SME JICA Two Step Emergency Loan အစီအစဉ်

COVID-19 ကပ်ရောဂါကြောင့် စိန်ခေါ်မှုများကို ရင်ဆိုင်နေရသည့် မြန်မာနိုင်ငံရှိ အသေးစားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းရှင်ကြီးများအတွက် KBZ SME Banking မှ SME JICA Two Step Emergency Loan အား စတင် မိတ်ဆက်ပေးလိုက်ပြီဖြစ်ပါသည်။ လုပ်ငန်းရှင်ကြီးများ၏ လုပ်ငန်းများတွင် ငွေကြေးလည်ပတ်မှု ပြန်လည်အဆင်ပြေ ကောင်းမွန်လာစေရေး အကောင်အထည်ဖော်၊ စီမံဆောက်ရွက်ထားသည့် SME JICA Two Step Emergency Loan ကို ကမ္ဘောဇဘဏ်တွင် လက်ရှိ  JICA Two Step Loan ရယူထားသော customer များအားလုံးမှ ဇွန်လ ၂၀၂၀ ခုနှစ်မှစတင်၍ လျှောက်ထားရယူနိုင်ပြီ ဖြစ်ပါသည်။

မိတ်ဖက်စီးပွားရေးလုပ်ငန်းရှင်ကြီးများအနေနှင့် အသေးစိတ် မေးမြန်း၊ ဆွေးနွေးတိုင်ပင်လိုပါက သက်ဆိုင်ရာ Relationship Manager များထံသို့လည်းကောင်း၊ KBZ SME Banking ၏ hotline နံပါတ်များဖြစ်သော 01373785 / 01372979 / 01372977 / 01377716 သို့ ရုံးချိန်အတွင်း ဖုန်းဆက်မေးမြန်း၍ သော်လည်းကောင်း၊ [email protected] သို့ Email မှ တစ်ဆင့်လည်းကောင်း ဆက်သွယ်မေးမြန်းနိုင်ပါသည်။

JICA Two Step Emergency Loan ၏အကျိုးကျေးဇူးများ 

  • – အတိုးနှုန်း တစ်နှစ်လျှင် ၅.၅% ဖြင့်သက်သာသော အတိုးနှုန်းဖြင့် ချေးယူရနိုင်ခြင်း၊
  • – လိုအပ်ချက်အလိုက် ကျပ်သိန်းပေါင်း ၃,၀၀၀ ပမာဏအထိ ရယူနိုင်ခြင်း၊
  • – သင့်လုပ်ငန်း၏ ငွေကြေးလည်ပတ်ပုံနှင့် ကိုက်ညီမည့် ပြန်လည်ပေးဆပ်ပုံကို ရွေးချယ်နိုင်ခြင်း၊
  • – ပေးဆပ်မှု ဆိုင်းငံ့ကာလများ ညှိနှိုင်းနိုင်ခြင်း၊
    • – ၃ နှစ်အောက်ချေးငွေများအတွက် ၆ လ အထိ ဆိုင်းငံ့ခွင့်။
    • – ၃ နှစ်မှ ၅ နှစ်ချေးငွေများအတွက် ၁ နှစ် အထိ ဆိုင်းငံ့ခွင့်။
  • – ၅ နှစ်တာကာလအထိ သက်တမ်းရှည်ချေးငွေရယူနိုင်ခြင်း၊
  • – လုပ်ငန်းလိုအပ်ချက်အပေါ်မူတည်ပြီး Working Capital အား ၁၀၀% အထိ အသုံးပြုနိုင်ခြင်း။

အမေးများသော မေးခွန်း နှင့် အဖြေများ 

အရေးပေါ်ချေးငွေတွင် လှည့်လည်ရင်းနှီးငွေ (Working Capital) ၁၀၀% အသုံးပြုနိုင်ပါသလား။ ပုံမှန် နှစ်ဆင့်ချေးငွေအတွက် အကျုံးဝင်ပါသလား။

Covid-19 (Emergency TSL) အရေးပေါ်ချေးငွေတွင် လှည့်လည်ရင်းနှီးငွေ (Working Capital) ၁၀၀% အသုံးပြုနိုင်ပါတယ်။ သို့သော် ၎င်းခွင့်ပြုခြင်းသည် Emergency loan အတွက်သာ ဖြစ်ပြီး မူလ JICA TSL ချေးငွေတွင် Working Capital အတွက် ၂၀% သာ ခွင့်ပြုပါတယ်။

SME နှစ်ဆင့်ချေးငွေ (SME TSL) ကျပ် သန်း ၅၀၀ အသုံးပြုဖူးသည့် သူတစ်ဦးအနေနှင့် အရေးပေါ် (Emergency Loan) ကို အား ထပ်မံလျှောက်ထားနိုင်ပါသလား။

အများဆုံးချေးငွေ ကျပ် သန်း ၅၀၀ လျောက်ထားအသုံးပြုခဲ့သူ တစ်ဦးအနေနှင့် အရေးပေါ်ချေးငွေ (Emergency Loan) အား (အများဆုံးပမာဏ ကျပ် သန်း ၃၀၀ အထိ) ထပ်မံလျှောက်ထားနိုင်ပါတယ်။ KBZ Bank အနေနှင့် အရည်အသွေးပြည့်မီမှု (Eligibility) နှင့် ချေးငွေပြန်လည်ပေးဆပ်နိုင်စွမ်း (Repayment Capacity) အား ချေးငွေအကဲဖြတ်စစ်ဆေးခြင်း (Credit Appraisal) ပြုလုပ်၍ စစ်ဆေးရမည် ဖြစ်ပါတယ်။

KBZ Bank ၏ SME ချေးငွေနှင့် Covid-19 ချေးငွေ ကုစားရေး ရန်ပုံငွေ အသုံးပြုဖူးသည့် SME များသည် အရေးပေါ်ချေးငွေ (Emergency Loan) အား လျှောက်ခွင့်ရှိပါသလား။

အဆိုပါချေးငွေတစ်ခု အသုံးပြုဖူးသော်လည်း SME အနေနှင့် Emergency Loan ကို အသုံးပြုမည်ဆိုပါက JICA အဖွဲ့အစည်းနှင့် KBZ Bank မှ စည်းမျဉ်းစည်းကမ်း၊ စံများနှင့် ကိုက်ညီပါက လျောက်ထားခွင့်ရှိသည်။

ယခုအရေးပေါ်ချေးငွေ (Emergency Loan) သည် ကာလသတ်မှတ်ချေးငွေ (Term loan) သို့မဟုတ် စာရင်းပိုထုတ်ချေးငွေ (Overdraft) ဖြစ်ပါသလား။ သက်တမ်းမည်မျှရှိပါသလဲ။ Repayment Schedule ကို မည်သို့ပြောင်းလဲ နိုင်ပါသလဲ။

ယခုအရေးပေါ်ချေးငွေ (Emergency Loan) သည် ကာလသတ်မှတ်ချေးငွေ (Term loan) ဖြစ်ပါသည်။ ဆိုင်းငံ့ကာလအပါအဝင် အများဆုံး ချေးငွေသက်တမ်း ၅ နှစ်အထိ သတ်မှတ်နိုင်ပါသည်။ ချေးငွေပြန်လည်ပေးဆပ်မှု (Repayment schedule) အား ပြောင်းလဲလိုပါက လိုအပ်သောစာရွက်စာတမ်းများဖြင့် ပြောင်းလဲခွင့်ပြုရန် လျှောက်ထားနိုင်ပါသည်။

လက်ရှိချေးငွေ (ပုံမှန် မတည်ရင်းနှီးငွေ ချေးငွေ)များအတွက် ဆိုင်းငံ့ကာလ မည်သို့ သတ်မှတ်ရမည်နည်း။

လက်ရှိချေးငွေအတွက် ပြောင်းလဲမှု မရှိပါ။ ဆိုင်းငံ့ကာလသည် အရေးပေါ်ချေးငွေ (Emergency Loan) အတွက်သာ ဖြစ်ပါသည်။

SME များအနေနှင့် အရေးပေါ်ချေးငွေလျှောက်ထားရန် အများဆုံးဘယ်နှစ်ကြိမ်ခွင့်ပြုပါသလဲ။

အရေးပေါ်ချေးငွေလျောက်ထားရန် လူတစ်ဦးလျှင် တစ်ကြိမ်သာလျှင်လျှောက်ထားနိုင်ပြီး အများဆုံး ကျပ် သိန်း ၃၀၀၀ အထိ ခွင့်ပြုပါသည်။

ယခုအစီအစဉ်ကို မည်သည့် လုပ်ငန်းအမျိုးအစားများမှ လျှောက်ထားနိုင်ပါသလဲ။

ယခုအစီအစဉ်သည် JICA မှ တားမြစ်ထားသော လုပ်ငန်းအမျိုးအစားများမှလွဲ၍ ကျန်လုပ်ငန်းအားလုံး လျှောက်ထားနိုင်ပါတယ်။