“KBZ Online Banking – ကမ္ဘောဇဘဏ်စာရင်းအချင်းချင်းငွေလွှဲဝန်ဆောင်မှု အသုံးပြုသူများအတွက် Campaign  (၂၀၂၅ ခုနှစခုနှစ်၊ ဇူလိုင်လ (၄) ရက်နေ့မှ ၂၀၂၅ ခုနှစခုနှစ်၊ ဇူလိုင်လ (၃၁) အထိ)” စည်းမျဥ်းစည်းကမ်းနှင့် သတ်မှတ်ချက်များ

၁။ KBZ  Online Banking Internal Transfer Campaign ကာလသည် ၂၀၂၅ ခုနှစ် ဇူလိုင်လ ၄ ရက်နေ့မှ ၂၀၂၅ ခုနှစ် ဇူလိုင်လ ၃၁ ရက်နေ့အထိသတ်မှတ်ထားပါသည်။

၂။ KBZ Online Banking Internal Transfer Campaign ၏ ရည်ရွယ်ချက်မှာ KBZ Online Mobile Banking အကောင့်ဖွင့်ထားသော အသုံးပြုသူ အသစ်များ နှင့် လက်ရှိအသုံးပြုသူများမှ  ငွေလွှဲဝန်ဆောင်မှု များဖြစ်သည့်  ကမ္ဘောဇဘဏ်စာရင်းအချင်းချင်း ငွေလွှဲခြင်း သို့မဟုတ်  ကမ္ဘောဇဘဏ်စာရင်းအချင်းချင်း အမြန်ငွေလွှဲခြင်း တို့အား အသုံးပြုခြင်းကို ကျေးဇူးတုံ့ပြန်သောအားဖြင့်  ၃၀,၀၀၀ ဆု ၅ဆု နှင့်  ၅၀,၀၀၀ ဆု ၂ဆု တို့အား အပတ်စဥ် ကြာသပတေးနေ့တိုင်း (၂၀၂၅ ခုနှစ် ဇူလိုင်လ ၁၀ ရက်၊ ၁၇ ရက်၊ ၂၄ ရက်နှင့် ၃၁ ရက်နေ့) ခံစားခွင့်ရရှိစေရန်ဖြစ်ပြီး  Campaign ပြီးဆုံးပါက အထူးဆု ကျပ်ငွေ ၁,၀၀၀,၀၀၀ (၁)ဆုအား ခံစားခွင့် ရရှိစေရန်အတွက် ရည်ရွယ်ပြုလုပ်ခြင်း ဖြစ်သည်။

၃။ ဤCampaign၌ သတ်မှတ်ထားသော  ကာလအတွင်း KBZ Online Banking မှတစ်ဆင့် ကမ္ဘောဇဘဏ်စာရင်းအချင်းချင်း ငွေလွှဲခြင်း ဝန်ဆောင်မှုအား အသုံးပြုသူအသစ်များ နှင့် လက်ရှိအသုံးပြုနေသူများအားလုံး အကျုံးဝင်ပါသည်။

၄။ ဤ Campaign ကာလအတွင်း KBZ Online Banking မှတဆင့်  ကမ္ဘောဇဘဏ်စာရင်းအချင်းချင်း ငွေလွှဲခြင်း ဝန်ဆောင်မှုအားအသုံးပြုသူများအားလုံးထဲမှ အပတ်စဥ် ကြာသပတေးနေ့ တိုင်းတွင် ဆု ၃၀,၀၀၀ ဆု ၅ဆု နှင့် ဆု ၅၀,၀၀၀ ဆု ၂ဆု နှင့် အထူးဆု ကျပ်ငွေ ၁,၀၀၀,၀၀၀ ၁ဆု အစရှိသည့် ဆုငွေလက်ဆောင်များ အားကံထူးနိုင်မည်ဖြစ်ပြီး ဝန်ဆောင်မှု ရယူရမည့် အကြိမ်အရေအတွက်နှင့် ပမာဏ ကန့်သတ်ထားခြင်းမရှိပါ။ 

၅။ အပတ်စဥ် ကြာသာပတေးနေ့တိုင်း ၏ ကံထူးရှင်များကို ‌နောက် ရုံးဖွင့်ရက် (၅)ရက်အတွင်း တွင်  SMS ပေးပို့ကြေငြာမည်ဖြစ်ပါသည်။ ငွေသားလက်ဆောင်ကံထူးရရှိသည့် ကံထူးရှင်များအား SMS မှတဆင့် အကြောင်းကြားပြီးသည့်နောက် သတ်မှတ်ရုံးဖွင့်ရက် (၁၀) ရက်အတွင်း ဆုငွေများကို ကံထူးသူများ၏ KBZ Online banking account သို့ ထည့်သွင်းပေးသွားပါမည်။ ကံထူးရှင်များအားငွေသားလက်ဆောင် ထည့်သွင်းပေးပြီးနောက် SMS မှတဆင့်လည်း အတည်ပြုသည့်အနေဖြင့် အသိပေးအကြောင်းကြားသွား မည်ဖြစ်ပါသည်။

၆။ အထူးဆု(ကျပ်ငွေ ဆယ်သိန်း) ရရှိသူကို   campaign ပြီးဆုံးပြီးနောက် သတ်မှတ်ရုံးဖွင့်ရက် (၅)ရက်အတွင်း တွင် KBZ Bank Official Social Media Channel (အပြာရောင်အမှတ်ခြစ်ပါသော) များ၊ KBZ Bank Official Website နှင့် SMS ပေးပို့ ကြေငြာပေးပါမည်။  ထို့သို့ အကြောင်းကြားပြီးသည့်နောက် သတ်မှတ်ရုံးဖွင့်ရက် (၁၀) ရက်အတွင်း အထူးဆု (ကျပ်ငွေ ဆယ်သိန်း) ကို အထူးဆုကံထူးရှင်၏ KBZ Online banking account သို့ ထည့်သွင်းပေးသွားပါမည်။ 

၇။ ကံထူးရှင်များကို KBZ Bank Official Social Media Channel (အပြာရောင်အမှတ်ခြစ်ပါသော) များ နှင့် KBZ Bank Official Website ကြေငြာပေးပါမည်။

၈။ ဤ Campaign မှ ငွေသားလက်ဆောင်ကံထူးရရှိသည့် ကံထူးရှင်များကို KBZ Bank Official Social Media Channel (အပြာရောင်အမှတ်ခြစ်ပါသော) များ နှင့် KBZ Bank Official Website တို့မှ တဆင့် ကြေငြာရန်အလို့ငှာ  ဆုလက်ဆောင်ရရှိသော ကံထူးရှင်များ၏ အမည် နှင့် အပြည့်အစုံမဟုတ်သော မိုဘိုင်းဖုန်းနံပါတ်ကို ကမ္ဘောဇဘဏ်မှ အသုံးပြုနိုင်သည်ကို ဆုလက်ဆောင်ရရှိသော ကံထူးရှင်များမှ သိရှိပြီး သဘောတူ ပါသည်။ အစိုးရ ရုံးပိတ်ရက်များ  သို့မဟုတ် ကမ္ဘောဇဘဏ် မှ ထိန်းချုပ်၍မရနိုင်သော အခြေအနေမျိုးတွင် ငွေသားလက်ဆောင်များအား ထည့်သွင်းပေးမည့်အချိန်နှင့် ကံထူးရှင် ကြေငြာမည့်အချိန် သည် အပြောင်းအလဲ ရှိနိုင်ပါသည်။

၉။ ဤ Campaign ကာလအတွင်းသာလျှင် ကမ္ဘောဇဘဏ် အသုံးပြုသူများ အနေဖြင့် ဤစည်းမျဥ်း စည်းကမ်း သတ်မှတ်ချက်ပါအခွင့်အရေးများကို ရရှိနိုင်မည်ဖြစ်ပြီး ဤ Campaignကာလ ကုန်ဆုံးသည်နှင့် တစ်ပြိုင်နက် အဆိုပါအခွင့်အရေးများလည်း ကုန်ဆုံးသွားမည်ဖြစ်ပါသည်။

၁၀။ KBZ Bank ဝန်ထမ်းများသည် အထူးအစီအစဉ်တွင် ပါဝင်သူများအား ဆက်သွယ်ပြီး ၎င်းတို့၏ OTP သို့မဟုတ် PIN နှင့်ပတ်သက်သည့် မည်သည့်သတင်းအချက်အလက်ကိုမျှ တောင်းခံမည် မဟုတ်ပါ။

၁၁။ ဤအစီအစဉ်ကာလအတွင်း မည်သည့်လိမ်လည်လှည့်ဖြားမှုမျိုးကိုမျှ ဆောင်ရွက်ခြင်းမပြုရန် တားမြစ်ထား ပါသည်။ လိမ်လည်မှုအား မည်သည့်ပုံစံမျိုးဖြင့်မဆို ကျူးလွန်သည်ဟု သံသယဖြစ်ခြင်း ခံရသည့် မည်သူ့ကိုမဆို KBZ Bank က ပယ်ဖျက်ခြင်း နှင့်/သို့မဟုတ် ပိတ်ပင်ခြင်းပြုလုပ်ပိုင်ခွင့်ရှိသည်။

၁၂။ ဤ Campaign နှင့်ပတ်သက်၍ ကမ္ဘောဇဘဏ် အသုံးပြုသူ များ နှင့် ကမ္ဘောဇဘဏ် တို့အကြား အငြင်းပွားမှုတစ်စုံတစ်ရာပေါ်ပေါက်လာပါက ထိုအငြင်းပွားမှုအား ကမ္ဘောဇဘဏ် ၏ တာဝန်ရှိသူများမှ ပြဌာန်း ဥပဒေအရ အသုံးပြုသူ ၏ ရထိုက်ခွင့်ရှိသည့် အခွင့်အရေးအား ထိခိုက်နစ်နာမှုမရှိစေရန် သေချာစွာ စိစစ်၍ ဖြေရှင်းဆောင်ရွက်ပေးသွားမည် ဖြစ်သည်။

၁၃။ ကမ္ဘောဇဘဏ်သည် မည်သည့်အချိန်တွင်မဆို တစ်စုံတစ်ရာသော အကြောင်းကြောင့် အသိပေး အကြောင်းကြားနိုင်ခြင်းမရှိဘဲ သတ်မှတ်ထားသော စည်းမျဉ်း နှင့် စည်းကမ်းများကို ပြင်ဆင်ပြောင်းလဲခြင်း၊ ရပ်စဲခြင်း နှင့်၊ သို့မဟုတ် Campaignအား ပယ်ဖျက်ခွင့် နှင့် Campaign နှင့် ပတ်သက်သော အကျိုးခံစားခွင့်  သို့မဟုတ် သွင်ပြင်လက္ခဏာများအား ပြောင်းလဲခွင့် နှင့်၊ သို့မဟုတ် ပြင်ဆင်၊ ဖြည့်စွက်၊ ပယ်ဖျက်ပိုင်ခွင့် တို့အား အခြေအနေအရ ပြုလုပ်ဆောင်ရွက်နိုင်သည်။

၁၄။ ကမ္ဘောဇဘဏ်အနေဖြင့် မည်သည့်အချိန်တွင်မဆို တစ်စုံတစ်ရာသောအကြောင်းကြောင့် အသိပေး အကြောင်းကြားနိုင်ခြင်း မရှိဘဲ ဤ Campaign အား ပယ်ဖျက်ခြင်း၊ ရပ်စဲခြင်း (သို့မဟုတ်) စည်းကမ်းချက်တစ်စုံတစ်ရာ ပြောင်းလဲခြင်းကြောင့် အသုံးပြုသူအနေဖြင့် လျော်ကြေး တစ်စုံတစ်ရာရပိုင်ခွင့် မရှိသည်ကို သိရှိသဘောတူပါသည်။

၁၅။ ယခုCampaignကို ပါဝင်သူများသည် ကမ္ဘောဇဘဏ် ၏ စည်းမျဉ်းစည်းကမ်းနှင့် သတ်မှတ်ချက်များကို လိုက်နာရမည် ဖြစ်ပါသည်။ 

၁၆။ ဤစည်းမျဉ်းစည်းကမ်းနှင့် သတ်မှတ်ချက်အား ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ ဥပဒေများက လွှမ်းမိုးမည်ဖြစ်ပြီး ယင်းဥပဒေများနှင့်အညီ အဓိပ္ပါယ် ဖွင့်ဆိုရမည်။

၁၇။ ကမ္ဘောဇဘဏ်သည် COVID-19 ဖြစ်ပေါ်မှုကြောင့်ဖြစ်စေ သို့မဟုတ် ကမ္ဘောဇဘဏ်အနေဖြင့်  ထိန်းချုပ်၍ မရသော အခြေအနေနှင့် မမျှော်မှန်းနိုင်သော သဘာဝဘေးအန္တရာယ် ဖြစ်ရပ်များ ဖြစ်ပေါ်မှုကြောင့် ဖြစ်စေ ဆောင်ရွက်ထားသည့် မည်သည့် လုပ်ဆောင်မှုမျိုးကိုမဆို အခြေအနေအရပ်ရပ် ပေါ်မူတည်၍ ပြောင်းလဲ ခွင့်ရှိပါသည်။ထိုမမျှော်မှန်းနိုင်သော ဖြစ်ရပ်များ ဖြစ်ပျက်နေစဉ် ကာလအတွင်း ဤစည်းမျဉ်းစည်းကမ်း သတ်မှတ်ချက်များတွင် ဖော်ပြထားသော တာဝန်ဝတ္တရားများကို ဖြည့်ဆည်းရန်၊ ထမ်းဆောင်ရန် KBZ မှ ပျက်ကွက်ခြင်း သို့မဟုတ် နှောင့်နှေးခြင်းများအတွက် KBZ အနေဖြင့် အသုံးပြုသူများအပေါ်တွင်ဖြစ်စေ သို့မဟုတ် အခြားမည်သည့် လူပုဂ္ဂိုလ်တစ်ဦးဦးအပေါ်တွင် ဖြစ်စေ တာဝန်ရှိစေခြင်း သို့မဟုတ် ဤစည်းမျဉ်းစည်းကမ်း သတ်မှတ်ချက်များ အား ချိုးဖောက်ခြင်းဖြစ်သည်ဟု မှတ်ယူခြင်းမရှိစေရပါ။

၁၈။ ဤစည်းမျဉ်းနှင့်စည်းကမ်းသတ်မှတ်ချက်များအား အင်္ဂလိပ်၊ မြန်မာနှစ်ဘာသာဖြင့် ပြုစုထားပြီး နှစ်မျိုးစလုံးသည်  တူညီသောအဓိပ္ပာယ် သက်ရောက်မှုရှိမည်ဖြစ်သည်။ အင်္ဂလိပ်၊ မြန်မာ နှစ်မျိုးဖြင့် ရေးသားထားခြင်း ဖြစ်သောကြောင့် ကွဲလွဲမှု တစ်စုံတစ်ရာ ရှိလျှင် မြန်မာဘာသာဖြင့် ရေးသားထားသည့် စည်းမျဉ်းနှင့်စည်းကမ်းသတ်မှတ်ချက်များကိုသာလျှင် အမှန်ယူမည် ဖြစ်သည်။

၁၉။ ဤ Campaignနှင့် ပက်သက်၍ ပိုမိုသိရှိလိုပါက KBZ Call Center ဖုန်းနံပါတ် 09951018555 သို့ ဆက်သွယ်မေးမြန်း စုံစမ်းနိုင်ပါ။