#GOCASHLESS CHALLENGE – 45 DAY PILOT PROGRAM
#ငွေသားမကိုင်ဒီဂျစ်တယ်စတိုင် #GOCASHLESS
စည်းမျဉ်း နှင့် စည်းကမ်းသတ်မှတ်ချက်များ
အစီအစဉ်ကာလ
၁။ ကမ္ဘောဇဘဏ်မှပြုလုပ်သော #ငွေသားမကိုင်ဒီဂျစ်တယ်စတိုင် #GOCASHLESS အစီအစဉ်တွင်
က) ဇူလိုင်လ (၁၇) ရက်နေ့မှ စက်တင်ဘာလ (၁၈) ရက်နေ့အတွင်း ကမ္ဘောဇဘဏ်၏ debit card (သို့) prepaid card ဖြင့် ငွေပေးချေမှုများ၊
ခ) ဇူလိုင်လ (၁၇) ရက်နေ့မှ စက်တင်ဘာလ (၁၈) ရက်နေ့အတွင်း KBZPay ဖြင့် ငွေပေးချေမှုများ၊
ဂ) ဇူလိုင် (၁၇) ရက်နေ့မှ စက်တင်ဘာလ (၁၈) ရက်နေ့အတွင်း KBZ mobile Banking အသုံးပြု၍ တခြားသူတစ်ယောက်၏ ဘဏ်အကောင့်အတွင်းသို့ငွေလွှဲခြင်း (မိမိအကောင့်သို့ငွေလွှဲခြင်းများမပါ) စသည်တို့ကို မှတ်တမ်းကောက်ယူသွားမည်ဖြစ်ပါသည်။
အကျုံး၀င်မှု
၂။ စည်းမျဉ်း နှင့် စည်းကမ်းသတ်မှတ်ချက်များအရ ယခုအစီအစဉ်ကို ကမ္ဘောဇဘဏ် စတင်သုံးစွဲမည့် customer အသစ်များ နှင့် လက်ရှိ customer များပါဝင်နိုင်မည်ဖြစ်ပြီး အစီအစဉ်ကာလအတွင်း နှင့် ကမ္ဘောဇဘဏ်အကောင့်၊ ကမ္ဘောဇဘဏ် debit ကတ်၊ KBZPay နှင့် KBZ mobile banking များ လျှောက်ထားရယူသည့်အချိန်တွင် အသက် ၁၈ နှစ်ပြည့်ပြီးသော မြန်မာနိုင်ငံသားလည်း ဖြစ်ရပါမည်။
၃။ KBZPay သုံး၍ ပြုလုပ်နိုင်သော transaction များမှာ –
- ဘေလ်ပေးဆောင်ခြင်း- QucikPay
- ဖုန်းငွေဖြည့်ခြင်း၊
- ပစ္စည်းဝယ်ယူခြင်း
- အွန်လိုင်းမှ ငွေပေးချေခြင်း
- မုန့်ဖိုးပေးပို့ခြင်း
- မုန့်ဖိုးလက်ခံခြင်း
- ဖုန်းဒေတာဝယ်ယူခြင်း
၄။ ATM ကတ်သုံး၍ ပြုလုပ်နိုင်သော transaction များမှာ –
- အွန်လိုင်းမှ ငွေပေးချေခြင်း
- ပစ္စည်းဝယ်ယူခြင်း
၅။ Mobile banking သုံး၍ ပြုလုပ်နိုင်သော transactions များမှာ –
- Remit2U
- မိုဘိုင်းဖုန်းငွေဖြည့်ခြင်း
- ကတ်ငွေဖြည့်ခြင်း
- QuickPay ပေးဆောင်ခြင်း
၆။ ယခုအစီအစဉ်တွင်ပါဝင်နိုင်ရန် customer သည် ကမ္ဘောဇဘဏ်အကောင့်၊ ကမ္ဘောဇဘဏ် debit ကတ်၊ KBZPay နှင့်/သို့မဟုတ် KBZ mobile banking မရှိသေးပါက မဖြစ်မနေ ဦးစွာလျှောက်ထားဖို့ လိုအပ်ပါသည်။ ထို့အပြင် လျှောက်ထားမှုဖောင်များကို ပြီးပြည့်စုံစွာ ဖြည့်စွက်ပေးရမည်ဖြစ်ပြီး လိုအပ်သော စာရွက်စာတမ်းများကိုလည်း တစ်ပါတည်းယူဆောင်လာရပါမည်။ KBZPay customer တစ်ဦးဖြစ်ပါက ကမ္ဘောဇဘဏ် customer အဖြစ် (ဆိုလိုသည်မှာ Customer အချက်အလက်မှတ်တမ်းများရှိထားပြီး ဘဏ်အကောင့်တစ်ခုခုရှိထားပြီးမှ) သာ ပါဝင်နိုင်မည်ဖြစ်ပါသည်။
၇။ ကမ္ဘောဇဘဏ် customer ဖြစ်ပြီးထားသော်လည်း debit ကတ်မရှိသေးသူဖြစ်ပါက မိမိ မူလ ဖွင့်လှစ်သည့်ဘဏ်အား ပြန်လည်သွားရောက်ပြီး debit ကတ် ဦးစွာလျှောက်ထားရန် လိုအပ်ပါသည်။ မိမိမူလ ဖွင့်လှစ်သည့်ဘဏ်တွင် debit ကတ် သွားရောက်ရယူပြီးသည်နှင့်တစ်ပြိုင်နက် ယခုအစီအစဉ်တွင် ပါဝင်ရန် စာရင်းပေးသွင်းနိုင်ပါသည်။
၈။ မိမိမူလဖွင့်လှစ်သည့်ဘဏ်သည် ယခုအစီအစဉ်တွင်ပါဝင်သော ဘဏ်နှစ်ခုမဟုတ်သော် အစီအစဉ်တွင် ပါဝင်လိုပါက စာရင်းပေးသွင်းနိုင်ပြီး debit ကတ်ကိုလည်း အဆိုပါဘဏ်တွင် လျှောက်ထားရယူနိုင်ပါသည်။
၉။ အစီအစဉ်တွင် ပါဝင်လိုသော customer သည် မိမိမူလဖွင့်လှစ်သည့်ဘဏ်သည် ယခု(အစီအစဉ်တွင် ပါဝင်သောဘဏ်) သို့ သွားရောက်ဆက်သွယ်ပြီး စာရင်ပေးသွင်းနိုင်ပါသည်။ Customer သည် မိမိ၏ မိမိမူလဖွင့်လှစ်သည့်ဘဏ်သို့ သွားရောက်၍ဖြစ်စေ၊ ဖုန်းခေါ်ဆို၍ဖြစ်စေ အသိပေး စာရင်းပေးသွင်းနိုင်ပါသည်။ ယခုအစီအစဉ်နှင့်စပ်လျဉ်းသော အကြောင်းအရာများကို လက်ရှိ customer များထံ SMS ပေးပို့ပြီး အသိပေးသွားမည် ဖြစ်သောကြောင့် အစီအစဉ်တွင် ပါဝင်သော customer အနေဖြင့် မှန်ကန်၍ လက်ရှိအသုံးပြုသော ဖုန်းနံပါတ်ကို ဘဏ်သို့ ပေးထားရမည်ဖြစ်ပါသည်။
၁၀။ ကမ္ဘောဇဘဏ်အကောင့်၊ ကမ္ဘောဇဘဏ် debit ကတ်၊ KBZPay နှင့် KBZ mobile banking များ လျှောက်ထားရယူပြီး အစီအစဉ်တွင် ပါဝင်သွားမည့် customer များကို Applicants (အစီအစဉ်တွင် ပါဝင်လျှောက်ထားသူများ) သို့မဟုတ် Applicant (အစီအစဉ်တွင် ပါဝင်လျှောက်ထားသူ) ဟု သတ်မှတ်ခေါ်ဆိုသွားမည်ဖြစ်ပါသည်။
၁၁။ အောက်တွင်ဖော်ပြထားသော ပုဂ္ဂိုလ်များမှာမူ ယခုအစီအစဉ်တွင် ပါဝင်နိုင်မည်မဟုတ်ပါ။
က. ကမ္ဘောဇဘဏ်တွင် စာချုပ်ဖြင့်ဖြစ်စေ၊ အမြဲတမ်းဖြစ်စေ ခန့်အပ်ခြင်းခံထားရသော ဝန်ထမ်းများ (ကမ္ဘောဇဘဏ် နှင့် ၎င်း၏ ဆက်စပ်ကုမ္ပဏီများအပါ)
ခ. ကမ္ဘောဇဘဏ်၏ ဝန်ဆောင်မှုများ၊ အကောင့်များ (KBZ Online ဝက်ဘ်ဆိုက်အပါ) တွင် မည်သည့်ပုံစံမျိုးဖြင့် နှင့်/သို့မဟုတ် မည်သည့်အပြုအမူမျိုးဖြင့်မဆို လိမ်လည် လှည့်ဖြားသည်ဟု သံသယဖြစ်ခြင်းခံရသည့် customer များ
၁၂။ အစီအစဉ်တွင် ပါဝင်လျှောက်ထားသူသည် သတ်မှတ်ထားသောအချိန်တွင် အစီအစဉ်တစ်ခုထက်ပိုပြီး ပါဝင်ခြင်းမပြုလုပ်ရပါ။
၁၃။ အစီအစဉ်တွင် ပါဝင်လျှောက်ထားသူသည် ယခုအစီအစဉ်အတွက် ၄၅ ရက်ကြာ အချိန်ရရှိမည်ဖြစ်ပြီး
က. အခြေအနေ ၁။ ပါဝင်လျှောက်ထားသူအနေဖြင့် ဇူလိုင်လ ၁၇ ရက်နေ့တွင် ပါဝင်ရန် စာရင်းပေးပါက အဆိုပါ customer သည် သြဂုတ်လ ၃၁ ရက်နေ့အထိ (+ ၄၅ ရက်) ကြာ ငွေသားအသုံးမပြုသော transactions ကို လုပ်ဆောင်နိုင်ပါသည်။
ခ. အခြေအနေ ၂။ ပါဝင်လျှောက်ထားသူအနေဖြင့် သြဂုတ်လ ၁ ရက်နေ့တွင် ပါဝင်ရန် စာရင်းပေးပါက စက်တင်ဘာလ ၁၄ ရက်နေ့ (+ ၄၅ ရက် နှင့် အစီအစဉ်ပြီးဆုံးသည်အထိ) ကြာ ငွေသားအသုံးမပြုသော transactions ကို လုပ်ဆောင်နိုင်ပါသည်။
ဂ. ပါဝင်လျှောက်ထားသူအနေဖြင့် သြဂုတ်လ ၃၀ ရက်နေ့အထိ အစီအစဉ်တွင် ပါဝင်ရန် စာရင်းပေးသွင်းနိုင်ပါသည်။
ဃ. သို့သော် သြဂုတ်လ ၆ ရက်နေ့နောက်ပိုင်းတွင် စာရင်းပေးသွင်းသူများအနေဖြင့် အစီအစဉ်၏ သတ်မှတ်ချက်ကို ပြည့်မှီနိုင်ရန် ရက်အနည်းငယ်သာ ရရှိမည်ဖြစ်သည်။
၁၄။ လက်ရှိ ကမ္ဘောဇဘဏ် customer များအနေဖြင့် outbound callers (ဘဏ်မှ ဖုန်းဆက်ခေါ်ယူမေးမြန်းသူ) ထံမှတစ်ဆင့် စာရင်းပေးသွင်းနိုင်ပါသည်။ Outbound caller သည် လက်ရှိကမ္ဘောဇဘဏ် customer များထံသို့ အစီအစဉ်အကြောင်း သတင်းပါးရန် ဖုန်းဆက်ခေါ်ဆိုသည့်အခါ customer မှ ပါဝင်လျှောက်ထားရန် တစ်ပါတည်း စာရင်းပေးသွင်းနိုင်ပါသည်။ ပါဝင်လျှောက်ထားသူအနေဖြင့် ATM ကတ်၊ KBZPay နှင့် Mobile Banking သုံး၍ transaction ပြုလုပ်ရန် လိုအပ်ပါသည်။
အစီအစဉ်
အစီအစဉ်တွင် ပါဝင်သူသည် ဇူလိုင် ၁၇ မှ စက်တင်ဘာ ၁၈ ရက်နေ့ (၄၅ ရက်အတွင်း) အနည်းဆုံး ငွေကျပ် ၁၅၀,၀၀၀ transactions ပြုလုပ်ပြီး အစီအစဉ်၏ Lucky draw တွင် ပါဝင်ခွင့်ရမည်ဖြစ်သည်။
ကံစမ်းမဲ | ဆုလက်ဆောင်များ | အစီအစဉ်ကာလ |
ပထမဆု | Huawei Y6s Smart Phone | ဇူလိုင်လ (၁၇) ရက်နေ့ ၂၀၂၀ခုနှစ် မှ စက်တင်ဘာလ (၁၈) ရက်နေ့ ၂၀၂၀ ခုနှစ် |
ဒုတိယဆု | ၅၀,၀၀၀ ကျပ် | ဇူလိုင်လ (၁၇) ရက်နေ့ ၂၀၂၀ခုနှစ် မှ စက်တင်ဘာလ (၁၈) ရက်နေ့ ၂၀၂၀ ခုနှစ် |
တတိယဆု | RRODA PD-P29 10000mAh Wireless power bank | ဇူလိုင်လ (၁၇) ရက်နေ့ ၂၀၂၀ခုနှစ် မှ စက်တင်ဘာလ (၁၈) ရက်နေ့ ၂၀၂၀ ခုနှစ် |
ဆုလက်ဆောင်များကို စက်တင်ဘာလ ၂၈ ရက်နေ့၊ ၂၀၂၀ ခုနှစ် ရက်သတ္တပတ်တွင် ကံစမ်းမဲ (Lucky draw) စနစ်ဖြင့် ရွေးချယ်သွားမည်ဖြစ်ပါသည်။ Customer များ အနေဖြင့် အစီအစဉ်ကာလအတွင်း အစီအစဉ်၏ သတ်မှတ်ချက်ဖြစ်သော ငွေကျပ် ၁၅၀,၀၀၀ transaction ပြုလုပ်ခြင်းဖြင့် ပါဝင်နိုင်မည်ဖြစ်ပါသည်။
အစီအစဉ်အရ ဆုလက်ဆောင်ပေးအပ်ခြင်း
- က. ဆုလက်ဆောင်များ ပေးအပ်ခြင်းကို အစီအစဉ်နောက်ဆုံးရက် စက်တင်ဘာလ ၁၈ ရက်နေ့၊ ၂၀၂၀ ခုနှစ်၏ နောက် နှစ်ပတ်အကြာတွင် အပြီးအစီးပေးအပ်သွားမည်ဖြစ်ပါသည်။
- ခ. အနိုင်ရရှိသူများအနေဖြင့် မိမိတို့၏ မူလဖွင့်လှစ်သည့်ဘဏ် သွားရောက်ပြီး ဆုလက်ဆောင်များ
- ထုတ်ယူရန်လိုအပ်ပါသည်။
- Customer မှလည်း ကမ္ဘောဇဘဏ်သို့ ပြန်လည် Challenge လုပ်လိုက်ပါ။
- သင် သွားနေကျဆိုင်သည် KBZPay (သို့မဟုတ်) ATMကဒ် နှင့် ငွေပေးချေမှုကိုလက်မခံပါက ကမ္ဘောဇဘဏ်သို့ ပြန်လည်အသိပေးနိုင်ပါသည်။ အဆိုပါဆိုင်များတွင် KBZPay (သို့မဟုတ်) ATMကဒ် လက်ခံနိုင်ရန်အတွက် ကမ္ဘောဇဘဏ်မှ ကြိုးစားပေးသွားပါမည်။
အခြားသိရှိရန်လိုအပ်သော အချက်အလက်များ
၁၆။ အစီအစဉ်နှင့်ပတ်သက်သော အကြောင်းအရာများအားလုံးကို ကမ္ဘောဇဘဏ်ကသာ စဉ်းစား၊ ဆုံးဖြတ်သွားမည်ဖြစ်ပါသည်။
၁၆။ ကမ္ဘောဇဘဏ်သည် အစီအစဉ်တွင် ပါဝင်လျှောက်ထားသူများ/ အောင်မြင်သူများ သို့၊ နှင့် ဆုလက်ဆောင်ရရှိသူများကို ပယ်ချငြင်းပယ်ခွင့်ရှိသည်။
- အစီအစဉ်တွင် ပါဝင်လျှောက်ထားသူအနေဖြင့် အစီအစဉ်မပြီးဆုံးခင်အချိန်တွင် ဒီဂျစ်တယ် channels များတဆင့် ပြုလုပ်ထားသည့် အနည်းဆုံးသတ်မှတ်ထားသော ငွေပမာဏမပြည့်မှီခြင်း
- အစီအစဉ်တွင် ပါဝင်လျှောက်ထားသူ၏ ဒီဂျစ်တယ် channles များမှာ မိမိကိုယ်တိုင်ကြောင့်ဖြစ်စေ၊ အခြားအကြောင်းအရာတစ်ခုခုကြောင့်ဖြစ်စေ ပယ်ဖျက်ခြင်း၊ ဖျက်သိမ်းခြင်း၊ ပိတ်သိမ်းခြင်း စသည်တို့ ဖြစ်ပေါ်ခြင်း
- အစီအစဉ်တွင် ပါဝင်ရန်၊ သို့မဟုတ် ဆုလက်ဆောင်ရယူရန် အကျုံးမဝင်ခြင်း
- မည်သည့်ပုံစံမျိုးဖြင့် နှင့်/သို့မဟုတ် မည်သည့်အပြုအမူမျိုးဖြင့်မဆို လိမ်လည် လှည့်ဖြားသည်ဟု သံသယရှိခံရထားရခြင်း
၁၇။ ကမ္ဘောဇဘဏ်အနေဖြင့် အစီအစဉ်တွင်သက်ရောက်ဖြစ်ပေါ်လာနိုင်သော အကြောင်းအရာများဖြစ်သည့် စစ်၊ အရေးအခင်း၊ ဆန္ဒပြမှု၊ ပိတ်ဆို့ခြင်း၊ စက်မှုလုပ်ငန်းဆိုင်ရာ ကိစ္စရပ်များ၊ မီးလောင်ခြင်း၊ ရေကြီးခြင်း၊ မိုးခေါင်ခြင်း၊ မုန်တိုင်း၊ ကပ်ရောဂါများ၊ နည်းပညာ နှင့် system လွဲချော်မှုများ အပါအဝင် ကမ္ဘောဇဘဏ်မှ ကြိုတင်ခန့်မှန်းပြီး တားဆီးမရနိုင်သော အနေအထားများအတွက် တာဝန်ရှိမည်မဟုတ်ပါ။
၁၈။ ကမ္ဘောဇဘဏ်အနေဖြင့် မည့်သည့်နည်းပညာလွဲချော်မှုများမဆို၊ လျှပ်စစ်ပစ္စည်းဆိုင်ရာ မည်သည့အနှောက်အယှက်၊ အဟန့်အတားများမဆို၊ စီရင်ခန့်ခွဲရေး (administration) ဆိုင်ရာ နှင့် transaction လုပ်ဆောင်ချက်များတွင် ဖြစ်ပေါ်နိုင်သော မည်သည့်လူလုပ်အမှားမဆို၊ ကမ္ဘောဇဘဏ်ကြောင့်မဟုတ်ပဲ ဖြစ်ပေါ်လာသော မည်သည့်လွဲချော်မှုများမဆို သို့မဟုတ် အစီအစဉ်တွင် ပါဝင်နိုင်မည့် customer များ စိစစ်ရွေးချယ်ခြင်းတွင် ဖြစ်ပေါ်လာနိုင်သော မည်သည့်လွဲချော်မှုများမဆို စသည်တို့အတွက် တာဝန်ရှိမည်မဟုတ်ပါ။
၁၉။ ကမ္ဘောဇဘဏ်အနေဖြင့် အစီအစဉ်ကိုဖြစ်စေ၊ အစီအစဉ်၏ ပေးကမ်းချက်များကိုဖြစ်စ ကြိုတင်အသိပေး အကြောင်းကြားပြီး ပယ်ဖျက်၊ ပိတ်သိမ်း သို့ ရပ်ဆိုင်းခြင်းတို့ကို လုပ်ဆောင်နိုင်ပါသည်။ အဆိုပါကိစ္စရပ်များနှင့် စပ်လျဉ်းပြီး အစီအစဉ်၏ ပေးကမ်းချက်များကို အခြားတူညီသော ပေးကမ်းချက်တစ်ခုဖြင့်လည်း အစားထိုး ပြောင်းလဲနိုင်ပါသည်။ သံသယဖြစ်ပွားခြင်းမှ ရှောင်ရှားနိုင်ရန်အတွက် ကမ္ဘောဇဘဏ်မှ အစီအစဉ်အားဖြစ်စေ၊ အစီအစဉ်၏ ပေးကမ်းမှုများကိုဖြစ်စေ ပယ်ဖျက်၊ ပိတ်သိမ်း၊ ရပ်ဆိုင်းခြင်းတို့ ဖြစ်လာခဲ့ပါက အစီအစဉ်ရပ်ဆိုင်းမှုကြောင့် တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ဖြစ်စေ အစီအစဉ်တွင် ပါဝင်သူများအား သက်ရောက်လာနိုင်သော နစ်နာမှုများအတွက် ကမ္ဘောဇဘဏ်အပေါ် မည်သည့်တောင်းဆိုမှုမဆို၊ နှစ်နာကြေးများကို တောင်းဆိုခံစားခွင့်ရှိမည်မဟုတ်ပါ။
၂၀။ ကမ္ဘောဇဘဏ်အနေဖြင့် အစီအစဉ်၏ စည်းမျဉ်းနှင့် စည်းကမ်းသတ်မှတ်ချက်များကို ၂၁ ရက် ကြိုတင်အကြောင်းကြားခြင်းဖြင့် သင့်တော်သလို ပြောင်းလဲပြင်ဆင်ခွင့်ရှိသည်။ အဆိုပါ ပြောင်းလဲသတ်မှတ်မှု များကို ကမ္ဘောဇဘဏ်၏ Facebook စာမျက်နှာတွင်လည်းကောင်း၊ website ပေါ်တွင်လည်းကောင်း မျှဝေ၍ အသိပေးအကြောင်းကြားသွားမည်ဖြစ်ပါသည်။ အစီအစဉ်တွင် ပါဝင်သူများအနေဖြင့် ကမ္ဘောဇဘဏ်၏ Facebook စာမျက်နှာကို ဝင်ရောက်ကြည့်ရှုခြင်းဖြင့်လည်း စည်းမျဉ်းစည်းကမ်းပြောင်းလဲသတ်မှတ်ချက်များ ကို သိရှိနိုင်မည်ဖြစ်ပါသည်။ အစီအစဉ်တွင် ပါဝင်သူများအနေဖြင့်လည်း အစီအစဉ်၏ စည်းမျဉ်းနှင့် စည်းကမ်းသတ်မှတ်ချက်များကို သဘောပေါက်လိုက်နာရမည်ဖြစ်ပါသည်။
၂၁။ အစီအစဉ်တွင် ပါဝင်သူများအနေဖြင့် အစီအစဉ်၏ စည်းမျဉ်းနှင့် စည်းကမ်းသတ်မှတ်ချက်များ နှင့် ကမ္ဘောဇဘဏ်၏ ဆုံးဖြတ်ချက်များကို သဘောပေါက်လိုက်နာရမည်ဖြစ်ပါသည်။
၂၂။ တရားဥပဒေဘောင်အတွင်း ခွင့်ပြုချက်များအရ အစီအစဉ်တွင် ပါဝင်သူတစ်ဦးစီတိုင်းသည် ကမ္ဘောဇဘဏ်၊ ကမ္ဘောဇဘဏ်၏ တာဝန်ရှိသူများ၊ ဝန်ထမ်းများ၊ ကိုယ်စားပြုသူများ၊ ကိုယ်စားလှယ်များ ( ယခုအစီအစဉ်အတွက် ကမ္ဘောဇဘဏ်မှ တွဲဖက်လုပ်ကိုင်နေသော ဝန်ဆောင်မှုကုမ္ပဏီများအပါ) တို့အား အစီအစဉ်နှင့်စပ်လျဉ်းသော ဆုံးရှုံးနှစ်နာမှုများဆိုင်ရာအတွက် တာဝန်ယူခိုင်းမည်မဟုတ်ပါကြောင်း သဘောပေါက်လိုက်နာရမည်ဖြစ်ပါသည်။
၂၃။ ဥပဒေအရဖြစ်စေ၊ စည်းမျဉ်းစည်းကမ်းအရဖြစ်စေ တရားမဝင်သော အစီအစဉ်နှင့် သက်ဆိုင်သည့် အကြောင်းအရာများရှိလာခဲ့ပါက ၎င်းတို့အား တရားမဝင်မှု၊ တားဆီးပိတ်ပင်မှုအတိုင်း တင်သွင်းပြသခြင်းမရှိပဲ ပျက်ပြယ်စေမည်ဖြစ်သည်။
၂၄။ ဤစည်းမျဉ်းနှင့်စည်းကမ်းသတ်မှတ်ချက်များအား ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၏ဥပဒေများက အစိုးရပြီး ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ ဥပဒေများနှင့်အညီအဓိပ္ပါယ်ဖွင့်ဆိုရမည်။
၂၅။ သံသယဖြစ်ပွားခြင်းမှ ရှောင်ရှားနိုင်ရန်အတွက် ကမ္ဘောဇဘဏ်မှ အစီအစဉ်အား ပြောင်းလဲပြင်ဆင်ခြင်း၊ အချိန်ကာလအား လျှော့ချခြင်း၊ ပယ်ဖျက်ခြင်း၊ ခေတ္တရပ်ဆိုင်းခြင်း နှင့် အပြီးတိုင်ရပ်ဆိုင်းခြင်းတို့ကြောင့် တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ဖြစ်စေ အစီအစဉ်တွင် ပါဝင်သူများအား သက်ရောက်လာနိုင်သော နစ်နာမှုများအတွက် ကမ္ဘောဇဘဏ်အပေါ် မည်သည့်တောင်းဆိုမှုမဆို၊ နှစ်နာကြေးများကို တောင်းဆိုခံစားခွင့်ရှိမည်မဟုတ်ပါ။
၂၆။ အစီအစဉ်၏ စည်းမျဉ်း နှင့် စည်းကမ်းသတ်မှတ်ချက်များကို မလိုက်နာသော၊ သို့မဟုတ် အလွဲအပြောင်းလုပ်ထားသည်ဟု သံသယရှိသော customer များ၊ အစီအစဉ်၏ လုပ်ဆောင်လည်ပတ်မှု လုပ်ငန်းစဉ်များကို အလွဲအပြောင်းပြုထားသည်ဟု သံသယရှိသော customer များကို ကမ္ဘောဇဘဏ်မှ ပယ်ဖျက်၊ ဖြုတ်ချခွင့်ရှိသည်။
၂၇။ အစီအစဉ်နှင့်ပတ်သက်သော အသေးစိတ်အချက်အလက်များ၊ အကြံပြုချက်များရှိပါက နီးစပ်ရာဘဏ် သို့မဟုတ် ကမ္ဘောဇဘဏ်၏ Call Center နံပါတ် 09951018555 သို့ဆက်သွယ်မေးမြန်းနိုင်ပါသည်။