Krungthai Bank မှ ကမ္ဘောဇဘဏ်သို့ အခမဲ့ငွေလွှဲနိုင်မည့် အထူးအခွင့်အရေး

ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများအနေဖြင့် မြန်မာပြည်ရှိ မိသားစုဆွေမျိုးများထံသို့ အခမဲ့ငွေလွှဲနိုင်မည့်အစီအစဉ်ကို သတင်းကောင်းပါးလိုက်ပါတယ်။

ထိုင်းနိုင်ငံမှ မြန်မာနိုင်ငံသို့ ငွေလွှဲရာတွင် ဝန်ဆောင်ခသက်သာပြီး အချိန်တိုအတွင်း ငွေလွှဲနိုင်မည့်နေရာကို ရှာဖွေနေတယ်ဆိုရင်တော့ Krungthai Bank မှ ကမ္ဘောဇဘဏ်သို့ လွှဲခအခမဲ့ဖြင့် ငွေလွှဲပြုလုပ်နိုင်မည့်အထူးအခွင့်အရေးကြီးတစ်ခု ရှိနေပါတယ်။

ယခုအခွင့်အရေးကြီးမှာဆိုရင် ငွေလွှဲပေးပို့သူဘက်မှ ငွေလွှဲဝန်ဆောင်ခအခမဲ့ဖြင့် မြန်မြန်ဆန်ဆန် ငွေလွှဲပြုလုပ်နိုင်မှာဖြစ်ပြီး ယခုအစီအစဉ်ကို‌ မေလ (၁) ရက် မှ (၃၁) ရက် ၂၀၂၅ ခုနှစ် အထိပြုလုပ်သွားမှာဖြစ်တဲ့အတွက် လက်မလွှတ်သင့်တဲ့ အခွင့်အရေးတစ်ခုပဲဖြစ်ပါတယ်။ 

အသေးစိတ်အချက်အလက်များကို သိရှိလိုပါက KBZ Call Center: 09-951018555 သို့ ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါတယ်။

စည်းမျဉ်းစည်းကမ်း သတ်မှတ်ချက်များရှိပါသည်။