Home Loan FAQs

Home / Home Loan FAQs

အိမ်ရာချေးငွေ အမေးအဖြေများ

ကမ္ဘောဇဘဏ်နဲ့ချိတ်ဆက်ပြီး အိမ်ရာဝယ်ယူလိုရင် ကမ္ဘောဇဘဏ် အိမ်ရာချေးငွေရဲ့ Web App ကနေတဆင့် ဒါမှမဟုတ် Home Loan အတွက် သီးသန့်ဖွင့်ထားတဲ့ ကမ္ဘောဇဘဏ် Sales Center များမှာ စုံစမ်းမေးမြန်းပြီးတော့ လျှောက်ထားနိုင်ပါတယ်။ ကမ္ဘောဇဘဏ် အိမ်ရာချေးငွေ ရဲ့ Website ဖြစ်တဲ့ www.kbzbank.com နဲ့ Home Loan Sales Center တွေဖြစ်တဲ့ –
(၁) ရွှေတိဂုံဘုရားလမ်း ဘဏ်ခွဲ
(၂) သင်္ဃန်းကျွန်းဘဏ်ခွဲ (၁)
(၃) ကမာရွတ်ဘဏ်ခွဲ (၂)
(၄) သင်္ဃန်းကျွန်းဘဏ်ခွဲ (၂)
(၅) မကွေးဘဏ်ခွဲ (၁)
(၆) မန္တလေးဘဏ်ခွဲ (၂၂)
(၇) မုံရွာဘဏ်ခွဲ (၃)
(၈) တောင်ကြီးဘဏ်ခွဲ (၁)
(၉) ပြင်ဦးလွင်ဘဏ်ခွဲ (၂)
(၁၀) သိမ်ကြီးဈေးဘဏ်ခွဲ
(၁၁) လသာ ဘဏ်ခွဲ
(၁၁) ထောက်ကြန့်ဘဏ်ခွဲ
(၁၂) ဘုရင့်နောင် ဘဏ်ခွဲ(၃)
(၁၃) မန္တလေးဘဏ်ခွဲ (၆)
(၁၄) မန္တလေးဘဏ်ခွဲ (၁)
(၁၅) မကွေး ဘဏ်ခွဲ (၁)
(၁၆) မော်လမြိုင် ဘဏ်ခွဲ (၁)
တွေမှာ လိုအပ်တဲ့ စာရွက်စာတမ်း အချက်အလက်တွေကို ပြည့်ပြည့်စုံစုံ တင်ပြပြီးရင် ချေးငွေ ရနိုင်ခြေရှိ/မရှိ ကို တစ်နေ့ထဲမှာပဲ ချက်ချင်း သိနိုင်ပါတယ်။

Home Loan လျှောက်ထားသူက လူပုဂ္ဂိုလ်တစ်ဦးတည်း (သို့) ဝန်ထမ်းဆိုရင်
(၁) မှတ်ပုံတင်မိတ္တူ (မူရင်းပြရမည်။)
(၂) ပတ်စ်ပို့မိတ္တူ (ရှိလျှင်)
(၃) ဓာတ်ပုံ (ပတ်စ်ပို့အရွယ်အစား)
(၄) သန်းခေါင်စာရင်းမိတ္တူ (မူရင်းပြရမည်။)
(၅) ရပ်ကွက်နေထိုင်ကြောင်းထောက်ခံစာ
(၆) သက်ဆိုင်ရာကုမ္ပဏီ၊ ဌာန၊ လုပ်ငန်းရှင်၏ ထောက်ခံစာ Recommendation Letter
(၇) လစဉ်ဝင်ငွေဖော်ပြသည့် Pay slip (or) Salary slip
(၈) Bank Statement (၆ လစာ)
စတဲ့ အချက်အလက်တွေနဲ့ လျှောက်ထားဖို့ လိုအပ်ပါတယ်။

လိုအပ်တဲ့ စာရွက်စာတမ်းတွေအားလုံးကို ပြည့်စုံမှန်ကန် ပါက အလုပ်လုပ်ရက် (၁၄) ရက်ကြာ အချိန်ယူပါမည်။

အခု လောလောဆယ်မှာတော့ အိမ်တန်ဖိုးရဲ့ (၇၅%) အထိ ချေးငွေထုတ်ပေးဖို့ ရည်ရွယ်ထားပါတယ်။ သိန်း ၁၅၀၀ အထိကို ချေးငွေပမာဏ ၇၅% ၊ အိမ်တန်ဖိုး သိန်း ၁၅၀၀ မှ သိန်း ၂၀၀၀ အထိကို ချေးငွေပမာဏ ၇၀% ၊ အိမ်တန်ဖိုး သိန်း ၂၀၀၀ နှင့် အထက်ကို ချေးငွေပမာဏ ၆၅% အထိ ထုတ်ချေးသွားမှာြဖစ်ပါသည်။

ချေးငွေသက်တမ်း ကို (၃) နှစ် မှ (၂၅) နှစ် ထိ လျှောက်ထားနိုင်ပါတယ်။

အတိုးနှုန်း က တစ်နှစ်ကို ၁၀% ဖြစ်ပါတယ် ။ ကျွန်တော်တို့ အခု မိတ်ဆက်လိုက်တဲ့ အိမ်ရာချေးငွေ အစီအစဉ်သစ်တွေကနေ ကနဦးပေးသွင်းငွေ ၅၀% နှင့် အထက် ပေးသွင်းသူများအတွက် အတိုးနှုန်း ၈% သာ ပေးသွင်းရတဲ့ ဝန်ဆောင်မှုပေးနေပါတယ် ။

မောင်နှမ နှစ်ဦးစလုံး အိမ်ထောင်မကျသေးဘူးဆိုရင် တွဲဖက်လျှောက်ထားနိုင်ပါတယ်။

လစဉ်ပေးသွင်းရမည့်ငွေထက် ပိုမိုပေးသွင်းနိုင်တဲ့ အထောက်အထားပြနိုင်ရင် လစဉ်ပေးသွင်း ငွေပမာဏ တိုးမြှင့်ပြီးပေးချေ ဖို့အတွက် Payment Schedule ပြောင်းလဲနိုင်ပါတယ်။ ချေးငွေသက်တမ်း ကာလ နည်းသွားတဲ့အတွက် ကျသင့်အတိုး သက်သာစေနိုင်ပါတယ်။

တစ်နှစ်မပြည့်ခင် ကြိုတင်ပေးဆပ်ချင်တယ်ဆိုရင် တစ်နှစ်အထိကို ပထမ schedule အတိုင်းပေးသွင်းရပါမည်။ (၁၃) လမှ (၃၆) လအတွင်း ပေးဆပ်ပါက ချေးငွေလက်ကျန်အပေါ်တွင် Prepayment Penalty ၃% အပိုထပ်ဆောင်းပေးရမည်ဖြစ်ပြီး (၃၇) လ မှ လပေါင်း (၆၀) အတွင်း ပေးဆပ်လိုပါက ချေးငွေလက်ကျန်ပေါ်တွင် ချေးငွေလက်ကျန်အပေါ်တွင် Prepayment Penalty ၁% ကို ပေးဆောင်ရပါမည်။ လပေါင်း (၆၀) နောက်ပိုင်း ပေးဆပ်မှုများအတွက် Prepayment Penalty ပေးရန်မလိုအပ်ပဲ ချေးငွေလက်ကျန်အရင်းကိုသာပေးဆပ်ရမှာ ဖြစ်ပါသည်။

(၅) နှစ်အတွင်း ပြန်လည်ပေးဆပ်နိုင်တဲ့ လုံလောက်တဲ့ ဝင်ငွေအထောက်အထား တင်ပြနိုင်တယ်ဆိုရင် ငွေချေးသက်တမ်း (၁) နှစ်ကျော်တဲ့အခါ ပြန်ပြောင်း လျှောက်ထားနိုင်ပါတယ်။

လစဉ်ပေးသွင်းရမယ့် ငွေထက်ပိုပေးသွင်းနိုင်ကြောင်း အထောက်အထားပြနိုင်မယ်ဆိုရင်တော့ လစဉ်ပေးသွင်းငွေ ပမာဏတိုးမြှင့် ပေးချေဖို့ Payment Schedule ပြောင်းလဲပြီး၊ ချေးငွေသက်တမ်း လျော့နည်းစေရာကနေ ကျသင့်တဲ့အတိုး သက်သာစေနိုင်ပါတယ်။

လစာဝင်ငွေနဲ့ သင်္ဘောလိုင်း၊ Sea Service တို့အပေါ်မူတည်ပြီး ဆောင်ရွက်ပေးပါတယ်။

ချေးငွေအားလုံး ကျေတဲ့အထိ လွှဲထားဖို့ လိုပါတယ်။ တခြားမည်သည့်ကိစ္စနဲ့မှ သက်ဆိုင်ခြင်းမရှိဘဲ တိုက်ခန်းကို စီမံခန့်ခွဲ ပိုင်ခွင့်နဲ့သာ သက်ဆိုင်ပါတယ်။

ကမ္ဘောဇဘဏ်က Home Loan ရယူပြီး အိမ်ခန်းဝယ်မယ်ဆိုရင် အဲ့ဒီအိမ်ခန်းအတွက် မီးအာမခံ မဖြစ်မနေ ထားရပါမယ်။ ချေးငွေ ပေးချေနေတဲ့ ကာလတစ်လျှောက်လုံး နှစ်စဉ် ထားရပါမယ်။ တစ်နှစ်တစ်ခါ သက်တမ်းတိုးရပါမယ်။

လစာဝင်ငွေအား သတ်မှတ်ထားချင်းမရှိဘဲ အနည်းဆုံး ချေးငွေရယူနိုင်သော ပမာဏမှာ သိန်း ၂၀၀ ဖြစ်သည်။ ချေးငွေသက်တမ်း ၁၅ နှစ်အတွက် လစဉ်ပေးဆပ်ရမည့် ပမာဏ မှာ မြန်မာငွေကျပ် ၂၁၄,၉၂၁.၀၂ ဖြစ်သည်။ ထို့ကြောင့် လစာဝင်ငွေသည် မြန်မာငွေကျပ် ၅၃၇,၃၀၂ ( လစာ ၈ သိန်းအောက် ရရှိပါက လစာ၏ ၄၀% အထိ ပြန်လည်ပေးဆပ်နိုင်) ဖြစ်ပြီး လစဉ်ပေးဆပ်ငွေသည် အိမ်တန်ဖိုး ၊ ချေးငွေ ပမာဏ နှင့် ချေးငွေရယူသည့် နှစ်အပေါ်မူတည်ပြီး ပြောင်းလဲမှုရှိနိုင်ပါသည်။ လစာဝင်ငွေ ၈ သိန်း နှင့် အထက် ရရှိပါက လစဉ်ပေးဆပ်ရမည့် အမြင့်ဆုံး ပမာဏ ကို လစာ၏ ၄၅% ဖြင့် တွက်ချက်ပေးပါသည်။

အသက် (၁၈) နှစ် ပြည့်၊ ကျန်းမာသူဖြစ်ပြီး လစဉ်ပုံမှန် ဝင်ငွေရှိသူဖြစ်ရပါမယ်။ ဝင်ငွေ အထောက်အထားတွေကို တင်ပြ နိုင်သူဖြစ်ရပါမယ်။

Customer အနေနဲ့ ပိုပြီး သက်သာတဲ့အိမ်ရာကို ရွေးချယ်မယ်ဆိုရင်၊ ကနဦး ပေးချေငွေ တိုးမြှင့်ပေးချေမယ်ဆိုရင်တော့ လျှောက်ထားနိုင်ပါတယ်။ အိမ်ထောင်ဖက်ရှိရင်တော့ အိမ်ထောင်ဖက်ရဲ့ ဝင်ငွေနဲ့ ပူးတွဲလျှောက်ထားလို့ ရပါတယ်။ အပျို၊ လူပျိုဆိုရင်တော့ လစဉ်ပုံမှန်ဝင်ငွေရှိတဲ့ အတူနေ မိဘ၊ ညီအစ်ကို မောင်နှမသားချင်းတွေနဲ့လည်း ပူးတွဲလျှောက်ထား နိုင်ပါတယ်။

ရာဖြတ်တန်ဖိုး သိန်းနှစ်ရာတန်ကစပြီး ဝယ်လို့ရပါတယ်။

တိုက်ခန်းဆိုရင် (၃) နှစ်ကနေ (၁၅) နှစ်ထိ ရပါတယ်။ ကွန်ဒိုနဲ့ လုံးချင်းတွေဆိုရင်တော့ ဂရန်သက်တမ်းရှိရင် (၃) နှစ်ကနေ (၂၅) နှစ်အထိ လျောက်ထားနိုင်ပါတယ်။

အမည်ပေါက် Owner Book ရှိရင် (ဒါမှမဟုတ်) Grab လိုမျိုး လစဉ်ဝင်ငွေ တင်ပြနိုင်တဲ့ Taxi Owner ဖြစ်ရင်တော့ လျှောက်ထားနိုင်ပါတယ်။

ပုံမှန်ဆိုရင်တော့ လစာက Payroll နဲ့ပေးတာမဟုတ်ရင် အခွန်ဆောင်ထားတာ ရှိရပါမယ်။ နှစ်ခုလုံးမရှိရင်တော့ အခြားသောဝင်ငွေအထောက်အထားများအ ပေါ်မူတည်ပြီး ဆုံးဖြတ်ပေးပါတယ်။

ရပါတယ်။ ဘဏ်အနေနဲ့ Customer တွေနဲ့ ရေရှည်လက်တွဲဆောင်ရွက်နိုင်ဖို့ ရည်ရွယ်ပြီး Customer တွေရဲ့ Personal Profile (ကိုယ်ရေးအချက်အလက်) နဲ့ Financial Profile (ဘဏ္ဍရေး အချက်အလက်) တွေကို စဉ်ဆက်မပြတ် မှတ်တမ်း တင်ထားပြီး Customer က ငွေကြေး လိုအပ်တဲ့အချိန်တိုင်း ကူညီဖို့ အဆင်သင့်ရှိနေမှာ ဖြစ်ပါတယ်။ စာချုပ်ဝန်ထမ်း ဖြစ်ရင်တော့ စာချုပ်သက်တမ်း တိုးချုပ်ဆိုတဲ့အချိန်မှာ စာချုပ်အသစ်မိတ္တူ ကို ဘဏ်ကို ပေးအပ်ဖို့ လိုအပ်ပါတယ်။ အလုပ် အပြောင်းအလဲရှိရင်လည်း ဘဏ်ကို အသိပေးအကြောင်းကြားဖို့ လိုအပ်ပါတယ်။

လစာဝင်ငွေ ကျပ် ၁,၀၀၀,၀၀၀/- ကျော်မယ်ဆိုရင် လစဉ်ပေးဆပ်နိုင်ချေကို (၄၅%) အထိ ပေးဆပ်နိုင်အောင် ညှိနှိုင်း ဆောင်ရွက်ပေးနေပါတယ်။

ရောင်းချသူ (Developer) တွေဆီက ဝန်ဆောင်ခ ကောက်ခံတာတွေ မရှိပါ။ အခါအားလျော်စွာ ရွေးချယ်ထားသည့် Developer များအတွက် အထူးအစီအစဉ်များကို ကမ်းလှမ်းပေးအပ်သွားမည် ဖြစ်သည်။

ကျွန်မ တော် တို့ အိမ်ယာချေးငွေလုပ်ငန်းစဉ်မှာ customer တွေဆီက စာရွက်စာတမ်း၊ သတင်းအချက်အလက် အပြည့်အစုံ ရရှိ ပြီးပြီဆိုရင် အလုပ်လုပ်ရက်(၁၄)ရက်မှ(၂၁)ရက် အတွင်း ပြီးစီးအောင် ဝန်ဆောင်မှုပေးနေပါတယ်။

BCC ကျပြီး အသင့်နေ အဆောက်အဦးတွေအတွက် အိမ်ရာချေးငွေ လျှောက်ထားသူတွေအနေနဲ့ အတိုး၊ အရင်းကို လစဉ် တစ်ချိန်ထဲ ပေးသွင်းရပါမယ်။ ဆောက်လုပ်နေဆဲ အိမ်ရာတွေ အတွက်ကတော့ BCC မကျမီအထိ လစဉ် outstanding ပေါ်မှာပဲ အတိုးပေးရမှာဖြစ်ပြီး BCC ရရှိပြီး (သို့) ရောင်းချသူက အခန်းအပ်နှံပြီးချိန်မှသာ အရင်းပါ ထည့်သွင်းပေးဆပ်ရမှာ ဖြစ်ပါတယ်။

ရောင်းချသူခွင့်ပြုခဲ့ပါက အိမ်ပေါ်တက်နေခွင့် ရနိုင်ပါတယ်။

အသုံးပြုနိုင်ပါတယ်။ အခွန်ဆောင်ထားတဲ့ ပြေစာ Slip ပါ ပူးတွဲတင်ပြရပါမယ်။

အသင့်နေ အဆောက်အဦးတွေအဖို့ ဥပဒေနဲ့အညီ နေထိုင်နိုင်ဖို့အတွက် BCC လိုအပ်သလိုမျိုး နေ့စဉ်ဘဝအတွက် လျှပ်စစ် ပါရရှိမှ အဆင်ပြေနိုင်မှာ ဖြစ်ပါတယ်။

ချေးငွေရယူထားသူက အရှေ့တုန်းက သွင်းထားတဲ့ငွေတွေကို ဆုံးရှုံးနိုင်ချေမရှိပါဘူး။ customer အနေနဲ့ ပေးရန်ကျန် ချေးရင်းငွေ အားလုံးကို တစ်လုံးတစ်ခဲတည်း နဲ့ အပြေအကြေ ပေးချေရုံနဲ့ စာချုပ်ဖျက်သိမ်းနိုင်ပါတယ်။

Customer အနေနဲ့ အရစ်ကျပေးဆပ်ရန် လိုအပ်တဲ့နေ့ကစပြီး ရက်ပေါင်း (၃၀) အတွင်း ပေးဆပ်ခြင်းမရှိဘူးဆိုရင် ချေးငွေ စာချုပ်ပျက်ပြယ်နိုင်ပြီး ဘဏ်က ဥပဒေလုပ်ထုံးလုပ်နည်းနဲ့အညီ ဆောင်ရွက်မှုတွေကို စတင်ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။

လစဉ်ပေးဆပ်ရမည့်ငွေကို အချိန်စေ့ ရောက်တဲ့ရက်ကနေ (၅) ရက်အထိ နောက်ကျပေးသွင်းနိုင်ပါတယ်။ (၅) ရက် နောက်ပိုင်းမှ ပေးချေမယ်ဆိုရင်တော့ (နောက်ကျကြေး ၁၃%) ကို ပေးရမယ့် Amount ပေါ်မှာ အချိန်စေ့ ရောက်တဲ့ ရက်ကနေစပြီး တွက်ချက်ကောက်ခံသွားမှာ ဖြစ်ပါတယ်။ ရက် (၃၀) ထက်ပိုပြီး နောက်ကျခွင့်မရှိပါဘူး။ ရက်ပေါင်း (၃၀) ထက် နောက်ကျရင်တော့ ချေးငွေစာချုပ်ပျက်ပြယ်နိုင်ပြီး ဘဏ်က ဥပဒေလုပ်ထုံးလုပ်နည်းနဲ့အညီ ဆောင်ရွက်မှုတွေကို စတင်ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။

ချေးငွေသက်တမ်းနှစ်နှစ်မှ သုံးနှစ်အတွင်း ပေးရန်ကျန်ငွေ Amount နဲ့ ၎င်းပေါ်တွင် (၃% Penalty) ဖြင့် လည်းကောင်း ၊ ချေးငွေသက်တမ်း သုံးနှစ် မှ ၅နှစ် အထိ ပေးရန်ကျန် ငွေပေါ်တွင် (၁% Penalty)ဖြင့် လည်းကောင်း ၊ တွက်ချက်ကောက်ခံပါမည်။ သက်တမ်း ၅ နှစ် နောက်ပိုင်း ချေးရင်းငွေ အားလုံးကို တစ်လုံးတစ်ခဲတည်း နဲ့ အပြေအကြေ ပေးချေရုံနဲ့ စာချုပ်ဖျက်သိမ်းနိုင်ပါတယ်။