လေးစားအပ်ပါသော ကမ္ဘောဇဘဏ်သုံးစွဲသူ ပြည်သူမျာ

လေးစားအပ်ပါသော ကမ္ဘောဇဘဏ်သုံးစွဲသူ ပြည်သူများ

မတ်လ ၁၅ ရက်နေ့မှစတင်ပြီး ရန်ကုန်မြို့ရှိ ကမ္ဘောဇဘဏ်ခွဲများကို အောက်တွင်ဖော်ပြထားသော ပြည်သူများ အတွက်မရှိမဖြစ်လိုအပ်သည့် ဘဏ်ဝန်ဆောင်မှုများ ပေးနိုင်ရန် ပြန်လည်ဖွင့်လှစ်ခဲ့ပါသည်။ ယခုလိုမရှိမဖြစ်လိုအပ်သော ဝန်ဆောင်မှုများပေးရန် ဘဏ်ခွဲများပြန်လည်ဖွင့်လှစ်ရာတွင် အဆင်မပြေမှုများရှိနိုင်ပါသဖြင့် လူကြီးမင်းတို့ နားလည်ပေးရန် မေတ္တာရပ်ခံအပ်ပါသည်။

ရန်ကုန်မြို့တွင် ဖွင့်လှစ်ထားသော ကမ္ဘောဇဘဏ်ခွဲများစာရင်းကို အောက်တွင် ဆက်လက်ကြည့်ရှူနိုင်ပါသည်။ အပတ်စဉ်အလိုက် ဘဏ်ဝန်ဆောင်မှုများကို ပိုမိုဆောင်ရွက်ပေးသွားနိုင်ရန် ရည်ရွယ်ထားပြီး နောက်ဆုံးသတင်းအချက်အလက်များကို  www.kbzbank.com တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။

ကမ္ဘောဇဘဏ်အနေဖြင့် ATM များကို အစဉ်အမြဲ online ဖြစ်နေရန် ကြိုးစားဆောင်ရွက်နေပြီး စက်အတွင်းသို့ ငွေများ ဆက်လက်ဖြည့်သွင်းပေးသွားမည်ဖြစ်ပါသည်။ 

Corporate ငွေထုတ်ယူခြင်းနှင့် ဝန်ဆောင်မှုများ/အင်တာနေရှင်နယ် ဘဏ်ဝန်ဆောင်မှုများ/နိုင်ငံခြားငွေ နှင့် လစာဝန်ဆောင်မှုများအတွက် ကမ္ဘောဇဘဏ် call center 09-951018555 (သို့)  [email protected].သို့ဆက်သွယ်မေးမြန်းနိုင်ပါသည်။ 

ဗဟိုဘဏ်မှသတ်မှတ်ထားသော ငွေသားထုတ်ယူနိုင်သည့် ကန့်သတ်ချက်ပမာဏမှာအောက်ပါ အတိုင်းဖြစ်ပါသည်။

လူပုဂ္ဂိုလ်တစ်ဦးချင်းအတွက် တစ်ပတ်လျှင်အများဆုံး ကျပ်သိန်း (၂၀)

ကုမ္ပဏီ/အဖွဲ့အစည်းများအတွက် တစ်ပတ်လျှင်အများဆုံး ကျပ်သိန်း (၂၀၀)

၁၉ရက် မတ်လတွင် ဖွင့်လှစ်ထားသော ရန်ကုန်ဘဏ်ခွဲများ 

ဖွင့်လှစ်သောဘဏ်ခွဲစာရင်းမှာ နေ့အလိုက်ပြောင်းလဲမှုရှိနိုင်ပါသောကြောင့် လူကြီးမင်းတို့အနေဖြင့် အိမ်မှမထွက်ခွာမီ အရင်ဆုံးကြည့်ရှုစစ်ဆေးပေးစေလိုပါသည်။

မရှိမဖြစ်လိုအပ်သောဘဏ်ဝန်ဆောင်မှုများ (ရရှိနိုင်သော ဝန်ဆောင်မှုများကို အောက်ဖော်ပြပါဝန်ဆောင်မှုဇယားတွင် ကြည့်ရှုနိုင်ပါသည်) 

လူကြီးမင်း၏ နားလည်ပေးမှုအတွက် ကျေးဇူးတင်ရှိပါသည်