“ COVID-19 ကပ်ရောဂါကြောင့် စိန်ခေါ်မှုများကို ရင်ဆိုင်နေရသည့် စီးပွားရေးလုပ်ငန်းရှင်ကြီးများအား ပံ့ပိုးကူညီမှုအစီအစဉ်

COVID-19 ကာလအတွင်း စီးပွားရေးထိခိုက်မှုဒဏ်ကို သိသိသာသာကြုံတွေ့ခံစားနေရသော ပြည်တွင်းအသေးစားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများကို တစ်ဖက်တစ်လမ်းမှ အားပေးကူညီပေးရန် ရည်ရွယ်ချက်ဖြင့် ကမ္ဘောဇဘဏ် SME Banking ဌာနမှ COVID-19 Credit Assistance Program for SMEs ကို စတင်မိတ်ဆက်လိုက်ပြီဖြစ်ပါသည်။ ယခုအစီအစဉ်အား COVID-19 ၏ အကျိုးဆက်ကြောင့် ငွေကြေးအကျပ်အတည်းကြုံတွေ့နေရသော ကမ္ဘောဇဘဏ်၏ လက်ရှိ customer များကိုသာမက customer အသစ်များကိုပါ အားပေးကူညီရန် ရည်ရွယ်ပြီး ၂၀၂၀ ခုနှစ် ဇွန်လ (၁၁) ရက်နေ့မှစတင်၍ လျှောက်ထားရယူနိုင်မည်ဖြစ်ပါသည်။

မိတ်ဖက်စီးပွားရေးလုပ်ငန်းရှင်ကြီးများအနေနှင့် အသေးစိတ် မေးမြန်း၊ ဆွေးနွေးတိုင်ပင်လိုပါက သက်ဆိုင်ရာ Relationship Manager များထံသို့လည်းကောင်း၊ KBZ SME Banking ၏ hotline နံပါတ်များဖြစ်သော 01377717, 01373778 သို့ ရုံးချိန်အတွင်း ဖုန်းဆက်မေးမြန်း၍ သော်လည်းကောင်း၊ [email protected] သို့ Email မှ တစ်ဆင့်လည်းကောင်း ဆက်သွယ်မေးမြန်းနိုင်ပါသည်။

COVID-19 Credit Assistance Program for SMEs တွင် ရရှိနိုင်သော ပံ့ပိုးကူညီမှုအစီအစဉ်များ

  • လက်ရှိ Overdraft နှင့် Term Loans များအတွက် ၆ လ အထိ သက်တမ်းထပ်တိုးပေးခြင်း
  • လစဉ်ပေးဆပ်ရမည့် အတိုးနှင့် အရင်းများကို ၆ လအထိ ဆိုင်းငံ့ပေးခြင်း
  • လစဉ်ပေးဆပ်ရမည့် အတိုးနှင့် အရင်းများကို ၆ လအထိ ရင်းနှီးမတည်ပေးခြင်း

ချေးငွေလျှောက်ထားရာတွင် လိုအပ်သော စာရွက်စာတမ်းများ 

လုပ်ငန်းပိုင်းဆိုင်ရာများ:

  • သက်တမ်းရှိလုပ်ငန်းလိုင်စင်များမိတ္တူ(လုပ်ငန်းပေါ်မူတည်၍သက်ဆိုင်ရာဌာနမှထုတ်ပေးသည့် လိုင်စင်)
  • ဘဏ္ဍာရေးရှင်းတမ်း အနည်းဆုံး (၃) နှစ်စာ(သို့) လုပ်ငန်းလုပ်သည့် ကာလထိ
  • အခွန်ပြေစာမိတ္တူ (၃)နှစ်စာ (အခွန်ထမ်းဆောင်ထားပြီးပါက)
  • လုပ်ငန်းဓါတ်ပုံ (လုပ်ငန်းလည်ပတ်နေပုံ၊ဂိုဒေါင်ပုံ၊ထုတ်ပိုးပုံ၊ ပြီးစီးမှုဆောင်ရွက်ပုံအဆင့်ဆင့်ပုံ) (လုပ်ငန်းပုံများသည် လုပ်ငန်း၏   သဘောသဘာဝပေါ်တွင် မူတည်သည်)
  • ချေးငွေရယူလိုသော ရည်ရွယ်ချက်၏ Business Expansion Plan (ဥပမာ- အဆောက်အဦး ဆောက်လုပ်မည်ဆိုပါက ဆောက်လုပ်မည့် အဆောက်အဦးပုံစံ၊ (စက်ရုံ/ဂိုဒေါင်/ဆိုင်-အစရှိသည့်) ခန့်မှန်းကုန်ကျမည့်ပမာဏ၊ ဆောက်လုပ်မည့်အချိန်၊ ပြီးစီးနိုင်ခြေ၊ပြီးစီးပါက အသုံးပြုမည်ပုံစံ/ အခြေအနေ အစရှိသည့်များကိုတင်ပြပေးရန်)

ကုမ္ပဏီဖြစ်ပါက ထပ်မံတင်ပြရမည့်အထောက်အထား:

၁။ ကုမ္ပဏီ Profile

  • ကုမ္ပဏီမှတ်ပုံတင်လက်မှတ် (DICA မှ)
  • ကုမ္ပဏီအကြောင်း (DICA မှ)
  • အရာရှိ အချက်အလက် (DICA မှ)
  • အသင်းဝင်အချက်အလက် (DICA မှ)
  • ပို့ကုန်သွင်းကုန်ဖြစ်လျှင် သက်တမ်းမကုန်သေးသော ပို့ကုန်သွင်းကုန်လိုင်စင်
  • စာရင်းစစ်ဖြင့် စစ်ဆေးပြီးဖြစ်သော နောက်ဆုံးရဘဏ္ဍာငွေစာရင်းရှင်းတမ်းမှ မတည်ငွေစာရင်းနှင့် ဖောင်(င)မှ မတည်ငွေစာရင်းမှ ငွေပမာဏကိုက်ညီမှုရှိခြင်း

၂။ BOD

  • အစည်းအဝေးဆုံးဖြတ်ချက် (ချေးငွေရယူလိုခြင်းကိစ္စ၊ အာမခံပေးမည့်ကိစ္စ၊ စာချုပ်ချုပ်ဆိုမည့်ကိစ္စ)

၃။ Update Audited Report

  • စာရင်းစစ်ဆေးပြီးစီးမှုအစီအရင်ခံစာ

အာမခံပစ္စည်းဆိုင်ရာများ

  • မြေပိုင်ဆိုင်မှုနှင့် ပတ်သက်သောဂရန် (သို့) ပိုင်ဆိုင်မှုပြ မှတ်ပုံတင်စာချုပ်၊ ပိုင်ဆိုင်မှု ဆက်စပ်စာချုပ်များ
  • မြေပုံ၊ မြေရာဇဝင် (မြေစာရင်းပုံစံ-၁၀၅ နှင့် ၁၀၆) (“ ဘဏ်ငွေချေးရန်” အကြောင်းအရာပါ (၆) လအတွင်း ထုတ်ယူထားခြင်း ဖြစ်ရမည်။)
  • မြေကွက်အနေအထားနှင့် အဆောက်အဦးဓါတ်ပုံ (ရှေ့၊ နောက်၊ ဘေး(ဝဲ၊ ယာ)၊ အတွင်း အထပ်လိုက်ပုံများ)
  • ၄) အခြားမှတ်တမ်းများရှိလျှင် (ဥပမာ-အဆောက်အဦးပုံစံ၊ B.C.C အစရှိသည့်)

လျှောက်ထားသူမှတင်ပြရမည့် စာရွက်စာတမ်းများ

  • နိုင်ငံသားမှတ်ပုံတင်မိတ္တူများ
  • အိမ်ထောင်စုမိတ္တူများ
  • သက်ဆိုင်ရာ ရ ယ က ထောက်ခံချက် (ရပ်ကွက်တွင် နေထိုင်ကြောင်းထောက်ခံချက်)
  • အိမ်ထောင်မရှိသူဖြစ်လျှင် အိမ်ထောင်မရှိကြောင်း ထောက်ခံစာ
  •  ကွာရှင်းစာချုပ်နှင့် ပစ္စည်းခန်းခွဲဝေသည့် စာချုပ် (ကွာရှင်းထားပြီး နောက်ထပ်အိမ်ထောင်မပြုသေးသူ ဖြစ်ပါက)

ပါဝင်လျှောက်ထားခွင့်ရှိသူ၏ အချက်အလက်များ- လက်ရှိ Customers များ

  • ကမ္ဘောဇဘဏ်တွင် အနည်းဆုံး (၂) နှစ်နှင့်အထက် SME Loan ဝန်ဆောင်မှုများရယူထားသူ
  • လက်ရှိတွင်လည်း SME Loan ရှိထားပြီး ကမ္ဘောဇဘဏ်အား ပင်မဘဏ်အဖြစ်အသုံးပြုနေခြင်း
  • ဖေဖေါ်ဝါရီလ ၂၀၂၀ အထိ ငွေပြန်လည်ပေးဆပ်မှု မှန်ကန်ခြင်း
  • လက်ရှိရရှိထားသော ချေးငွေအား ငွေကြေးထောက်ပံ့နိုင်မှု ရည်ရွယ်ချက်ဖြင့် အသုံးပြုလျက်ရှိပြီး စီးပွားရေးလုပ်ငန်းမှာလည်း COVID-19 ကြောင့် တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ဖြစ်စေ ထိခိုက်နှစ်နာမှုနှင့် ကြုံတွေ့နေရခြင်း

ပါဝင်လျှောက်ထားခွင့်ရှိသူ၏ အချက်အလက်များ- Customers အသစ်များ

  • နိုင်ငံတွင်း စီးပွားရေး၏ အချက်အချာကျပြီး တိုးတက်မှုအလားအလာမြင့်မားသော ကဏ္ဍတွင် လုပ်ကိုင်နေသော customer များ နှင့်  နိုင်ငံတော်အစိုးရမှ အထူးအလေးပေးစီ မံဆောင်ရွက်လျက် ရှိသည့် လုပ်ငန်းကဏ္ဍမှ customer များ
  • လက်ရှိရရှိထားသော ချေးငွေအား ငွေကြေးထောက်ပံ့နိုင်မှု ရည်ရွယ်ချက်ဖြင့် အသုံးပြုလျက်ရှိပြီး စီးပွားရေးလုပ်ငန်းမှာလည်း COVID-19 ကြောင့် တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ဖြစ်စေ ထိခိုက်နှစ်နာမှုနှင့် ကြုံတွေ့နေရခြင်း
  • ပါဝင်လျှောက်ထားခွင့်ရှိသူ၏ အချက်အလက်များ- Customers အသစ်များ
  • နိုင်ငံတွင်း စီးပွားရေး၏ အချက်အချာကျပြီး တိုးတက်မှုအလားအလာမြင့်မားသော ကဏ္ဍတွင် လုပ်ကိုင်နေသော customer များ နှင့်  နိုင်ငံတော်အစိုးရမှ အထူးအလေးပေးစီ မံဆောင်ရွက်လျက် ရှိသည့် လုပ်ငန်းကဏ္ဍမှ customer များ

မေးလေ့ရှိသော အမေးအဖြေများ

For Overdraft and Normal Loans

COVID-19 ကာလအတွက် မိတ်ဖက်စီးပွားရေးလုပ်ငန်းများအား ပံ့ပိုးကူညီရေးအစီအစဉ်များကတော့-

  1. လက်ရှိ Overdraft နှင့် Term Loan များကို ၆ လအထိ သက်တမ်းထပ်တိုးပေးခြင်း။
  2. လစဉ်ပေးဆပ်ရမည့် အတိုးနှင့် အရင်းများကို ၆လအထိ ဆိုင်းငံ့ပေးခြင်း။
  3. လစဉ်ပေးဆပ်ရမည့် အတိုးနှင့် အရင်းများကို ၆လအထိ ရင်းနှီးမတည်ပေးခြင်း တို့ပါဝင်မှာဖြစ်ပါတယ်။

ယခုအစီအစဉ်တွင်အကျုံးဝင်သော ချေးငွေအမျိုးအစားများမှာ-

  1. Term loan
  2. Overdraft
  3. JICA Two Steps Loan တို့ဖြစ်ပါတယ်။

လက်ရှိ customer များအတွက်သတ်မှတ်ချက်များအနေနဲ့

  1. BZ SME ချေးငွေဝန်ဆောင်မှုများကို အနည်းဆုံး ၂ နှစ်ရယူထားပြီးသူများ
  2. ကမ္ဘောဇဘဏ်ကို အဓိကအသုံးပြုနေသော SME ချေးငွေရယူထားသော customer များ။
  3. ၂၀၂၀ ခုနှစ် ဖေဖော်ဝါရီလအထိ မပျက်မကွက်ငွေပြန်လည်ပေးသွင်းခဲ့သော customer များ။
  4. လက်ရှိရယူထားသောချေးငွေကို ငွေကြေးအထောက်အပံ့အဖြစ် အသုံးပြုရမည်ဖြစ်ပြီး မိမိလုပ်ငန်းသည် COVID-19 ကပ်ရောဂါရဲ့ တိုက်ရိုက်သော်လည်းကောင်း သွယ်ဝိုက်၍သော်လည်းကောင်း ထိခိုက်မှုကိုခံစားရသောလုပ်ငန်းဖြစ်ရပါမယ်။

Customer အသစ်များအတွက် သတ်မှတ်ချက်များအနေနဲ့ နိုင်ငံတော်အစိုးရမှ ဖွံ့ဖြိုးတိုးတက်စေရန် အလေးထားဆောင်ရွက်နေသော စီးပွားရေးကဏ္ဍများနှင့် အရှိန်အဟုန်နှင့်ဖွံ့ဖြိုးတိုးတက်နေသော စီးပွားနယ်ပယ်များမှ အလားအလာရှိသော customer များဖြစ်ရပါမယ်။

ယခုအစီအစဉ်ကို လျောက်ထားရန် ဘဏ်၏ မူရင်းအတိုးနှုန်းမှလွဲ၍ မည်သည့်အခကြေးငွေ/ဝန်ဆောင်ခငွေ ကောက်ခံခြင်းမရှိပါ။

မရှိပါ။

လျှောက်ထားနိုင်ပါတယ်။ အသေးစိတ်သိရှိနိုင်ရန်အတွက် နီးစပ်ရာဘဏ်ခွဲ သို့မဟုတ် Relationship Manager ကို ဆက်သွယ်မေးမြန်းနိုင်ပါတယ်။

ပုံမှန် Overdraft နှင့် Term loan အတိုင်း စာရွက်စာတမ်းသာ တောင်းခံပါသည်။ ပုံမှန်တောင်းခံသော စာရွက်စာတမ်းများကို လိုအပ်သောစာရွက်စာတမ်းများတွင် ဖော်ပြထားသည့်အတိုင်းဖြစ်ပါတယ်။

ယခုအစီအစဉ်သည် ပုံမှန် ချေးငွေဝန်ဆောင်မှုများကဲ့သို့ပင် အာမခံပစ္စည်းလိုအပ်ပါတယ်။

အဆိုပါအစီအစဉ်ကို လက်ခံစဉ်းစားပေးသွားပါမည်။ အသေးစိတ်သိရှိနိုင်ရန်အတွက် နီးစပ်ရာဘဏ်ခွဲ သို့မဟုတ် Relationship Manager ကို ဆက်သွယ်မေးမြန်းနိုင်ပါတယ်။

For JICA Two Step Loan

Covid-19 (Emergency TSL) အရေးပေါ်ချေးငွေတွင် လှည့်လည်ရင်းနှီးငွေ (Working Capital) ၁၀၀% အသုံးပြုနိုင်ပါတယ်။ သို့သော် ၎င်းခွင့်ပြုခြင်းသည် Emergency loan အတွက်သာ ဖြစ်ပြီး မူလ JICA TSL ချေးငွေတွင် Working Capital အတွက် ၂၀% သာ ခွင့်ပြုပါတယ်။

အများဆုံးချေးငွေ ကျပ် သန်း ၅၀၀ လျောက်ထားအသုံးပြုခဲ့သူ တစ်ဦးအနေနှင့် အရေးပေါ်ချေးငွေ (Emergency Loan) အား (အများဆုံးပမာဏ ကျပ် သန်း ၃၀၀ အထိ) ထပ်မံလျှောက်ထားနိုင်ပါတယ်။ KBZ Bank အနေနှင့် အရည်အသွေးပြည့်မီမှု (Eligibility) နှင့် ချေးငွေပြန်လည်ပေးဆပ်နိုင်စွမ်း (Repayment Capacity) အား ချေးငွေအကဲဖြတ်စစ်ဆေးခြင်း (Credit Appraisal) ပြုလုပ်၍ စစ်ဆေးရမည် ဖြစ်ပါတယ်။

အဆိုပါချေးငွေတစ်ခု အသုံးပြုဖူးသော်လည်း SME အနေနှင့် Emergency Loan ကို အသုံးပြုမည်ဆိုပါက JICA အဖွဲ့အစည်းနှင့် KBZ Bank မှ စည်းမျဉ်းစည်းကမ်း၊ စံများနှင့် ကိုက်ညီပါက လျောက်ထားခွင့်ရှိသည်။

ယခုအရေးပေါ်ချေးငွေ (Emergency Loan) သည် ကာလသတ်မှတ်ချေးငွေ (Term loan) ဖြစ်ပါသည်။ ဆိုင်းငံ့ကာလအပါအဝင် အများဆုံး ချေးငွေသက်တမ်း ၅ နှစ်အထိ သတ်မှတ်နိုင်ပါသည်။ ချေးငွေပြန်လည်ပေးဆပ်မှု (Repayment schedule) အား ပြောင်းလဲလိုပါက လိုအပ်သောစာရွက်စာတမ်းများဖြင့် ပြောင်းလဲခွင့်ပြုရန် လျှောက်ထားနိုင်ပါသည်။

လက်ရှိချေးငွေအတွက် ပြောင်းလဲမှု မရှိပါ။ ဆိုင်းငံ့ကာလသည် အရေးပေါ်ချေးငွေ (Emergency Loan) အတွက်သာ ဖြစ်ပါသည်။

အရေးပေါ်ချေးငွေလျောက်ထားရန် လူတစ်ဦးလျှင် တစ်ကြိမ်သာလျှင်လျှောက်ထားနိုင်ပြီး အများဆုံး ကျပ် သိန်း ၃၀၀၀ အထိ ခွင့်ပြုပါသည်။

ယခုအစီအစဉ်သည် JICA မှ တားမြစ်ထားသော လုပ်ငန်းအမျိုးအစားများမှလွဲ၍ ကျန်လုပ်ငန်းအားလုံး လျှောက်ထားနိုင်ပါတယ်။