သင့်လုပ်ငန်း၏ လစာပေးချေခြင်း လုပ်ငန်းစဉ်ကို ယုံကြည်စိတ်ချမှုရှိပြီး  အချိန်နဲ့ တပြေးညီ ပြုလုပ်နိုင်မည့် ကမ္ဘောဇဘဏ်၏ ဝန်ဆောင်မှုများဖြင့် လွယ်ကူလျင်မြန်စွာ ‌ဆောင်ရွက်လိုက်ပါ။

ကမ္ဘောဇဘဏ်၏ လုပ်ခလစာပေးချေခြင်းဆိုရင် ဝန်ဆောင်မှုများသည် လူကြီးမင်းတို့ ဝန်ထမ်းများ၏ လစာ၊ ဆုကြေးငွေနှင့် ပြန်အမ်းငွေများကို မြန်မာနိုင်ငံတဝှမ်းတွင် ကမ္ဘောဇဘဏ်အကောင့် သို့မဟုတ် KBZPay ဖြင့် လွယ်ကူစွာ ရယူနိုင်အောင် ဆောင်ရွက်ပေးနိုင်ပါသည်။

ကြိုတင်လစာ (PayAdvance) သည် လမကုန်ခင် မိမိလစာ၏ ၅၀ ရာခိုင်နှုန်းအထိ ကြိုတင်ထုတ်ယူနိုင်မည့် ငွေကြေးဝန်ဆောင်မှု ဖြစ်ပါသည်။ KBZPay မှတစ်ဆင့် အသုံးပြုနိုင်သော ဤဝန်ဆောင်မှုသည် PayAdvance အသုံးပြုရန် သဘောတူညီမှုရရှိထားသော မိတ်ဖက်အဖွဲ့အစည်းများမှ ဝန်ထမ်းတိုင်း အသုံးပြုနိုင်မည်ဖြစ်ပါသည်။ ဝန်ထမ်းများသည် လတိုင်း၏ ၁၆ ရက်နေ့မှ စတင်၍ KBZPay အက်ပ်ထဲရှိ “PayAdvance” ကို ငွေကြေးနှင့် ချေး‌ငွေဝန်ဆောင်မှုများ (Finance & Loan Services) တွင် ရွေးချယ်၍ ဤဝန်ဆောင်မှုကို လျှောက်ထားရယူနိုင်ပါသည်။ တောင်းခံသောငွေပမာဏအပေါ် မူတည်၍ မျှတသော ဝန်ဆောင်ခ ပမာဏ သတ်မှတ်ထားပါသည်။

  • လွယ်ကူမြန်ဆန်သော ငွေပေးချေမှုများ
  • ကိုယ်တိုင်လုပ်ဆောင်နိုင်သည့် Corporate iBanking သို့မဟုတ် KBZPay ဖြင့် လစာအချိန်မီ ပေးချေနိုင်သည် 
  • ရုံးအတွင်းမှာပင် လုံခြုံစိတ်ချစွာ စုပေါင်းငွေပေးချေနိုင်သည်
  • ၂၄ နာရီ၊ ၇ ရက်ပတ်လုံး လိုအပ်သည့် အချိန်တိုင်း ငွေပေးချေနိုင်သည်
  • လုံခြုံစိတ်ချရသော ဒစ်ဂျစ်တယ်စနစ်
  • လူချင်းတွေ့ဆုံရန်မလိုအပ်သော ငွေလွှဲခြင်းများကို အချိန်အခါမရွေး ပြုလုပ်နိုင်သည်
  • လစာပေးချေခြင်းဆိုင်ရာ ဒေတာအချက်အလက်များကို လျှို့ဝှက်စွာ ထိန်းသိမ်းထားနိုင်သည် 
  • ဝန်ထမ်းများထံသလို့ တိုက်ရိုက် လစာငွေလွှဲနိုင်သည်
  • စနစ်ကျ၍ ထိရောက်သော စီမံခန့်ခွဲမှု
  • လစာ၊ ဆုကြေးငွေနှင့် ပြန်အမ်းငွေများကို လွယ်ကူစွာ ပေးချေနိုင်သည်
  • လုပ်ခလစာပေးချေပြီးနောက် အသေးစိတ်အစီရင်ခံစာများ ရယူစီစစ်နိုင်သည်
  • လူကြီးမင်း၏ လုပ်ငန်းအတွင်း စီမံခန့်ခွဲမှုများကို ထိရောက်စွာ မြှင့်တင်ပေးသည်
  • စိတ်ကြိုက်ရွေးချယ်နိုင်သော ဝန်ဆောင်မှုများ
  • လုပ်ငန်းလိုအပ်ချက်အလိုက် ကိုယ်တိုင်ဆောင်ရွက်ခြင်း (Self-service) သို့မဟုတ် ဘဏ်မှ ကိုယ်စားဆောင်ရွက်ပေးခြင်း (Bank Assisted-service) ကို စိတ်ကြိုက် ရွေးချယ်နိုင်သည်
  •  ဘဏ်ခွဲသို့ သွားရန် မလိုအပ်တော့သဖြင့် အချိန်နှင့် လုပ်အား ပိုမိုသက်သာစေသည်