ဝသန်ကာလမှာ စျေးဝယ်ထွက်ရင်း ငွေရှင်းဖို့လိုအပ်တိုင်း KBZ Debit နှင့် Credit Card တွေအသုံးပြုမယ်ဆိုရင် ပြန်အမ်းငွေ ၃ဆအထိ ရရှိနိုင်မယ့် စိတ်လှုပ်ရှားစရာအစီအစဥ်တစ်ခုကိုယူဆောင်လာခဲ့ပါပြီ။
ဒီအစီအစဥ်မှာပါဝင်ဖို့အတွက် လူကြီးမင်းတို့ရဲ့ KBZ Debit နှင့် Credit Card တွေကိုအသုံးပြုပြီး KBZ POS စက်များမှာ ငွေပေးချေလိုက်ရုံနဲ့ ပါဝင်နိုင်မှာဖြစ်ပါတယ်။
သတ်မှတ်ချက်အနေနဲ့ –
✦ အစီအစဉ်ကျင်းပနေစဉ် ကာလအတွင်းမှာ ဘောင်ချာတစ်စောင်ကို ၁၀၀,၀၀၀ ကျပ်နှင့်အထက်ငွေပေးချေမှု ပြုလုပ်ထားမှသာ အစီအစဥ်မှာပါဝင်ခွင့်ရှိမှာဖြစ်ပါတယ်။
✦ သတ်မှတ်ချက်များနှင့်ပြည့်စုံပါက ကမ္ဘောဇဘဏ်ရဲ့ ဝသန်ကာလ
KBZ Debit နှင့် Credit Card များနဲ့ငွေပေးချေကာ ပြန်အမ်းငွေ ၃ဆအထိရယူလိုက်ပါ အစီအစဥ်ရဲ့ ငွေသားအထူးဆုများကို ရယူခံစားနိုင်မှာပဲဖြစ်ပါတယ်။
ဆုလက်ဆောင်များကတော့ –
✤ ပထမဆုအတွက် အစီအစဉ်ကာလအတွင်း မိမိသုံးစွဲထားသောငွေပမာဏရဲ့ (၃) ဆ (အများဆုံးသတ်မှတ်ချက် ၁,၀၀၀,၀၀၀ ကျပ် အထိ)
✤ ဒုတိယဆုအတွက် အစီအစဉ်ကာလအတွင်း မိမိသုံးစွဲထားသောငွေပမာဏရဲ့ (၂) ဆ (အများဆုံးသတ်မှတ်ချက် ၅၀၀,၀၀၀ ကျပ် အထိ)
✤ တတိယဆုအတွက် အစီအစဉ်ကာလအတွင်း မိမိသုံးစွဲထားသောငွေပမာဏရဲ့ (၁) ဆ (အများဆုံးသတ်မှတ်ချက် ၃၀၀,၀၀၀ ကျပ် အထိ) နှင့်
✤ နှစ်သိမ့်ဆု ၁၀၀,၀၀၀ ကျပ် (၃) ဆု တို့ကို မဲနှိုက်ရွေးချယ်ပေးသွားမှာဖြစ်ပါတယ်။
ဒီအစီအစဥ်ကို ဇွန်လ ၁ရက်မှ ၃၀ ရက် ၂၀၂၅ ခုနှစ်အထိပြုလုပ်သွားမှာဖြစ်ပြီး အမြင့်မားဆုံးဆုလက်ဆောင် ၁,၀၀၀,၀၀၀ ကျပ်အထိ ကံထူးဖို့ KBZ Debit နှင့် Credit Cards များ နဲ့ KBZ POS စက်များမှာ ငွေများများပေးချေလိုက်ပါ။
စည်းမျဥ်းစည်းကမ်းသတ်မှတ်ချက်များရှိပါသည်။
အစီအစဥ်အကြောင်း အသေးစိတ်ကို ဤလင့်ခ် တွင် ကြည့်ရှုနိုင်ပါတယ်။