“ COVID-19 ကပ်ရောဂါကြောင့် စိန်ခေါ်မှုများကို ရင်ဆိုင်နေရသည့် စီးပွားရေးလုပ်ငန်းရှင်ကြီးများအား ပံ့ပိုးကူညီမှုအစီအစဉ်
COVID-19 ကာလအတွင်း စီးပွားရေးထိခိုက်မှုဒဏ်ကို သိသိသာသာကြုံတွေ့ခံစားနေရသော ပြည်တွင်းအသေးစားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများကို တစ်ဖက်တစ်လမ်းမှ အားပေးကူညီပေးရန် ရည်ရွယ်ချက်ဖြင့် ကမ္ဘောဇဘဏ် SME Banking ဌာနမှ COVID-19 Credit Assistance Program for SMEs ကို စတင်မိတ်ဆက်လိုက်ပြီဖြစ်ပါသည်။ ယခုအစီအစဉ်အား COVID-19 ၏ အကျိုးဆက်ကြောင့် ငွေကြေးအကျပ်အတည်းကြုံတွေ့နေရသော ကမ္ဘောဇဘဏ်၏ လက်ရှိ customer များကိုသာမက customer အသစ်များကိုပါ အားပေးကူညီရန် ရည်ရွယ်ပြီး ၂၀၂၀ ခုနှစ် ဇွန်လ (၁၁) ရက်နေ့မှစတင်၍ လျှောက်ထားရယူနိုင်မည်ဖြစ်ပါသည်။
မိတ်ဖက်စီးပွားရေးလုပ်ငန်းရှင်ကြီးများအနေနှင့် အသေးစိတ် မေးမြန်း၊ ဆွေးနွေးတိုင်ပင်လိုပါက သက်ဆိုင်ရာ Relationship Manager များထံသို့လည်းကောင်း၊ KBZ SME Banking ၏ hotline နံပါတ်များဖြစ်သော 01377717, 01373778 သို့ ရုံးချိန်အတွင်း ဖုန်းဆက်မေးမြန်း၍ သော်လည်းကောင်း၊ smart.smebanking@kbzbank.com သို့ Email မှ တစ်ဆင့်လည်းကောင်း ဆက်သွယ်မေးမြန်းနိုင်ပါသည်။
COVID-19 Credit Assistance Program for SMEs တွင် ရရှိနိုင်သော ပံ့ပိုးကူညီမှုအစီအစဉ်များ
- လက်ရှိ Overdraft နှင့် Term Loans များအတွက် ၆ လ အထိ သက်တမ်းထပ်တိုးပေးခြင်း
- လစဉ်ပေးဆပ်ရမည့် အတိုးနှင့် အရင်းများကို ၆ လအထိ ဆိုင်းငံ့ပေးခြင်း
- လစဉ်ပေးဆပ်ရမည့် အတိုးနှင့် အရင်းများကို ၆ လအထိ ရင်းနှီးမတည်ပေးခြင်း
ချေးငွေလျှောက်ထားရာတွင် လိုအပ်သော စာရွက်စာတမ်းများ
လုပ်ငန်းပိုင်းဆိုင်ရာများ:
- သက်တမ်းရှိလုပ်ငန်းလိုင်စင်များမိတ္တူ(လုပ်ငန်းပေါ်မူတည်၍သက်ဆိုင်ရာဌာနမှထုတ်ပေးသည့် လိုင်စင်)
- ဘဏ္ဍာရေးရှင်းတမ်း အနည်းဆုံး (၃) နှစ်စာ(သို့) လုပ်ငန်းလုပ်သည့် ကာလထိ
- အခွန်ပြေစာမိတ္တူ (၃)နှစ်စာ (အခွန်ထမ်းဆောင်ထားပြီးပါက)
- လုပ်ငန်းဓါတ်ပုံ (လုပ်ငန်းလည်ပတ်နေပုံ၊ဂိုဒေါင်ပုံ၊ထုတ်ပိုးပုံ၊ ပြီးစီးမှုဆောင်ရွက်ပုံအဆင့်ဆင့်ပုံ) (လုပ်ငန်းပုံများသည် လုပ်ငန်း၏ သဘောသဘာဝပေါ်တွင် မူတည်သည်)
- ချေးငွေရယူလိုသော ရည်ရွယ်ချက်၏ Business Expansion Plan (ဥပမာ- အဆောက်အဦး ဆောက်လုပ်မည်ဆိုပါက ဆောက်လုပ်မည့် အဆောက်အဦးပုံစံ၊ (စက်ရုံ/ဂိုဒေါင်/ဆိုင်-အစရှိသည့်) ခန့်မှန်းကုန်ကျမည့်ပမာဏ၊ ဆောက်လုပ်မည့်အချိန်၊ ပြီးစီးနိုင်ခြေ၊ပြီးစီးပါက အသုံးပြုမည်ပုံစံ/ အခြေအနေ အစရှိသည့်များကိုတင်ပြပေးရန်)
ကုမ္ပဏီဖြစ်ပါက ထပ်မံတင်ပြရမည့်အထောက်အထား:
၁။ ကုမ္ပဏီ Profile
- ကုမ္ပဏီမှတ်ပုံတင်လက်မှတ် (DICA မှ)
- ကုမ္ပဏီအကြောင်း (DICA မှ)
- အရာရှိ အချက်အလက် (DICA မှ)
- အသင်းဝင်အချက်အလက် (DICA မှ)
- ပို့ကုန်သွင်းကုန်ဖြစ်လျှင် သက်တမ်းမကုန်သေးသော ပို့ကုန်သွင်းကုန်လိုင်စင်
- စာရင်းစစ်ဖြင့် စစ်ဆေးပြီးဖြစ်သော နောက်ဆုံးရဘဏ္ဍာငွေစာရင်းရှင်းတမ်းမှ မတည်ငွေစာရင်းနှင့် ဖောင်(င)မှ မတည်ငွေစာရင်းမှ ငွေပမာဏကိုက်ညီမှုရှိခြင်း
၂။ BOD
- အစည်းအဝေးဆုံးဖြတ်ချက် (ချေးငွေရယူလိုခြင်းကိစ္စ၊ အာမခံပေးမည့်ကိစ္စ၊ စာချုပ်ချုပ်ဆိုမည့်ကိစ္စ)
၃။ Update Audited Report
- စာရင်းစစ်ဆေးပြီးစီးမှုအစီအရင်ခံစာ
အာမခံပစ္စည်းဆိုင်ရာများ
- မြေပိုင်ဆိုင်မှုနှင့် ပတ်သက်သောဂရန် (သို့) ပိုင်ဆိုင်မှုပြ မှတ်ပုံတင်စာချုပ်၊ ပိုင်ဆိုင်မှု ဆက်စပ်စာချုပ်များ
- မြေပုံ၊ မြေရာဇဝင် (မြေစာရင်းပုံစံ-၁၀၅ နှင့် ၁၀၆) (“ ဘဏ်ငွေချေးရန်” အကြောင်းအရာပါ (၆) လအတွင်း ထုတ်ယူထားခြင်း ဖြစ်ရမည်။)
- မြေကွက်အနေအထားနှင့် အဆောက်အဦးဓါတ်ပုံ (ရှေ့၊ နောက်၊ ဘေး(ဝဲ၊ ယာ)၊ အတွင်း အထပ်လိုက်ပုံများ)
- ၄) အခြားမှတ်တမ်းများရှိလျှင် (ဥပမာ-အဆောက်အဦးပုံစံ၊ B.C.C အစရှိသည့်)
လျှောက်ထားသူမှတင်ပြရမည့် စာရွက်စာတမ်းများ
- နိုင်ငံသားမှတ်ပုံတင်မိတ္တူများ
- အိမ်ထောင်စုမိတ္တူများ
- သက်ဆိုင်ရာ ရ ယ က ထောက်ခံချက် (ရပ်ကွက်တွင် နေထိုင်ကြောင်းထောက်ခံချက်)
- အိမ်ထောင်မရှိသူဖြစ်လျှင် အိမ်ထောင်မရှိကြောင်း ထောက်ခံစာ
- ကွာရှင်းစာချုပ်နှင့် ပစ္စည်းခန်းခွဲဝေသည့် စာချုပ် (ကွာရှင်းထားပြီး နောက်ထပ်အိမ်ထောင်မပြုသေးသူ ဖြစ်ပါက)
ပါဝင်လျှောက်ထားခွင့်ရှိသူ၏ အချက်အလက်များ- လက်ရှိ Customers များ
- ကမ္ဘောဇဘဏ်တွင် အနည်းဆုံး (၂) နှစ်နှင့်အထက် SME Loan ဝန်ဆောင်မှုများရယူထားသူ
- လက်ရှိတွင်လည်း SME Loan ရှိထားပြီး ကမ္ဘောဇဘဏ်အား ပင်မဘဏ်အဖြစ်အသုံးပြုနေခြင်း
- ဖေဖေါ်ဝါရီလ ၂၀၂၀ အထိ ငွေပြန်လည်ပေးဆပ်မှု မှန်ကန်ခြင်း
- လက်ရှိရရှိထားသော ချေးငွေအား ငွေကြေးထောက်ပံ့နိုင်မှု ရည်ရွယ်ချက်ဖြင့် အသုံးပြုလျက်ရှိပြီး စီးပွားရေးလုပ်ငန်းမှာလည်း COVID-19 ကြောင့် တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ဖြစ်စေ ထိခိုက်နှစ်နာမှုနှင့် ကြုံတွေ့နေရခြင်း
ပါဝင်လျှောက်ထားခွင့်ရှိသူ၏ အချက်အလက်များ- Customers အသစ်များ
- နိုင်ငံတွင်း စီးပွားရေး၏ အချက်အချာကျပြီး တိုးတက်မှုအလားအလာမြင့်မားသော ကဏ္ဍတွင် လုပ်ကိုင်နေသော customer များ နှင့် နိုင်ငံတော်အစိုးရမှ အထူးအလေးပေးစီ မံဆောင်ရွက်လျက် ရှိသည့် လုပ်ငန်းကဏ္ဍမှ customer များ
- လက်ရှိရရှိထားသော ချေးငွေအား ငွေကြေးထောက်ပံ့နိုင်မှု ရည်ရွယ်ချက်ဖြင့် အသုံးပြုလျက်ရှိပြီး စီးပွားရေးလုပ်ငန်းမှာလည်း COVID-19 ကြောင့် တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ဖြစ်စေ ထိခိုက်နှစ်နာမှုနှင့် ကြုံတွေ့နေရခြင်း
- ပါဝင်လျှောက်ထားခွင့်ရှိသူ၏ အချက်အလက်များ- Customers အသစ်များ
- နိုင်ငံတွင်း စီးပွားရေး၏ အချက်အချာကျပြီး တိုးတက်မှုအလားအလာမြင့်မားသော ကဏ္ဍတွင် လုပ်ကိုင်နေသော customer များ နှင့် နိုင်ငံတော်အစိုးရမှ အထူးအလေးပေးစီ မံဆောင်ရွက်လျက် ရှိသည့် လုပ်ငန်းကဏ္ဍမှ customer များ
မေးလေ့ရှိသော အမေးအဖြေများ
For Overdraft and Normal Loans
For JICA Two Step Loan