Online Self Registration
Online Self Registration ဆိုသည်မှာ ကမ္ဘောဇဘဏ်၏ အကောင့်ရှိပြီးသူ Customer များမှ KBZ Online Banking (သို့) mobile banking ကို online မှ တဆင့် လွယ်ကူလျှင်မြန်စွာ လျှောက်ထားနိုင်သော ဝန်ဆောင်မှု ဖြစ်ပါသည် ။
Benefits and detail information of Online Self Registration?
KBZ Online Registration ကို နည်းလမ်း (၂) မျိုးဖြင့် လျှောက်ထားနိုင်သည် ။

- KBZ ATM Card နံပါတ်ဖြင့် လျှောက်ထားခြင်း။
- KBZ ဘဏ်အကောင့်နံပါတ်ဖြင့် လျှောက်ထားခြင်း တို့ဖြစ်ပါသည်။
How to Apply or Sign up?
KBZ ATM Card နံပါတ်ဖြင့် လျှောက်ထားပုံ အဆင့်ဆင့်
- Online Registration လျှောက်ထားရန် ပထမဦးစွာ KBZ Mobile Application ကို ဖွင့်ပါ ။ ထို့နောက် Register Now ကို နှိပ်ပါ ။ Online Registration လျှောက်ထားရန် Page ကျလာမည် ။
- ATM ကဒ်နံပါတ်ဖြင့် လျှောက်ထားရန် KBZ ATM Card ကို နှိပ်ပါ။
- KBZ ATM card number နေရာတွင် ATM card number ပေါ်တွင်ပါရှိသော ဖောင်းကြွစာလုံး (ဂဏန်း 16လုံး) အားဖြည့်စွက်ပါ။KBZ ATM 6 digit နေရာတွင် PIN number 6လုံး( ATM စက်တွင်ငွေသားထုတ်ယူသည့်အခါအသုံးပြုသည့် ဂဏန်း6လုံး) အားဖြည့်စွက်ပါ။
- ထို့နောက် Terms and condition အားဖတ်ရှု့ပြီး I accept terms and conditions ကိုရွေးချယ်ပြီး Submit ကိုနှိပ်ပါ။ Card အကောင့်ပိုင်ရှင်၏ အမည်ပေါ်လာမည်ဖြစ်ပြီး Mobile Number နေရာတွင် မိမိအသုံးပြုနေသော Mobile Number, e mail address နေရာတွင် မိမိ အသုံးပြုနေသော e mail address ကိုမှန်ကန်စွာ ဖြည့်စွက်ပြီး Submit ကိုနှိပ်ပါ ။
- ပြန်လည် စစ်ဆေးရန် Verification Screen ကျလာမည်ဖြစ်ပြီး မိမိဖြည့်လိုသော အချက်အလက်များမှန်ကန်ပါက Confirm ကို နှိပ်ပါ ။ထို့နောက် Customerဖြည့်သွင်းခဲ့သော Mobile ဖုန်းနံပါတ်ထဲသို့ One Time Password (OTP) တစ်ခါသုံးလျို့ဝှက် နံပါတ်ကို ပေးပို့မည်ဖြစ်ပါသည် ။
- ရောက်ရှိလာသော OTP ကိုမှန်ကန်စွာ ထည့်သွင်းပြီး OK ကိုနှိပ်ပါ။
- Registration ပြုလုပ်ခြင်း အောင်မြင်ပါက Customer သည်အောက်ပုံပါအတိုင်း complete pop up message ကိုလက်ခံရှိမည်ဖြစ်ပါသည်။
- Mobile banking သို့ဝင်ရောက်ရန် User ID ကိုOnline Registration လျှောက်စဉ်က ဖြည့်စွက်ခဲ့သော email သို့ပေးပို့ မည်ဖြစ်ပြီး Password အား ဖုန်းနံပါတ်ထဲသို့ ပေးပို့မည် ဖြစ်ပါသည် ။ ၎င်း User ID နှင့် Password တို့ကို အသုံးပြုပြီး KBZ mobile banking login Page တွင် Mobile Banking ကို Login ဝင်ရောက်၍ ချက်ခြင်း အသုံးပြုနိုင်ပြီ ဖြစ်ပါသည်။
ဘဏ်အကောင့် နံပါတ်ဖြင့် လျှောက်ထားပုံ အဆင့်ဆင့်
- Online Self Registration လျှောက်ထားရန် ပထမဦးစွာ KBZ Mobile Application ကို ဖွင့်ပါ ။ ထို့နောက် Register Now ကို နှိပ်ပါ ။ Online Registration လျှောက်ထားရန် Page ကျလာမည် ။
- ဘဏ်အကောင့်နံပါတ်ဖြင့် Online Register ပြုလုပ်ရန် KBZ ဘဏ်စာရင်းနံပါတ် ကိုနှိပ်ပါ ။Online Self Registration လျှောက်ထားရန် ပထမဦးစွာ KBZ Mobile Application ကို ဖွင့်ပါ ။ ထို့နောက် Register Now ကို နှိပ်ပါ ။ Online Registration လျှောက်ထားရန် Page ကျလာမည် ။
- Register form ကျလာပါက နမူနာပြထားသည့်ပုံပါအတိုင်း မိမိအချက်အလက်များကို မှန်ကန်စွာဖြည့်ပေးရမည်။ NRC Front နေရာတွင် မိမိ မှတ်ပုံတင် အရှေ့ ၊ NRC Back နေရာတွင် မိမိNRC အနောက်ပုံ selfie image နေရာတွင် မိမိမျက်နှာပုံကို ရှင်းလင်းစွာရိုက်ရမည်။
- Terms and Conditions ကို လက်ခံပြီးနောက် Submit ကို နှိပ်ပါ ။ Verify Form ကျလာပါက မိမိဖြည့်ထားသော အချက်အလက်များ မှန်မမှန် ပြန်လည်စစ်ဆေးအတည်ပြုပြီး မှန်ကန်ပါက Confirm ကိုနှိပ်ပါ ။
- ထို့နောက် OK ကို နှိပ်ပြီးပါက Online Registration ပြုလုပ်မှုခြင်း ပြီးဆုံးမည်ဖြစ်ပြီး ဘဏ်မှ အတည်ပြုစစ်ဆေးပြီးပါက ပြန်လည် အကြောင်းကြားပေးမည် ဖြစ်သည် ။
FAQ
Online Banking Account Self Registration ကို မည်သူများလျှောက်ထားနိုင်သလဲ ။
ကမ္ဘောဇဘဏ်၏ KBZ Card အကောင့် (ကဒ်ပေါ်ရှိဖောင်းကြွဂဏန်း၁၆လုံး)၊ Saving အကောင့်(အကောင့်နံပါတ်၁၇လုံး)၊ Current အကောင်(့ အကောင့်နံပါတ်၁၇လုံး) ရှိပြီးသူ Customer တိုင်းလျှောက်ထားနိုင်ပါသည် ။
Online Banking Account Self Registration ကို Joint Account များဖြင့် လျှောက်ထားနိုင်ပါသလား။
Joint Account များဖြင့် လျှောက်ထား၍ မရနိုင်ပါ။
Online Banking Account Self Registration Account လျှောက်ထားရာတွင် မည်သည့် Telephone Number များနှင့် လျှောက်ထားနိုင်သလဲ ။
Online Banking Account Self Registration Account လျှောက်ထားရာတွင် မြန်မာပြည်အတွင်းရှိ Mobile Operator အားလုံး၏ ဖုန်းနံပါတ်ဖြင့် လျှောက်ထားနိုင်ပါသည် ။
Online Banking Account Self Registration လျှောက်ထားပြီပါက Online Banking ကို အသုံးပြုနိုင်ရန် အချိန်မည်မျစောင့်ဆိုင်းရမည်နည်း ။
- Online Banking Account Self Registration ကို Card နံပါတ်ဖြင့်လျှောက်ထားပါက မှန်ကန်သော အချက်အလက်များဖြည့်သွင်းပြီး အောင်မြင်ပါက User ID နှင့် Password ရောက်ရှိပြီး ချက်ခြင်း ဝင်ရောက်အသုံးပြုနိုင်ပါသည်။
- Online Banking Account Self Registration ကို Saving /Current Account နံပါတ်တို့ဖြင့် လျှောက်ထားမည် ဆိုပါက မှန်ကန်သော အချက်အလက်များ ဖြည့်သွင်းပြီး ဘဏ်မှ ဆက်သွယ်လာရန် ၃ ရက် (ရုံးဖွင့်ရက်) စောင့်ဆိုင်းရမည် ဖြစ်ပြီး ဘဏ်မှမေးသော မေးခွန်းများဖြေဆိုမှန်ကန်မှ User ID နှင့် Password ရရှိပြီး အသုံးပြုနိုင်မည် ဖြစ်ပါသည် ။
Online Banking Account Self Registration လျှောက်ထားရာတွင် အောင်မြင်ကြောင်း မည်ကဲ့သို့ သိနိုင်မည်နည်း။
Online Registration လျှောက်ထားခြင်းအောင်မြင်ပါက မိမိဖြည့်ခဲ့သော Mobile Phone နံပါတ်ထဲသို့ Password ရောက်ရှိမည်ဖြစ်ပြီး ၊ e mail ထဲသို့ User ID ပေးပို့မည်ဖြစ်ပါသည်။
Online Banking Account Self Registration Account လျှောက်ထားရာတွင် Password ကို လက်ခံမရရှိပါက မည်သို့လုပ်ဆောင်ရမည်နည်း။
Online Banking Account Self Registration Account လျှောက်ထားရာတွင် Password ကို လက်ခံမရရှိပါက KBZ Online Banking Call Center 01- 370108/370109 သို့ မိမိလျှောက်ခဲ့သော အချက်အလက်များနှင့်အတူ ဆက်သွယ်မေးမြန်းနိုင်ပါသည် ။
Online Banking လျှောက်ထားခြင်းမအောင်မြင်ပါက (သို့) Reject Message လက်ခံရရှိပါက ၊ မအောင်မြင်သော အကြောင်းအရင်းကို မည်ကဲ့သို့သိရှိနိုင်မည်နည်း။
Online Banking Account Self Registration လျှောက်ထားရာတွင် Reject Message လက်ခံရရှိပါက Online Banking Call Center 01- 370108/370109 သို့ မိမိလျှောက်ခဲ့သော အချက်အလက်များနှင့်အတူ ဆက်သွယ်မေးမြန်းနိုင်ပါသည် ။ Call Center မှ တဆင့် Reject ဖြစ်ရသော အကြောင်းအရင်းကို သိရှိပါက မှန်ကန်သော အချက်အလက်များဖြည့်စွက်၍ Online Registration ကို ထပ်မံလျှောက်ထားနိုင်ပါသည် ။
Contact Information
Transaction Banking Department
KBZ Bank Limited
No. 4 (MS-4), Kandawgyi Villa (Level-9), BldgProject, Upper Mandalay Road, Mingalar Taung Nyunt Township, Yangon, Myanmar.
+95 1- 370617/618