လေးစားအပ်ပါသော ကမ္ဘောဇဘဏ် အသုံးပြုသူ customer များ
နည်းပညာအဆင့်မြှင့်တင်မှုများ ဆောင်ရွက်မည်ဖြစ်ပါသောကြောင့် စက်တင်ဘာလ ၁၉ရက်နေ့ မှ ၂၃ရက်နေ့အတွင်း ကမ္ဘောဇဘဏ်၏ ကတ်နှင့်ပတ်သက်သော သတ်မှတ်ထားသည့် ဝန်ဆောင်မှုအချို့ကို ယာယီအသုံးပြုနိုင်မည်မဟုတ်ပါကြောင်း လေးစားစွာဖြင့် အသိပေးအကြောင်းကြားအပ်ပါသည်။
အဆင့်မြှင့်တင်နေစဉ်ကာလအတွင်း ယာယီမရရှိနိုင်သော ဝန်ဆောင်မှုများ စာရင်းကို သိရှိနိုင်ရန် အောက်ဖော်ပြပါဇယားတွင် ဖတ်ရှုနိုင်ပါသည်။
နေ့ရက် နှင့် အချိန် | ယာယီမရရှိနိုင်သော ဝန်ဆောင်မှုများ |
19 September 2025 မှ 23 September 2025 အထိ | ●ကတ်အသစ်လျှောက်ထားခြင်း ●ကတ်အသစ်လဲလှယ်ခြင်း ●ကတ်သက်တမ်းတိုးခြင်း ●Customer အချက်အလက်များ ပြင်ဆင်ဖြည့်စွက်ခြင်း ●Prepaid Card Top Up ပြုလုပ်ခြင်း ●i/mBanking ရှိ ကတ်နှင့်ပတ်သက်သော ဝန်ဆောင်မှုများလုပ်ဆောင်ခြင်း |
20 Sep 2025 (00:00 AM) မှ 21 Sep 2025 (00:00 AM) အထိ | ●MPU Debit Card, MPU-UPI Diamond Debit Card များအတွက် E-commerce Online Registration လုပ်ငန်းစဥ်များ |
21 Sep 2025 (02:00 AM မှ 05:00 AM အထိ) | ●POS စက်များတွင် ငွေပေးချေခြင်း ●e-commerce website များတွင်ငွေပေးချေခြင်း ●ATM စက်များတွင် ကတ်နှင့်သက်ဆိုင်သော ဝန်ဆောင်မှုများလုပ်ဆောင်ခြင်း ●ATM တွင် KBZPay Cash Out ဖြင့် ငွေထုတ်ခြင်း ●KBZPay အကောင့်သို့ ငွေသွင်းခြင်း ●KBZPay အား ဘဏ်အကောင့်နှင့် ချိတ်ဆက်အသုံးပြုခြင်း ●KBZPay ရှိ QuickPay တွင် Credit Card Repayment ပြုလုပ်ခြင်း |
21 Sep 2025 (02:00 AM မှ 05:00 AM အထိ) | ●Call Center သို့ ဆက်သွယ်၍ ကတ်နှင့် ပတ်သက်သော ဝန်ဆောင်မှုများ ရယူခြင်း |
22 Sep 2025 (01:00 AM မှ 3:00 AM အထိ) | ●ATM တွင် KBZPay Cash Out ဖြင့် ငွေထုတ်ခြင်း ●KBZPay အကောင့်သို့ ငွေသွင်းခြင်း ●KBZPay အား ဘဏ်အကောင့်နှင့် ချိတ်ဆက်အသုံးပြုခြင်း ●KBZPay ရှိ QuickPay တွင် Credit Card Repayment ပြုလုပ်ခြင်း |
*မှတ်ချက်။ အထက်ဖော်ပြပါ ဝန်ဆောင်မှုများမှအပ ကျန်ဝန်ဆောင်မှုများကို ပုံမှန်အတိုင်း ဆက်လက်အသုံးပြုနိုင်မည်ဖြစ်ပါသည်။
လိုအပ်သော နည်းပညာအဆင့်မြှင့်တင်မှုများ ပြုလုပ်ပြီးပါက ဖော်ပြပါ ဝန်ဆောင်မှုများအား ပုံမှန်အတိုင်းပြန်လည် အသုံးပြုနိုင်မည်ဖြစ်ကြောင်း အသိပေးအပ်ပါသည်။
အဆင်မပြေမှုများအတွက် အနူးအညွတ်တောင်းပန်အပ်ပြီး နားလည်ပေးမှုအတွက်ကျေးဇူးတင်ရှိပါသည်။