည်း (Dai-ichi Life Pro/LifeCARE) ပေါ်လစီပိုင်ရှင်၏မိသားစုဝင် (Immediate Family Member) ကိုပေးထားသည့် တစ်နှစ်အခမဲ့အာမခံအကာအကွယ် အကျိုးခံစားခွင့် မှာ ဆက်လက်၍ အသက်ဝင်နေမည်ဖြစ်ပါသည်။

၁၀။ Bundle submission (Main Policy Submission နှင့် Recurring Deposit Submission) တင်ပြီး  Dai-ichi Life Myanmar၏အလုပ်လုပ်ရက် ၅ရက်နေ့မှစ၍  တစ်နှစ်အခမဲ့အကာအကွယ်ကို ရရှိမည်ဖြစ်ပါသည်။ Dai-ichi Life Pro/LifeCARE ပေါ်လစီပိုင်ရှင်၏မိသားစုဝင် (Immediate Family Member) မှ ပေါ်လစီပိုင်ရှင် နှင့် Insurable Interest ရှိကြောင်းကိုပြသနိုင်မည့် နိုင်ငံသားမှတ်ပုံတင်အမှတ် ၊ အိမ်ထောင်စုစာရင်းနှင့် လက်ထပ်စာချုပ် အစရှိသည်တို့ကို တင်ပြရန်လိုအပ်ပါသည်။

၁၁။ တစ်နှစ်အခမဲ့အာမခံအကာအကွယ်အတွက် အခမဲ့အာမခံဝန်ဆောင်မှုရရှိခွင့်နှင့် ထုတ်ပေးမှုသည် Dai-ichi Life Myanmar၏ အာမခံခွင့်ပြုမှုဆိုင်ရာ စစ်ဆေးမှုများနှင့် တားမြစ်သူစာရင်း စစ်ဆေးမှုအပါအဝင် လိုအပ်သောစစ်ဆေးမေးမြန်းမှုအဆင့်များအပေါ် မူတည်ပါသည်။

၁၂။ ဤ (Bundle Program) အတွင်း ထပ်စောင်း တစ်နှစ်အခမဲ့အာမခံအကာအကွယ် ရရှိရန် ပေါ်လစီပိုင်ရှင်သည် မတူညီသော (Dai-ichi Life Pro/LifeCARE) Main Policy ID များအတွက် မတူညီသော အသက်အာမခံထားသူများ ထားရှိပေးရန် လိုအပ်ပါမည်။ တစ်ခုထပ်ပိုသော အာမခံပေါ်လစီဝယ်ယူမှုအတွက် ပေါ်လစီပိုင်ရှင်သည် တစ်ဦးတည်းဖြစ်ခွင့်ရှိပြီး အသက်အာမခံထားသူသည် တူညီနေခွင့်မရှိပါ။

၁၃။ KBZ Recurring Deposits အကောင့်ဖွင့်သူ (သို့မဟုတ်) Dai-ichi Life Pro/LifeCARE ပေါ်လစီပိုင်ရှင်သည် အသက် (၁၈) နှစ် မှ (၆၄) နှစ်ကြားဖြစ်ရမည်။ (Dai-ichi Life Pro/LifeCARE) ပေါ်လစီပိုင်ရှင်၏မိသားစုဝင် (Immediate family member) ဆိုသည်မှာ အသက် ၁၈နှစ် နှင့် ၆၄နှစ် ကြား ဇနီးမောင်နှံ နှင့် သားသမီး ကိုသာဆိုလိုခြင်းဖြစ်ပြီး မိဘများမပါဝင်ပါ။ Immediate family member မရှိပါက Dai-ichi Life Pro/LifeCARE ပေါ်လစီပိုင်ရှင်သည် ကိုယ်တိုင် တစ်နှစ်အခမဲ့အာမခံအကျိုးခံစားခွင့် ရရှိနိုင်ပါသည်။ 

၁၄။ ထို့အပြင်Dai-ichi Life Pro (သို့မဟုတ်) Dai-ichi LifeCARE ပေါ်လစီတစ်စောင်၏ ကနဦး ပရီမီယံပေးချေမှု (initial premium) ၁၀သိန်းပြည့်မှုတိုင်းအတွက် ရွှေသားဆုအပါအဝင် Huawei Smart Watch Fit 4Pro၊ Smart Home Red Low Sugar Rice Cooker ၊ Midea 3.5 Litres 1500W Air Fryer ၊ REMAX FP-6 60000mAh 100W LED Fast Charging Power Bank အစရှိသည့်ဆုများစွာကိုကံစမ်းနိုင်မည့် လက်မှတ် (၁) စောင်ရရှိမည်ဖြစ်ပါသည်။ သို့သော် ယခုအစီအစဥ်တွင် ပေါ်လစီပိုင်ရှင်များသည် အပိုဒ် (၆) အရ Dai-ichi Life Myanmar ၏တစ်နှစ်အခမဲ့အာမခံအကာအကွယ်ဖြင့်  သေဆုံးခြင်း၊ ထာဝစဥ်မသန်စွမ်းဖြစ်ခြင်းတို့အတွက် လျော်ကြေးတောင်းခံပြီးပါက ယင်းပေါ်လစီပိုင်ရှင်များသည် ရွှေသားဆုအပါအဝင် ကံစမ်းမဲအစီအစဥ်တွင် အကျုံးမဝင်ပါ။

၁၅။ ကံစမ်းမဲလက်မှတ်ရရှိခွင့်မှာ KBZ Recurring Deposit အကောင့် အတွင်းသိမ်းဆည်းထားသော သွင်းငွေပမာဏပေါ် မူတည်ခြင်းမဟုတ်ဘဲမူလ အာမခံ ပေါ်လစီဖြစ်သည့် Dai-ichi Life Pro (သို့မဟုတ်)Dai-ichi LifeCARE အားဝယ်ယူပြီး ကနဦး ပေးသွင်းသည့်ငွေပမာဏ (Initial Premium) ပေါ်တွင် အခြေခံ၍ ကံစမ်းခွင့်လက်မှတ်အား ရရှိမည်ဖြစ်ပါသည်။

၁၆။ တစ်နှစ်အခမဲ့အာမခံအကာအကွယ်အတွက် ပေါ်လစီတင်သွင်းသည့်လနှင့် ပေါ်လစီ issue ဖြစ်သည့်လ မကိုက်ညီပါက ကံစမ်းခွင့်လသည် ဧပြီလ ၂၀၂၆ ဖြစ်မည်ဖြစ်ပါသည်။ ဖေဖော်၀ါရီလ ၂၀၂၆ သည် နောက်ဆုံး ပေါ်လစီ issue ဖြစ်ရန် လ ဖြစ်ပြီး၊ အဆိုပါလအထိ issue ပေးထားသည့် ပေါ်လစီများသည် ဧပြီလ ၂၀၂၆ နောက်ဆုံးကံစမ်းခွင့်လ အတွက်ပါဝင်ခွင့်ရပါမည်။

၁၇။ ကံစမ်းမဲအစီအစဥ်အတွင်း Dai-ichi Life Pro/LifeCARE Main Policy အား ပယ်ဖျက်လုပ်ခြင်း၊ premium ဆက်လက်ပေးသွင်းမှုမရှိခြင်း၊ ပေါ်လစီပယ်ချခံရခြင်း အစရှိသည့် Policy Status များဖြစ်ပါက   ကံစမ်းမဲလက်မှတ်မရရှိနိုင်ပါ။ 

၁၈။ ကံစမ်းမဲအစီအစဥ်အတွက် ရရှိမည့်လက်မှတ်အရေအတွက်ကို ပါဝင်သူ  ပေါ်လစီပိုင်ရှင် များအား Dai-ichi Life Insurance Myanmar မှ SMS စာတိုပေးပို့မည်ဖြစ်ပါသည်။

၁၉။ ယခုအစီအစဥ်တွင် ဝန်ထမ်းလျှော့စျေး များဖြင့် ဝယ်ယူထားသော KBZ ၏ ဝန်ထမ်းများ  (သို့မဟုတ်)၊ Dai-ichi Life Insurance Myanmar အမြဲတမ်းဝန်ထမ်းများ၏ ဝန်ထမ်း လျှော့စျေးအစီအစဉ်အောက်တွင် Dai-ichi Life Pro/LifeCARE Main Policy ဝယ်ယူပြီးသော ပေါ်လစီပိုင်ရှင်များသည် အပိုဒ် (၅) အရ Dai-ichi Life Myanmar ၏တစ်နှစ်အခမဲ့အာမခံအကာအကွယ် အကျိုးခံစားခွင့် ကိုသာရရှိနိုင်မည်ဖြစ်ပြီး ယင်းပေါ်လစီပိုင်ရှင်များသည် ရွှေသားဆုအပါအဝင်အခြားဆုများစွာ ကံစမ်းနိုင်မည့် ကံစမ်းမဲ အစီအစဥ်အကျုံးမဝင်ပါ။ 

၂၀။ KBZ Bank နှင့် Dai-ichi Life Insurance Myanmar သည် ယခုအစီအစဥ်နှင့်ပတ်သက်သော စည်းမျဥ်းစည်းကမ်း နှင့် ကန့်သတ်ချက်များကို ကြိုတင်အသိပေးအကြောင်းကြားခြင်းမပြုဘဲ ပြင်ဆင်၊ ဖြည့်စွက်၊ ပြောင်းလဲ၊ ရုပ်သိမ်းနိုင်သည်ကို ကံစမ်းမဲပါဝင်သူများ အနေဖြင့် သိရှိလက်ခံထားပြီး ဖြစ်ရပါမည်။

၂၁။ ယခုအစီအစဥ်နှင့်စပ်လျဥ်း၍ အငြင်းပွားဖွယ်ရာ တစ်စုံတစ်ရာ ဖြစ်ပေါ်လာပါက KBZ Bank နှင့် Dai-ichi Life Insurance Myanmar ၏ဆုံးဖြတ်ချက်သည်သာ အတည်ဖြစ်ကြောင်း သိရှိလက်ခံပြီးဖြစ်ရပါမည်။

၂၂။ တစ်နှစ်အခမဲ့အာမခံအကာအကွယ်အတွက် အာမခံလျော်ကြေးတောင်းခံ ရနိုင်မည့်   အခြေအနေမျိုးတွင် အသက်အာမခံ အကျိူးခံစားခွင့်ရှိသူက Dai-ichi Life Insurance Myanmarမှ လျော်ကြေးတောင်းခံနိုင်ရန်အတွက် KBZ Bank Recurring အကောင့်၏ ဘဏ်ငွေစာရင်း ရှင်းတမ်းအား  ပေါ်လစီပိုင်ရှင်သည် အနည်းဆုံး ထားရှိရမည့် အပ်ငွေပမာဏသွင်းရန်ပျက်ကွက်ခဲ့ခြင်းရှိမရှိ  Dai-ichi Life Insurance Myanmar မှ အတည်ပြုစစ်ဆေးနိုင်ရန် တင်ပြရမည်ဲဖြစ်ပါသည်။

၂၃။ ကံစမ်းမဲကံထူးရှင် အတွက် စည်းမျဥ်းစည်းကမ်းများ

ကံထူးရှင်များအား ကျပန်းရွေးချယ်သည့်ဆော့ဖ်ဝဲလ် (Spin The Wheel) အား အသုံးပြု၍ ဒီဇင်ဘာလ မှ ဧပြီလ အထိ လစဥ်  ရွေးချယ်သွားမည်ဖြစ်သည်။ ကံထူးရှင်ရွေးချယ်ရာတွင် Zoom မှတစ်ဆင့် ပွင့်လင်းမြင်သာစွာပြုလုပ်မည်ဖြစ်ပြီး  ပေါ်လစီပိုင်ရှင်များကို မိမိတို့၏ အာမခံအကြံပေးအရာရှိ မှတစ်ဆင့် Zoom လင့်ခ် ပေးပို့သွားမည်ဖြစ်ပါသည်။

က။ ကံထူးရှင်သည် ဆုကို ငွေသားဖြင့် လဲလှယ်နိုင်မည်မဟုတ်ပါ။

ခ။ ကံထူးရှင်များအားကြေငြာပြီးနောက် မိမိ policy ဝယ်ယူထားသော အာမခံအကြံပေးအရာရှိမှဆက်သွယ်ပေးပါမည်။ ထို့အပြင် Dai-ichi Life Insurance Myanmar မှ SMS နှင့် ဖုန်းခေါ်ဆိုမှုများဖြင့် ကံထူးရှင်များကို အသိပေးအကြောင်းကြားမည်ဖြစ်ပါသည်။

ဂ။ Dai-ichi Life Insurance Myanmar မှ ကံထူးရှင်များအားကြေညာပြီး (၁၄)ရက်အတွင်းတွင် ကံထူးရှင်မှ မိမိကံစမ်းမဲပေါက်သည်ကို သိရှိကြောင်း ပေါ်လစီဝယ်ယူထားသောအာမခံအကြံပေးအရာရှိသို့ဆက်သွယ်အသိပေးရန် လိုအပ်ပါသည်။

ဃ။ ကံထူးရှင်သည် ၎င်းမှရရှိသော ဆုတစ်စုံတစ်ရာကို အခြားမည်သူ့ကိုမျှ လွှဲပြောင်းပေးအပ်ခွင့် မရှိပါ။ ထို့အပြင်၊ ဆုကို ကံထူးရှင်ကိုယ်တိုင် အာမခံအကြံပေးအရာရှိမှ အကြောင်းကြား၍ပေးပို့ထားသော သတ်မှတ် နေရာသို့ သတ်မှတ်ထားသော (_____)ရက်အတွင်း ဆုရရှိသူကိုယ်တိုင် လာရောက်ထုတ်ယူရမည်ဖြစ်ပြီး သတ်မှတ်ရက်အတွင်း လာရောက်ထုတ်ယူနိုင်ခြင်းမရှိပါက ဆုလက်ဆောင်အား Dai-ichi Life Insurance Myanmar Main Office မှ ပြန်လည်ရုပ်သိမ်းသွားမည်ဖြစ်သည်။ လာရောက်၍ ထုတ်ယူရန်လိုအပ်ပါသည်။ အာမခံအကြံပေးအရာရှိမှ အကြောင်းကြား၍ပေးပို့မည့် သတ်မှတ်နေရာဟူသည် Dai-ichi Life Insurance Myanmar Main Office (သို့မဟုတ်)  ကံထူးရှင် ၀ယ်ယူခဲ့သည့် သက်ဆိုင်ရာ KBZ ဘဏ်ခွဲများဟု ဆိုလိုခြင်းဖြစ်ပါသည်။ ကံထူးရှင်မှ လက်ခံရယူစဉ်တွင် စစ်ဆေးပြီးမှသာ လက်ခံရယူရမည်ဖြစ်ပြီး လက်ခံရယူပြီးသော မည်သည့်ဆုအမျိုးအစားအတွက်မဆို ချို့ယွင်းချက်တစ်စုံတစ်ရာ ဖြစ်ပေါ်ပါက လဲလှယ်ပေးမည်မဟုတ်ပါ။

၂၄။ ဤ အစီအစဥ် ကာလအတွင်းသာလျှင် KBZ Customer အနေဖြင့် ဤစည်းမျဥ်းစည်းကမ်း   သတ်မှတ်ချက်ပါအခွင့်အရေးများကို ရရှိနိုင်မည်ဖြစ်ပြီး ဤ အစီအစဥ်ကာလ ကုန်ဆုံးသည်နှင့် တပြိုင်နက် အဆိုပါအခွင့်အရေးများလည်း ကုန်ဆုံးသွားမည်ဖြစ်ပါသည်။ 

၂၅။ KBZ ဝန်ထမ်းများသည် အစီအစဥ် တွင်ပါဝင်သူများအားဆက်သွယ်ပြီး ၎င်းတို့၏ OTP, PIN နှင့်ပတ်သက်သည့် မည်သည့်သတင်းအချက်အလက်ကိုမျှ တောင်းခံမည် မဟုတ်ပါ။

၂၆။   ဤအစီအစဥ်ကာလအတွင်း မည်သည့်လိမ်လည်လှည့်ဖြားမှုမျိုးကိုမျှ ဆောင်ရွက်ခြင်း မပြုရန်           တားမြစ်ထားပါသည်။ လိမ်လည်မှုအား မည်သည့်ပုံစံမျိုးဖြင့်မဆို ကျူးလွန်သည်ဟု သံသယဖြစ်ခြင်း   ခံရသည့် မည်သူ့ကိုမဆို KBZ က ပယ်ဖျက်ခြင်း နှင့်/သို့မဟုတ် ပိတ်ပင်ခြင်းပြုလုပ်ပိုင်ခွင့်ရှိသည်။

၂၇။ ဤ အစီအစဥ် နှင့်ပတ်သက်၍ KBZ အသုံးပြုသူများ နှင့် KBZ တို့အကြား အငြင်းပွားမှုတစ်စုံတစ်ရာပေါ်ပေါက်လာပါက ထိုအငြင်းပွားမှုအား KBZ၏ တာဝန်ရှိသူများမှ ပြဌာန်း ဥပဒေအရ အသုံးပြုသူများ၏ ရထိုက်ခွင့်ရှိသည့် အခွင့်အရေးအား ထိခိုက်နစ်နာမှုမရှိစေရန် သေချာစွာ စိစစ်၍ဖြေရှင်းဆောင်ရွက်ပေးသွားမည် ဖြစ်သည်။

၂၈။ KBZ သည် မည်သည့်အချိန်တွင်မဆို တစ်စုံတစ်ရာသော အကြောင်းကြောင့် အသိပေး အကြောင်းကြားနိုင်ခြင်းမရှိဘဲ သတ်မှတ်ထားသော စည်းမျဉ်း နှင့် စည်းကမ်းများကို ပြင်ဆင် ပြောင်းလဲခြင်း၊ ရပ်စဲခြင်း နှင့်၊ သို့မဟုတ် အစီအစဥ် အား ပယ်ဖျက်ခွင့် နှင့် အစီအစဥ် နှင့်ပတ်သက်သော အကျိုးခံစားခွင့် သို့မဟုတ် သွင်ပြင်လက္ခဏာများအား ပြောင်းလဲခွင့် နှင့်၊ သို့မဟုတ် ပြင်ဆင်၊ ဖြည့်စွက်၊ ပယ်ဖျက်ပိုင်ခွင့် တို့အား အခြေအနေအရ ပြုလုပ်ဆောင်ရွက်နိုင်သည်။ 

၂၉။     KBZ အနေဖြင့် မည်သည့်အချိန်တွင်မဆို တစ်စုံတစ်ရာသောအကြောင်းကြောင့် အသိပေးအကြောင်း ကြားနိုင်ခြင်း မရှိဘဲ ဤ အစီအစဥ်အား ပယ်ဖျက်ခြင်း၊ ရပ်စဲခြင်း (သို့မဟုတ်) စည်းကမ်းချက် တစ်စုံတစ်ရာ ပြောင်းလဲခြင်း ကြောင့် KBZ အသုံးပြုသူများအနေဖြင့် လျော်ကြေးတစ်စုံတစ်ရာ ရပိုင်ခွင့်မရှိသည်ကို သိရှိသဘောတူပါသည်။ 

၃၀။ ယခု Campaign တွင်ပါဝင်သူများ KBZ ၏စည်းမျဥ်းနှင့်စည်းကမ်းသတ်မှတ်ချက်များကို လိုက်နာရမည်ဖြစ်သည်။

၃၁။ ဤစည်းမျဉ်းနှင့်စည်းကမ်းသတ်မှတ်ချက်များအား ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၏ ဥပဒေများက လွှမ်းမိုးမည်ဖြစ်ပြီး ယင်းဥပဒေများနှင့်အညီအဓိပ္ပါယ်ဖွင့်ဆိုရမည်။

၃၂။       KBZ သည် COVID-19 ဖြစ်ပေါ်မှုကြောင့်ဖြစ်စေ သို့မဟုတ် KBZအနေဖြင့် ထိန်းချုပ်၍မရသော အခြေအနေနှင့်မမျှော်မှန်းနိုင်သော သဘာဝဘေးအန္တရာယ် ဖြစ်ရပ်များ ဖြစ်ပေါ်မှုကြောင့်ဖြစ်စေ ဆောင်ရွက်ထားသည့် မည်သည့်လုပ်ဆောင်မှုမျိုးကိုမဆို အခြေအနေ အရပ်ရပ်ပေါ်မူတည်၍ ပြောင်းလဲခွင့်ရှိပါသည်။ ထိုမမျှော်မှန်းနိုင်သော ဖြစ်ရပ်များ ဖြစ်ပျက်နေစဉ် ကာလအတွင်း ဤစည်းမျဉ်းစည်းကမ်း သတ်မှတ်ချက်များတွင် ဖော်ပြထားသော တာဝန်ဝတ္တရားများကို ဖြည့်ဆည်းရန်၊ ထမ်းဆောင်ရန် KBZ မှ ပျက်ကွက်ခြင်း သို့မဟုတ် နှောင့်နှေးခြင်းများအတွက် KBZ အနေဖြင့် အသုံးပြုသူများအပေါ်တွင်ဖြစ်စေ သို့မဟုတ် အခြားမည်သည့် လူပုဂ္ဂိုလ်တစ်ဦးဦးအပေါ်တွင် ဖြစ်စေ တာဝန်ရှိစေခြင်း သို့မဟုတ် ဤစည်းမျဉ်းစည်းကမ်း သတ်မှတ်ချက်များ အား ချိုးဖောက်ခြင်းဖြစ်သည်ဟု မှတ်ယူခြင်းမရှိစေရပါ။

၃၃။ ဤစည်းမျဉ်းနှင့်စည်းကမ်းသတ်မှတ်ချက်များအား အင်္ဂလိပ်ဘာသာနှင့် မြန်မာဘာသာနှစ်မျိုးဖြင့် ရေးသားထားပြီး နှစ်မျိုးစလုံးသည် တူညီသောအဓိပ္ပာယ် သက်ရောက်မှုရှိမည်ဖြစ်သည်။ အင်္ဂလိပ် ဘာသာနှင့် မြန်မာဘာသာနှစ်မျိုးဖြင့် ရေးသားထားခြင်းဖြစ်သောကြောင့် ကွဲလွဲမှု တစ်စုံတစ်ရာ ရှိလျှင် မြန်မာဘာသာဖြင့် ရေးသားထားသည့် စည်းကမ်းသတ်မှတ်ချက်များကိုသာလျှင် အမှန်ယူမည် ဖြစ်သည်။